ရေပူစမ်းနှင့်ငါးမာဆတ်

aye.kkJune 28, 20122min17336

ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်၊မယ်ဆိုင်-ချင်းရိုင်နှင့်ချင်းမိုင်ကြားရှိ၊ရေပူစမ်းနှင့်ငါးမာဆတ်သို့
အလည်ရောက်ခဲ့စဉ်၊အမှတ်တရရိုက်လာခဲ့သောပုံများသာလျှင်ဖြစ်ပါသည်။

နောက်ခံတောင်နှင့်လှနေသည့်ရေပူစမ်း။

အတူတူပါပဲ၊နဲနဲလေးတော့အလှမ်းဝေးပြီးရိုက်ထားတာ။

ငါးမာဆတ်သို ့အဝင်တွေ ့မြင်ရသော၊မြင်ကွင်းအလှအမှတ်တရ။

ရေပူစမ်းစိမ်၍ရသည့်နေရာကဆိုင်းဘုတ်အလှမြင်ကွင်း။

ပို၍အနီးကပ်ရိုက်ထားသည်။

ကြက်ဥနှင့်ငုံးဥများရေပူစမ်းတွင်စိမ်ပြီးစားကြသည်။

ရေပူသွယ်ထားသည့်မြောင်းလေးထဲတွင်စိမ်ကြသည်။

ခြေထောက်ထဲမှချွေးနှင့်ချေးညှော်များစုပ်ယူစားနေကြသည့်ငါးကလေးများ။

အဖွဲ ့လိုက်လေးအနှိပ်ခံကြသည်။

ဂေဖက်ရွာစာချစ်သူမိတ်ဆွေများသို ့ပြန်လည်ဝေမျှလိုက်ပါသည်။

36 comments

  • ကိုရင်မောင်

    June 28, 2012 at 8:55 am

    အောင်မလေးလေး……. နာမည်ပေးထားတာနဲ့ အံကိုက်ပါဘဲလား
    ကြုံလို့ကတော့ ဒီမာဆပ်သွားအားပေးလိုက်အုံးမှ…..ဟဲဟဲ
    အပေါ်ပုံက ရေပူတွေပန်းထွက်နေတာလား?..
    ခုလိုပုံလေးတွေ ကြည့်ခွင့်ရတာ ကျေးကျေးပါ
    အေကေကေရေ…..

  • ဆူး

    June 28, 2012 at 9:12 am

    ငါးက နည်းပြီး ခြေထောက်က များနေတယ်။ ငါးတွေ ဘယ်ခြေထောက် တွတ်ရမှန်း မသိ ဖြစ်နေကြမယ် ထင်တယ်။
    ရေပူစမ်း ကို စိတ်ဝင်စားအောင် လှပအောင် တော်တော် လုပ်တတ်တာပဲနော်။ မြန်မာပြည်မှာလည်း ရေပူစမ်းတွေ တော်တော် များများ ကိုရှိတယ်။ မြေကြီးထဲက ရေပူ ထွက်တယ် ဆိုတဲ့ ကန်ကိုပဲ သွားသွားကြည့်နေရသလိုပဲ..

  • mamanoyar

    June 28, 2012 at 9:37 am

    ပုံလေးတွေအတွက် ကျေးဇူးတင်ပါတယ်ရှင်

  • မောင်ပေ

    June 28, 2012 at 9:52 am

    တလောက မဂ္ဂဇင်းတစ်ခုမှာ ဖတ်ခဲ့ရတဲ့ ငါးတွေကို အခုမြင်ရပြီ။
    ခြေထောက်က အသားမာတွေနဲ့ ဆဲလ်အသေတွေကို စားပေးတာဆိုလို့ စိတ်ဝင်စားမိခဲ့တာ။ ဒီမှာတော့ မရှိသေးဘူး ထင်တာဘဲ။

  • ဘဲဥ

    June 28, 2012 at 10:08 am

    ဟယ်……………
    ဥတွေက အကြီးကြီးတွေတော့
    အဟီးးးးးးးး အားရစရာကြီး

    • King of Secrets Bo Min

      June 28, 2012 at 11:23 am

      အော် ဘဲဥ ရယ်၊ နာမည်နဲ.လိုက်ပါပေတယ်၊ ဥတွေဘဲ လိုက်ကြည့်တဲ့ပုံဘဲ

    • Khaing Khaing

      June 28, 2012 at 1:57 pm

      ဘဲဥတွေတော့ တွားပီ ……. ရေပူထဲစိမ်ခံထားရတယ် …… မကြာခင်အစားခံရတော့မယ် …..

