N+270612 မြန်မာနိုင်ငံကို စင်္ကာပူလိုသန့်အောင်

natureJune 27, 20121min33915

N+270612 မြန်မာနိုင်ငံကို စင်္ကာပူလိုသန့်အောင်
မြန်မာနိုင်ငံကိုစင်္ကာပူလိုသန့်အောင်လုပ်မယ်ဆိုပြီး အရင်ဆုံးဆန္ဒမဲခံယူကြည့်ရင်တော့ ၁၀၀% ထောက်ခံမဲ ရမယ်ဆိုတာသေချာပါတယ်။ သန့်ရှင်းရေး ကောင်းလာမယ်ဆိုကျန်းမာရေး တွေလည်း ပိုမိုကောင်းစေလာနိုင်ပါတယ်။ အမှိုက်ပြစ်တဲ့သူတွေဟာလည်း အမှိုက်ကိုလွယ်လွယ် ပြစ်တာ အကျင့်ပါနေတဲ့ ထောက်ခံမဲပေးတဲ့ပြည်သူတွေထဲကပဲဖြစ်တယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်။ လူပေါင်းသန်း၆ဝ ရှိရင်တယောက်ကိုအမှိုက်တခုပြစ်ရင်အမှိုက်သန်း၆ဝ ထွက်လာမှာဖြစ်ပါတယ်။ ပြောင်းပြန်အားဖြင့် လူတိုင်း ကိုယ့်ရှေ့မှာရှိတဲ့ အမှိုက်တခုကိုအမြင်မတော်လို့ကောက်မယ်ဆိုရင် အမှိုက်သန်း၆ဝ ကို ရှင်းလင်းနိုင်မှာဖြစ်ပါတယ်။တိုင်းပြည်သန့်ရှင်းရေးအတွက် တိုင်းပြည်တိုးတက်ရေးအတွက် ပြည်သူတိုင်းတာဝန်ရှိတယ် ဆိုတဲ့ခံယူချက် လေ့ကျင့်မွေးမြူပေးဖို့လိုပါတယ်။ ဒါကတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့အကျိုးအကြောင်းဆီလျှော်တဲ့ မိန့်ခွန်းတခုတည်းနဲ့တင်တော်တော်လေးအဆင်ပြေစေနိုင်မယ်ထင်ပါတယ်။ တဖက်ကလည်းစည်းကမ်းနဲ့ အမှိုက်ပုံးတွေကို သင့်တော်တဲ့နေရာမှာစီစဉ်ပေးခြင်းဖြင့် အတန်အသင့်အဆင်ပြေစေနိုင်မယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့နိုင်ငံတော်က Hard power ဆိုတဲ့ ပါဝါအပြည့်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ soft power ဆိုတဲ့ ချစ်ခင်လေးစာအားကိုးမှုအပြည့်အဝရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

ဒီကိစ္စဟာနိုင်ငံတော်ရဲ့အားနည်းချက်ရှိသလိုပြည်သူတွေရဲ့ တဦးချင်းတာဝန်ယူမှု အားနည်းတာလည်းပါမယ်လို့ ထင်ပါတယ်။ နိုင်ငံတော်အတွင်းမှာ ဖြစ်တဲ့ကိစ္စမှန်သမျှ နိုင်ငံတော်အတွင်းနေထိုင်ကြတဲ့ နိုင်ငံတော်ကတာဝန်ရှိသူတွေနဲ့ပြည်သူအားလုံးတာဝန်ရှိတယ်လို့မြင်ပါတယ်။ နိုင်ငံတော်ကတော့ အဓိကအခန်းနေ အရေးကြီးတဲ့ မှန်ကန်ခိုင်မာတဲ့ပေါ်လစီရေးဆွဲရမှာဖြစ်ပြီး ပြည်သူတွေကတော့လက်တွေ့ ဆောင်ရွက်ရာက ရေးဆွဲတဲ့အားနည်းချက်အားသာချက်များကို မှန်ကန်စွာထောက်ပြအကြံပေးပြီးအပြန်အလှန်ဆွေးနွေးဖို့လိုမယ်ထင်ပါတယ်။

