သူကြီးကိုတောင်းဆိုခြင်း(သို့) မေးမြန်းခြင်း

snow whiteJune 28, 20121min39644

“သူကြီးစနိုးတို့မန်းဂေဇက်ကိုမန်ဘာစဝင်တုံးက (၄000)ဘဲရတယ် နော် ခုမှမန်ဘာဝင်တဲ့ သူတွေ(၅000)ဖြစ်သွားတယ်နော် သူကြီးဘာလို့လည်းဟင်  စနိုးရွာထဲ မဝင်တာတော်တော်လေးကြာသွားပြီ  တကယ်မသိလု့ိမေးတာပါ(၅000)ဖြစ်သွားတာ ကြာပြီလားဟင်  စနိုးမေးချင်တာ ကဘာကြောင့်(၅000)ဖြစ်သွားတာလည်း သူကြီးများထီပေါက်လို့လား  ဒါမှမဟုတ် သူကြီးစိတ်ကြည်နေတုံး တယောက်ယောက်က (၅000)ပေးလိုုက် ရကောင်းမလား လို့အကြံပေးလို့ လားဟင်  သူကြီးပြန်လည်ဖြေကြားပေးပါနော်   ”                       မှားတာ ရှိတယ်ဆိုရင်ခွင့်လွှတ်ပေးပါနော်  သိချင်စိတ်ကို စိတ်ထဲမှာဘယ်လိုမှမထားတက်လို့ မေးမြန်းလိုက်ခြင်းသာဖြစ်ပါတယ် မည်သည့်ကိစ္စ ကြောင့်မှမေးမြန်းခြင်းမဟုတ်ပါ မကျေနပ်လို့မေးမြန်းခြင်းလည်းမဟုတ်ပါ  သူကြီးသိချင်လို့သာမေးတာနော်

 

44 comments

  • kai

    June 28, 2012 at 3:26 pm

    ဘာမှစိတ်ထဲမရှိပါဘူး..
    ဒီလိုပဲ..
    ရွာသူား၈ထောင်ကနေ… ၉ထောင်ဖြစ်အောင်..နည်းနည်းပိ်ုပေးလိုက်မှတွေးပြီး.. ပေးလိုက်တာ..

    စဉ်းစားကြည့်တော့မှ.. လူ၁ထောင်တက်လာတာမှာ.. တယောက် ကျပ်၁ထောင်တိုးလိုက်တော့..
    ကျပ် ၁ဝသိန်းအဆစ်ပါသွားတာပဲ..
    ငွေပြန်ချမှနဲ့တူတယ်.. 😕

    • the best

      June 28, 2012 at 6:58 pm

      မြန်မာငွေတွေ ဖေါင်းပွလို ့ ဒေါ်လာကိုင်နေတဲ့ သူကြီး တွက်ချေကိုက်ပြီး ပျော်နေတာပါ။
      တစ်ရွာလုံးကိုပေးရမဲ့ မြန်မာငွေ ကို ဒေါ်လာနဲ ့တွက်ရင် သူကြီးဘယ်လောက် မြတ်သွားသလဲ။

      မြန်မာငွေ ကိုင်တဲ့သူတွေ ညစ်နေပြီ။ သူကြီးကတော့ပျော်နေပြီ။

  • TNA

    June 28, 2012 at 3:31 pm

    အောင်မယ်လေး သူက ၄၀၀ဝ ပဲရလို့တဲ့။ သများတို့တုန်းက ၃၀ဝ ပဲရပါတယ်ဆိုနေ။ ဒီအနာဟောင်းပဲလာ လာဆွနေတယ်။ သဂျီး ၄၇၀ဝ ပြန်ပေး။ အထုပေး။ အညန်ပေး။