  • ko khin kha

    June 28, 2012 at 10:34 am

    အမြင်ဆန်း အသွင်ဆန်းလေးတွေ ကြည့်ရလို့
    ကျေးဇူးပါမမအေး။
    ငါးမာဆတ်ခေါင်းစဉ်နဲ့ လိုက်ဖက်တဲ့ပုံပါဘဲ။

  • may flowers

    June 28, 2012 at 10:52 am

    မရောက်ဖူးတဲ့နေရာလေးကို ဗဟုသုတဖြစ်စရာလေးမို့ ကြည့်ရှုအားပေးသွားပါတယ်ရှင်။

  • snow white

    June 28, 2012 at 11:11 am

    ရေပူစမ်းသွားရတာပျော်စရာကောင်းမှာဘဲနော် မာဆတ် လည်းကောင်းကောင်းနှိပ်တက်မယ်ထင်ပါတယ် ငါးလေးတွေနှိပ် တာကောင်းလားဟင် ထိုင်းမှာဘယ်လောက်ပေးခဲ့ရလည်းဟင်ရေပူစမ်း ကောငါးမာဆတ် ကောဘတ်ဘယ်လောက်ကုန်လည်းဟင်
    အဲံဒါလေးပါ ပြောပြပေးပါလားသိချင်လို့ပါ စပ်စုတယ်မထင်ပါနဲ့နော် စနိုး တကယ်သိချင်လု့ိပါ ။

    • aye.kk

      June 28, 2012 at 11:38 am

      စနိုးဖြူရေ..
      ပျော်စရာကောင်းပါတယ်..
      မာဆတ်နှိပ်နည်းလေးတော့မသိပါ..
      စနိုးလေးတတ်ရင်သင်ပေးပါဦးကွယ်..
      အန်တီခင်ပွန်းသည်ကိုနှိပ်ပေးချင်လို ့ပါ..
      အန်တီကဒါမျိုးဘက်ကိုမကျွမ်းကျင်တော့မာဆတ်ဆိုတာ..
      အခုထိုင်းနိုင်ငံရောက်မှသာကြားဘူးတာပါ..
      ငါးမာဆတ်(Fish SPA)ခေါင်းစီးလေးတွေ ့တော့၊ထူးဆန်းတာနဲ ့အနှိပ်ခံကြည့်တာ..
      တယောက်စာ၊မိနစ်(၂၀)ကို99ဘတ်ပေးရပါတယ်။။

      • pooch

        June 28, 2012 at 7:36 pm

        99 ဘတ်ဆိုတော့ မြန်မာငွေ ၃ ထောင်ကျော်လောက်တော့ ရှိမယ်ထင်တယ်နော် အန်တီအေး။
        ကြက်ဥတွေရော ငုံးဥတွေရော ဒီဘက်မှာမြင်ဖူးထားထက် ပိုကြီးတယ်နော်။

  • မမ အညာသူ

    June 28, 2012 at 11:14 am

    ဟယ်
    မာဆတ်လေးကအဆန်းတားတော့
    ခုလိုတင်ပေးတဲ့အတွက်ကျေးဇူးပါနော်

  • King of Secrets Bo Min

    June 28, 2012 at 11:21 am

    ငါးတွေတော့ သနားပါတယ်၊ မာဆတ်က ကောင်မလေးတွေဆို အနှိပ်ခ ရတယ်၊ သူတို.မှာတော့ သူများ ခြေကို ပါးစပ်နဲ. တွတ်ပေးနေရရှာတာ၊ ကျွေးမှလဲ စားရသေးတယ်၊ အဟင်းး
    တော်ပြီ ကောင်မလေးတွေဆီဘဲ သွားတော့မယ်၊ ဟီး ပြောသာပြောရတာ တစ်ခါမှ မရောက်ဖူးဘူး၊ရှုးခင်းတွေကိုတော့ ကြိုက်တယ်ဗျာ..

