အစက်အပြောက် – ၅၀၀

ムラカミJuly 2, 20122min34221

 

ဓာတ်ပုံ မပါတဲ့ ဓာတ်ပုံ အကြောင်း ပိုစ့် ဖြစ်ကြောင်း ဦးစွာ ပြောပါရစေ။

www.500px.com အကြောင်းပါ ..။ သိပြီးသူတွေလည်း ရှိမှာပါ ..။

မသိသေးသူတွေအတွက်ပါ။

  • ကနဦး

၂၀၀၃ ခုနှစ်က ဖြစ်ပါတယ်။ Oleg Gutsol နဲ့ Evgeny Tchebotarev ဆိုတဲ့

လူ၂ယောက်ဟာ လူမှုဆက်ဆံရေး ဆိုင်ရာ ဘလော့ ဝက်ဆိုက်တခု ဖြစ်တဲ့

Livejournal ကို စတင်ခဲ့ကြပါတယ်။ အဲ့သည့်မှာ ဓာတ်ပုံ တင်ဖို့အတွက်

အသင့်လျော်ဆုံး အရွယ်အစားဟာ 500pixel ဆိုပြီး သတ်မှတ် ခဲ့ကြပါသတဲ့…။

(အဲ့သည့်ခေတ်က အမေရိကားမှာတောင် web display အတွက် ကန့်သတ်ချက်တွေ

ကြီးခဲ့သေးလေတော့ CRT monitor တွေပေါ်မှာ ပုံဖော်ဖို့အတွက် အသင့်တော်ဆုံး

အရွယ်အစားဟာ ယနေ့ခေတ်ထက် ၂ဆကနေ ၄ဆလောက် သေးငယ်သေးပါတယ်)

အဲ့သည့်က စတင်ခဲ့တဲ့နာမည် 500px ကို ၂၀၀၉ ခုနှစ်မှာတော့ 900px အထိ တိုးမြှင့်လာနိုင်

ခဲ့ပေမယ့် နာမည် ကိုတော့ 500px နဲ့ပဲ ဆက်လက် ခေါ်ဝေါ်ခဲ့ကြပါတယ်။

 

  • ယခု

တိုရွန်တို အခြေစိုက် စွန့်ဦးတီထွင် သမားတွေဟာ ယနေ့ လှုမှုဆက်သွယ်ရေး ဆိုက် ခေတ်မှာ

ပုံစံသစ်နဲ့ 500px ကို ပွဲထုတ် လာခဲ့ပါတယ်။ သူ့ features တွေအကြောင်း နည်းနည်း

မိတ်ဆက်ပေးချင်ပါတယ်။

 

  • Register

ထုံးစံအတိုင်း e-mail နဲ့ register လုပ် login ဝင်နိုင်သလို နာမည်ကျော် social media ဖြစ်တဲ့

facebook ဒါမမဟုတ် twitter တွေ ကိုသုံးပြီး login ဝင်နိုင်ပါတယ်။ (social media ဘက်မှာ

basic information ယူတာကိုတော့ allow လုပ်ပေးရမှာ ဖြစ်ပါတယ်..)

အသုံးပြုမှုအတွက်ကတော့ basic Free Membership ဖြစ်ပါတယ်..

 

  • Memberships

a). Free Membership

အခမဲ့ အသုံးပြုနိုင်တဲ့ basic membership ကတော့ ၁ပါတ် ကို ၁ဝပုံနှုန်း တင်ခွင့်ရှိပါတယ်။

