ယနေ့လူငယ်များနှင့် ယဉ်ကျေးမှု သိမှတ်ဖွယ်ရာ

                     ယဉ်ကျေးမှုသည် ပေါင်းသင်းဆက်ဆံရာ၍ လည်းကောင်း ၊ စကားဟြေဆိုရာ၍ လည်းကောင်း ၊ နေထိုင်စားသောက်ရာ၍ လည်းကောင်း ၊ လှုပ်ရှားသွားလာရာ၍ လည်းကောင်း ၊

အရေးကြီးသော အမူအရာတစ်ရပ်ဖြစ်ပေသည်။ အဓိကအားဖြင့် ယဉ်ကျေးမှုသည် ကိုယ်အမူရာ ယဉ်ကျေးမှု နှုတ်အမူအရာ ယဉ်ကျေးမှု ဟူ၍ ရှိပေသည်။ထိုယဉ်ကျေးမှုသည် စာရိတ္တကောင်းခြင်းနှင့်မတူပေ။

                     အချို့သော ပုဂ္ဂိုလ်တို့သည် အကျင့်စာရိတ္တကောင်းသော်လည်း ကိုယ်နှင့်နှုတ်၏ ယဉ်ကျေးမှုမရှိသည်ကို တွေ့ရတက်ပေသည်။ ထို ပုဂ္ဂိုလ်မျိုးတို့သည် အကျိုးရှိသလောက် မရရှိနိုင်ချေ။ ယဉ်ကျေးမှုသည် အတက်ပညာနှင့်လည်း မဆိုင်ပေ။ ထို့အတူ မွေးရာပါ အမူအရာလည်း မဟုတ်ချေ။သင်ကြား ၊ ပြသ ၊ ဆိုဆုံးမမှုဖြင့် ပြုပြင်ရသော အလေ့အကျင့် အမူအရာ ဖြစ်သည်။

                      အကျင့်စာရိတ္တလည်း-ကောင်း ၊ အတက်ပညာလည်း-တက် ၊ ယဉ်ကျေးမှုလည်းရှိသော ပုဂ္ဂိုလ်မျိုးသည် အလွန်အဖိုးတန်သော လူတော်လူကောင်း အမျိုးကောင်း သား/သ္မီး ဖြစ်၏။ ယဉ်ကျေးမှုကို တန်ဖိုးပေး ဝယ်၍မရသော်လည်း ၊ ယဉ်ကျေးမှုဖြင့် အရာရာကို ရအောင်စွမ်းဆောင်နိုင်သည်။

                      မြန်မာ့ယဉ်ကျေးမှုသည် ရှေးအစဉ်အလာ ထေရဝါဒ ဗုဒ္ဓဘာသာကိုအခြခံ၍ ဖြစ်တည်လာခဲ့သည့် ဓလေ့ထုံးတမ်းစဉ်လာ အမူအရာဖြစ်သည်။ စိတ်ကောင်းရှိခြင်း ၊ အကြံအစည်ကောင်းခြင်းတို့သည် ယဉ်ကျေးမှု၏ မူလ အခြေခံဖြစ်သည်။ သနားညှာတာခြင်း ၊ ကိုယ်ချင်းစာတရားထားရှိခြင်း ၊ တစ်ကိုယ်ကောင်းစိတ်မမွေးခြင်း ၊ မေတ္တာရှေ့ထား၍ ချေချေငံငံဟြေဆိုဆက်ဆံခြင်းတို့သည် မွန်မြတ်သော ယဉ်ကျေးမှုဖြစ်၏။

                     ယဉ်ကျေးမှု ဓလေ့ထုံးစံသည် လူမျိုးတိုင်း ၊ ဘာသာတိုင်း၌ရှိသော အမူအကျင့်ဖြစ်၏။ သို့သော….. တစ်ဦးနှင့် တစ်ဦး ၊ တစ်ဘာသာနှင် တစ်ဘာသာမတူညီချေ။ တစ်ဦးနှင့် တစ်ဦး အတုယူသင့်သည်များရှိသကဲ့သို့ ရှောင်ရှားသင့်သည်များလည်း ရှိပေသည်။ အထူးသဖြင့် အနောက်တိုင်း ယဉ်ကျေးမှုနှင့် အရှေ့တိုင်း ယဉ်ကျေးမှုကား လုံးလုံးလျားလျား ကွဲပြားခြားနားလျှက်ရှိပေသည်။