  • etone

    June 28, 2012 at 11:38 am

    အန်တီအေးရေ … ရေပူစမ်းထဲ စိမ်ချိုးလျှင် .. အကြောချဉ်တွေပြေလျော့တယ်၊ချွေးပေါက်တွေပွင့်စေပြီး အခိုးထွက်လို့ နေကောင်းသတဲ့ … သူများပြောတာ ကြာဖူးတာ 😀
    အဲ့ဒီငါးတွေကလေ … ဟိုရုပ်ရှင်ထဲကလို လူသားစားတဲ့ ငါးတွေလားမသိဘူး .. ဒါက အကောင်သေးစားမို့ထင်တယ် ..အ ကြီးဆိုအသားပါ အတုံးလိုက်ကိုက်သွားမလားပဲ … ။ 🙄

    အဲ့ဒီငါးလေးတွေက .. ရေပူထဲမှာလည်း .. နေနိုင်တယ်လား … ။

    ကြက်ဥတွေက .. ဒီမှာ ထက်ပိုကြီးလားဟင် .. ဓါတ်ပုံထဲမှာ အကြီးကြီးတွေလိုပါပဲ … ။

  • Knowledge Seeker

    June 28, 2012 at 11:45 am

    Interesting but one thing to inform all. During my stay in Dubai UAE I used to go and enjoy Wild Wadi Amusement Park and one time I find a very interesting newly opened fish massage center attracting the whole crowd and hence I do not have a chance to enjoy and I marked I will visit next time. But when I visit next time after 7 months, I could not find the fish massage and I asked why it is closed. The staff from Wild Wadi explained that these small fishes are from Latin America – near Brazil where the carnival Piranha lives and the fish bites can infect the AIDS from the AIDS patients. So it is not safe and they close. I dont know if it is the same ? Just for thought.

    Thank you very much.

    • ရွာစားကျော်

      June 28, 2012 at 12:05 pm

      ကန်တစ်ခုတည်းမှာ အကုန်ဝိုင်းစိမ်ကြရတာဆိုရင်တော့
      အေ့စ် ဖြစ်မှာ ပူရတယ်…
      တားတား ကြောက်ကြောက်..

  • lynn lynn

    June 28, 2012 at 11:46 am

    ဗဟုသုတရလို့ ကျေးဇူးတင်ပါတယ်။

  • နွယ်ပင်

    June 28, 2012 at 11:52 am

    အန်တီအေးရေ .. ရေပူစမ်းလေးက သာယာလိုက်တာနော်
    ငါးမာဆတ်ဆိုတာကလည်း ထူးထူးဆန်းဆန်းလေးပဲနော်
    ဒီမှာတော့ မရှိသေးဘူးပဲ ပုံတွေအတွက် ကျေးဇူးပါနော် …………

  • Nyein Nyein

    June 28, 2012 at 12:00 pm

    အန်တီအေးရေ…….. တစ်ခါမှမမြင်ဖူးဘူး။ အဲဒီ့ ငါးမာဆတ်ဆိုတာကိုလေ။ အမြင်ကျယ်သွားတာပေါ့။ ငါးလေးတွေလာတွတ်နေတာ အသည်းယားစရာနော်။ ပုံထဲကနေတစ်ဆင့်ရောက်ဖူးသွားတာမို့ ကျေးဇူးပါနော်။

  • Shwe Tike Soe

    June 28, 2012 at 12:34 pm

    ငါးမာဆတ် တဲ့ ယားကျိကျိနေနေမှာပဲနော်………..ကြည့်ရင်းနဲ.တော်ယားလာပြီးဟိဟိဟိ 😀

  • kyeemite

    June 28, 2012 at 1:01 pm

    aye.kk ရေ မရောက်ဖူးသေးတဲ့
    ဒေသကပုံလေးတွေ ကြည့်ရလို့
    ကျေးဇူးတင်ပါသဗျာ..

