တစ်ခါ က တစ်ဘဝ (၂)

 

ကိုယ် တွေ့ကြုံခဲ့ ဘူး တာလေး တွေကို ၊ ရွာထဲ မှာ share ကြည့် တာပါ။

တစ်ခါတုန်း ကပေါ့ဗျာ ။ သူငယ်ချင်း တစ်ယောက်က သူ့ကား အိပ်ဇော သွားပြင်ဖို့ တစ်ယောက်ထဲ စောင့်ရမှာ ပြင်းလို့၊ အဖော် လိုက်ခဲ့ ပါဆိုတာ နဲ့ ကျွန်တော် မောင် တစ်ယောက် နှစ်ခါမခေါ် ရဘဲ လိုက်သွားတာပေါ့ ။  ကားပြင်ပြီး အပြန် ကျွန်တော့ ကိုတစ်လဲ မောင်းခိုင်း တာနဲ့ ကျွန်တော် လဲ မောင်းလာတာပေါ့ ။ အင်းလျား လမ်း နဲ့ တက္ကသိုလ် ရိပ်သာ လမ်း ဒေါင့်မှာ အမျိုး သမီး တစ်ယောက် ကျွန်တော်တို့ ရှေ့ ကလူပါ တဲ့တိုင်စီ ကိုတား တာ တိုင်စီ ကမရပ် ဘဲ ကျွန်တော် ကထိုး ရပ်ပြီး အစ်မ ကားငှါး မလို့ လားမေးတော့ ကျွန်တော် တို့ နှစ်ယောက် ကို ပြူးကြည့်တယ် ။ အိမ် စီးကား အကောင်းစား ကို နံပါတ် အနက် ကြီး နဲ့လေ ။ ကျွန်တော် လဲ ပြာပြာ သလဲ အစ်မ ကျွန် တော်တို့ မရိုး မသားမေး တာမဟုတ် ပါဘူး ။ ကျွန်တော် ကျောင်းသား ပါ၊ ကျောင်းအား ချိန် ကျောင်းစရိတ် ရအောင် ကားမောင်းတာပါ လို့ ပြောမှ သူသွားချင်တဲ့ နေရာ ကို ပြောတယ် ။ သိပ် မဝေးတော့ ကျွန်တော် လဲ ၁၂၀ဝ တောင်း တာ ၁၀၀ဝ နဲ့ ဆစ် သေးတာ ။ အစ်မ ရယ် နှစ်ရာ ထဲ မကြည့် ပါ နဲ့ဆိုလဲ မရ၊ နောက်ဆုံး တစ်ထောင်နဲ့ ဈေး တဲ့ပြီး ကားပေါ် တက် လာတယ် ။ ကား စ ထွက်ပြီး ခဏ နေတော့ အဲဒီ အစ်မ ကကားနဲ့ လူပုံစံ ကိုအကဲ ခပ်ပြီး၊ မင်း တို့တစ်ကယ် ကျောင်းသားလား တဲ့ တစ်ကယ် ဘလက်တိုင်စီ ဆွဲတာလားတဲ့ ။ ကျွန်တော်လဲ သူငယ်ချင်း မျက်နှာကြည့်ရင်း၊ ကျွန်တော်က နယ်ကပါ၊ ကျောင်း အားချိန် မောင်း တာပါ၊ ကားက သူငယ်ချင်း ကားပါ ။ ရန်ကုန်မှာ စရိတ်စက များလို့ မိဘတွေ အပူ မကပ်ချင်လို့ ပါ ဆိုပြီးပြော မိတယ် ။ ကျွန်တော့ မေဂျာတွေ ဘာတွေမေးရင်း အဲဒီ အစ်မက ကိုယ့်ဒူး ကိုယ်ချွံ တာကောင်း ကြောင်း၊ သူ့မှာလဲ ကျောင်းတက် နေတဲ့ ညီ ညီမ တွေကို သူ ကြည့်ရှု စောင့်ရှောက် နေကြောင်း ပြောပြပါ တယ်။ အမှန် က ကျွန်တော် နယ် ကဆို တာရယ်၊ ကျောင်းစရိတ် ဆိုတာရယ် မဟုတ်ပါဘူး ။ ဒါပေ မဲ့အဲဒီ အချိန်တုံး က၊ ကျောင်းအား ချိန်၊ အိမ် ကပေးတဲ့ မုန့်ဖိုး ကုန်သွား ရင်၊ အိမ်က လူကြီးတွေ မသိအောင် ဘလက်တိုင်စီ ထွက်ထွက် ဆွဲနေကျ းP ။ အဲ..အဲဒီ အစ်မ သွားချင်တဲ့နေရာ လဲရောက်ရော၊ ငွေ ငါးထောင် ထုတ်ပေးတယ် ။ ကျောင်းစရိတ် မို့ ကုသိုလ် ပြု တာတဲ့။ အကျိုးနဲ ကျွန်တော်ဘယ်ယူရဲမလဲ၊ တစ်ကယ် ကျောင်းစရိတ် မှမဟုတ်တာ။ ကျွန်တော် လဲ ကားအောက်ထိ အတင်းပြန် လိုက်ပေးတော့ ငါ့မောင်၊ လူမြင်မ ကောင်းဘူး တဲ့ မင်းတို့ကျောင်း စရိတ် လှူတာ၊ ဆက် မလိုက်နဲ့ဆိုပြီး ထွက် သွား ရောဗျာ ။ ကျွန်တော်လဲ လမ်းဘေးမှာ ပိုက်ဆံ ငါးထောင် ကိုင်ရင်း ခေါင်း ကုပ်ကျန်ခဲ့ တယ် ။ ကားပေါ် ပြန်ရောက် တော့ သူငယ်ချင်း က လက်သီး နဲ့ထိုး ရင်း လျှာရှည်တဲ့ ကောင် ကောင်း တယ်ဆိုပြီး အားပေး ရုံမှ အားမရ ကျွန်တော့အိမ်ပြန် ရောက်တော့ ဖေဖေ့ကို သွားချွန်လို့ ကောင်းကောင်း ဆူခံ ရတယ်။ (အေဘေး ရုပ် ဆိုး ဆိုး မိန်းမ ရပါစေ းP)

 

ဇာတ်လမ်း ဆုံးတော့ အဲဒီ ငွေငါးထောင် ကျွန်တော် ဘုန်းကြီး လှူ လိုက်တယ်။ တစ် ပါတ်လောက်ကောင်း ကောင်းဆူ ခံရတယ်၊ အပြင်သွား ဖို့ ကားတောင်းတိုင်း ။ ပြီးတော့ အဲဒီ ဘလက်တိုင်စီ လဲဘယ်တော့မှ ထပ်မလုပ်တော့ဘူး ။

 

P.S-အင်းလျား လမ်းကသံရုံး တစ်ရုံး မှာ လုပ်တဲ့၊ တစ်ခါဘဲ မြင် ဘူးလိုက်တဲ့ အစ်မကို ကျွန်တော် ဒီစာနဲ့ တောင်းပန်လိုက်ပါတယ်ဗျာ ။

About MAUNG

has written 19 post in this Website..

ကောင်းသော နေ့ပါ ။ melody.mg.melody@gmail.com