မျှော်လင့်ခြင်းရဲ့  နက်ဖြန်

ယုံကြည်လျက် ..ပျံသန်း

ကိုယ့်လမ်းကိုယ် ထွင်..

ခရီးနှင်  ဆဲ…………..

 

မီးလွင်ပြင်  ..ဓါးတောင်တန်း

ပန်းရိုင်းတို ့မြေ….ဖူးပွင်းဝေဖို ့

သွေးနဲ ့ပေးဆပ်..အိပ်မက်မဟုတ်

အထ္တုပ္ပတ္တိ..သမိုင်းရှိ စွ

 

မှိုင်း ခေတ်မှသည်…ယနေ ့ထိအောင်

မယိုင် စိတ်ဓါတ်..လွတ်လပ်ငှက် တွေ

ပျံသန်းလေပြီ…မာန်ဟုန်ချီလျက်

ကောင်းကင် ထက်၌…ဖျတ်ဖျတ် တောင်ပံ

အမှန် ဆီသို ့……………..

 

တစ်ရံ ရောခါ…နာနေ ရင်ထဲ

မေ့ခက်ခဲ စွာ…နေ ့ရက်စွဲ ကြာ

အနာ ဖေးတတ်…မဝေးတော့ ပါ

သာယာ တစ်နေ ့…အာဏာ ဓလေ့

မမွေ ့ကမ ္ဘာ….တစ်နေ ့ကွယ်ပျောက်

တစ်မိုး အောက်မှာ…….

 

အဆိုး ပျောက်ကာ….စိုးကြောက်ဗျာပွေ

မြန်မာ ပြည်လည်း…ချမ်းမြေ့ ပါစေ

တောင်းဆု ခြွေမြဲ…မုန်တိုင်း စဲလျင်

မကြာ ခင်တော့…ကြည်လင် ကောင်းကင်

တိမ်ကင်း စင်လို ့…နေခြည် လွင်လွင်

သာမည်ထင့်……။။။။

 


 

 

 

About maung khinmin

maung khinmin has written 85 post in this Website..