    • Khaing Khaing

      June 28, 2012 at 1:59 pm

      ဂျပန်မှာ အရင်ကကြားဖူးတာက ငါးလေးတွေက ခြေသည်းလေးတွေမှာရှိတဲ့ဆဲလ်အသေတွေကို စားတယ်ဆိုတဲ့ဟာလေးပါ မာဆတ်လုပ်တာတော့အခုမှကြားဖူးတယ် ……… ခြေထောက်တွေ ကိုရေကန်ထဲချထား ငါးလေးတွေက ခြေသည်းကြားက အညစ်အကြေးတွေကိုလာစား အရမ်း ဇိမ်ရှိမှာပဲနော် …….

  • တညင်သား

    June 28, 2012 at 2:20 pm

    ဧဧ ရေ ငါးမာဆတ်က ခြေထောက်တင်ပဲ လား တကိုယ်လုံး စိမ်ပစ်လိုက်ချင်တာ…..ငှီးးးးးးး အသဲယားပါ့

  • lazy boy

    June 28, 2012 at 2:24 pm

    အခုလိုမျှဝေပေးတာ ကျေးဇူပါခင်ဗျာ ငါးမာဆတ်ကငါးလေးတွေသနားပါတယ်
    သူများချေထောက်တွေကိုနမ်းနေရတာ ဟီး….

  • ဖိုးထောင်

    June 28, 2012 at 3:08 pm

    ဘဲဥမ ဥကျက်အောင် စိမ်ပလိုက်မယ် ပြီးမှကိုက်စားပလိုက်မယ် ဘာမှတ်လဲ

    • ဘဲဥ

      June 28, 2012 at 4:54 pm

      ကဖိုးထောင်က ဥစားချင်လို့လား
      အမလေး စောစောကပြောရောပေါ့
      ကြွေးမှာပေါ့လို့

  • Phaung Phaung

    June 28, 2012 at 4:17 pm

    အန်တီအေးရေ… စိမ်ချင်လိုက်တာနော်။ ရေပူစမ်းပြောတာ ။ ငါးလေးတွေတွတ်တာတော့ အသည်းယားတယ်။ တကိုယ်လုံးစိမ်ချင်တာ… အဟီး .. ငါးမပါဘဲစိမ်ချင်တာနော်။ တော်ကြာတွတ်မှာစိုးလို့။ 😛

  • စိန်ဗိုက်ဗိုက်

    June 28, 2012 at 7:22 pm

    တွေ ့ရမြင်ရတာ အဆန်းပါလားဗျာ..
    အဲဒီငါးတွေက ဘာအမျိုးစားတုန်း မသိဘူးနော်..
    ဖန်ဖန်ကြံကြံ..အသဲယားစရာဂျီး..
    ကျလိ…..ကျလိ..

  • Ma Ei

    June 29, 2012 at 12:07 pm

    မအေးရေ…
    ရေပူစမ်းလေးသဘောကျတယ်…
    Fish spa တော့ အသဲယားတယ်ရယ်…

  • amatmin

    June 29, 2012 at 12:09 pm

    အန်တီအေးရေ..
    တာချီလိတ်ကို လာလည်ဖြစ်ရင်တော့
    ငါးမားဆတ်လည်းရောက်နိုင်ကောင်းပါရဲ့.နော်
    တာချီလိတ်မှာလည်း.ရေပူစမ်းရှိတယ်ဆိုလား..

  • kyi phyu

    June 30, 2012 at 1:42 pm

    အဲဒီဘက်ကကြက်ဥတွေက ကြီးတယ်နော်
    ငါးတွေတွတ်ရင် အသဲယားမှာပဲနော်…

Leave a Reply