    • myanmarcitizen

      June 28, 2012 at 4:29 pm

      ဟုတ်ပါ့ ဟုတ်ပ့ါ ကိုယ်တွေများ သနားစရာကောင်းလိုက်တာ။ 🙁

  • manawphyulay

    June 28, 2012 at 3:32 pm

    ခုမှ ပြန်ချမယ်လေ ဘာလေးမလုပ်နဲ့ … နိုင်ငံတော်ကြီး ပြောင်းလဲနေပြီဆိုတော့ ရွာကြီးလဲ ပြောင်းလဲမယ်ဆိုတဲ့သဘောနဲ့ လုပ်ပြီးမှ ဘာပြန်ပြင်ချင်တာလဲ…
    ခုတစ်မျိုးတော်ကြာတစ်မျိုးမလုပ်နဲ့နော် သဂျီး။
    ရွာသူရွာသားအဟောင်းတွေကိုလည်း ပြန်ပြီး တိုးတက်ပြောင်းလဲပေးမှပေါ့ အသစ်တွေကို မက်လုံးပေးပြီး တိုးပေးတယ်။ အမှန်ဖြစ်သင့်တာက ရွာခံတွေကို နှစ်ဆတိုးပေးသင့်တာပေါ့ မဟုတ်ဘူးလား…. 😛

    • TNA

      June 28, 2012 at 6:13 pm

      ဘရာဗိုပါမနောရေ။ အကြီးကြီးထောက်ခံတယ်။ ရဲဘော်ဆက်လုပ်။

  • မမ အညာသူ

    June 28, 2012 at 3:41 pm

    ညာတို့ရွာကသူကြီးကသဘေားကောင်းပြီတာပါနော်
    ဘက်မလိုက်တက်ပါဘူး
    ခေတ်အလိုက်ပြောင်းလဲလိုက်တာပါနော်

  • ko khin kha

    June 28, 2012 at 3:42 pm

    ပြောတော့ပြောချင်တယ် သူကြီးနဲ့လည်းမရင်နှီးသေးတော့
    ဟောက်လိုက်မှာလဲကြောက်လို့။
    မပြောတော့ပါဘူး သူကြီးတို့ခေတ်ဘဲ လုပ်သမျှပေါ့။
    ရွာထဲသတင်းပျံပြီး ဆူပူကုန်ရင် သူကြီးထိန်းရခက်မှာဘဲစိုးတာပါ။

  • snow white

    June 28, 2012 at 3:49 pm

    တစ်သိန်းပြည့်ပြီးတဲ့သူတွေကိုမတိုးပေးနဲ့တော့သူကြီး စနိုးတို့လို သူမျိုးတွေသာပေးသင့်တယ် ။

    • ရဲစည်

      June 29, 2012 at 1:17 am

      စဂါးမစပ် တသိန်း ဘယ်သူများ ပြည့်ပီးသတုန်း
      အဲလာလေး သိချင်ထှာ……………………. 🙂

      • htoosan

        June 29, 2012 at 7:47 am

        သိသလောက် လေးပေါက်၊ etone ၊ မနောဖြူလေး ။
        အောက်ဆုံးက top 10 ကြည့် ရင် etone နဲ့ လေးပေါက် တို့ က နောက်တစ်သိန်း နား နီးနေကြပြီ။ များများ အားပေးလိုက်ကြစို့ ဗျို့။

        • zarzarhtwe

          June 30, 2012 at 3:10 am

          ကိုထူးဆန်းရေ
          ရွာတော်ရှင်မှမေ့ရတယ်လို့။

  • ဟုတ်ဘူး တစ်သောင်းတန်ထုတ်တာကို ကြိုဆိုသောအားဖြင့် 5000လို့တိုးပေးလိုက်တာနေမှာ။
    သူကြီး ကငွေဆယ်သိန်းထက်တအား ငိုတာဘဲ လက်ငင်းပေးရတာလဲဟုတ်ဘဲနှဲ့။