                    အရှေ့တိုင်း ယဉ်ကျေးမှုသည် ထေရဝါဒ ဗုဒ္ဓသာသနာ၏ အဆုံးအမကို အခြေခံသော ယဉ်ကျေးမှု ဖြစ်သည်။ အရှေ့တိုင်း ယဉ်ကျေးမှု (အဓိက မြန်မာ့ယဉ်ကျေးမှု) ကို စာအုပ်စာပေများ ဖတ်ရှုခဲ့ခြင်းကြောင့် အခုလို နည်းနည်းလေးမျှသိရှိခဲ့ရပါသည်။

 “ အတက်ပညာ

   အလိမ္မာကို

   ငယ်ခါမှလျှင်

   မသင်စေငြား

   မိဘများကား

   သား၏ရန်သူ

   မည်သောဟူရှင့် ”  ဟူ၍

ကျေးဇူးတော်

အရှင် မန်လည်ဆရာတော်ကမဃဒေဝလင်္ကာစာအုပ်တွင် ရေးဖွဲ့၍ ဆုံးမ အသိပေးခဲ့ပါသည်။ မိဘ များသည် ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် မိမိတို့၏ သား/သ္မီးများကို လိမ္မာရေးခြားရှိသော ယဉ်းကျေးမှုရှိသော အမျိုးကောင်း သား/သ္မီ များဖြစ်လာစေရန် သင်ကြားပြသ ဆိုဆုံးမ ကြရသည်။ သို့မှသာ အားကိုးအားထားပြုရသည့်သား ၊ အရိပ်ခို၍ မိဘ၏ရင်ကို အေးမြစေသည့် သမီး ဖြစ်လာကြပေမည်။

               “ ငယ်ငယ်ကသား ၊ ကြီးလာတော့အား ”

              “ ငယ်ငယ်ကသ္မီး ၊ ကြီးလာတော့ထီး ” ဟူ၍ ဆိုရိုးစကားထားရှိပေ၏။

                    ထိုကဲ့သို့  ဆုံးမသွန်သင်ခြင်းမရှိပါက………

  ဤသို့ ဖြစ်တက်ပါ၏။

                 “ ငယ်ငယ်ကသား ၊ ကြီးလာတော့ကျား ”

                “ ငယ်ငယ်ကသ္မီး ၊ ကြီးလာတော့မီး ” ဟူသည်နှင့်အညီ

                 မိမိ၏ “သား”သည် အားမကိုးရပဲ “ ကျား ”ကဲ့သို့ ကြောက်စရာ သား ဖြစ်လာမည်။

“သ္မီး” သည်လည်း ထီးကဲ့သို့ အရိပ်ခိုစရာမရရှာပဲ ၊

“မီး” ကဲ့သို့ပူလောင်စေသောသမီး ဖြစ်လာကြပေမည်။

       ထို့နောက်တဖန်  မန်လည်ဆရာတော်ကြီး၏

             “ လောကဓမ္မတာ

               ဤလူ့ရွာ၌

               လိမ္မာခြင်းရှိ

               အသိ ပညာ

               ဟူသည်မှာကား

               ဆရာကောင်းထံ

               နည်းခံတိုးဝင်

               မသင်မမေး

               မရေးမသား

               မတက်ငြားဟု ” ဟူ၍ လမ်းညွှန်ဩဝါဒ ပြုခဲ့သည့်အတိုင်း မိဘများက သား/သ္မီးများအား ယဉ်ကျေးမှုကို သင်ကြားပေးရန် အထူးလိုအပ်နေပေသည်။

 လူကြီး၊လူလတ်၊လူငယ်……….ကိုကို၊မမ၊၊ညီလေး၊ညီမလေးတို့ရေ……..

