…***တိမ်ဖုံး တဲ့ လ…***

maung khinminJune 28, 20121min1398

အမည်း တစ်စက်..ဖျက်ဖို ့ရန်ခက်

နက်ဖြန် ပျောက်ဆုံး…အမှောင် ဖုံးလွှမ်း

စုံလုံး ကန်းပေါ့….စမ်းတဝါး သာ

 

ဘယ်မှာ ရှာရ….နောင်တ ကိုလွယ်

အိပ်မက် ပြယ်လွင့်…စွန် ့ပစ် ခြင်းဒဏ်

သိမ်ငယ် ခံခက်…အပျံ ခက်ဆဲ

ကံ ကမွဲသူ…နေပူပူ မှာ

ဖြေကူ သူမဲ့…တောင်ကျိုး ငှက်နှယ်

 

ရှင်လျက် နှင့်သေ…သောက မွှေဆဲ

ပြိုလဲ စိတ်ဓါတ်…မျှော်လင့် ပျက်ပြယ်

လောက လယ်မှာ..ဗလာနတ္ထိ

ရှက်မိ လိပ်ပြာ..စိတ်နာ အတိတ်

အရိပ် ဟပ်ထင်…ကြေးမုံ ပြင်လို

အလိုဆန္ဒ..မြိုချ ကြာရှည်

သေရာ ပါမယ့်….ဒဏ်ရာပေ

 

တွေဝေ မိုက်မှား…လောကီ သားမို ့

အမှားတစ်ခါ…စာမျက်နှာတွင်

ပြင်ဆင် နောင်တ…နောက်မကျ လဲ

စွန်းဆဲ ပေကျံ…ဖျက်ရန် ခက်ဆဲ

အရိပ်မည်းကား…ပြည်ဖုံး ကားချ

ရ မည် မထင်….။။။။

 


 

8 comments

  • mamanoyar

    June 28, 2012 at 2:30 pm

    အားပေးသွားပါတယ်ရှင်

    • maung khinmin

      June 29, 2012 at 10:09 am

      ဟုတ်ပါတယ်…ကိုသားဦးရေ….
      စိတ်ကရှေ့ဆောင်နေတဲ့…လူ့ဘဝမှာ
      ဒဏ်ရာရသွားခဲ့မယ်ဆိုရင်…သေရွာထိအောင်ပါသွားတတ်တယ်လို့….
      ကြားဖူးပါရဲ့…

    • maung khinmin

      June 29, 2012 at 10:09 am

      ဟုတ်မှလဲ…လုပ်ပါဗျာ

  • မမ အညာသူ

    June 29, 2012 at 9:47 am

    ကောင်းပါတယ်ရှင်
    ညာလဲအားပေးနေပါတယ်နော်

    • maung khinmin

      June 29, 2012 at 10:06 am

      ကျေးဇူးပါ…ညာ

  • ညလေး

    July 2, 2012 at 11:15 pm

    အားပေးသွားပါတယ်ဂျင့်……
    အရေးအသားကိုတော့အရမ်းသဘောကျပါတယ်ရှင်……..
    တိမ်ဖုန်းနေတဲ့လလေးမသာနိုင်ပေမယ့်……
    ကိုယ့်ပတ်ဝန်းကျင်ကိုလှည်.ကြည့်သင့်ပါတယ်…..
    ပိုးစုန်းကြူးလေးတွေလင်းလက်နေတာ…..တွေ.ရပါလိမ့်မယ်……

Leave a Reply