How to save your Facebook password.

wailynnooJune 27, 20101min730

ကျွန်တော်တို့ internet ကို ဆိုင်မှာသုံးနေရင်းနဲ့ လိုင်းကျသွားရင် လုပ်သင့်တဲ့အလုပ်တွေ ရှိပါတယ်။ အဓိက ကျွန်တော်ပြောချင်တာက facebook သုံးသူတွေအတွက်ပါ။ သုံးနေရင်းနဲ့လိုင်းကျသွားရင် Log out လုပ်ရတာ အခက်အခဲတွေ့နိုင်ပါတယ်။ အဲဒီအခါ ဘာလုပ်မလဲ။ ကျွန်တော်တို့ရဲ့ Browser က facebook နဲ့ပတ်သတ်တဲ့ data တွေ(email, password) ကို cookies အဖြစ်နဲ့သိမ်းထားပါတယ်။ အဲဒါတွေကိုရှင်းခဲ့ရပါမယ်။ Firefox Browser ရဲ့ menu bar က Tools အောက်က Options ကိုရွေးလိုက်ပါ။ ပြီးရင် Privacy ဆိုတဲ့ tab ကို ပြောင်းလိုက်ပါ။ ဒီလိုတွေ့ရပါမယ်။

Firefox will ဆိုတဲ့ drow down list box မှာ Use custom settings for history ကိုရွေးလိုက်ပါ။ ဒီလိုတွေ့ရပါမယ်။

အဲဒီမှာ Show Cookies ကို click လိုက်ပါ။ ဒီလိုပေါ်လာပါလိမ့်မယ်။

အဲဒီထဲမှာ ကိုယ်ရှင်းချင်တဲ့ site ကိုရွေးလိုက်ပါ။ ဒီနေရာမှာတော့ facebook.com ပေါ့။ select လုပ်ပြီး Remove Cookies ကို click လုပ်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့ facebook data တွေအတွက် စိတ်ချရပါပြီ။