ခပ်မိုက်မိုက် ကောင်မလေး …(ငါသိပ်ချစ်မိသူ)

ငါသိပ်ချစ်မိသူ…..

ငါအမြဲတွေ့ချင်တဲ့သူက
နင်ဖြစ်သလို………….
နင်အမြဲဥပေက္ခာပြုတဲ့သူက
ငါဖြစ်တယ်…။။။။။။။။။။
ငါသတိရတဲ့သူထဲမှာ
ထိပ်ဆုံးကနင်ပါသလို
နင်မေ့နေတဲ့သူထဲမှာလည်း
ငါထိပ်ဆုံးကပါတယ်…။။။။။

Online ပေါ်ရောက်တိုင်း
ငါစကားပြောချင်တဲ့သူက
နင်ဖြစ်သလို…………….
Online ပေါ်ရောက်တိုင်း
အကြောင်းအမျိုးမျိုးပြပြီး
နင်ရှောင်တဲ့သူကငါဖြစ်တယ်။

ငါက ပုစ္ဆာတစ်ပုဒ်ဆို
နင်ကအဖြေမရှိတဲ့မသိကိန်း
ပြောင်းပြန်အချိုးကျမှတော့
ညီမျှခြင်းတွေအလှမ်းဝေးတာ
မဆန်းပါဘူးးးးဒါပေမယ့်……
နင်သိထားဖို့ကကမ္ဘာပေါ်မှာ
အဖြေမရှိတဲ့ပုစ္ဆာဆိုတာ……
မရှိဘူးနော်…။။။။။။။။။။။။။။။။။။။။။။

⎝⏠⏝⏠⎠်˙·٠•●♥ Be Happy ♥●•٠·˙
ခင်မင်လျှက်…မိုက်လေး

15 comments

  • may flowers

    June 28, 2012 at 11:20 am

    သေချာတာပေါ့မိုက်မိုက်ရယ် ကမ္ဘာပေါ်မှာ အဖြေမရှိတဲ့ပုစ္ဆာဆိုတာတကယ်မရှိပါဘူး…

    ကဗျာလေးကို အားပေးဖတ်ရှုသွားတယ်နော်။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 28, 2012 at 11:31 am

    ကျေးဇူးတင်ပါတယ်နော်….
    ခင်တဲ့………မိုက်လေး..။

  • မမ အညာသူ

    June 28, 2012 at 1:07 pm

    ကဗျာလေးကကောင်းပါတယ်
    အားပေးနေပါတယ်နော်

  • mamanoyar

    June 28, 2012 at 1:18 pm

    အားပေးသွားပါတယ်
    ဒါပေမယ့် တကယ့်ခံစားချက်ဆိုရင်တော့
    တကယ်စိတ်မကောင်းပါဘူး

  • ခပ်မိုက်မိုက် ကောင်မလေး

    June 28, 2012 at 1:43 pm

    အင်းးးးးးးးး……
    တစ်ချိန်တုန်းကပေါ့နော်….
    ခုတော့…ဒီလိုပါပဲ…။။။။။။။။။
    ကျေးကျေးပါ….။။။။။။။။။

  • snow white

    June 28, 2012 at 2:37 pm

    မိုက်တယ်ကူးပါကူတယ် စနိုးကူးသွားတယ်နော် အရမ်းမိုက်တယ်စာသားက”Online ပေါ်ရောက်တိုင်း
    ငါစကားပြောချင်တဲ့သူက
    နင်ဖြစ်သလို…………….
    Online ပေါ်ရောက်တိုင်း
    အကြောင်းအမျိုးမျိုးပြပြီး
    နင်ရှောင်တဲ့သူကငါဖြစ်တယ်။”အဲ့စာသားကိုပိုကြိုက်တယ် ။

  • ခပ်မိုက်မိုက် ကောင်မလေး

    June 28, 2012 at 3:30 pm

    အင်း ဟုတ်တယ်…
    အွန်လိုင်းပေါ်ရောက်တိုင်း…
    ရှိနေရက်နဲ့ အသိချင်ယောင်ဆောင်…
    မျက်နှာလွှဲ ခဲပစ်…..
    ဆိုတာမျိုးလား……..
    အမြဲရှောင်နေတတ်တာ………
    အထာကျနေပါပြီ……
    မခေါ်ချင် မပြောချင် မနှုတ်ဆက်ချင်နေပါ…
    သိသိကြီးနဲ့ မရွဲ့နဲ့ပေါ့နော်….။

  • အလင်းဆက်

    June 28, 2012 at 7:32 pm

    ကိုယ် မအားလို ့ပါ….မိုက်လေးရယ်…။
    ကိုယ် ့ကို နားလည် ပေးပါ..။
    အခုလိုတော့….တစ်ကမ္ဘာလုံးသိသွားအာင်…

    မပြောသင့်သေးဘူး ထင်တာပါပဲ.။.

