နတ်မတောင်ဆီသို့ (၁)

Zune PhyuJune 27, 20123min15513

နတ်မတောင်ဆီကို တစ်ခေါက်ရောက်ခဲ့ပါတယ် ရန်ကုန်ကနေ ညောင်ဦး ၊ချောက် ၊ဆိပ်ဖြူ ၊ ဆော ကနေတဆင့် ကန်ပက်လက် ကိုသွားရပါတယ်…

ချောက်ကနေသွားခဲ့ရတဲ့ခရီးကတော့ လမ်းကြမ်းတွေပါ သက်တောင့်သက်သာရှိတဲ့ကားတွေ မရောက်နိုင်ပါဘူး သဘာဝအလှတွေရဲ့ဖမ်းစားမှုသာ

မရှိရင် သွားချင်စရာကောင်းတဲ့ခရီးတစ်ခုမဟုတ်ပါဘူး …. ရွာထဲက ကိုပေါက် တို့ကိုအားကျလို့ အပိုင်း(၁)ကို တော့ ညောင်ဦးကနေ ကန်ပက်လက်

မြို့အထိမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းလေးတွေနဲ့အတူ စလိုက်ကြရအောင်နော ……

ကန်ပက်လက်မြို့ကနေမြင်ရတဲ့မှိုင်းပြာပြာတောင်တန်းတွေပါ

ဆောမြို့ဝန်းကျင်ကတောင်တန်းများ …….

ဆောချောင်းမှ ငါးရှာကြသူများ…….

ဆောမြို့အဝင်က စေတီတော်……

သစ်ပင်ဂူ……

တမာပင်တန်း ………..

ချောက်ကနေ ဧရာဝတီမြစ်တစ်ဖက်ကမ်းကိုကူးဖို့ အနော်ရထာ……

ချောက်မြို့က ရေနံတွင်း……

ဒီပို့စ်လေးဟာ ကျမရဲ့ပထမဆုံးပို့စ်ဖြစ်လို့အမှားတွေရှိခဲ့မယ်ဆိုရင်လဲ သည်းခံကြည့်ရှုပေးကြပါလို့ ……..

(ဓာတ်ပုံတွေက အပေါ်နဲ့အောက် ပြောင်းပြန်တွေဖြစ်နေတယ် … ပြင်လို့လဲမတတ်တော့ဘူးတော့

အောက်ကနေ အပေါ်ကိုပဲပြောင်းပြန်ကြည့်ပေးကြပါနော် … )

 

13 comments

  • Zune Phyu

    June 27, 2012 at 9:20 pm

    ဟုတ်ကဲ့ ကျေးဇူးပါကိုပေ နောင်ကို သေသပ်လှပတဲ့ပို့စ်လေးဖြစ်အောင်ကြိုးစားပါ့မယ် ….
    ခုတော့ဒီတိုင်းလေးဒုက္ခခံပြီးကြည့်ပေးကြပါဦးနော……..:D

  • သားဦး၊မြေးဦး

    June 27, 2012 at 9:38 pm

    နတ်မတောင် မပါသေးဘူးနော်။ကြိုးစားတင်ပေးပါနော်။
    မျှော်နေလျှက်ပါ။

  • Zune Phyu

    June 27, 2012 at 9:49 pm

    မကြာမီ လာမည်မျှော်ပါရှင့် ….နတ်မတောင်ရောက်ရင်နှိုးလိုက်ပါ့မယ် ……:D

  • သားဦး၊မြေးဦး

    June 27, 2012 at 9:54 pm

    ဟီးးးးးးးးနှိုးပေးနော် သားကအိပ်ပုတ်ကြီးလို ့ပါဂျ။
    မဆီမဆိုင်ယူသွားပြန်၏ (၁၀)

  • Zune Phyu

    June 27, 2012 at 10:01 pm

    အိပ်ပုတ်ကြီးရင်တော့ ရွာထဲကရွာဆော်ကြီးကိုပဲ တာဝန်ပေးမှရမယ်ထင်တယ်နော်….

  • may flowers

    June 28, 2012 at 12:48 am

    ရှုခင်းပုံလေးတွေကြည့်သွားပါတယ်………….နောက်တင်ပေးမဲ့ပုံလေးတွေစောင့်နေပါ့မယ်နော်။

  • ဇောက် ထိုး

    June 28, 2012 at 6:21 am

    နတ်မတောင်ရဲ့ သမိုင်းကျဉ်းလေးပါ နဲနဲလေးပူးတွဲပြောပြရင် အားကြီးအရသာစိမှာပဲ။

  • Zune Phyu

    June 28, 2012 at 9:42 am

    အားပေးကြတဲ့အတွက်ကျေးဇူးပါရှင် …..

  • မွန်မွန်

    June 28, 2012 at 10:46 am

    မရောက်ဖူးတဲ့ နေရာကို ခုလို သိရတာ ကျေးဇူးနော်…
    ထပ်တင်ပေးဖို့ တောင်းဆိုပါတယ်…

  • thureinmaung

    June 28, 2012 at 5:05 pm

    အဲဒီနေရာတွေကိုအယင်တည်းက အရမ်းရောက်ဖူးချင်နေတာ၊ဘယ်လိုသွားရမှန်းမသိဘူးဗျ

  • Ma Ei

    June 29, 2012 at 1:12 pm

    နတ်မတောင်ခရီးကို
    MRTV နဲ့ လွင်မိုး ခရီးသွားနေသည်
    ကြည့်ရင်း သွားချင်စိတ်တွေ ဖြစ်ခဲ့ရတယ်…
    ခု လဲ ဇွန်ဖြူရဲ့ Post စောင့်ဖတ်ပြီး
    သွားချင်ပြန်ဦးတော့မယ်…
    ပုံဆိုဒ် နဲနဲကြီးတင်ပေးနော်…

Leave a Reply