ကျုပ်တို့ ဗမာတွေက ဆဲစရာရှိရင် စာနဲ့ ပေနဲ့ သမိုင်းတွင်အောင် ဆဲတတ်ကလား….။ အောက်က တေးထပ်လေးဖတ်ကြည့်ရင် သိနိုင်ပါတယ်…။ အများကြီးရှိတဲ့ အထဲကမှ ထင်ရှားတာလေးရှာဖွေ ပေးလိုက်တာပါ….။ ယူလာတဲ့ လင့်လေးပါထည့်ပေးလိုက်ပါတယ်…။

အချုပ်တန်းဆရာဖေ(တေးထပ်)
မြန်မာတွေ စည်းကမ်းဖောက်လို့
ထီးနန်းပျောက်ဖြစ်ပြီ
မှီးငြမ်းထောက်အသစ်မှီသည်
ညစ်ပလီလူမျိုး
မိပစ်လို့ဖရှောင်သွေတယ်
ဂွကောင်တွေခွေးဖြစ်ပေါ့ဗျိုး။
ဗမာချင်းတော့ကြွားကြချင်
ဓပြပင်သူခိုး
ကုလားမြင် သူ့အမေရိုးတော့မလိုပ
ခုမြေရှိုးပုန်းရှောင်
မိုက်မနော်ပြုမဟေးတို့က
သူ့ပထွေးတော့ခွေးသို့မဟောင်
ပြောရောဟဲ့ ရာဇဝင်ပြောင်အောင်
ဆာသင်တောင်ဒူးချလို့
ပလူးရပြေးကျို ့ကာ ခွေးသို့ပမာ
တွေးမိတိုင်းအရိုးနာသည်
အမျိုးပါဆဲချင်တော့လေး။

(အချုပ်တန်း ဆရာဖေ)
ဆရာဖေ ဟာကုန်းဘောင်ခေတ် နှောင်းပိုင်း စာဆိုဦးပုည နဲ့ ခေတ်ပြိုင်ထင်ရှားခဲ့ပြီး မန္တလေးမြို ့ရိုး တောင်ဘက်ကျုံးထိပ် အချုပ်တန်းခေါ် မြင်းကုန်းနှီးတန်းမှာ နေထိုင်တဲ့ အတွက် အချုပ်တန်းဆရာဖေ လို့အမည်တွင်ပါတယ်။သီပေါမင်း ပါတော်မူပြီး ရှမ်းပြည်ဘက်မှာနေထိုင်ရင်း သင်္ကြန်ပွဲ တစ်ခုမှာ ရေပက်ခံလိုက်ရရာက အပြင်းဖျားပြီးကွယ်လွန်ခဲ့ပါတယ်။
http://linstarmm.blogspot.com/2008/09/blog-post_9484.html
ပြောချင်တာက ဗမာ တွေ ဘာကြောင့်ဆဲသလဲ …။ ဆိုတာကို အဖြေရှာရအောင်ပါ…။ များသောအားဖြင့်ကတော့ ကိုယ့်အမျိုးကို ယ် အားမလိုအားမရဖြစ်လို့ ကောင်းစေချင်လို့ ဆဲတာရှိတယ်….။ နောက် တစ်ခုက ရှေ့က ပို့ မှာပြောခဲ့သလိုပဲ…..။ ဆဲတာဟာ ဆင်းရဲတာနဲ့ ဒွန့်တွဲနေသတဲ့…။ ချမ်းသာတဲ့ သူထက် ဆင်းရဲတဲ့သူကပို ဆဲသတဲ့ …။ ဘာလို့လဲဆို သူတို့ မှာ မကျေနပ်ချက်တွေ အလိုမကျမှုတွေ ပိုဖြစ်လို့တဲ့…။ ကျေနပ်မှုတွေ အလိုကျမှုတွေ များလာရင် လူတွေ ဟ ဆဲတာ လျော့ ကျသွားသတဲ့…။ လူမှန်ရင်တော့ ဆဲတတ်တာချည့်ပါပဲ…။ အနည်းနဲ့ အများကွာမှာပေါ့ …။ ဒါပေမဲ့ ဗမာတွေလောက် ထွင်ထွင် ကျည်ကျည် နဲ့ နှိုက်နှိုက် ချွတ်ချွတ် မဆဲကြဘူးနဲ့ တူရဲ့….။ ဗမာတွေက ဟာသ မြောက်အောင်လည်း ဆဲတတ်ကြရဲ့….။ ဘာတဲ့ “ ခွေးသား ဝက်မြေး ကြက်ယောက်ဖ” တဲ့…..။
အဲ ပြောချင်တာက ရုန့်ရင်း ကြမ်းတမ်း တဲ့ အသုံးအ နှုန်းနဲ့ အဆဲတွေက စာပေထဲမှာတင်ရှိတာမဟုတ်ဘူးနော်…။ နေ့စဉ်သုံး စကားတွေထဲမှာလည်း ရှိနေပြန်တယ်…။ ဒါကို တွင်တွင်ကျယ်ကျယ် သုံးနေတာပဲ…။ ဥပမာ “ မိအေး နှစ်ခါနာ” ဆိုတာမျိုး…..။ “လောဘကြီးတော့ -ီးလောက်ရ” ဆိုတာမျိုး….။
ထားပါ…။ ဒီနေရာမှာ ပေးချင်တဲ့ မက်ဆ့က ဗမာတွေ ဆဲတာမကြိုက်ဘူး မဆဲစေ့ချင်ဘူးဆိုရင် မဆဲကြရအောင် ဘယ်လိုလုပ်မလဲ….။ ရှေးက ရှိခဲ့တဲ့ အစဉ်အလာ ဓလေ့ စရိုက်ကို ဘယ်လိုဖျောက်ကြမလဲ….။ ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတာ ပြောကြည့်ရအောင်နော်….။ ဗမာလူနေမှု စနစ်ကို ပြောင်းဖို့လိုမလား …။ ကျုပ်ကတော့ လိုမယ်လို့ထင်တာပဲ….။ ကောင်းတာယူ မကောင်းတာ ပယ် လုပ်နေလို့က တော့ ကြာဦးမှာ …။ မြန်မြန်ဆန်ဆန် တိုးတက်မှာမဟုတ်ပေဘူး…။ ဒီတော့ ပိုးထိုးနေတဲ့ သရက်သီး တစ်လုံးလုံး လွှင့်ပစ်ပြီး နောက်တစ်လုံးခွဲစားလိုက်တာက ပိုကောင်းမယ်ထင်တာပဲ…။

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010