သည် site ဟာ ဓာတ်ပုံ ရောင်းတာ ဝယ်တာကိုလည်း support လုပ်ပေးထားတဲ့အတွက်

free membership မှာပင်လျင် personal store တခု ထည့် သွင်းပေးထားပါတယ်

b). Plus Membership

တစ်နှစ်ကို ဒေါ်လာ ၂ဝ ကျသင့်တဲ့ အကောင့် ဖြစ်ပါတယ်။ Upload

ဟာ unlimited ဖြစ်ပြီး Set ဆိုတဲ့ feature အပို ပါဝင်ပါတယ်။

ဒါကတော့ album ကို ကိုယ်စားပြုတာဖြစ်ပြီး set ဟာ unlimited ပါ…

ကိုယ့် sets(album) တွေကို ဝင်ရောက်ကြည့်ရှု သူတွေ အကြောင်း

ကိုလည်း ခွဲခြမ်း စိတ်ဖြာကြည့်လို့ရမှာ ဖြစ်ပါတယ်။

 

c). Awesome Membership

တစ်နှစ်ကို ဒေါ်လာ ၅ဝ ကျသင့်မှာဖြစ်ပြီး အထက်က features တွေ

အားလုံးအပြင် ကိုယ်ပိုင် domain တွေနဲ့ portfolio ဆောက်နိုင်တဲ့အပြင်

Analytics tools တွေ ပါဝင်တဲ့ မန်ဘာ အမျိုးအစား ဖြစ်ပြီး

မန်ဘာရှစ်အားလုံးထဲမှာတော့ အမြင့်ဆုံးပါပဲ…။

  • Upload

Organizer feature ဒါမှမဟုတ် Photo Upload page သုံးပြီး တင်နိုင်မှာ ဖြစ်ပါတယ်။

HTML5 ဖြစ်တဲ့အတွက် ဘာ plugin မှမလိုပဲ instant လုပ်နိုင်ပါတယ်…။

ပုံ အမျိုးအစားကတော့ JPG ဖြစ်ပြီး ၁ပုံချင်းစီ အရွယ် အကြီးဆုံး size 50MB အထိ တင်နိုင်ပါတယ်။

 

  • Pulse

ဒါကတော့ 500px ရဲ့ မူပိုင် feature ဖြစ်ပါတယ်.. သူ့မှာ 100 အထိ အမြင့်ဆုံး

score ရှိပြီး စတင်တဲ့အချိန်မှာ pulse ဟာ N/A ပါ ။ လူတွေ စကြည့် မယ် like လုပ်မယ်

share မယ် comment ရေးကြမယ် ဆိုရင် pulse ဟာ မြင့်တက်လာပါမယ်..။ pulse ဟာ

လူတွေကြား ဘယ်လောက် popular ဖြစ်တယ် ဆိုတာကို သိနိုင်တဲ့ အရာ တစ်ခု ဖြစ်ပြီး

ပုံတပုံရဲ့ quality ကိုညွှန်းတဲ့ ညွှန်းကိန်းတော့ မဟုတ်ပ်ဘူး …။ အချိန်ကြာလာတာနဲ့အမျှ

သည်ပုံအကြောင်း လူကြည့် လူပြော မများတော့ဘူး ဆိုရင် pulse ဟာ ပြန်ကျသွားပြီး

နောက်ဆုံး 0.0 ဖြစ်သွားမှာပါ…။ pulse 75 အထက်ရောက်ဖူးတဲ့ ပုံဟာ ပေါ်ပျူလာဖြစ်တယ်လို့

ခေါ်နိုင်ပါတယ်။

နောက်ထပ် View ဆိုတာပါသေးရဲ့ ..အဲ့ဒါ ကတော့ တစုံတယောက် ကိုယ့် ပုံကို ဝင်ကြည့်သွားရင်

auto တက်တဲ့ feature ပါ… (သည်ရွာထဲက hits ဆိုတဲ့ feature နဲ့ အတူတူပါ)

အလားတူပဲ ..like & favourite တွေလည်း ပါပါသေးတယ်။ ပုံ၁ပုံရဲ့ မှတ်ကျောက် လို့
ပြောလို့ ရတာတွေပါ..

  • Who can see?