  • etone

    June 28, 2012 at 4:03 pm

    အဲ ..စနိုးရေ .. တိုးတိုး ယူထားတာမဟုတ်ဘူး .. သူစိတ်ကောင်းဝင်နေတုန်းလေး ပေးတာကို … ။ ဟိဟိ …
    အရင်က မန်ဘာဝင်ရင် ထောင်ဂဏန်းတောင် မရဘူးမှတ်တယ် … ဟိ .. ။ 😛

  • mayjuly

    June 28, 2012 at 4:15 pm

    ငွေရေးကြေးရေး အကြောင်းပြောနေဂျပါလားး…
    တဂျီး ချေတနာကို ဆော့ကစား ကြပါ နဲ့နော်…
    ဦးလေး တဂျီးက ချိတ်ပြောင်းတွားမှ ဖင့် ဒက်ခ …

    ဟိဟိ ၁ဝ ယူပီး ကျန်ဘီ …

  • ငပွကြီး

    June 28, 2012 at 4:24 pm

    အခုမှ စဝင်တဲ့သူက ၅၀၀ဝ ရတယ် ..
    ၂ ခါလည်ကျော်နေတဲ့ ကျုပ်က အခုမှ ၃၈၃၁ ဆိုတော့ …: ( 😕
    ပြန်ထွက်ပြီး အသစ်ပြန်ဝင်မယ်ဗျာ…ဘယ်လိုလဲ…:P
    ခံစားရတယ်…

  • laypai

    June 28, 2012 at 4:44 pm

    သဂျီး ကျနော် မန်ဘာ ဝင် တုံး က ဘယ်လောက် ပေး လိုက် လဲ မ မှတ် မိတော့ လို့။

  • ဘဲဥ

    June 28, 2012 at 4:46 pm

    လောလောဆယ် တစ်ဆယ်သေချာလို့ ယူတွားဘီဗျာ

  • char too lan

    June 28, 2012 at 5:53 pm

    မှတ်မှတ်ရရ ၂၀၀၉ခုနှစ် ၅လပိုင်းမှာ မန်ဘာစဝင်တော့ ၄၅ဝ ရတာပါ ဒါတောင်ဘူးမှဘာသံမှမထွက်ဘူးရယ်
    ဒီကြားထဲ ပွိုင့်လိုဂျင်လို့ရေးဒယ်ဆိုပီး မကြာခဏ ခဏခဏ ပြောခံထိနေကြတာရယ်
    ဒီလိုသာမေးမိလို့ဂဒေါ့……………………. :mrgreen:

  • water-melon

    June 28, 2012 at 6:05 pm

    အမရေး
    များတို့တုန်းကလဲ
    တစ်ရှူးဘိုးတောင် မရှိပါဘူးတော်
    အခုမှ ၅၀၀ဝတောင်
    မာဆတ် ၂ ဆက်ရှင်ဖိုးလောက်စီတယ်
    တူဂျီးတော် အဟတ် အဟတ်

  • သားဦး၊မြေးဦး

    June 28, 2012 at 6:53 pm

    ကျနော်တို ့စဝင်တော့ ၃၀ဝကျပ်ဘဲရသဗျာ။(၄၇၀၀)ကျပ်ပြန်ဖြည့်ပေးပါအုံး။
    ဟိ. ဟိ. နောက်တာပါဗျ။

  • ဖိုးထောင်

    June 28, 2012 at 7:20 pm

    အဟင့် များတို့ဝင်တုန်းက ဘယ်လောက်မှန်းတောင်မသိပါဘူး အခုမှ ၃၀၀ဝ ကျော်ပဲရသေးတယ် ကြည့်ပါလား အခုပြောရင်းဆိုရင် သူကြီးက နှစ်လုံးပူးကြီးနဲ့လာထောက်နေပြီ အမလေး အူယားပြီး ကြောက်တယ် ပြန်ဖြည့်ပေး အဟင့်

