ကြင်ရာရှာ ဒီမူတွေ စံထား

နွေဦးJune 27, 20121min69643

 

ရှေးလူကြီးများ ဆိုထားခဲ့တာတွေ ကြားခဲ့ မှတ်ခဲ့ရပေမဲ့ အများသိအောင် မပြောနိုင်ခဲ့ ပါဘူး ။

ခုတော့ ကြုံလို့တွေ့လို့ ကူးထားမှတ်ထားတာလေး တင်ပေးလိုက်ပါတယ် ။

မပြည့်မစုံ ကျန်ခဲ့တာတွေ ရှိကောင်းရှိမှာပေါ့လေ ဖြည့်စွက် ဖတ်ကြပါလို့ မေတ္တာရပ်ခံပါတယ် ။

ဘဝတစ်သက်တာ ပျော်ရွှင်ချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခုဖြစ်နိုင်ဖို့ရာအတွက်…

၁။ အိမ်ထောင်ဘက်သည် ရောဂါဘယ ကင်းရှင်း၍ ကျန်းမာရေးကောင်းဖို့လိုသည်။

၂။ ဘွဲ့ရခေတ်ပညာတတ်ကြီး မဟုတ်လင့်ကစား သင့်တင့်သော ပညာအရည်အချင်းရှိဖို့ လိုပါသည်။

၃။ နှစ်ဦးနှစ်ဖက် သင့်တင့်သော စီးပွားရေးရှိဖို့ လိုပါသည်။

၄။ ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့ လိုအပ်ပါသည်။

လူကောင်းသူကောင်းနှင့် ပေါင်းဖော်တတ်သူဖြစ်ဖို့ လိုပါသည်။

၅။ စိတ်ကောင်း၊ နှလုံးကောင်း၊ သဘောထားကောင်းသူဖြစ်ဖို့ လိုသကဲ့သို့ အကျင့် စာရိတ္တ

ကောင်းမွန်သူ ဖြစ်ရပါမည် ။   ။

အချိန်တန် အရွယ်ရောက်လေသော် တစ်မိသားနှင့် တစ်မိသား တစ်ဦးနှင့်တစ်ဦး အကြောင်းဆက်

ပေါင်းဖက် ကြရသည်မှာ ဓမ္မတာဖြစ်ပေသည်။

“ပါသုံးပါ၊  ချာသုံးချာ၊  ကွာသုံးကွာ” ဟူသော ရှေးရိုးစဉ်လာ

စကားလေးမှာလည်း အိမ်ထောင်ဖက်ရွေးချယ်ခြင်းနှင့်ပတ်သက်၍

မှတ်သားလိုက်နာဖွယ် ကောင်းလှပါသည်။

“ပါသုံးပါ” ဆိုသည်မှာ

၁။ အကြွေးတွေ ပါလာသူ

၂။ ရောဂါဘယ ပါလာသူ

၃။ အပိုစားမည့်သူ ပါလာသူ

“ချာသုံးချာ” ဆိုသည်မှာ

၁။ ပညာအရည်းအချင်း နုံချာသူ

၂။ အကျင့်စာရိတ္တ နုံချာသူ

၃။ အလုပ်အကိုင် နုံချာသူ

“ကွာသုံးကွာ” ဆိုသည်မှာ

၁။ တိုင်းနိုင်ငံနှင့် လူမျိုးမတူ ကွာခြားသူ (နိုင်ငံခြားသား)

၂။ဘာသာ အယူဝါဒမတူ ကွာခြားသူ(ဘာသာခြား)

၃။ စိတ်သဘောမတူ ကွာခြားသူ

တို့ ဖြစ်ကြသည်။

ရှေးလူကြီး သူမများ၏ ပြောပြချက်အရ ယင်းအချက်ကိုးချက်နှင့်

ကိုက်ညီသော အိမ်ထောင်ရေးများသည် များသောအားဖြင့် အဆင်ပြေ ၍

စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပြီး မကိုက်ညီသော အိမ်ထောင်ရေးသည်

စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်တတ်ကြသည်ဟု ဆိုသည်။

ရွာသူားတို့ တွေးဖြည့်ပြီး စဉ်းစား အရွေးမမှားကြစေလိုပါ ။

43 comments

  • mamanoyar

    June 27, 2012 at 4:15 pm

    မှန်ပါတယ် အားလုံး ပြီးပြည့်စုံတဲ့သူနဲ့
    ဆုံဆည်းရပါလို့၏

  • မဂွတ် ထော်

    June 27, 2012 at 4:22 pm

    poste လေးကမိုက်ပါတယ်မှတ်သားထားပမယ်

  • ဘရားသား

    June 27, 2012 at 4:28 pm

    အနှီကဲ့သို့ ရွေးချယ်ရန် စိတ်ကူးယုံမျှဖြင့်
    ကြင်သူသက်ထား ရရှိရန် ပို၍ ဝေးမည်သာလျှင် အဖတ်တင်ပါမည် ။

    • နွေဦး

      June 27, 2012 at 4:38 pm

      ဒါဆိုလဲ စိတ်မကူးဘဲရှာနိုင်ပါတယ် ။
      ဒါပေမဲ့ ရှေးလူကြီးတွေ ထားတဲ့စံက မမှားလောက်ပါဘူး ။
      ယခုခေတ် ရှားပေမဲ့ ယခင်က မရှားလို့နေမှာ..။

  • Wow

    June 27, 2012 at 4:39 pm

    မယူဂျနဲ့လို့ဆိုလိုတာလားဟင်င်င်
    😛

    • နွေဦး

      June 27, 2012 at 4:48 pm

      မဆိုပါဘူးဗျာ..
      မတော်တဆ အပျိုကြီးဖြစ်သွားခဲ့ရင်
      ကျုပ်အပြစ် မကင်းဘူးဖြစ်ပါ့မယ်..။
      ရှားလေ တန်ဘိုးရှိလေ ဆို…။

  • Shwe Tike Soe

    June 27, 2012 at 4:41 pm

    မှတ်သားသွားပါတယ်….
    အဲလောက် ကင်းတဲ့သူတော့ ရှားမယ်ထင်တယ်နော်….

    အဲလိုရှာနေတာနဲ. အဟင့် အသက်ကျော်သွားရင် ဘယ်နှယ့်လုပ်မလဲလို…. ရဘူးဂျာ ယူမှာပဲ ယူမှာပဲ…………. ဟီးဟီးဟီး

    နောက်တာနော်… တကယ်မှတ်သွားတယ်..သိလား

    • Mလုလင်

      June 27, 2012 at 8:25 pm

      “ကွာ သုံးကွာ” ထဲမှာ အရပ် ကွာတာကော ပါလားဗျ .. အူးအူး ရွှေတိုက်စိုး ဖြေပေးပါနော် .. အဟိဟိ ❓

      • TNA

        June 28, 2012 at 8:20 am

        အရပ်ကွက်တိဖြစ်ရမည်။ ဖြတ်စက်ထဲထည့်၍ တိထားသကဲ့သို့။ ဟီဟိ ပြေးပြီ

  • နွေဦး

    June 27, 2012 at 4:50 pm

    ရှာရင်းနဲ့ အသက် အရွယ်လွန်သွားတော့…ဟဲဟဲ
    ကျုပ်လို နောင်လာနောက်သားတွေကို ပြန်ပြောပြလို့ ရတာပေါ့…။

  • pan pan

    June 27, 2012 at 4:51 pm

    ပါသုံးပါ
    ချာသုံးချာ
    ကွာသုံးကွာ
    အဲ့ဒီမှာ ပါသုံးပါ၊ ချာသုံးချာ ပြည့်စုံရင်လည်း ကွာသုံးကွာမှာ ကွဲတာပဲ
    ပါသုံးပါ၊ ကွာသုံးကွာ အိုကေတော့လည်း ချာသုံးချာမှာလွဲတာပဲ
    အားလုံးကိုက်တာတော့ လွယ်ဘူးတော့
    အင်း…..မြင်သမျှ ဘဝင်မကျ
    ဒီဘဝ လင်မရလည်း ရှိစေတော့ :mrgreen:

    • နွေဦး

      June 27, 2012 at 4:56 pm

      ကိုယ်ဘာသာ မစွံ တာနော်..
      ကျုပ်တင်တဲ့ post ကြောင့် မရတာလို့တော့ မပြောနဲ့နော်
      နဂိုကမှ ဒီမှာ ညစ်နေရတဲ့အထဲ..ကျုပ်ကြတော့ ဘယ်သူ့ လွှဲချရမလဲ..။

      • pan pan

        June 27, 2012 at 9:52 pm

        အမယ်…..
        မစွံတာမဟုတ်ဘူးနော်
        ဟွန့် !

        ဟိုဘက်က ကိုအရင့်ရောင်ပိုစ့်မှာလည်း မန့်ထားပြီးသား
        လောကမှာ ကိုယ့်ကိုကိုယ်သာအချစ်ဆုံး 😆
        အဲ့တုန်းကလည်း ဘဂီက ပြောသွားသေးတယ်
        လူကိုများ အထင်သေးထှာ 👿

    • ဒိုးစနစ်

      June 27, 2012 at 4:57 pm

      ဒေါ်ပန်ပန်… ယောကျာ်းယူရင် ကျုပ်ကို မဂ်လာဆောင်ကား မောင်းပေးဆို…
      အခုတော့ ဘယ်လိုဖြစ်တာလဲဗျ..
      ဒါနဲ့စကားမစပ်..ကိုနွေဦးရေ..အဲဒီအတိုင်းရှာရရင်တော့ ဒီတသက်မရနိုင်ထင်ပါ့..

  • Phaung Phaung

    June 27, 2012 at 4:56 pm

    မှန်လိုက်လေနော်……။ ပါသုံးပါ .. ကွာသုံးကွာ …. ချာသုံးချာ နဲ့တော့လွတ်ပေမယ့် အပေါ်ကအချက်တွေထဲ က နံပါတ်(4)အချက် “ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်အောင် ပေါင်းသင်းတတ်ဖို့ လိုအပ်ပါသည်။” နဲ့တော့ မလွတ်ဘူးဖြစ်နေလို့ စိတ်ညစ်ရတယ်ကွယ်။

    • နွေဦး

      June 27, 2012 at 5:02 pm

      ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်နိုင်ရင်
      ပတ်ဝန်းကျင် မရှိတဲ့အရပ် သွားနေလေ..။

  • mocho

    June 27, 2012 at 5:10 pm

    ”ယင်းအချက်ကိုးချက်နှင့်

    ကိုက်ညီသော အိမ်ထောင်ရေးများသည် များသောအားဖြင့် အဆင်ပြေ ၍

    စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပြီး မကိုက်ညီသော အိမ်ထောင်ရေးသည်

    စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်တတ်ကြသည်ဟု ဆိုသည်။”

    စာစီတာနည်းနည်းလွဲနေသလားလို့ ၊ အဲဒီ ၉ ချက် က ရှောင် ရ မှာ မဟုတ်ဘူးလား။ ကိုယ့်ဖာသာ ကို ပဲ ဖြည့် တွေးလိုက် တော့မယ်နော်။

    • နွေဦး

      June 27, 2012 at 6:43 pm

      စာရေးလောပြီး မှားသွားပါတယ် ။အပေါ်က ၅ချက်က ဆောင်ရမှာဖြစ်ပြီး
      အောက်က ၉ ချက် က ရှောင်ရမှာပါ ။
      ဒီလိုထောက်ပြပေးလို့ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျား ။

  • Uncle Lay

    June 27, 2012 at 5:43 pm

    သူတို့ပြောတဲ့ အိမ်ထောင်ဖက် ( အနုပညာရှင် တွေရဲ့ စိတ်ကူးထဲက အိမ်ထောင်ဖက်က )

