ပေါ်တူဂီ vs စပိန် (ယူရို၂၀၁၂ဆီမီးဖိုင်နယ်)

မောင် ပေJune 27, 20121min32421

မင်္ဂလာပါ ခင်ဗျာ ။
သည်ကနေ ့27.6.2012 ဗုဒ္ဓဟူးည သို ့မဟုတ် ကြာသပတေး နံနက် 1.15 မှာ ကန်ကြမယ့် ယူရို၂၀၁၂ ဆီမီးဖိုင်နယ်ပွဲအကြောင်းပါ။
ပေါ်တူဂီ အသင်းရဲ ့ဆီမီးဖိုင်နယ်အရောက်လှမ်းလာတဲ့ ခရီးကတော့
9.3.2012 ဂျာမနီ ၁-ဝ ပေါ်တူဂီ
13.6.2012 ဒိန်းမတ် ၂-၃ ပေါ်တူဂီ
17.6.2012 ပေါ်တူဂီ ၂-၁ ဟော်လန်
21.6.2012 ချက် ဝ-၁ ပေါ်တူဂီ ( ကွာတားဖိုင်နယ် )
စပိန် အသင်းရဲ ့ဆီမီးဖိုင်နယ်အရောက်လှမ်းလာတဲ့ ခရီးကတော့
10.6.2012 စပိန် ၁-၁ အီတလီ
14.6.2012 စပိန် ၄-ဝ အိုင်ယာလန်
18.6.2012 ခရိုအေးရှား ဝ-၁ စပိန်
23.6.2012 စပိန် ၂-ဝ ပြင်သစ် ( ကွာတားဖိုင်နယ် )
ပေါ်တူဂီ ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Rui Patricio
နောက် Pereira, Pepe, Alves, Coentrao
လယ် Moutinho, Veloso, Meireles
ရှေ ့ Nani, Almeida, Ronaldo
စပိန် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Casillas
နောက် Arbeloa, Ramos, Pique, Alba
လယ် Busquets, Alonso
လယ် Silva, Xavi, Iniesta
ရှေ ့ Torres
သည်နှစ်သင်းတွေ ့ဆုံခဲ့မှုများမှာ
29.6.2010 စပိန် ၁-ဝ ပေါ်တူဂီ (ကမ္ဘာ့ဖလား)
17.11.2010 ပေါ်တူဂီ ၄-ဝ စပိန် (ခြေစမ်းပွဲ)
အခု ယူရို၂၀၁၂ ပွဲစဉ်မှာ စပိန်အသင်းရဲ ့ခံစစ်ဟာ အကောင်းဆုံးဖြစ်နေပြီး ၊ သည်နေ ့ညပွဲမကန်ခင်အထိ ၊ အီတလီအသင်းကို ပေးခဲ့တဲ့ တစ်ဂိုးဘဲ ရှိခဲ့ပါတယ် ။
ဈေးအနေအထားအရ အာရှဘက်မှာ စပိန် သရေဆိုရင် အပြည့်ရှုံးအနေအထားကို သည်ဘက်မှာ စပိန် သရေ ၉၅%အရှုံး ဖွင့်လာပါတယ် ။
ဂိုးဈေးအနေအထားအရ အာရှဘက်မှာ ၂ဂိုးဆိုရင် သရေ ကို သည်ဘက်မှာ ၂ဂိုး ၁ဝ အနိုင် ဖွင့်လာပါတယ် ။
စပိန်အသင်းဟာ ယူရို၂၀၀၈ နဲ ့၂၀၁ဝကမ္ဘာ့ဖလား ချန်ပီယံဖြစ်ခဲ့လို ့၊ အခု ယူရို၂၀၁၂မှာသာ ထပ်မံ ဗိုလ်စွဲမယ်ဆိုရင် ၊ ယူရိုပီယံချန်ပီယံရှစ် နှစ်ကြိမ်ဆက် ချန်ပီယံ ဆိုတဲ့ မှတ်တမ်းအသစ် စံချိန်အသစ် ကို ပထမဆုံးရယူနိုင်မှာဖြစ်ပါတယ် ။
ပေါ်တူဂီ အသင်းဟာ လူးဝစ်ဖီဂို တို ့မျိုးဆက်ရဲ ့နောက်ပိုင်း အခုလက်ရှိ မျိုးဆက်သစ် ကို ဒိုလေး ဦးဆောင်နေတဲ့ တိုက်စစ်နဲ ့ပွဲတိုင်း အနိုင်ရအောင် ကစားခဲ့တာကို တွေ ့ရပါတယ် ။
ဘာစီလိုနာ ကစားသမား မက်ဆီ နဲ ့၊ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ပြိုင်နေတဲ့ ခရစ်စတီယာနို ရော်နယ်ဒို ဟာ ပွဲစဉ်တိုင်းမှာ အထူးကြိုးစားအားစိုက်ကစားနေတာ ကို မြင်ခဲ့ရပါတယ်။
ပေါ်တူဂီ နဲ ့စပိန် နဲ ့ကစားသမားအင်အားချင်းယှဉ်ရင်တော့ ၊ ဖာဘရီဂတ် ဇာဗီ အင်နီယေစတာ ဆေးဗားတို ့ရဲ ့ကွင်းလယ်ဟာ ပေါ်တူဂီ ကစားသမားတွေထက် သာတယ်ဆိုပေမယ့် ၊ စိတ်ဓါတ်အင်အားအကောင်းဆုံးအနေထားရှိတဲ့ ပေါ်တူဂီ ကစားသမားများရဲ ့ကြိုးစားအားကြောင့်မို ့ကွာခြားမှု သိပ်ရှိမှာ မဟုတ်ပါဘူး ။
တစ်ခုရှိတာကတော့ စပိန်ဂိုးသမား ကားစီးလက် ဟာ လက်ရှိကမ္ဘာမှာ နံပါတ်၁ အကောင်းဆုံးဂိုးသမား ဖြစ်တဲ့အတွက် ၊ အချိန်ပို ပင်နယ်တီ အထိရောက်ခဲ့မယ်ဆိုရင် ၊ ပေါ်တူဂီ အခြေအနေညံ့သွားနိုင်ပါတယ် ။
ဈေးအနေအထားအရ အခြေအနေကောင်းနိုင်တဲ့ အသင်းကို ခန် ့မှန်းကြည့်ရာမှာ
သရေရှုံး ကို သရေ၉၅ ဘဲ ဖွင့်လာတဲ့အတွက် ၊ “““ ပေါ်တူဂီ ””” သရေ ကန်နိုင်တယ်ဆိုတဲ့ သဘောပါဘဲ ။
ဂိုးဈေးဟာ ၂ဂိုးသရေ ကို ၂ဂိုး၁ဝ အနိုင်ပေးလာတဲ့အတွက် ၊ “““ ဂိုးအနဲ ””” အောင်ဖို ့အားသာနေပါတယ် ။
ကျုပ် မောင်ပေ အကြိုက် ကို ပြောရမယ်ဆိုရင်လဲ
“““ ပေါ်တူဂီ ””” နဲ ့“““ ဂိုးအနဲ ””” ပါဘဲ
……. အားလုံး အောင်မြင် ရွှင်လန်းပါစေ …….