  • may flowers

    June 28, 2012 at 8:17 pm

    သဂျီးနော် ပြောထားမယ် ဒီမှာဝင်ရေးနေတာ ငွေရေးကြေးရေးအဓိမဟုတ်ဘူး………ပိုက်ဆံလိုချင်လို့

    ရေးနေတာ……။

  • Aung

    June 28, 2012 at 8:20 pm

    သူကြီး
    ကျွန်တော်လည်း မင်ဘာ ဝင်ချင်လို့
    ဘယ်လိုဝင်ရမလဲ
    မန့်လေး နဲ့ဘဲ ဖြေပေးလိုက်ပါ
    သူကြီး ကျန်းမာပါစေ။
    Aung

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 28, 2012 at 9:21 pm

      ကိုယ့်ဆာသိတာလားမသိတာလား……
      မန်ဘာမဝင်ဘဲဘယ်လိုလာမန့်ပါသလဲ…….
      ပုံ…..
      သူကြီးသမက်….လာထားတစ်ဆယ်မကြာခင်တစ်သောင်းပြည့်မယ်…..
      ကြေးတံဆိပ်ရမယ်ထင်တာပဲ…ဟုတ်သလားသူကြီးမင်းရေ…
      နယူးဘီးတော့မဟုတ်တော့ဘူးထင်တယ်နော့်….

  • မောင်ပေ

    June 28, 2012 at 9:33 pm

    သားသားလေး မောင်ပေလဲ မေးချင်လို ့ပါ ခင်ဗျ
    သဂျီး က စီအိုင်အေ မှာ ဘာရာထူးလဲ ဆိုတာကို….
    ဖြေပေးပါနော….