ကိုယ့်ပုံတွေကို ဘယ်လိုလူတွေ မြင်နိုင်သလဲ ဆိုတာကတော့ public ဖြစ်တာမို့

အားလုံး ကြည့်နိုင်မြင်နိုင်ပါတယ်။ ကိုယ်နှစ်သက်တဲ့ ဓါတ်ပုံဆြာ ရဲ့ profile ကိုလည်း

twitter လိုမျိုး follow feature နဲ့ မှတ်သားထားပြီး အသစ်တင်တဲ့ ပုံတွေကို

ရှာကြည့် နိုင်ပါသေးတယ်။

 

  • Selling Photos

Story ဆိုတဲ့ Feature ကိုသုံးပြီး ကိုယ်ပိုင် store တခု ဖွင့်ယူနိုင်ပါတယ်။

(free membership မှာပင်လျင် ဖွင့်ခွင့်ရှိပါတယ်)

store မဖွင့်ဘဲ သည်တိုင်း တင်ထားလို့လည်း ရပါတယ်

store ဖွင့်ပြီး တင်မယ် ဆိုရင်တော့ 3600px အထိ အမြင့်ဆုံး တင်ပေးရမှာ
ဖြစ်ပါတယ်။ ပုံတွေဟာ JPG အမျိုးအစား ဖြစ်ရမှာဖြစ်ပြီး ရေစာ ၊ ဘောင်နဲ့

ဆိုင်း တွေ ပါခွင့် မရှိပါ။ 8-bit or 16-bit ဖြစ်ရမှာဖြစ်ပြီး RBG နဲ့

3:2 or 2:3 or 1:1 အချိုးအစား ရှိရမှာပါ..။ Store ကို နောက်တချိန်မှာ

အသုံးမပြုတော့ရင်လည်း ပြန်ပိတ်လို့ ရပါတယ်။

အရောင်းအဝယ်ပိုင်း ဈေး အပိုင်းကတော့ ကျနော်ကိုယ်တိုင် store မဖွင့်ထားတဲ့အတွက်

မသိပါဘူး..။ bank card သုံးတဲ့ transfer ပုံစံမျိုးပဲ ဖြစ်ပါလိမ့်မယ်။ ဓာတ်ပုံပညာလေ့လာဖို့

အတွက်တော့ အတော် ကောင်းတဲ့ ဆိုက်ဖြစ်တယ်ဆိုတာ လက်တို့ပါရစေ။ iPad နဲ့ Android

ပေါ်ကနေလည်း ကြည့်လို့ရအောင် application ထုတ်ပေးထားတာ တွေ့ရပါတယ်။

 

iPad ပေါ်ကနေတော့ upload တင်လို့မရပါဘူး .. (device ရဲ့ limitation ပါ..) Android

ပေါ်ကနေတော့ မစမ်း ရသေးလို့ မသိပါဘူး ..။ 500px ဟာ PC အတွက် လည်း Adobe

lightroom Plug-in ထုတ်ပေးထားတယ် လို့ ဖတ်ရပါတယ်…။ Lightroom မသုံးတော့လို့

ဘယ်လို အလုပ်လုပ် သလဲ လည်း မသိပါဘူး..။ (မသိတာ တယ်များသကိုး..) 😀

ဘယ်လိုပဲဖြစ်ဖြစ်ပါ ..တကမာ္ဘလုံးက ဓာတ်ပုံဆြာ ၃သိန်းလောက် က ဓာတ်ပုံ ၆သန်းလောက်

တင်ထားတဲ့ နေရာ ဖြစ်တာမို့ …ဓာတ်ပုံပညာ လေ့လာလိုက်စားမယ် ဆိုရင်ဖြင့်

အလွန် အသုံးဝင်တဲ့ ပညာရတဲ့ နေရာ ဖြစ်ကြောင်း လက်တို့ လိုက်ရပါတယ်…။

 

P.S ဘာရယ်မဟုတ်.. ထပ်ဖြည့်ရရင်ဖြင့် သည်ဆိုက်က လုပ်တဲ့ ဆာဗေး သဘောမျိုးမှာ
ယူဇာတွေ အနှစ်သက်ဆုံးသော ဂီယာ ဟာ Canon 5D Mark II ဖြစ်ပါကြောင်း …။