သန့်ရှင်းရေးအတွက်အမှိုက်ပြစ်တဲ့သူတွေကိုထိရောက်တဲ့စည်းကမ်းတွေသတ်မှတ်ပြီး အရေးယူခြင်းဟာ လုပ်ရမဲ့အလုပ်တခုဖြစ်သော်လည်း အရင်ဆုံး အမှိုက်ကို ဘယ်သူတွေကပြစ်တယ်။ ဘယ်လိုအမှိုက်အမျိုးအစားလဲ ။ ဘာကြောင့်ပြစ်တယ်ဆိုတဲ့အမှိုက်ပြစ်ရတဲ့အကြောင်းအရင်းကို အရင်ဆုံးလေ့လာဖို့လိုပါတယ်။ အဓိကကတော့ပြစ်စရာအမှိုက်ပုံးမရှိလို့ အမှိုက်ပြစ်တာဆိုတဲ့ ယူဆကြတဲ့သူတွေတော်တော်များပါတယ်။

အမှိုက်တွေကိုလေ့လာကြည့်တဲ့အခါ
ချွေးသုတ်လက်သုတ်နှပ်ချေးသုတ်တဲ့တစ်သျှူး
ကျွတ်ကျွတ်အိတ်ကဲ့သို့သောထုတ်ပိုးပစ္စည်းများ
မုန့်စားပြီးအိတ်ခွံများ
ကွမ်းယာထည့်သောပလပ်စတစ်အိတ်များ
စသည်ဖြင့်တွေ့ရှိရပါတယ်။

လမ်းသွားရင်းလွယ်လွယ်ကူကူ အမှိုက်ပြစ်တာအကျင့်ပါနေတဲ့ သူတွေ အမှိုက်ပစ်ရခြင်း အကြောင်းကတော့ ကားစီးတဲ့အခါ လမ်းသွားတဲ့အခါ အစာစားတတ်တဲ့အကျင့်တခု ကြောင့်လည်းပါမယ်လို့ထင်ပါတယ်။သွားရင်းလာရင်းအစာစားတော့ ကုန်သွားတဲ့အခါအမှိုက်ပုံးကို အဆင်သင့်မတွေ့ရင်တော့လွယ်လွယ်ကူကူလမ်းဘေးပြစ်တတ်ကြပါတယ်။စင်္ကာပူမှာ MRT ပေါ်မှာအစားစားကဒဏ်ငွေပေးဆောင်ရမယ်ဆိုတဲ့စည်းကမ်းချက်ရှိပါတယ်။ အစာမစားတဲ့အခါ လက်ပေတာတို့ စားပြီးအိတ်ခွံ လွင့်ပြစ်တာတိုမရှိတော့ပါဘူး။ အိမ်သုံးအမှိုက်ပြစ်တာကတော့ သီးခြားစဉ်းစားရမှာဖြစ်ပါတယ်။

နောက်တခုရှိတာက ရေမြောင်းတွေထဲကိုအမှိုက်ပြစ်တဲ့အကျင့်ကိုလည်းပြင်ပေးသင့်ပါတယ်။ ဒါမှလည်းရေမြောင်းတွေပိတ်ဆို့ရေလျှံမှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ရေမြောင်းထဲကိုအမှိုက်ပြစ်တာ အကျင့်ပါနေတဲ့မြန်မာနိုင်ငံမှာ ရေမြောင်းတွေကိုလည်း ပိုကြီးကြီးဖောက်သင့်ပါတယ်။

ချွေးသုတ်တဲ့တစ်သျှူးတွေအစား လက်ကိုင်ပုဝါချွေးသုတ်ပုဝါတွေ ဆောင်ကြမယ်ဆိုရင်လည်းအဆင်ပြေမယ်ထင်ပါတယ်။