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 28, 2012 at 9:35 pm

    ဒေါ်စနိုးရေ……
    ကျွန်တော်တို့လဲလေးထောင်သမားပါ….
    ငါးထောင်ဖြစ်ဖြစ်လေးထောင်ဖြစ်ဖြစ်ပါ….
    ရွာထဲစဝင်တုန်းကပိုက်ဆံအတွက်ဝင်တာမဟုတ်ဘဲ….
    ရွာထဲကရွာသူားတွေနဲ့ကိုယ်တိုင်ဆွေးနွေးချင်တာရယ်…
    ကိုယ်သိထားတာလေးတွေပြန်မျှဝေချင်တာရယ်…..အင်ဖော်မေးရှင်းလေးတွေပေးချင်တာရယ်
    ဆိုတဲ့စိတ်မျိုးနဲ့ဝင်တာပါဗျာ…..
    လေးထောင်ပေးပေးငါးထောင်ပေးပေး…တစ်သိန်းမပြည့်မချင်းတော့
    ထုတ်မရတာတူတူပါပဲ…တစ်ချို့များစိတ်မရှည်တော့လို့ထွက်သွားတာလဲအများကြီးပါ….
    ကိုယ်တွေကစိတ်ရှည်မယ်ဆိုရင်ဒီတစ်သိန်းကိုကိုယ့်ရဲ့ကလောင်သွားတန်ဖိုးအဖြတ်ခံရဦးမှာပါ…..
    စကားမစပ်ကျွန်တော်ကတော့သူကြီးဆီကရှစ်ထောင့်တစ်ရာ့ငါးဆယ်ရဖူးတယ်ဗျို့…
    ဒေါ်ဆူးရဲ့အလှူတော်မင်္ဂလာမှာလှူလိုက်ပါတယ်…..
    သူကြီးပေးတဲ့ဒါ့ပုံဖိုးကိုယ့်ရဲ့လုပ်အားစစ်စစ်နဲ့ရတာမို့နွားရောင်းရတဲ့ပိုက်ဆံလေးကို
    မှတ်မှတ်ရရလှူခဲ့ဖူးပါတယ်….
    ပြောချင်တာကတော့စိတ်ရှည်ရှည်နဲ့ဆက်ရေးပါ….ပိုက်ဆံမထုတ်ခင်တော့
    သတင်းလှူတဲ့အလုပ်လို့သဘောထားပေါ့ပိုက်ဆံထုတ်တော့လဲကိုယ့်လုပ်အားခကို
    အကျိုးရှိတဲ့နေရာသုံးလို့ရပါတယ်…..
    ကိုယ့်အားလပ်ချိန်တွေထဲကတစ်စိတ်တစ်ပိုင်းကိုအကျိုးရှိရှိအသုံးချတာလဲဖြစ်ပါတယ်……
    အမြဲတမ်းသတင်းယူပေးနေရတဲ့သတင်းသမားတွေမဟုတ်ပဲ…
    ဒီဆိုဒ်လေးကကိုယ်ဘဝမှာတကယ်လို့များသတင်းထောက်တစ်ဦးစာရေးဆရာမတစ်ဦးလုပ်စားမယ်ဆိုရင်
    လဲ …သတင်းစာဂျာနယ်မဂ္ဂဇင်းအစရှိတဲ့နေရာတွေမှာအလုပ်လျောက်တဲ့အခါ
    လုပ်ငန်းအတွေ့အကြုံအနေနဲ့ဘယ်ကာလအထိရှိတယ်ဆိုတာထည့်သွင်းဖော်ပြလို့ရတာပေါ့…..
    ဖေ့ဘွတ်ခ်တို့ဂျီတော့တို့မှာအလာပသလာပအချိန်ဖြုံးမယ့်အစား…..
    သူတို့ကိုလဲအသုံးချရင်း…..မြန်မာပြည်ရဲ့ကွန်နက်ရှင်အနေအထားအရ
    ဝဘ်ပေ့ချ်တစ်ခုမှတစ်ခုကိုဖွင့်တဲ့အခါကြာရှည်လှတဲ့အချိန်ကိုစောင့်ရင်း
    စာလေးပေလေးရေးပြီးငွေလဲရှာလုပ်သက်လဲယူတယ်လို့ပဲစိတ်မှာမှတ်လိုက်ပါဗျာ……..
    ရွာသူားများနှင့်စာဖတ်ပရိတ်သတ်များကိုအစဉ်လေးစားလျက်မေတ္တာထားလျက်
    ပုံ……
    ခေတ္တသူကြီးဘက်ကရှေ့နေ…..
    ရှမ်းပြည်သား(တောင်ပိုင်း)

    • laypai

      June 29, 2012 at 11:05 am

      ကိုရှမ်း ပြော တာကို ထောက် ခံ ပါတယ်။
      မ မန့်ဘဲ + ပေးပြီး တော့ ကျေနပ်ချင် တာပါ။
      ဒါပေမဲ့ + ပေးတာ ထက် ရေး ပြီး submit comment လုပ်တာ က ပို မြန်တယ်။
      + ပေး ရင် page တစ်ခုလုံး က fail ( မှိန် ) ပြီး ၃ မိနစ် လောက် ဘာမှ လုပ်မရဘူး။
      စက်ကြောင့် လား ကော်နက်ရှင် ကြောင့်လား အပစ် မပြောတော့ ပါဘူး။ မြန်လဲ မြန် ၁ဝ လဲ ရတဲ့ …..ဟဲ..ဟဲ။

  • ဦးဦးပါလေရာ

    June 28, 2012 at 11:57 pm

    ကျုပ်ကတော့ ငါးထောင်ပြည့်ဘို့ တနှစ်ခွဲလောက်ကြာခဲ့တယ်မှတ်တယ်..။
    ကျုပ်နဲ့အတူမင်ဘာဝင်တဲ့ ကျုပ်သူငယ်ချင်းခမျာ အခုထိ နှစ်ထောင်မပြည့်သေးရှာဘူး…။ 😀

