***…မျှော်လင့်ခြင်းရဲ့…နက်ဖြန်…***

maung khinminJune 28, 20121min17512

မျှော်လင့်ခြင်းရဲ့  နက်ဖြန်

ယုံကြည်လျက် ..ပျံသန်း

ကိုယ့်လမ်းကိုယ် ထွင်..

ခရီးနှင်  ဆဲ…………..

 

မီးလွင်ပြင်  ..ဓါးတောင်တန်း

ပန်းရိုင်းတို ့မြေ….ဖူးပွင်းဝေဖို ့

သွေးနဲ ့ပေးဆပ်..အိပ်မက်မဟုတ်

အထ္တုပ္ပတ္တိ..သမိုင်းရှိ စွ

 

မှိုင်း ခေတ်မှသည်…ယနေ ့ထိအောင်

မယိုင် စိတ်ဓါတ်..လွတ်လပ်ငှက် တွေ

ပျံသန်းလေပြီ…မာန်ဟုန်ချီလျက်

ကောင်းကင် ထက်၌…ဖျတ်ဖျတ် တောင်ပံ

အမှန် ဆီသို ့……………..

 

တစ်ရံ ရောခါ…နာနေ ရင်ထဲ

မေ့ခက်ခဲ စွာ…နေ ့ရက်စွဲ ကြာ

အနာ ဖေးတတ်…မဝေးတော့ ပါ

သာယာ တစ်နေ ့…အာဏာ ဓလေ့

မမွေ ့ကမ ္ဘာ….တစ်နေ ့ကွယ်ပျောက်

တစ်မိုး အောက်မှာ…….

 

အဆိုး ပျောက်ကာ….စိုးကြောက်ဗျာပွေ

မြန်မာ ပြည်လည်း…ချမ်းမြေ့ ပါစေ

တောင်းဆု ခြွေမြဲ…မုန်တိုင်း စဲလျင်

မကြာ ခင်တော့…ကြည်လင် ကောင်းကင်

တိမ်ကင်း စင်လို ့…နေခြည် လွင်လွင်

သာမည်ထင့်……။။။။

 


 

 

 

12 comments

  • mamanoyar

    June 28, 2012 at 2:36 pm

    အားပေးသွားပါတယ်ရှင်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 28, 2012 at 3:44 pm

    နက်ဖြန်ဆိုတာ ရှိနေမှတော့…
    မျှော်လင့်ခြင်းတွေ မွေးဖွားခွင့်ရှိနေသေးတယ်…
    အောင်မြင်ခြင်းမြို့တော်ဆီမှာ….
    မိုက်လေး..အတွက်
    ထက်မြတ်တဲ့ အောင်မြင်မှုဆိုတာ…
    ဘာတစ်ခုမှ မရှိခဲ့….
    ကံကြမ္မာကလည်း အိပ်စက်နေတော့…
    စိတ်ကူးနဲ့သာပျော်မွေ့တုန်း…
    လက်တွေ့ဆိုတာ မဲ့နေခဲ့တယ်….
    ခုတော့…………….
    နက်ဖြန်တိုင်း ရဲ့ နေ့သစ်တွေမှာ……
    အောင်မြင်ခြင်း ရဲ့ မြို့တော်ဆီ…..
    မိုက်လေး ရဲ့ မျှော်လင့်ခြင်းတွေ….
    အစပြုလို့……………
    ခုလက်တွေ့ ရထားပေါ်မှာ…….
    ဦးတည်ခုတ်မောင်းနေပြီလေ……..။

    • maung khinmin

      June 29, 2012 at 10:13 am

      လိုရာခရီးကို….
      မိုက်လေးတစ်ယောက်
      ထင်တိုင်းပေါက်ပါစေသား….လို့
      ကျုပ်ဆုတောင်း..ပေးလိုက်ပါရဲ့

  • သားဦး၊မြေးဦး

    June 28, 2012 at 7:29 pm

    ဓါးတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည့် ရဲဘော် သံချောင်းပါခင်ညာ့။
    နောက်တာနော်။

    • maung khinmin

      June 29, 2012 at 10:15 am

      သံချောင်းနဲံ့….ပင်လယ်ခရီးကိုဖြတ်ရင်တော့….
      မြုပ်ဖို့ကတော့..ရာခိုင်နှုန်းပြည့်ပဲခင်ဗျ…
      နောက်တာနော်….

  • အလင်းဆက်

    June 28, 2012 at 7:37 pm

    လေးစားထိုက်တဲ ့ကဗျာ.တစ်ပုဒ်ပါ..။

    ကျွန်တော်လည်း…အဲဒီလို ကဗျာ မျိုး.ရေးတတ်ချင်မိတယ်..။

    • maung khinmin

      June 29, 2012 at 10:16 am

      ဆြာအလင်းဆက်က….
      ကျုပ်ထက်အများကြီး..ပိုတတ်လိမ့်မယ်လို့..ထင်မိပါကြောင်း

  • မမ အညာသူ

    June 29, 2012 at 9:49 am

    ကဗျာကိုလှလှပပမရေးတက်ပေမဲ့
    ခံစားတက်ပါတယ်
    မနက်ဖြန်ဆိုတာရှိနေသ၍တော့
    ဆက်ချစ်နေအုံးမှာပါ

    • maung khinmin

      June 29, 2012 at 10:19 am

      မမညာရယ်..ကျုပ်ကိုရင်ခုန်အောင်တော့…
      မလုပ်ပါနဲ့ဗျာ

  • မောင်ပေ

    June 29, 2012 at 12:52 pm

    ကျုပ်ကတော့ ဆြာခင့်ရဲ ့ကဗျာတွေ နေ ့တိုင်းဖတ်ရဖို ့မျှော်လင့်နေတယ်ဗျို ့

  • မဂွတ် ထော်

    June 29, 2012 at 1:41 pm

    ကောင်းကင် ထက်၌…ဖျတ်ဖျတ် တောင်ပံ

    အမှန် ဆီသို ့……………..

    တစ်ရံ ရောခါ…နာနေ ရင်ထဲ

  • Aythan

    August 3, 2012 at 12:15 pm

    “မြန်မာ ပြည်လည်း…ချမ်းမြေ့ ပါစေ” ကဗျာတစ်ပုဒ်လုံးမှာ ဒီစာသားကို သဘောကျတယ်

Leave a Reply