အီတုန်းရဲ့အမှိုက်ပုံးပျောက်တဲ့ပိုစ်ကိုလည်းဖတ်လိုက်ရပါတယ်။
အဲဒီပိုစ်မှာရေးထားတာတွေတော်တော်ကောင်းလို့မရေးတော့ဘူးလို့ရည်ရွယ်မိပေမဲ့ တယောက်ကိုအမြင်တမျိုးနဲ့ ကွဲပြားတဲ့အမြင်တွေကိုလည်းသိရှိနိုင်ဖို့တင်လိုက်ပါတယ်။

အမှိုက်ပုံးခိုးတဲ့သူတွေကတော့ စဉ်းစာလို့ရသလောက် ဒီနေရာမှာအမှိုက်ပုံး ရှိတာကိုသိတဲ့သူ၊ အမှိုက်ပုံးဟာ သူ့အတွက် အသုံးဝင်တဲ့သူ၊ အမှိုက်ဘယ်အချိန်မှာသိမ်းသလဲ၊ ဘယ်အချိန်လူလစ်လဲဆိုတာသိတဲ့လူလို့တော့ အကြမ်းဖျင်းအားဖြင့်တွေးမိပါတယ်။

အမှိုက်သိမ်းဖို့အတွက်အမှိုက်ခွန်လည်း ပေးသင့်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့အမှိုက်ကို ပြစ်တဲ့အခါ အိမ်သုံးအမှိုက်ကို အမှိုက်ပုံမှာသွားပြစ်ရုံနဲ့မပြီးသေးပါဘူး။အဲဒီအမှိုက်ပုံကနေ စည်ပင်ကသတ်မှတ်ထားတဲ့ နေရာကိုသွားပြစ်ဖို့ လူ ကား လက်နက်ကရိယာတွေလိုပါတယ်။ အမှိုက်ခွန်တွေ နဲ့ဝန်ထမ်းလစာ ကားရုံးစသည်လုပ်ငန်းအတွက်လိုအပ်တာတွေကိုဝယ်ယူရမှာဖြစ်ပါတယ်။ ဒီလိုဝင်ငွေတွေမရှိတဲ့ အခါစည်ပင်ဝန်ထမ်းတွေရဲ့ လစာကိုနိုင်ငံတော်ကစိုက်ပေးနေခြင်းဟာလည်း ဘက်ဂျက်လိုငွေပြပြီး မြန်မာနိုင်ငံဆင်းရဲရခြင်းရဲ့အချက်တချက်လို့ထင်ပါတယ်။

အမှိုက်တွေကိုလည်းအဆွေးခံပြီး ပြန်လည်၍မြေဩဇာလိုမျိုးအသုံးဝင်အောင်တခုခုစီစဉ်နိုင်မယ်ဆိုရင် အမှိုက်တွေတဖြေးဖြေးပုံလာခြင်းကိုကင်းရှင်းပြီး သံသရာလည်သွားစေနိုင်မယ်ထင်ပါတယ်။

https://myanmargazette.net/90448/creative-writing

15 comments

  • မောင်ပေ

    June 27, 2012 at 7:26 pm

    စည်းကမ်းမဲ့ အမှိုက်ပစ်တာကို ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူ ပြီး အမှိုက်ခွန်ကို မနိမ့်ပါး သို ့သော် အရမ်းလဲမများတဲ့ နှုန်းထားတစ်ခု နဲ ့ကျကျနန လူတိုင်းစေ့ ကို ကောက်ခံပြီး ၊ ကိုနေချားပြောသလို အမှိုက်ပုံးများ အမှိုက်စွန် ့ပစ်ရန်နေရာများကို နေရာတိုင်းမှာ လက်လှမ်းမှီအောင် စီစဉ်ပေးထားမယ်ဆိုရင် ၊ မြန်မာနိုင်ငံသူားတိုင်းဟာ စနစ်တကျ အမှိုက်ပစ်လာကြမယ် လို ့ထင်ပါတယ် ။ ဒီကလူတွေက တစ်ခုပေးရရင် ပေးရတာနဲ ့တန်အောင်ပြန်လုပ်ယူတတ်ကြတဲ့ အထာမျိုးလေးတွေလဲ ရှိတတ်တာမို ့ပါ။

