ဂျပန် နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် စစ်အစိုးရအား တရားဆွဲဆိုမည့် အစီအစဉ်

wailynnooJune 27, 20101min1144

မြန်မာ စစ်အုပ်စု၏ မတရားညှင်းပန်း နှိပ်စက် အနိုင်ကျင့် ခံခဲ့ရသူ မြန်မာ အမျိုးသမီး ၄ ဦးမှ မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ်နှင့် Human Rights Now (HRN) တို့၏ အကူအညီဖြင့် ဂျပန် နိုင်ငံရှိ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် စစ်အစိုးရအား တရားဆွဲဆို စီရင် ဆုံးဖြတ်သွားမည်ဖြစ်ရာ၊ ၎င်း အစီအစဉ်အား Burma Campaign Japan (BCJP)မှ (www.burmacampaign.net) တွင် တိုက်ရိုက် ထုတ်လွှင့် တင်ဆက် ပေးသွားမည် ဖြစ်ပါသည်။

မြန်မာအမျိုးသမီးများ၏ လူ့အခွင့်အရေး ဆုံးရှုံး နေမှုများ၊ အထူးသဖြင့် လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုများကို အရေးမယူပဲ စစ်အစိုးရမှ လစ်လျှူရှု ထားဆဲပင် ဖြစ်သည်။ ထိုသို့ လစ်လျှူရှုကာ လူ့အခွင့်အရေးချိုး ဖောက်နေမှုများကို နိုင်ငံတကာ လှုပ်ရှားမှု တရပ်အနေဖြင့် တားဆီးရန် ၂၀၁ဝ ခုနှစ် မတ်လ (၂)ရက်နေ့က အမေရိကန်နိုင်ငံ နယူးယောက် ပြည်နယ်တွင် မြန်မာနိုင်ငံ အမျိုးသမီး အဖွဲ့ချုပ် (WLB)နှင့် နိုဘယ် ဆုရှင် အမျိုးသမီးများ ဦးဆောင်ကာ နိုင်ငံတကာ ပြည်သူ့ခုံရုံးတွင် ကျင်းပခဲ့ကြသည်။ မြန်မာစစ်အစိုးရသည် မိမိ၏ ပြည်သူများ အပေါ် ဆိုးရွားသော ရာဇဝတ်မှုများ ကျူးလွန်သည် (Crimes against humanity)ဟု အဆိုပါ ပြည်သူ့ ခုံရုံးမှ စီရင် ဆုံးဖြတ်ခဲ့သည်။

နိုင်ငံတကာ ပြည်သူ ့ ခုံရုံး ဖွင့်၍ ဒုတိယ ခြေလှမ်း အဖြစ် ၂၀၁ဝ ခုနှစ်၊ ဇွန်လ (၂၇)ရက်၊ (တနင်္ဂနွေနေ့)တွင် နေ့လည် ၁းဝဝ နာရီမှ ညနေ ၅းဝဝ နာရီအထိ Aoyama Gakuin University, Building No.(6) တိုကျိုမြို့၊ ဂျပန် နိုင်ငံတွင် ပြုလုပ်မည် ဖြစ်သည်။

မြန်မာ အမျိုးသမီးများ အပေါ် စာနာစိတ်ထားရှိခြင်းနှင့် တရားဥပဒေ မြတ်နိုးခြင်းတို့ အပေါ် အခြေခံ၍ ဂျပန်နိုင်ငံတွင် ပထမဦးဆုံအကြိမ် ကျင်းပပေးသော နိုင်ငံတကာ ပြည်သူ့ ခုံရုံး ဖြစ်ကြောင်း BCJP သို့ ပြောကြား လာပါသည်။

အဆိုပါ ပြည်သူ့ ခုံရုံးအား နိုင်ငံတကာ ဥပဒေ ကျွမ်းကျင်သူ တရားသူကြီး (၅)ဦး၊ တရားလိုဘက်မှ ရှေ့နေ (၈) ဦးနှင့် စစ်အစိုးရ ဘက်မှ တရာခံ ရှေ့နေ (၃) ဦး ပါဝင်ဖြင့် နိုင်ငံတကာ ဥပဒေ လုပ်ထုံး လုပ်နည်းအတိုင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်သို့ >> (www.burmacampaign.net)

Source: freedomburma.org

4 comments

  • ghost

    June 27, 2010 at 5:26 pm

    tv ကဘယ်လိုကြည့်ရမလဲ ဘယ်အချိ်န်လဲ ကြည့်ချင်လို ့ပြောပေးပါ။

  • snow

    June 28, 2010 at 2:53 am

    အဲလိုဖြစ်သင့်တာကြာပြီ
    အချိန်လေးပြောပြပါ

  • yannaingech

    June 28, 2010 at 4:45 am

    စစ်အစိုးရကို သူတို့က တရားစီရင်ပြီးပါပြီတဲ့။ ဘယ်သူက စစ်အစိုးရကို အပြစ်ပေးမလဲ။ အုပ်ချုပ်ရေးမရှိဘဲ တရားစီရင်ရေးကို ဘယ်လိုလုပ်မလဲ။ လေထဲမှာ တရားစွဲပြီး လေထဲမှာပဲ အပြစ်ပေးလို့ရမှာပေါ့။

Leave a Reply