21 comments

  • အရီး Khin Latt

    June 27, 2012 at 8:40 pm

    ဒီနေ့တော့ “စပိန်” ဘက် က ဟေ့။
    နည်းပြ အဖိုးကြီးကလဲ ချစ်ချာကြီး ။ 😉
    Go Spain Go!!!!!
    You can do it (until Spain Vs Germany). 😀

    • Crystalline

      June 27, 2012 at 9:21 pm

      ဒါမှဒို့အရီးကွ…. What a great choice!

    • ကြောင်ဝတုတ်

      June 28, 2012 at 6:53 am

      အရီး
      စပိန်နဲ့ အီတလီနဲ့ တွေ့မှာ

  • surmi

    June 27, 2012 at 9:15 pm

    အောက်ဘဲဗျို ့
    ကိုပေ ့ကိုထောက်ခံတယ်
    ပေါ်တူဂီ အသေဆာ်မည်

    • မောင်ပေ

      June 27, 2012 at 9:23 pm

      အခုမှဘဲ ပေါ်လာတော့တယ်
      ဘိုင်ကြီးဆာမိရာ
      ခင်ဗျားဘဲ ရေးရေးဆိုလို ့
      ရေးတင်ခဲ့တာ ကွာတားတုန်းက ၄ ပုဒ်
      ဒါနဲ ့ဆို ၅ ပုဒ်မြောက်ဘဲ

      • surmi

        June 28, 2012 at 12:40 am

        ဘောတော.နိုင်ပါရဲ. အကြွေးတောင်းမရတာနဲ. ဟဲ ဟဲ
        တကယ်တော. ခုကိုပေတို.ပြောနေတဲ. ပို.စ်တွေကိစ္စ နဲနဲညစ်ပြီး
        ရွာပြင်မှာမှိုင်နေတာဗျ ။
        ကျွန်တော်လည်း စာဖတ်သူ သက်သက်ဆိုတော. ဖတ်ချင်တာပေါ.ဗျာ
        ဒါပေမဲ. ဖတ်စရာမတွေ.တော.လည်း …….
        အင်း ….ပန်းတိမ်မတတ်ခင်ရွှေခိုးသင်နေကြတဲ.သူတွေလည်းရှိရဲ. …..။

  • သားဦး၊မြေးဦး

    June 27, 2012 at 9:40 pm

    ကိုပေနဲ ့ကျနော် အားလုံးအကြိုက်တူတဲ့ပွဲဘဲဗျို ့။
    သို ့သော် ကျနော်က စိတ်ဖြင့်သာအားပေးတော့
    ၏။

    • htoosan

      June 27, 2012 at 9:59 pm

      ကိုသန်းထွဋ်ဦး လိမ်မာနေပြီပေါ့လေ ….. 😀

  • ရွာစားကျော်

    June 27, 2012 at 10:38 pm

    ကြေးအရ ပေါ်တူဂီဆိုပေမယ့်.. အနိုင်အသင်းကိုတော့ စပိန်ကိုပဲ အားပေးချင်တယ်ဗျာ..