    • မောင်ပေ

      June 27, 2012 at 7:28 pm

      ကိုနေချားရေ ကျန်သွားတာတစ်ခုကတော့ .. ပထမဦးဆုံး လက်မထောင်တာ ကျုပ်ပါဘဲဗျား

      • အရီး Khin Latt

        June 27, 2012 at 8:31 pm

        မောင်ပေ့ လက်မ ပျောက်နေတယ်။ 😀

        • မောင်ပေ

          June 27, 2012 at 8:38 pm

          ဟိုက် ဟုတ်ပ…
          ပထမ မဖြစ်တော့ဘူးဗျာ

    • nature

      June 28, 2012 at 5:32 am

      တနိုင်ငံလုံးကပြစ်တဲ့အမှိုက်တွေကို စည်ပင်ကအချိန်မှီနိုင်အောင်သိမ်းနိုင်ဖို့မလွယ်ဘူးလို့ထင်ပါတယ်။ တချို့အမှိုက်ပုံတွေဆို အမှိုက်မပုံရ ဒဏ်ငွေ ၁၀၀၀ဝကျပ်လို့ရေးထားတဲ့အမှိုက်ပုံတွေကိုလည်းတွေ့ဖူးပါတယ်။ ဒီနေရာမှာအမှိုက်မပုံရဆိုရပ်ကွက်တိုင်းမှာ အမှိုက်ပုံဖို့နေရာကို စံနစ်တကျသတ်မှတ်ပြီးအသိပေးသင့်ပါတယ်။ အမှိုက်ပုံနေကျနေရာမှာမပုံရဆိုပေမဲ့ လစ်ရင်လစ်သလိုပုံနေကြတာကတော့ ကြပ်ကြပ်မတ်မတ်အရေးယူခြင်းမရှိလို့ထင်ပါတယ်။ ကြပ်ကြပ်မတ်မတ်အရေးယူတော့မယ်ဆိုရင် ကိုမပုံရဆိုတဲ့နေရာဟာ သင့်တော်ရဲ့လား ဘယ်နေရာပုံရမှာလည်းဆိုတာတွေကိုအရင်ဆုံးအသိပေးဖို့လိုမယ်ထင်ပါတယ်။ စတင် အရေးယူဖို့အတွက်ဝန်ထမ်းတွေလည်းခန့်ဖို့လိုကောင်းလိုမှာပါ။ နောက်ပိုင်းအကျင့်ပါသွားရင်တော့ မလိုတော့ဘူးထင်ပါတယ်။

  • အရီး Khin Latt

    June 27, 2012 at 8:29 pm

    စည်းကမ်း (ဒါမှ မဟုတ်) ဥပဒေ တစ်ခု ကို မြဲ ချင်ရင် တော့ အဲဒီ စည်းကမ်း/ဥပဒေ တွေ ကို ဖောက်မဲ့ “လူ” မဖောက်ရဲ အောင် တိကျတဲ့ ထိန်းချုပ်မှု (သို့) ပြစ်ဒါဏ် (“စနစ်” လို့ ဆိုကြပါစို့) ရှိကို ရှိရပါမယ်။
    မဟုတ် ရင်တော့ ဘယ်နိုင်ငံ/ ဘယ်စနစ် မှာ မဆို လစ်ရင် လစ် သလို ဖောက်မဲ့ သူတွေ ရှိပါတယ်။
    တစ်ယောက် စည်းဖောက်တာကြည့်ပြီး နောက်တစ်ယောက် က လိုက်ဖောက်။
    အဲဒီ နောက်မှာ စည်းကမ်းမဲ့သူ တွေ ပိုပို တိုး လာခြင်းပါဘဲ။