21 comments

  • etone

    July 2, 2012 at 10:14 am

    နာမည်ပြောင်းလိုက်ပြီကိုး …
    အာဘော်တော့ မပြောင်းသေးတာနဲ့ .. အဒူလဲဆိုတာ မှန်းလို့ ရသေးတယ် .. ဟိဟိ …။ 😀
    ဓါတ်ပုံအကြောင်းတော့ ဘာ knowledge မှ မရှိပေမယ့်… ကြားဖူးနားဝဖြစ်အောင် ဝင်ဖတ်သွားခဲ့ပါတယ်နော် ။
    ဝါသနာကြောင့် လိုက်စားသူတွေအတွက်တော့ အဖိုးတန်ပို့စ်တစ်ခုဖြစ်မှာပါပဲ … ။

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 10:30 am

      ရင်ထဲ မကောင်းဘူးဗျာ …
      အဟုတ်…
      မျက်မှန် ပါဝါမတိုးပါဘဲ
      တီဗီစကရင် က ဝါးဝါးလာလိုက်တာများ …
      :'(

  • ရဲစည်

    July 2, 2012 at 10:29 am

    အခုလို ရေးသား တင်ပြသွားတဲ့ ကိုအမ်ယူအန်န်အီးဇထ်ကို ကျေးဇူးတင်ပါတယ် ခင်ဗျ…
    ကျနော်လည်း ခုနောက်ပိုင်း ဓာတ်ပုံဘက်ကို လိုက်စားဖို့ စိတ်အားထက်သန်နေပါတယ်
    လောလောဆယ်တော့ Streamzoo ဆိုတဲ့ နေရာလေးမှာ တပုံစ ၂ပုံစ တင်ပီး စမ်းသပ်နေပါတယ်…
    Canon 5D Mark II ကတော့ အလှမ်းနည်းနည်းဝေးနေသေးလို့ လောလောဆယ်တော့ Nikon J 1 လောက်နဲ့ စတင် ချဉ်းကပ်မယ်လို့ ဆုံးဖြတ်ထားပါတယ် ..။

    မသိချင်ယောင် ဆောင်၍ မန့်သွား၏
    ဒါပေမဲ့ အထက်က ရေးတာတွေက အကုန်အတည်ဖြစ်၏
    အီတလီကို စိတ်နာတယ် …. 🙁

  • ahnyartamar

    July 2, 2012 at 10:53 am

    ကင်မရာနဲ့ ဓာတ်ပုံပညာကို သိပ်နားမလည်ပေမဲ့ သေချာဖတ်ပြီး ကူးသွားပါကြောင်း။

  • kyeemite

    July 2, 2012 at 10:55 am

    အပြောင်းအလဲ အတော်များပေတာဘဲ..
    မျက်စေ့ကိုလည်လို့….

  • mamanoyar

    July 2, 2012 at 11:15 am

    ကျေးကျေးပါရှင်

  • Moe Z

    July 2, 2012 at 11:30 am

    ်for señorita ??
    အားပေးသွားပါတယ် .. နားမလည်တဲ့ဘာသာရပ်မို့
    ဘာမှမရွှီးတော့ပါဘူး …
    အရမ်းကြီးငိုမနေနဲ့ဦး အရှေ့ကျွန်းမှာရေကြီးနေဦးမယ် :mrgreen:

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 11:36 am

      အေးမြပါးပြင် ပူနွေးလာအောင် ဆွသလားကွယ်…
      အဟင့်…
      🙁

  • surmi

    July 2, 2012 at 1:58 pm

    မောင်ရင်တို ့နာမည်မှတ်ရင်းနဲ ့ ရူးတော ့မယ်ဟေ ့
    ဘောပွဲကလည်း နိုင်သော်လည်း ဒိုင်ကပြေးတာမို ့

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 2:00 pm

      ခေါင်းဦးထက်က မျက်ရေ …သက်သေလေပြဂျင်ဒယ်…
      ကိုယ်ပိုင်ဖလား ကို ဒို့မှာ မပိုင်ဘူး ..အချစ်ရယ်…
      သိသိရက်နဲ့ မိုက်ခဲ့တဲ့ နှလုံးသားငယ်လေး ..
      မလွန်ဆန်ရဲတဲ့ ဂိုးတွေနဲ့ …. .. ငိုမယ်…..
      🙁