  • the best

    June 29, 2012 at 12:34 am

    ရွာထဲကိုလာရတဲ့ ခရီးစရိတ်၊ ရွာထဲလျှောက်ကြည့်တဲ့စရိတ်
    ရွာထဲကပြန်ထွက်တဲ့အထိ ကုန်လိုက်တဲ့စရိတ်တွေ တွက်ကြည့်ရင်
    သူကြီးသနားပြီး အရမ်းတိုးပေးလို ့ မပြောတော့ပါဘူး။

  • the best

    June 29, 2012 at 12:35 am

    ရွာထဲကိုလာရတဲ့ ခရီးစရိတ်၊ ရွာထဲလျှောက်ကြည့်တဲ့စရိတ်
    ရွာထဲကပြန်ထွက်တဲ့အထိ ကုန်လိုက်တဲ့စရိတ်တွေ တွက်ကြည့်ရင်
    သူကြီးသနားပြီး အရမ်းတိုးပေးမှာစိုးလို ့ မပြောတော့ပါဘူး။

  • ရဲစည်

    June 29, 2012 at 1:12 am

    ဟမလေး
    ဒီရွာထဲစဝင်တော့ ဒါတွေတလုံးမှ မသိဘူး…………………….
    ပိုစ့်တင်ရင် ဘယ်လောက် မန့်ရင်ဘယ်လောက် ခုနောက်ပိုင်းမှ
    သေချာသိရတာ မမြော်မှန်းရဲပါဘူး တသိန်းဆိုတာကြီး သေချာတွက်ရင်
    ကွန်းမင့်၈၀၀ဝလောက်နဲ့ ပို့စ်အပုဒ်ရေ ၅၀ဝလောက်များ ရေးရမလားမသိ lol

  • Foreign Resident

    June 29, 2012 at 7:03 am

    သနားအောင် ပြောလိုက်ဦးမယ် ။
    အဘ တို့လို နိုင်ဂျန်ဂါးမှာ တကျွန်း ကျ နေတဲ့သူတွေကိုကျတော့ ။
    သူကြီးက မပေးဘူးတဲ့ ။ အဟင့် ဝမ်းနည်းထှာ ။

  • htoosan

    June 29, 2012 at 7:34 am

    ရွာသူားဟောင်းတွေ ဆူမှာ စိုးလို့တဲ့ မန့်တာ ၁၅ ဖြစ်သွားပြီ ။
    မြန်မာပြည် က အလုပ်ရုံပိုင်ရှင်တွေ သူကြီး ကို အကြံပေး ခန့်သင့်တယ် ။ ရွာဆူ ဆန္ဒပြမှာ စိုးလို့ မန့်တာ လေး တိုးပေးလိုက်တယ် ။ နောက်မှ ဘယ်တော့ ပြန်လျှော့ဦးမလဲ မသိဘူး … 😀

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 29, 2012 at 7:38 am

      မဟုတ်ဘူးဦးထူးဆန်းရေ……
      သူကြီးဘဏ္ဍာတိုက်ဖောက်မယ်ပြောလို့ကြိုပြီးအမတော်ကြေးထုတ်ချေးတာ…..
      အဖောက်ခံရရင်ဘာမှမရဘူးအမတော်ကြေးချေးတာကမှအတိုးလေးဘာလေးရနိုးနဲ့ဗျ…
      စီဂျေကြီးပြောသလိုဆန္ဒပြလဲသူကြီးကခပ်အေးအေးဘဲ……

    • amatmin

      June 29, 2012 at 11:01 am

      ၁၅ ကျပ်တိုးပေးတာ ဟုတ်မဟုတ်.
      ဒီပို့စ်မှာ တခါတည်း စမ်းမန့်လိုက်အုန်းမယ်..
      အဟိ.. 😛