ဤအချက် (၁၀)ချက်ကို သေချာစွာ ဖတ်မှတ်စေချင်ပါတယ်။

၁။ မိခင်ဖခင်၊ ကျေးဇူးရှင် ၊ မြဲပင် နိစ္စချစ်ပါကြ။

၂။ နှမထိုထို ၊ ညီအစ်ကို ၊ ကြည်ညိုရွှင်ပြ ၊ ကြင်နာကြ။

၃။ မယားနှင့်လင် ၊ စိတ်ပျော်ရွှင် ၊ အစဉ်ထာဝရ ၊ ကြည်သာကြ။

၄။ မိတ်ဆွေရင်းချာ ၊ ပေါင်းသောအခါ ၊သစ္စာဓမ္မ ၊ စောင့်ထိန်းကြ။

၅။ ဣန္ဒြေသိက္ခာ ၊ စောင့်စည်းပါ ၊ လိုအင်ဆန္ဒ ၊ နည်းပါးကြ။

၆။ အားလုံးသတ္တဝါ ၊ ကိုယ်ချင်းစာ ၊ မေတ္တာရှေ့ထား ၊ သနားကြ။

၇။ အတက်ပညာ ၊ သင်ကြားခါ ၊ ကျင့်စာရိတ္တ ၊ ကောင်းပါကြ။

၈။ အများကောင်းရာ ၊ သယ်ပိုးခါ ၊ မြဲစွာလုံ့လ ၊ ပြုပါကြ။

၉။ ပြည့်သူ့ဥပဒေ ၊ အထွေထွေ ၊ ရိုသေစွာပ လိုက်နာကြ။

၁၀။ လူမျိုးတွက်တာ ၊ ကြုံကြိုက်လာ၊ ညီညာဖျဖျ ၊ စွန့်စားကြ။

         ဟူ၍  ဖတ်ရှုမှတ်သားထားသမျှလေးကို တင်ပြလိုက်ရပါတယ်…….