      • Moe Z

        July 2, 2012 at 2:12 pm

        ခေါင်းအုံးလို့ရေးရပါတယ်ကွယ် :mrgreen:

  • မောင်ပေ

    July 2, 2012 at 2:06 pm

    အစက်အပြောက်၅၀၀
    ချက်အောက်မစားပါ (ချက်နိုင်ငံဘောလုံးအသင်း ဟု အဓိပ္ပါယ်ယူထားပါသည်)
    ကြက်ပေါက်စားပါ (ကြက်အကောင်ပေါက်စလေးများ) ။
    ဖတ်ရှုအားပေးသွားပါတယ်ဗျို ့၊ ကင်မရာနဲ ့ပတ်သက်ရင် ခလုတ်ဘဲနှိပ်တတ်တာမို ့ဒီလိုဘဲ မန် ့ခဲ့ပါတယ်။

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 2:08 pm

      ကျေးကျေးပါ ဦးပေ….
      ဘောပွဲကိုတော့ …အငိုရပ်မှ ..လှည့်ကြည့်တော့မယ်ဗျာ ..
      အသည်းနာ လို့ပါ ….လုံဒုံ အိုလန်ပစ်ကျရင် …
      အပြာရောင် ဆာမူရိုင်းအသင်း ကို အားပေးမလားရယ်လို့ ..
      (အမှတ်မရှိသေး..)

  • ညလေး

    July 2, 2012 at 2:22 pm

    တင်ပြပေးလို……ကျေးဇူးတင်ပါတယ်…….
    ငိုနေတဲ့ကောင်မလေးရယ်……သိပ်လည်းငိုမနေနဲ.နော်……
    နောက်လေးနှစ်ကြ…ပြန်ဆုံကြတာပေါ့….မမပိန်နဲ….အဟိဟိ

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 2:29 pm

      ပျက်ရယ်မပြုပါနဲ့လားကွယ်…
      ဟောဒီ ရင်ဘတ် ကြီး..(ဘန်း ..ဘန်း.. ၂ချက်ပုတ်သည်) ထဲကနေကို
      လှိုက်လှိုက် လှဲလှဲ ခံဇား ရလို့ပါ..
      လုံဒုံ အိုလံပစ်မှာ ဂျပန်အသင်းကို ဆက်အားပေးပါမယ်..
      အနည်းဆုံးတော့ အပြာရောင်ဝတ်ပီး အီတာလီယာ နည်းပြ ကိုင်တယ်မဟုတ်လား…

      ဂုဒေါ့ …
      ဟင့်…ဟင့်

  • Mလုလင်

    July 3, 2012 at 12:51 am

    ဆရာ့ .. ဆရာ ပုံတွေကြည့်ပြီး ကြီးလာတာ မို့ အဲ့ဒီ့ site က ပုံတွေကြည့်ရတာ ကွဲပြားလွန်းနေတယ်ဗျာ ….။ ကျွန်တော် တော့ တံခါးဖွင့် ကြည့်သင့်ပြီထင်တာပဲ .. တစ်ဖက်ကလဲ .. အောက်သက်မကျေ သေးဘူး ထင်နေတုန်းဗျို ့ .. ကဲ .. ဘယ်လို လုပ်ရပါ့ …။