  • mocho

    June 29, 2012 at 10:43 am

    ဟုတ်တယ် အဘ ဖောရေ သဂျီး က မျက်နှာလိုက် တယ် ၊နိုင်ငံ ဂျား က ရေး ရ တာလဲ မျက်စိ ညာင်း ၊ ခေါင်း မူး ရတာ ချင်း အတူတူ ပါပဲ၊ ဟွန်း …..ဂီဂီတို့ ..အရီး လတ် တို့ ရေ ..တကျွန်း တွေ ပေါင်းပြီး တန်းတူ အခွင်းရေး တောင်း ကြရအောင် …ဟိ…. ဟိ……ပြေးပြီ

    • Azzurri

      June 29, 2012 at 11:02 am

      ဟုတ်တယ်ဗျို့ …ထောက်ခံပါတယ်…
      သဂျီးကို စန္ဒာပြပါ့မယ်…
      (လပြည့်ည ကျရင်..)
      😀

  • hein latt

    June 29, 2012 at 11:16 am

    ဒါနဲ. ဇဂါးမစပ် အာဗာတာရဲ.အပေါ်ထောင့်ဂ ဘာဂဏန်းတွေဒုံး ကွန်မန်.အရေအတွက်လည်းဟုတ်ဖူး….
    ပြောရင်းဆိုရင်း ၁၅ ကျပ်ယူဒွားဗီ….ဒီဒီ့ဒီ…..

  • antimoe

    June 29, 2012 at 11:20 am

    ဘယ်လောက်ရပြီလဲဆိုတာ…
    သိချင်လို့….မန့်လိုက်ပါတယ်။

  • ဇောက် ထိုး

    June 29, 2012 at 11:28 am

    သားသား ဘာမှ သိတော့ .. ဘာမှပြောရဘူး.. အဲဒါအေးတာပဲ။ သိပြောနေရဦးမှာ.. တကယ်တော့ မသိမှုအဝိဇ္ဇာက ကမှကောင်းတာ။ ဒါကို လူတွေက မကောင်းဘူး မကောင်းဘူးနဲ့ပြောကြတာ။
    ဗွီဒီယို ဇာတ်လမ်းတွေကြည့်… သူတို့လိမ်နေတာကို မသိမှ ကြည့်ကောင်းတာ.. ငိုစရာရှိငိုလိုက်။ ရယ်စရာရှိ ရယ်လိုက်…
    ဒါကြီးကို လိမ်နေတာကြီးလို့သိသွားရင် ဘယ်လိုလုပ်ကောင်းတော့မှာလဲ။
    ဇောက်ထိုးပါဆို…….. ဇောက်ထိုးတော့ မြင်မှပေါ့။

  • koko thant

    June 29, 2012 at 1:38 pm

    ကိုကိုဇောက်ပြောသလို ကျနော်လည်းဘာမှမသိတော့ဘူးဗျာ ရှုပ်နေတာပဲ နားမလည်တော့ဘူး
    သူကြီးခိုင်ရော ဖြစ်နိုင်ရင် အဲ့ဒီအကြောင်းတွေကို ရှင်းပြပါလား
    ကျနော်ကတော့ဘာမှကိုမသိဘူး ပိုက်ဆံဘယ်လိုရတာတောင်ကျနော်သေချာမသိဘူးးးးးးးးးးးးးးးး

  • Mon Kit

    June 29, 2012 at 1:54 pm

    မွန်ကစ်တို့တော့ သဂျီးပေးမဲ့ တစ်သိန်း ကို ရနိုင်ဖို့ နောက်မျိုးဆက်သစ် ၂ ဆက်လောက် ချန်ခဲ့မှ ရနိုင်မယ်နဲ့တူတယ်… 🙁

  • awra-cho

    June 29, 2012 at 5:32 pm

    တားလဲ တနှစ်ကျော်ပေါ့၊ နှစ်ထောင်ကျော်ပဲ ရှိတေးတယ်ဂျ။ ဆိုင်ဆိုင် မဆိုင်ဆိုင် လိုက်မန့် မှပဲရတော့မယ်

Leave a Reply