    အဟိ ။

    စ…တာာ.။

  • ညလေး

    June 28, 2012 at 9:32 pm

    အဟက်……အဟက်..
    ကိုအလင်းဆက်ရဲ့…တစ်ယောက်သောသူများလားနော်…
    မိုက်လေးရယ်..အရေးအသားကတော့…….တိုးတိုးလို.တက်လာတယ်နော်…..
    စောင့်မျှော်အားပေးနေမယ်နော်…..

  • koko thant

    June 29, 2012 at 8:05 am

    ခပ်မိုက်မိုက်ကောင်မလေ း က ဒီလိုစားတွေရေးနေမှ တော့ ခပ်မိုက်မိုက်ကောင်မလေး မှာ ဒီလိုဖြစ်ခဲ့ဖူး လို့ပေါ့နော်
    “ငါက ပုစ္ဆာတစ်ပုဒ်ဆို
    နင်ကအဖြေမရှိတဲ့မသိကိန်း
    ပြောင်းပြန်အချိုးကျမှတော့
    ညီမျှခြင်းတွေအလှမ်းဝေးတာ
    မဆန်းပါဘူးးးးဒါပေမယ့်……
    နင်သိထားဖို့ကကမ္ဘာပေါ်မှာ
    အဖြေမရှိတဲ့ပုစ္ဆာဆိုတာ……
    မရှိဘူးနော်” ဆိုတဲ့စာလေးကိုရှင်းပြဦးနော် ကိုကိုသန့်နားမလည်လို့ပါခပ်မိုက်မိုက်ကောင်မလေးရယ်
    ငယ်သူမို့ မသိပါ ဆိုသလိုပေါ့ဗျာဟဲဟဲ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 29, 2012 at 10:19 am

    မိုက်လေးက ပုစ္ဆာတစ်ပုဒ်ဆို….
    သူကအဖြေမရှိသေးတဲ့ မသိကိန်းလေ…
    ပုစ္ဆာတစ်ပုဒ်ဆိုတာ..တွက်ချက်ပြီးမှ အဖြေဆိုတာ ရတယ်မလား…
    အဲ့ဒီတော့ တစ်ဦးတစ်ယောက် ဆီကချစ်တယ်ဆိုတာ…
    အဖြေမရှိတဲ့ မသိကိန်းတစ်ခုပဲလေ…
    မိုက်လေး…. ဘယ်လိုယုံရမလဲ……
    မသိကိန်းတွေ ပြောင်းပြန်အချိုးကျမှတော့…
    ညီမျှခြင်းတွေ အလှမ်းဝေးပြီပေါ့…ကိုကိုသန့်ရယ်
    အဖြေမရှိတဲ့ ပုစ္ဆာဆိုတာလည်း ရှိတာမှမဟုတ်တာ…
    မသိသေးတာပဲရှိတယ်လေ…..
    ဟုတ်လား..မိုက်လေးပြောတာ..။။။။။။
    ကြံဖန်တွေးဆလို့………
    အကြံဉာဏ်လေးလည်း ပေးပါဦးလို့…..
    မိုက်လေး …မန်းဂေဇက်ကသူငယ်ချင်းများကို….
    တောင်းဆိုချင်ပါတယ်……….
    ခင်မင်လျှက်….မိုက်လေး..။

  • ဇောက် ထိုး

    June 29, 2012 at 11:53 am

    သက်သက်ညာညာ ပြောလိုက်မယ်…….သူ့မှာ..ချစ်သူရှိတယ်…နင်ငရဲကြီးလိမ့်မယ်။ ဟယ်ဟယ် …ဟယ်ဟယ်..

  • ခပ်မိုက်မိုက် ကောင်မလေး

    June 29, 2012 at 12:36 pm

    အန်ကယ်ဇောက်ရယ်…………..
    ချစ်သူရှိတဲ့သူကို…………..
    မိုက်လေး..ကစိတ်ဝင်စားမယ်ထင်လို့လား…….
    ဟင့်အင်း…စိတ်မဝင်စားပါဘူး….
    အချစ်ကဗျာ…အလွမ်းကဗျာတွေဆိုတာ…..
    ခံစားချက် နည်းနည်းလေး ထည့်ရေးမှလည်း…
    အဆင်ပြေမယ်မလား……….
    ချစ်တတ်လို့ …ချစ်ကြည့်ရမယ်ဆိုရင်….
    ချစ်ဖူးကြည့်ချင်ပါရဲ့………
    ဒါပေမယ့်လည်း……….
    မလွမ်းရဲသေးသမျှတော့………..
    ဒီတိုင်းလေးပဲ ကောင်းပါ၏………။

Leave a Reply