    ချစ်စနိုးဦး

    စိတ် ကူးထဲက အိမ်ထောင်ဖက် ကမိသားစုတစ်ခုလုံးကို ရှေ့ကနေ မားမားမတ် မတ်နဲ့ တာဝန်ယူ ပေးနိုင်တဲ့သူ ဖြစ်ရမယ်။ သစ္စာ ရှိရမယ်။ ကိုယ်ချင်း စာစိတ်ရှိရမယ်။ အဲဒါ လေးတွေ တော့ရှိသင့်တာ ပေါ့။ အိမ်ထောင် တစ်ခု တည်ဆောက်ပြီဆိုရင် ဒီလူ နှစ်ယောက်က သူစိမ်းပဲလေ။ ဒီလူနှစ်ယောက်ပေါင်းဖို့တစ် ယောက်နဲ့ တစ်ယောက်နား လည်မှုရှိရမယ်။ ချစ်လည်း ချစ်ရမယ်။ ဒီခေတ်ကြီးမှာ ငွေကြေးလည်းပါရမယ်။

    ဆုပန်ထွာ

    အိမ်ထောင်ဖက်ကို ဘယ်လိုပုံစံရယ် လို့မျှော်လင့်မထားဘူး။ ဖူးစာပါလာရင် တော့ရမှာပဲ။ အိမ်ထောင် တစ်ခုမှာ အချစ် တစ်ခုတည်းနဲ့ပြီးပြည့်စုံ သွားတာမရှိဘူး။ တစ် ယောက်နဲ့တစ်ယောက် နားလည်မှုတွေ သစ္စာရှိမှု တွေနဲ့ ငွေကြေးလည်း အဓိကပါဝင်နေတယ်။ ဒါတွေပြည့်စုံရင်တော့ သာယာချမ်းမြေ့တဲ့ မိသား စုတစ်ခု၊အိမ်ထောင်တစ်ခု ကိုရယူနိုင်ပြီလို့ ပန်ပန်ထင် ပါတယ်။

    နန်းမြတ်ဖြိုးသင်း

    သမီးငယ်ငယ်လေးထဲ က စဉ်းစားထားတာစိတ် ပဲလို့ထင်တယ်၊ စိတ်ထား လေးလည်းကောင်းမယ်။ ကိုယ့်ကိုလည်းချစ်မယ်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်တာတွေ သည်းခံ တာတွေ အကုန်ပါဝင်ပါ တယ်။ ကျန်တာ ကတော့ ရုပ်ချောတာမချောတာ ကိုယ့်ကံနဲ့ပဲ ဆိုင်မယ်ထင် တယ်။ အချစ်က ၅ဝ ရာခိုင်နှုန်းဆို ငွေကြေး ကလည်း ၅ဝ ရာခိုင်နှုန်းအရေးပါ ပါတယ်။

    • နွေဦး

      June 27, 2012 at 6:51 pm

      သူတို့လဲ သူတို့ရဲ့ စံနှုန်းနဲ့ပေါ့လေ…။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 27, 2012 at 6:21 pm

    လင်ရွေးတာဘဲဟယ် မကျီးကျယ်ဘာနဲ့
    အထုပ် နဲ့ ဟိုဥစ္စာကြီးပါ တော်ရောပေါ့

  • water-melon

    June 27, 2012 at 6:38 pm

    မိန်းမတွေပေါတယ် မယားကောင်းရှားတယ်
    ဒီမယ်ဒီမယ် စော်ကြည်ချင်သမား ရုပ်ချောရန်မလို ငွေပေါရန်လိုသည်
    သွားမပါချင်နေ တိုက်နဲ့ကားပါရမယ်
    အသက်ကြီးပေမဲ့ နောက်ငယ်နဲ့တော့
    ကြားဖူးနားဝတွေပြောပြတာပါ

    ကိုနွေးသီးရေ ကျွန်တော်တို့က ၄ဝ ကျော် ၅ဝ နားနီးပြီဆိုတော့
    ဒီတသက်မရတော့ပါဘူးဗျာ