              ချိန်တန်ရွယ်ရောက်

              လူလားမြောက်၍

              ထက်လောက်သောခါ

              ကျောင်းတော်သာတွင်

              ပညာသင်ကြား

              တပည့်များအား

              ကျောင်းသားတို့ဝတ်

              မချွတ်စေရာ

              အဖြာဖြာကို

              သိသာစေလို

              ပေါင်းရုံးဆိုအံ့။

              ကျောင်းကိုရောက်က

              ဆိုဆုံးမသည့်

              ဆရာ့စကား

              ပညတ်ထားသည့်

              ကျောင်းသားဥပဒေ

              လိုက်နာလေလော့ ……………..။

              မသွေမဆန်

              အချိန်တန်လျှင်

              မှန်မှန်ကျောင်းတက်

              စာအံကျက်လော့

              ပေါင်းဖက်ကစား

              ကျောင်းတက်သားနှင့်

              သင်ကြားပေးရှာ

              မြတ်ဆရာကို

              မုသားစကား

              ဖယ်ရှောင်ရှားလော့………….။

              ကျောင်းသားအချင်းချင်း

              ရန်ဓါတ်ကင်း၍

              ပေါင်းသင်းတွဲယှဉ်

              ကစားစဉ်ဝယ်

              ယဉ်ယဉ်ကျေးကျေး

              စိတ်ကောင်းမွေးလျှက်

              လုပ်ရေးဆောင်တာ

              ကစားရာလည်း

              ညှာတာငဲ့ကွက်

              မျက်မထွက်ပဲ

              ကိုယ်သက်သာကြောင်း

              ကိုယ်ကောင်းမကြံ

              ပုံစံသဖွယ်

              လွန်စင်ကြယ်သည့်

              လူငယ်တကား

              မည်သူ့ သား/သ္မီး ဟု

              အများနှစ်ခြိုက်

              ချီးမွမ်းထိုက်အောင်

              စရိုက်ကောင်းကြစေသတည်း…………။ 

                ဟူ၍ ကျင့်ဆောင်…………

              လူမျိုးအညွန့်

              တန်ခိုးကွန့်၍

              အဓွန့်ရှည်အောင်

              ပြည့်ခေါင်းဆောင်ဟု

              နောက်နောင်ရည်စူး

              မောင်ရွယ်လူးသို့

              ရှေးဦးရှေးဖျား

              ကျောင်းသားဘဝ

              ငယ်စဉ်ကလျှင်

              ကျ-န-နည်းမှန်

              ကျင့်ကောင်းရန်ကို

              ဖန်ဖန်ကြိုးစား

              စိတ်မှာထား၍

              မုသားမဆို

              ရန်မလိုပဲ

              စာကိုမကူး

              ပျင်းမကျူးနှင့်။

              တစ်ဦးဥစ္စာ

              တွေ့သောခါတွင်

              ပြန်ကာပေးကြ

             ရန်မစနှင့် ။

             ဆရာ့အကြောင်း

             မကောင်းသတင်း

            လိမ်ဉာဏ်သွင်း၍

            အိမ်တွင်းရောက်အောင်

            မပို့ဆောင်နှင့် ။

            ထို့နောင်တဝ

            မိဘသဏ္ဍာန်

            မောင်ကြံဖန်၍

            မမှန်ရေးသား

            တိုင်ကြားသမှု

            သင်မပြုနှင့် ။

            အစုနှင့်ဆောင်

            အမှုအောင်ဟု

            ယောင်ယောင်မှားမှား

            လူမိုက်များကို

            ပေါင်းထားသိမ်းပိုက်

            လူမိုက်အချုပ်

            သင်မလုပ်နှင့် ။

            စက်ဆုတ်ဖွယ်ရာ

            အာဏာဖီဆန်

            ပုန်ကန်ထောင်တား

            ကျောင်းသားဘဝ

            အားမကျပဲ

            လောကဓမ္မတာ

            တစ်ခါတစ်တန်

            ပြစ်ရှိပြန်လျှင်

            မှန်မှန်မရွံ့

            ဝံ့ဝံ့စားစား

            ယောက်ျားပီပီ

            စာရီမထုံး

            နှလုံးရွှင်ပြ

            ဝန်ခံရသည်

            စာဂ  အကျင့်ကောင်းရန်တည်း……

ပြည်သူ့နီတိယဉ်ကျေးမင စာအုပ်မှ မှတ်သား ရေးမှတ် ဖတ်အပ်သည့် စာတွေမို့လို့

အရင့်ရောင်  တင်ပြပေးလိုက်ရပါတယ်……

ကလေးသူငယ်…လူငယ်လူရွယ်များယဉ်ကျေးမှု ရှိမှသာလျှင်……..

အရွယ်ရောက်ကြီးပြင်း လာသည့်အချိန်တွင်

 နေတက် ၊ ထိုင်တက် ၊ ဟြေတက် ဆိုတက် ၊ လုပ်တက်ကိုင်တက်ရှိကြပြီး

ယဉ်ကျေးသိမ်မွေ့သော လူရည်ချွန် ၊  လူရည်မွန်များဖြစ်လာကာ

ဘာသာတရား၏ အဆု့းအမများနှင့်ယဉ်ပါးပြီး ဖြစ်နေကြသဖြင့် ဘာသာတရာကို မှန်ကန်လေးနက်စွာ ကိုးကွယ်ဆည်းကပ်တက်သော ၊ လိုက်နာကျင့်သုံးတက်သော လူတော်လူကောင်းများဖြစ်လာကြမည်မှာ ဧကန်ဖြစ်ပါသည်။ လူငယ် လူရွယ်များ  ဘာသာတရား ၊ လူမှုရေး ၊ ယဉ်ကျေးမှု အစဉ်ရှေးရှုလျှက် လူတော်လူကောင်းများ ဖြစ်လာကြပါစေသတည်း ။

        လေ့လာဖတ်မှတ်ရေးသားအပ်ပါသည်

           အားလုံးကို

    လေးစားခင်မင်လျှက်

        အရင့်ရောင်

 

           

           

        

 

 

 

17 comments

  • mamanoyar

    June 27, 2012 at 4:32 pm

    ဖတ်ရတာ ဗဟုသုတ ရပါတယ်ရှင်
    အခုလို တင်ပြပေးတာ တကယ်ပဲကျေးဇူးတင်ပါတယ်

    • အရင့်ရောင်

      June 27, 2012 at 4:43 pm

      mamanoyar@ လေးရေ…….
      သိနှင့်ပြီးသား ရွာသူ/သာတွေ အတွက်တော့ ဆားမပါတဲ့ ဟင်းတစ်ခွက်လိုပဲပေါ့နော်
      ညီလေးတွေ ညီမလေး တွေတော့ ဒါတွေကို နဲနဲလေး လောက်ပဲ သိမယ်
      အကုန်လုံးသိထားတယ်ဆိုရင်တောင်မှ
      ပိုပြီး သတိပေးလိုက်သလိုဖြစ်ခဲ့လျှင်
      အရင့်ရောင်ကျေနပ်ပါ၏……
      ခင်မင်လျှက်
      အရင့်ရောင်