    ကျွန်မ နေတဲ့ အရပ်မှာ စူပါမားကက် ကြီး တစ်ခု ရှိတယ်။
    အဲဒီ မှာ ပစ္စည်းထည့် တဲ့ တွန်းလှည်း တွေ ကို နေရာ တစ်ခုမှာ အလွတ် ထားထားတာ။
    ဈေးဝယ်ချိန်ယူသုံး၊ ပြီးရင် ပစ္စည်းတွေကို ကားထဲထည့်၊ ပြီးရင် တွန်းလှည်းကို နေရာတစ်ကျ ပြန်ထား။
    ရိုးရိုးရှင်းရှင်းလေး။
    ဒါကို တဖြေးဖြေး နဲ့ လူတွေ က စည်းကမ်း မရှိ ဘဲ နေရာတကျ ပြန်မထားဘဲ ကားရပ် တဲ့ နားမှာ ဘဲ ထားခဲ့ရော။
    ဒီတော့ လမ်း မှာ လဲ အနှောက်အယှက် ဖြစ်၊ သိမ်းရသူတွေ လဲ အလုပ်ပို တာပေါ့။

    ဒီမှာတင် အခု ဆို လှည်း ကို သုံးရင် တစ်ပေါင် အကြွေစေ့ ကို လှည်း မှာ ထည့်လိုက်ရတယ်။
    အဲဒါကို မပြန်လိုချင်ရင် လှည်းထားတဲ့ နေရာ မှာ ရှိတဲ့ အခြားလှည်း ရဲ့ သံကြိုးအဆက် နဲ့ ချိတ် လိုက်မှ တစ်ပေါင် ပြန်ရ တယ်။

    အဲဒီကစပြီး လမ်းပေါ်မှာ ဘာလှည်းမှ မရှိတော့။
    လှည်းတွေ က သူ့နေရာမှာ သူ အချိတ်အဆက် ကောင်းကောင်း စီစီရီရီ နဲ့။ 😆
    ဘယ်လောက် ကောင်း တဲ့ ထိန်းချုပ်မှု စနစ်လဲ။
    လူတိုင်း ကိုယ့်ပိုက်ဆံကိုတော့ မဆုံးချင်ကြဘူး မဟုတ်လား။

    မြန်မာပြည် မှာ လဲ အမှိုက်ပစ် တာ/ ကွမ်းထွေးတာ ကို ဒါဏ်ရိုက်မယ် ဆိုပြီး ဆိုင်းဘုတ် တွေ ရှိတာ ဟိုးကထဲ ကပါ။
    ဒါကို သက်ဆိုင်ရာ အုပ်ချုပ်သူက ခေါင်းသုံး ပြီး မှ အကောင်အထည် မဖော်ဘဲကိုး။
    ဒီတော့ စည်းကမ်း ဖောက် မဲ့ သူတွေ များများ လာတာ အဆန်း မဟုတ်သလိုပါဘဲ။
    ချလိုက်တဲ့ စည်းကမ်း/ ဥပဒေ ကို လက်တွေ့မှာ ဖြစ်/မဖြစ် ပြန်လည်စမ်းစစ်ခြင်း (feed back) ဆိုတာ မြန်မာပြည် မှာ မရှိတာ လဲ မတိုးတက်ခြင်း အကြောင်းတစ်ရပ်ပါဘဲ။

    စည်းကမ်းချလိုက်ပြီး ရင် ငါ့တာဝန်ပြီးပြီ လို့ မှ နေလို့ မရတာ။

    ထောက်ပြမယ် ဆိုရင်တော့ နေရာတိုင်းမှာပါ ဘဲ။
    နင်လဲ မလုပ်နိုင်ဘဲ အဝေးကနေ ဟောင်မနေနဲ့ လို့ဆိုချင်လဲ ဆိုကြပါတော့။ 🙁

    လက်မ အမြင့်ကြီး နဲ့ အားပေး သွားပါတယ် ကိုနေးချားရှင့်။

  • ဦးဦးပါလေရာ

    June 27, 2012 at 8:43 pm

    စည်းကမ်းလိုက်နာတဲ့ အလေ့အကျင့်နည်းသေးချိန်မှာ
    မဖြစ်မနေလုပ်ရမယ့် ကိစ္စ နှစ်ခုရှိတယ်။

    ထိရောက်တဲ့ ပြစ်ဒါဏ်မျိုးနဲ့ အရေးယူဖို့ ရယ်
    စည်းကမ်းချိုးဖေါက်သူတိုင်းကို တိတိကျကျ အမှန်တကယ် အရေးယူဖို့ရယ် ပါ..။