  • သကြားလုုံးကြော်

    July 3, 2012 at 2:22 am

    အချိန်ကိုုက်ပဲ။ ဟိုုတနေ့က ပဲ 500px ကိုုပြောင်းရမလား ViewBug ကိုုပြောင်းရမလား ရှာရင်း နဲ ့ရွာက ဆရာတွေကိုုမေးရမယ် လိုု့စဉ်းစားနေတုုန်း ကွက်တိပဲ။
    Flickr လိုု နောက်ဆုုံး ပုုံ၂၀ဝ ပဲမြင်ရမယ့် limit မရှိဘူး မဟုုတ်လား။ Social Media site တွေများလွန်းတော့ ဟိုုတခုု maintain လုုပ်ရ ဒီတခုု maintain လုုပ်ရနဲ့ တော်တော် အချိန်ကုုန် တဲ့အလုုပ်ပဲ။ Photo sharing site တစ်ခုုမှ မသုုံးတော့ပဲ Google+ မှာပဲတင်တော့ မယ်ဆိုု ဘယ်လိုုသဘောရလဲ ဟင်။ G+ က Photo sharing တဝက် social networking တဝက်ဆိုုတော့ Flickr လိုု စုုစုုဝေးဝေး ကြည့်မကောင်း မှာလည်း စိုုးလိုု့ ။ 500px ကိုုပြောင်းရင် Flickr ကိုလုုံးဝ စွန် ့လိုု့ဖြစ်မယ်ထင်လား။ တော်ကြာ နောက်တခုုတိုုးလာတာပဲ အဖတ်တင်နေမှာစိုုးတယ်။
    အကြံပေးကြပါဦး။

    • ပစ်စလက်ခတ် မျက်ရည်

      July 3, 2012 at 7:11 am

      ကျနော် ဖလစ်ကာ မသုံးပါဘူး ..
      ဖလစ်ကာ့ အမေ ယာဟူး ကို ကြည့် မရလို့ပါ…
      အလကားနောက်တာပါ …
      500px ကောင်းပါတယ်… FB နဲ့ လော့ဂင် FB မှာ
      ပြန်ရှဲ ..လုပ်လို့ရလို့ပါ … တပါတ် လုံးနေမှ ၁ဝပုံပဲ တင်ခွင့် ရတာလည်း
      ချဲလင့်ချ် တခုပါ …။ pulse feature ကလည်း ထူးခြားကောင်းမွန်ပါတယ်..။
      အပြုသဘော critics တွေလည်း ရနိုင်လို့ နှစ်သက်မိပါတယ်…။
      အကောင်းဆုံးကတော့ ဘယ် ဒါ့ပုံကို ဘာဘော်ဒီ ဘာလန်စ်း သုံးပြီး
      ဘယ်လို ဆက်တင်နဲ့ရိုက်ထားတယ်ဆိုတာကို ရေးသားဖော်ပြပေးတာပါပဲ..

      စတိုရီမိတ်ကင်း မျိုး ရေးချင် တင်ချင်ရင်တော့
      http://pinterest.com/ က ပိုပြီး သင့်တော်မယ် ထင်ပါတယ်..
      နောက်ထပ် ကျနော် သိပ်သဘောကျတဲ့ ဖိုတို ဘလော့ တခုဖြစ်ပါတယ်…
      အဲ့သည့်မှာတော့ ပို နွေးထွေးတက် ဆက်ဆံရေး ကို ရနိုင်ပါတယ်…
      ကျနော်တော့ အချိန်မပေးနိုင်လို့ မသုံးဖြစ်သေးပါ ….
      လက်တလော ကျနော့် ပေ့ချ် ကို အချိန်ပိုင်း အပ္ပဒိတ် လုပ်ဖို့
      လုံးပမ်းနေပါတယ်…

      ငိုလိုက်အုံးမယ်အေ…

      ဟင့် ဟင့် …

  • ကြောင်ကြီး

    July 8, 2012 at 11:32 am

    ရိုက်တာလည်း ရိုက်ကြပါကွာ သို့ပေသိ ငါတို့ကြောင်ပုံတွေ တင်တဲ့အခါ ဝတ်လစ်စလစ်တော့ မလုပ်ကြပါနဲ့..ကြောင်တွေမှာလည်း အရှက် သိက္ခာနဲ့ပါ။

    • MaMa

      July 8, 2012 at 5:23 pm

      ကြောင်ကြီးရေ-
      ဝတ်လစ်စလစ် အရိုက်မခံချင်ရင် ကိုယ်တိုင်လည်း အဝတ်ဝတ်ထားဦးလေ။ 😆

      ကြုံတုန်း မေးရဦးမယ်။
      Canon 5D Mark II က compact ဖြစ်လား။
      ငွေ amount ကို ချိန်ချင်လို့ ဘယ်လောက်ရှိလဲ မှန်းလို့ရရင် သိချင်ပါတယ်။

Leave a Reply