  • may flowers

    June 28, 2012 at 12:51 am

    ဘောလုံးပွဲအကြောင်းတော့ နားမလည်လို့သိပ်မသိပါသော်လည်း…………….၁ဝ ယူသွားပါတယ်။

  • Mလုလင်

    June 28, 2012 at 1:38 am

    ပေါ်တူဂီ .. ကို အားရ မိ .. တနည်း အားထား မိတယ်ဗျာ .. တကယ်လို့များ စပိန် နိုင်လာမယ် ဆိုရင် Euro 2012 Winner က ဂျာမနီ ဖြစ်ဖို့ ပိုများသွားပြီဗျာ ..။

  • laypai

    June 28, 2012 at 2:27 am

    ဘာပြောပြော စပိန် နိုင်မယ်လို့ ခန့်မှန်းသဗျာ။

  • Mလုလင်

    June 28, 2012 at 3:46 am

    ပယ်နယ်တီ —- ပယ်နယ်တီ

  • အရီး Khin Latt

    June 28, 2012 at 3:49 am

    ပယ်နတီ ပြန်ပြီ ကပေ ရေ့။ 😀

  • အရီး Khin Latt

    June 28, 2012 at 3:53 am

    ဖမ်းချက်တွေကတော့ ကောင်းပါ့။

    Spain … YOU CAN DO IT… 😛

  • အရီး Khin Latt

    June 28, 2012 at 3:56 am

    ရေးရေး လွဲတွားပြီ။ 🙂

  • အရီး Khin Latt

    June 28, 2012 at 3:56 am

    YAyyyyy .. SPAIN ….
    ဒိုက်ထိုးကောင်း တဲ့ ရော်နယ်ဒို ကို ကြည့်ရတာ စိတ်ချမ်းသာပါဘိခြင်း။ 😉
    ဂျာမဏီ ကို တော့ နိုင်ပါ့မလား။ 😛

  • Mလုလင်

    June 28, 2012 at 3:57 am

    ဂုဏ်ယူပါသည် —- စပိန် နီ။

    • အရီး Khin Latt

      June 28, 2012 at 3:59 am

      Good Night.. Sleep tight.. Have a sweet dream.. Mg Lu Lin. 🙂

  • မောင်ပေ

    June 28, 2012 at 8:23 am

    ဟုတ်ပါပြီ စပိန်ဆိုပြီး ပြောနေတဲ့ ဆြာတို့ရယ်
    စပိန်အသင်းဟာ သူ့ကို အားပေးတဲ့သူအားလုံးကို တောက်တောက် တောက်တောက်ကျစေပြီး ဖိုင်နယ်ကို တက်သွားတယ် ဆိုတဲ့အကြောင်းလေးပါ ထည့်ပြောပေးကြပါနော ။ ပိုစ့်ထဲမှာ ဈေးအကြောင်း ထည့်ရေးထားပါတယ်နော
    ဖတ်ရှုသွားသူများနဲ့ ကွန်မင့်ချီးမြှင့်ပေးခဲ့သော မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား။

    • တယ်ရီ လမ်းပတ် ရာမီးရက်စ်

      June 28, 2012 at 10:05 am

      ဟီးဟီး ရွှတ်ရွှတ် ဦးပေရ ဦးပေရယ့်

      မှားကုန်ပီ မှားကုန်ပေါ့ ဦးပေ စကား နားမထောင်မိတာ

      အီတလီ ပွဲတုန်းကလဲ ပွဲကြိုလေး မဖတ်လိုက်ရဘူး ၊

      အခု စပိန် ပွဲ ကျတော့လဲ မောင်မင်းကြီးသားတွေ အားကိုးနဲ့ ဦးပေ ကို စုံကန် အာခံပီး စပိန်နဲ့ဂိုးအများ ခဲ့မိတာ

      ခုတော့ ခုတော့ ရွှတ်ရွှတ် ဦးပေ ပြောတာ နားမထောင်မိခဲ့တော့ ဒူးနဲ့မျက်ရည် သုတ်ရပီပေါ့ (အမိုက်မဲလေးကို ခွင့်လွှတ်ပါ)

      တော်သေးဘီ

Leave a Reply