    နယ်ပယ်ဒေသ အကျယ်ကြီးကို တပြိုင်နက် လွှမ်းခြုံ အရေးယူနိုင်ခြင်းမရှိရင်-
    ဧရိယာတွေကို ပိုင်းပြီး ဇုံတခုမှာ အကောင်အထည်ဖေါ်ပြီး တစတစ ချဲ့ထွင်သွားရမှာပါ..။

    ပြီးတော့ အားလုံးထက် အရေးအကြီးဆုံးက – မဖြစ်ဖြစ်အောင် လုပ်ချင်တဲ့ စိတ်ပါ..။

    အခုဒီမှာက ရှိပြီးသားစည်းကမ်းတွေ ပြန်ထုတ်လိုက်။ တို့ကနန်းဆိတ်ကနန်း အရေးယူလိုက်- မနိုင်တော့တဲ့အခါ မသိယောင် ဆောင်ထားလိုက်နဲ့ …..

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 27, 2012 at 8:53 pm

      ကောင်းပါတယ်ဗျာ
      ( ထိရောက်တဲ့ ပြစ်ဒါဏ်မျိုးနဲ့ အရေးယူဖို့ ရယ်
      စည်းကမ်းချိုးဖေါက်သူတိုင်းကို တိတိကျကျ အမှန်တကယ် အရေးယူဖို့ရယ် )
      အပြင်
      လူတွေကို ပညာပေးနိုင်တဲ့ သဘောလေးတွေပါ ထည့်သွင်းသင့်ပါတယ်
      အခြေနေအရ အုပ်စုခွဲကြည့်မယ်ဆိုရင်
      ဂေဇက်မန်ဘာတွေအနေနှင့် နိုင်ငံကြီးသားအလွန်ပီသလိုတဲ့သဘောလေးတွေကို
      တွေ့နေရပြီဖြစ်တဲ့အတွက် 😆
      ဂေဇက်မန်ဘာတွေအနေနှင့် ဖေ့စဘွတ် တွေမှာ ဘာလို့ခေါ်သဒုံးဗျာ
      အဲ့သည်လို အုပ်စု ထပ်ချဲ့ကြည့်လို့ ရနိုင်မယ်ထင်ပါတယ်ခည
      ဟုတ်လားမဟုတ်လားတော့သိဘူးဗျ
      ရမ်းပြောကြည့်ဒါ