  • mayjuly

    June 27, 2012 at 4:40 pm

    အဲ စာတွေက အများကြီး …
    ဖတ်တော့ ဘူး မအားတေးလို့ ..
    နောက်နေ့မှလာဖတ်တော့မယ် …
    ဒါဗျဲ …

    ဟိဟိ အဲလိုယဉ်ကျေးတာ … 😛

  • Khaing Khaing

    June 27, 2012 at 4:42 pm

    ကိုအရင့်ရောင်ရေ ……… အခုလို ပညာပေးစာပေစာသားလေးတွေကို မျှဝေပေးတာကျေးဇူးပါ ….. ယဉ်ကျေးတယ် မယဉ်ကျေးဘူးဆိုတာ တစ်ခါတစ်ရံ မိဘအုပ်ထိန်းသူနဲ့သက်ဆိုင်သလို ပတ်ဝန်ကျင်နဲ့လည်း သက်ဆိုင်မယ်လို့ထင်ပါတယ် တစ်ချို့ကလည်း ပတ်ဝန်းကျင်ကြောင့် ရိုင်းစိုင်းနေတဲ့သူတွေရှိသလို ပတ်ဝန်း ကျင်ကြောင့်လိမ္မာယဉ်ကျေးသွားသူတွေလည်းရှိပါတယ် ……..

  • Nyein Nyein

    June 27, 2012 at 4:42 pm

    မှတ်ထားပြီးလိုက်နာသင့်တဲ့အရာတွေကို ပြောပြပေးတာ ကျေးဇူးနော် ကိုအရင့်ရေ……….. မှတ်သားသွားပါကြောင်းးးးးးးးးးးးးးးးးးးးးးးးး

  • ဘဲဥ

    June 27, 2012 at 5:08 pm

    ကိုရင့် စာတွေကိုဖတ်ပီးတော့ ကိုယ့်ကိုကိုယ် ရှက်တောင်ရှက်တယ်
    တော်တော်လိုသေးတယ်လို့လည်းထင်တယ်လေ (ကိုယ့်ကိုကိုယ် အားမနာတမ်းဝေဖန်ကြည့်တာနော်)
    ဒီလိုစာမျိုးတွေများများရေးပေးပါကိုရင့် အားပေးနေပါတယ်

  • သားဦး၊မြေးဦး

    June 27, 2012 at 7:06 pm

    ကိုအရင့်ရောင်ရေ
    မှတ်သားသွားပါ၏။

                     “ ငယ်ငယ်ကသား ၊ ကြီးလာတော့ကျား ”
                    “ ငယ်ငယ်ကသ္မီး ၊ ကြီးလာတော့မီး ”

    • အရင့်ရောင်

      June 28, 2012 at 12:57 pm

      အဲလိုလိုက်နာဖို့ပဲ လိုတာပါဗျာ…………

  • surmi

    June 27, 2012 at 9:29 pm

    ကျုပ်ကိုများဆုံးမနေသလားထင်ရတယ်
    အမှန်ပြောရင် အကုန်နီးပါးမလိုက်နာခဲ ့ဘူးဗျို ့
    ခုမှ လိုက်နာရင်ကောင်းမလားလို ့

  • ကိုရင်မောင်

    June 28, 2012 at 12:14 am

    အရင့်ရောင်ရေ…
    ကျေးဇူးတင်ပါတယ်..
    သားသမီးတွေကို ဖတ်ခိုင်းရမယ်…
    နောက်လဲ ကလေးတွေအတွက် ရေးပေးပါအုံး…

  • kyeemite

    June 28, 2012 at 9:53 am

    သားသမီးတွေပေးဖတ်ဘို့
    ကူးသွားတယ်ဗျာ..သင့်ခရုပါ..