    • နွေဦး

      June 27, 2012 at 6:57 pm

      နွေဦး လို့ လုပ်ပါဗျာ..ခင်ဗျားနဲ့မှ နွေသီးရယ်လို့…shift လေးတော့နှိပ်ပါဗျာ…။
      စိတ်မလျှော့ပါနဲ့ .. လူမစွမ်း နတ်မ တယ်တဲ့..။
      အဗာတာက ကောင်မလေးတောင် မာယာများနဲ့ ရယ်ပြနေဘီ..။ကြံကြည့်ပါလား..။

    • pan pan

      June 27, 2012 at 9:39 pm

      နွေးသီးဆို မယဉ်ငြိမ်းနွေဖြစ်နေပြီ ဖြဲမရဲ့
      အမျိုးအတင်းစပ်နေလား အောက်မေ့ရ 😀

  • သားဦး၊မြေးဦး

    June 27, 2012 at 7:09 pm

    ကိုနွေဦးရေ တိုင်းတပါးသား၊လူမျိုးခြားဟု ဆိုလင့်ကစား
    လူနှင့်တူသော လူဖြစ်လျှင်သာ အရေးကြီးပါကြောင်း။

    • နွေဦး

      June 28, 2012 at 8:21 am

      ရှေးလူကြီးတွေက မျိုးဂုဏ် ရိုးဂုဏ် ထိမ်းဖို့အတွက်
      လူမျိုးခြားကို ရှောင်ခိုင်းတာနေမှာပါ ။
      မြေမြို၍လူမျိုးမပျောက် လူမြိုမှ လူမျိုးပျောက်မည် လို့ ဆိုကြသကိုးဗျ ။

  • kuroko

    June 27, 2012 at 7:30 pm

    ရွေးမရင်…လူပျိုကြီးပဲလုပ်တော့မယ် …(ပုံ..ဂျေမောင်မောင်)

  • TNA

    June 27, 2012 at 8:08 pm

    အိုကေ အလိုရှိသည် ဆိုတဲ့ ကြော်ငြာမှာ ဒီအချက်တွေထည့်လိုက်ပြီ။ စံမမှီရင်မလာရ။ အာဟိ ( ဂီ့လေသံနှင့် ဖတ်ပါရန် )

    • မောင်ပေ

      June 27, 2012 at 8:49 pm

      မောင်ပေတော့ လုံးဝမလာဘူးနော် ၊ စိတ်သာချတော့ ဟီဟိ

      • TNA

        June 28, 2012 at 8:22 am

        လာမှာစိုးလို့ကိုထည့်ထားရတာ။ ပြောရတာမောပါ့။

  • မောင်ပေ

    June 27, 2012 at 8:51 pm

    အိုစခေ….
    နောက်တစ်ယောက်ထပ်ယူတဲ့အခါ ၊ ဒီအချက်တွေနဲ ့အရင်ညှိပြီးမှ ယူမယ် ဗျို ့
    မျှဝေပေးတဲ့အတွက် ရှဲရှဲပါနော

    • MaMa

      June 27, 2012 at 9:18 pm

      အခုတစ်ယောက်ကိုတော့ ဒီစံတွေနဲ့ မချိန်နိုင်တော့ဘူး ဆိုပါတော့။ 😀

  • ညလေး

    June 27, 2012 at 9:11 pm

    အဟင့်ဟင့်…….နာတော့သွားပြီ……
    ချာသုံးချာ……..ကြီး…ဟင့်ဟင့်ဟင့်

  • ရဲစည်

    June 28, 2012 at 6:56 am

    ဘာစံတွေမှ မလိုဘူး ထားလဲ မထားဘူး လောလောဆယ် မိန်းမ အရမ်းလိုချင်နေတယ် အဲလာ ဘယ်လိုလုပ်မလဲ……….. 🙂
    ဪ ဒွတ်ခ…. ဒွတ်ခ
    တစ်ချို့တွေက အထင်ကြီးကြတယ် ရွေးလွန်းအားကြီးလို့ မရတာပါတဲ့
    ဘယ်ကလာ…. လိုချင်တာမှ တပိုင်းကို သေနေတာဘဲ……………. 🙁
    မရလို့
    စနစ်….စနစ် အဲယောင်လို့
    အနိစ္စ..အနိစ္စ ဒါလဲ မဟုတ်သေးဘူး
    မိန်းမဒွေ….မိန်းမဒွေ ဒါလဲ ဝါးလုံးချီးသုတ် ရမ်းသလို ဖြစ်နေပြန်ပီ….
    ဆိုတော့
    ငါ…ငါ… ငါမှတပါး တခြားမရပါလားနော် 🙂