  • MaMa

    June 27, 2012 at 8:57 pm

    ခုလေးတင် အီတုံးပိုစ့်မှာ မန့်ပြီးတာကိုပဲ ပြန်ကုဒ်ပြီး သဂျီးကို လူလည်ကျလိုက်တော့မယ်။
    လာလေ့ ၁၀။ 😀
    အမှိုက်ပစ်တာနဲ့ ပတ်သက်ပြီး လူတိုင်း အသိစိတ်ဓာတ်ရှိလာအောင် ပညာပေးလုပ်ငန်းတွေ များများ လုပ်သင့်ပါတယ်။
    ကိုယ့်ပတ်ဝန်းကျင်မှာတော့ စည်းကမ်းမဲ့ အမှိုက်မပစ်အောင် စည်းရုံးရေးလုပ်တာ မအောင်မြင်ပါ။
    ဒါလေး ပစ်တာများ၊ သူများတွေလည်း ပစ်နေတာပဲ ဆိုတဲ့ စကားတွေနဲ့ ဆင်ခြေပေးကြပါတယ်။
    စည်းကမ်းတကျ အမှိုက်စွန့်ပစ်လာအောင် စဉ်းစားထားတဲ့ နည်းလမ်းတွေက (ရက်စက်ရာမှာ ကျနေမလားတော့ မသိဘူး။) ထိရောက်နိုင်လိမ့်မယ် ထင်ပါတယ်။
    ပထမဦးဆုံး ပညာပေးလုပ်ငန်းတွေကို အချိန်ကာလ အပိုင်းအခြားတစ်ခု သတ်မှတ်ပြီး လူထုကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသိပညာပေးရပါမယ်။
    ပညာပေးကာလ ပြီးဆုံးလို့မှာ မလိုက်နာရင် အပြစ်ဒါဏ်ချမှတ်မယ်လို့ သတိပေးရပါမယ်။
    ပညာပေးကာလပြီးဆုံးရင် အပြစ်ဒါဏ်ကို ကာလတစ်ခုသတ်မှတ်ပြီး ပထမကာလမှာ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူကို ပညာပေးသင်တန်းပေးပြီး ဒါဏ်ငွေရိုက်ပါမယ်။
    ပထမအပြစ်ဒါဏ်ကာလ ကုန်ဆုံးပြီးတဲ့အချိန်မှာ စည်းကမ်းမဲ့အမှိုက်စွန့်သူကို အမှိုက်သိမ်းလုပ်ငန်းတွေမှာ လုပ်အားပေးခိုင်းခြင်း ဖြင့် စည်းကမ်းရှိလာအောင် ထိန်းသိမ်းနိုင်မယ်ထင်ပါတယ်။
    အမှိုက်ပုံးခိုးယူသူတွေကိုတော့ ဖမ်းဆီးဒါဏ်ရိုက် (သို့) ထောင်ချမယ့်အစား အမှိုက်သိမ်းလုပ်ငန်းတွေမှာ လစာသဘောသတ်မှတ်ပြီး ခိုးယူတဲ့ အမှိုက်ပုံးဖိုးကြေသည်အထိ လုပ်ကိုင်စေရပါမယ်။
    (ဒီကြားထဲ ထောင်ချရင်တောင် ထမင်းကျွေးထားရတာမို့ စားဖို့ နေဖို့လေးတော့ စဉ်းစားထားဖို့ လိုပါလိမ့်မယ်)

    • nature

      June 28, 2012 at 7:40 am

      အမှိုက်ပြစ်တဲ့သူကို်အမှိုက်သိမ်းဖို့အပြစ်ပေးတာကောင်းတဲ့အစီအစဉ်လေးတခုပါပဲ။ အမှိုက်သိမ်းအပြစ်ပေးရင်လည်းသူနေတဲ့ရပ်ကွက် ရုံးတွေမှာ တာဝန်ပေးရင်ပိုထိရောက်နိုင်မယ်ထင်တယ်။

  • the best

    June 27, 2012 at 9:59 pm

    အမှိုက်ခွန်ဆောင်နေတာ နှစ်မနည်းတော့ပါဘူး။

    အမှိုက်ကို စနစ်တကျ စွန် ့ချင်အောင် အမှိုက် ပုံးကိုသန် ့ရှင်းအောင်လုပ်ပေးဖို ့သိပ်အရေးကြီးပါတယ်။
    အမှိုက် ပုံးရဲ့အဖုံးက ညစ်ပတ်ပေနေပြီး ရွံစရာကောင်းနေရင် ဘယ်သူမှလက်နဲ ့ကိုင်မှာမဟုတ်ဘူး။
    ကြုံသလို အမှိုက် ပုံးဘေးမှာ ပစ်ခဲ့မှာပဲ။

    အမှိုက် တွေသိမ်းပြီးရင် အမှိုက် ပုံးကိုသန် ့ရှင်းအောင်လုပ်ပေးဖို ့စီစဉ်သင့်တယ်။

    နောက်ပြီးအမှိုက်သိမ်းတဲ့ ဝန်ထမ်းတွေက အမှိုက်ထဲက ရောင်းစားလို ့ရတာတွေ မွှေရှာတဲ့အတွက်
    အမှိုက် ပုံးဘေးမှာ အမှိုက် ပွနေတာနေတာတွေမဖြစ်အောင် အရေးတယူဆောင်ရွက်သင့်တယ်။