  • ဘဲဥ

    June 28, 2012 at 10:14 am

    မေ့သွားလို့ …… တစ်ဆယ်ယူသွားလိုက်အုံးမယ်နော်
    ဘိုင့်

  • etone

    June 28, 2012 at 2:36 pm

    အင်း .. ဒီတခါတော့ လွတ်လွတ်ကင်းကင်းတင်လို့ ..ဝင်မန့်ပါဦးမယ် …(ဂေဇက်ကို ခုတုံးလုပ်ပြီး သူ့ချစ်သူဆီရေးတဲ့ ကဗျာမဟုတ်တာကြောင့်လည်း ပါတယ် 😛 )

    ယဉ်ကျေးမှုနဲ့ စာရိတ္တနဲ ့… ဘာမှ မဆိုင်တာကိုတော့ ထောက်ခံတယ် .. ။
    ယဉ်ကျေးမှုဆိုတာမျိုးကလေ … စိတ်ရင်းထဲမှာ ရှိမှ .. လုပ်ဆောင်နိုင်တာမျိုး … ဟန်ဆောင်ပြီး လုပ်နေလျှင် ခဏတာပဲ ဖုံးဖိထားနိုင်တဲ့ အပြုမူမျိုးလို့ ထင်ပါတယ် … ။

  • kai

    June 28, 2012 at 3:04 pm

    ရှေးစွန်းစွဲ..ကွန်ဆာဗေးးးးးတစ်တွေရေးတဲ့.. စာတွေ..အတွေးအခေါ်တွေကို.. မိုဒမ်နှိုက်စ်လုပ်သင့်ပြီလို့ထင်မိတယ်..

    အဲဒါတွေကို.. ဒီအတို်င်းကူးချ..လိုက်နာလက်ခံနေမဲ့အစား.. တခုချင်းစီကို.. ဒီခေတ်နဲ့ညှိ..ဆွေးနွေးကြည့်ပါလား..

    ဥပမာပေါ့.. ပထမဆုံးအပိုဒ်..

    “ အတတ်ပညာ
    အလိမ္မာကို
    ငယ်ခါမှလျှင်
    မသင်စေငြား
    မိဘများကား
    သား၏ရန်သူ
    မည်သောဟူရှင့် ”

    ဆိုတာမှာ.. ယူအက်စ်ဆို.. ကိုယ့်ကလေးကို.. ကျောင်းပို့ချိန်..ကျောင်းမပို့ရင်. စာသင်ရမဲ့အရွယ်..စာပေးမသင်ရသ်… အစိုးရက..မိဘကို.. ဆိုရှယ်ရုံးပို့ပြီး…ပညာပေးမယ်..
    မရရင်..ထောင်ထဲတောင်ဆွဲထည့်လိုက်ဦးမယ်လေ…
    သားသမီးနဲ့..မိဘ.. ရန်တိုက်ပေးတာမပါ..။ ဘေးလူ့အသိုင်းအဝိုင်းက.. အစိုးရကတဆင့်..ဥပဒေထုတ်ပြီး.. သတ်မှတ်လုပ်ပေးတာမျိုးပေါ့..

    ကျန်တာတွေ.. ချဲ့တွေးးစဉ်းစား… ဆွေးနွေးကြည့်ကြစေလိုတာပါ.. :mrgreen:

    • etone

      June 28, 2012 at 4:44 pm

      သဂျီးရဲ့ ..သူတို့ နိုင်ငံမှာ .. အစိုးရကိုက .. လူတွေအတွက် အလုပ်ကိုင်၊အခွင့်လမ်း ခံစားခွင့်တွေ .. လုံလောက်အောင်ပေးထားတာ .. ဒီတော့ သူတို့ကလေးတွေ ကျောင်းမပို့ပဲ ..အလုပ်ထွက်လုပ်ခိုင်းတာမျိုး … မရှိလောက်ဘူး .. ဒီမှာက ကလေးလည်း စကားပြောတတ်လျှင် တောင်းစားလို့ ရတယ် … စာနည်းနည်း တက်လျှင် … ဈေးရောင်းလို့ရတယ်ဆိုတော့ ……. စနစ်ကြောင့်မဟုတ်ဘူး .. ထအော်ဖို့တောင် …. လိပ်ပြာမလုံဖြစ်မိပါတယ်

  • lazy boy

    June 28, 2012 at 7:04 pm

    အကို အရင့်ရောင် ရေအခုလိုမှတ်သားစရာကလေတေ တင်ပေးတဲ့အတွက်
    ကျေးဇူပါပဲ အကုန်လုံးနီးပါဖြစ်နှိုင်အောင်ကြိုးစားပါမယ်…

Leave a Reply