  • ဦးဦးပါလေရာ

    June 28, 2012 at 8:12 am

    နေပါဦး …
    ခင်ဗျားတို့က သူများသားသမီးကို အဲလောက်စံချိန်တွေထိုးပြီးရွေးရအောင်
    ခင်ဗျားတို့အတွက် မွေးထားတယ်လို့များ ထင်နေလို့လား…
    ပြီးတော့ ခင်ဗျားတို့ကို သူများက ရွေးမယ်ဆိုရင်ကော -?

    ဒီမှာ… ဒီမှာ…
    အိမ်ထောင်ရေးမှာ အဆင်ပြေချင်ရင် အပေါ်က အချက်တွေလဲမကိုက်ညီဘူးဆိုရင်
    ကိုယ့်အရည်အချင်းနဲ့ ပြုပြင်စရာ ၂ ချက်ရှိတယ်…
    ၁- ပြောသမျှအားလုံး နားထောင်လိုက်
    ၂- တခွန်းမှ ပြန်မပြောနဲ့

    (ပြီးမှ ကိုယ်လုပ်ချင်တာလုပ်…)

    😀 😀

    • နွေဦး

      June 28, 2012 at 9:54 am

      ဟိုသီချင်းလေး…
      မိန်းမချစ်တယ်ဟုတ်.. မိန်းမ ခိုင်းတာလုပ်…ဟိဟိ

  • နွေဦး

    June 28, 2012 at 10:03 am

    အခုတော့ ကျုပ် ခေတ်သစ် စံနှုန်း ကို သိရပါပြီ….
    ကိုက်ညီမှု ရှိမရှိ ကိုယ်တိုင် ညှိကြပါ..
    ၁ ။ ။ အဖေ ဗိုလ်ချုပ်….အမေ မိုးကုတ်..
    ၂ ။ ။ အဖေ ညွှန်ချုပ်…အမေ ကျောင်အုပ်…
    ၃ ။ ။ အဖေတိုင်းမှူး …အမေ သိုက်တူး…
    ဟုတ်ရဲ့လားတော့ မသိ ဒါမျိုးတွေဆို ကျားကျား မ မ ဈေးကောင်းဆိုဘဲ…..။

  • ဘဲဥ

    June 28, 2012 at 10:07 am

    ဘာသာမတူတာ ဘာကြောင့်လဲ………….
    ဒို့တော့ ဒါတွေ နားမလည်……………

    • နွေဦး

      June 28, 2012 at 10:17 am

      ရှေးအခါက အမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်
      အမျိုး ဘာသာ သာသနာ ကို စောင့်ရှောက်ကြပါသည် ။

  • Mg Mg

    July 3, 2012 at 5:39 pm

    အခုလိုသိထားတော့ ကိုယ့်အတွက်သတိထားစရာဖြစ်တာပေါ့
    သား၊ သမီးကျင့်ဝတ်ထဲက `စောင့်လေမျိုးနွယ်´ ဆိုတဲ့အတိုင်း
    ကိုယ့်အမျိုး၊ ဘာသာ၊ သာသနာ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှေက်ရမယ်ဆိုတာ
    ယဉ်ကျေးတဲ့ မြန်မာလူမျိုးတိုင်း လိုက်နာရမယ့်တာဝန် ပါလို့ကျွန်တော်ထင်မိပါတယ်

    မြန်မာကိုချစ်သော ဗမာလေး………………

Leave a Reply