    အမှိုက်သိမ်းတဲ့ ကားတွေ အမှိုက်သွားစွန် ့ရာလမ်းတစ်လျှောက်
    အမှိုက်ကျမသွားအောင် စီမံဆောင်ရွက်ဖို ့လိုတယ်။
    အထူးသဖြင့် မြောင်းဆယ်ထားတဲ့အမှိုက်တွေဆို
    ကားလမ်း တစ်လမ်းလုံးမြင်မကောင်းအောင် ကျနေတာတွေအမြဲတွေ ့ရတယ်။

    စည်ပင်ကစပြီး စည်းကမ်းရှိပြရင် အရမ်းစည်းကမ်းပျက်ပြီး လူ ့ကျင့်ဝတ်နားမလည်တဲ့သူတွေတောင်
    အလိုလိုနေရင်း ရှက်တတ်လာလိမ့်မယ်။ အားနာတတ်လာလိမ့်မယ်။
    ဒီလိုတစ်ဖြည်းဖြည်းချင်း စည်းရုံးသွားနိုင်အောင် စိတ်ရှည်သီးခံပညာပေးသင့်တယ်။

  • memeseku

    June 27, 2012 at 10:25 pm

    ဘာ လို့ နီ နေ ကြတာ လဲ ဟင် ????????????//

  • mamanoyar

    June 28, 2012 at 9:28 am

    အားလုံးလိုက်နာကြပြီး သန့်ရှင်းတဲ့နိုင်ငံ ဖြစ်သွားရင်
    သိပ်ကောင်းမှာပဲနော်

  • kyeemite

    June 28, 2012 at 10:17 am

    အမှိုက်သိမ်းဖို့အတွက်အမှိုက်ခွန်လည်း ပေးသင့်တယ်လို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့အမှိုက်ကို ပြစ်တဲ့အခါ အိမ်သုံးအမှိုက်ကို အမှိုက်ပုံမှာသွားပြစ်ရုံနဲ့မပြီးသေးပါဘူး။အဲဒီအမှိုက်ပုံကနေ စည်ပင်ကသတ်မှတ်ထားတဲ့ နေရာကိုသွားပြစ်ဖို့ လူ ကား လက်နက်ကရိယာတွေလိုပါတယ်။ အမှိုက်ခွန်တွေ နဲ့ဝန်ထမ်းလစာ ကားရုံးစသည်လုပ်ငန်းအတွက်လိုအပ်တာတွေကိုဝယ်ယူရမှာဖြစ်ပါတယ်။

    မှန်ပါတယ်ကိုနေချားရေ..
    ကျွန်တော်နေတဲ့ အိမ်ရာကို စည်ပင်အမှိုက်ကားလာမသိမ်းပါဘူး
    လမ်းထိတ်ကစည်ပင်သတ်မှတ်နေရာမှာ သွားပစ်ရပါတယ်
    ဒီတော့ တိုက်ခန်းနေလူထုအတွက် အခက်အခဲရှိပါတယ်..
    ဒါကို တိုက်သာယာရေးကော်မတီက တစ်အိမ် တစ်ထောင်လစဉ်ကောက်ပီး
    အမှိုက်လှည်းဝယ်တယ်..လူသုံးယောက်လခပေးပီးခန့်တယ်
    အဲဒီသုံးယောက်က ညနေတိုင်း ခေါင်းလောင်ထိုးပီး တိုက်တွေမှာ
    အမှိုက်လိုက်သိမ်း ပြီးမှ စည်ပင်သတ်မှတ်နေရာသွားပုံ..
    မနက်ပိုင်းတိုင်းမှာတော့ အဲဒီဝန်ထမ်းသုံးယောက်က
    တိုက်တန်းဝန်းကျင် လမ်းဘေးဝဲယာ အမှိုက်လှည်း အမှိုက်သိမ်းပါတယ်
    ဆိုတော့ ..တော်တော်အဆင်ပြေနေတာတွေ့ရပါတယ်ဗျာ…
    အိမ်တွေအဖို့လည်း တစ်လမှတစ်ထောင် တန်ပါတယ်..
    ဒါကတော့ စည်ပင်ချည်းအားကိုးမနေဘဲ တပိုင်တနိုင်ဝိုင်း
    လုပ်သင့်ကြောင်းတင်ပြတာပါ..

Leave a Reply