စကားလုံးတွေ မပါအောင် ရေးထားတဲ့ ဝတ္ထု

alinsettJune 28, 20121min22118

( ကျွန်တော် နှင့် အကြောင်းတရားများ…။ )

ရနံ ့တစ်ခု ကို ကျွန်တော် ရနေသည် ။

နှင်းဆီပန်းရနံ ့လား..၊ ဒါမှ မဟုတ်…စကားပန်းတစ်ပွင့်ပွင့်၏ ရနံ့လား..။ သေချာ မသိပါ..။

စိတ်ထဲက သိနေတာကတော့….ထိုရနံ ့သည်.. ပန်းရနံ ့ တစ်ခုခု ဆိုလျှင်….

သာမန် ပန်း ရနံ ့ မဟုတ် …။

သဘာဝတရားကို လွန်ဆန်ထားသော…..ပန်းတစ်ပွင့်ဖြစ်နိုင်ချေ ရှိသည့်…ရနံ ့ ။

ကျွန်တော် အိပ်မရတာ ဤ ပန်းရနံ ့ကြောင့်တော့ မဟုတ်ပါ..။

ကျွန်တော့် အိပ်စက်ခြင်းကို..ဖျက်လို ဖျက်ဆီး..ပြုနေသော..အရာ..တစ်ခု မက..ရှိနေပါသည် ။

၆… ။ …………………… ………. ………။

၅….။ ကျွန်တော် ဖတ်ချင်လွန်းအားကြီး..၍…ဝယ်ထားပြီး..ပြင်သစ် ဘာသာစကားကို မတတ်သောကြောင့်…

ဖတ်မရဘဲ.. အသစ် အတိုင်း ရှိနေသေးသော..ပြင်သစ်စာအုပ်တစ်အုပ်…။

၄….။ ကျွန်တော် သေသွားလျှင်…ချန်ထားရစ်ခဲ့မည့် စာသားများ….များစွာ ထဲမှ….

ကျွန်တော် စိတ်ကျေနပ်မှု အပြည့်ရကာ….ကျေနပ်စွာ ..ထားရစ်ခဲ့ချင်သည့်.စာ ..တစ်ကြောင်း..

( ရေးမည်..ဟု အားတင်း../ အားခဲ ကာ..ရေးဖို ့ကြိုးစားနေခဲ့ ../ သို ့သော်…ယနေ့ ့ထိတိုင် မရေးနိုင်သေး..)

၃….။ “ကျွန်တော်ရေးသော ကဗျာ ” နှင့် …'”.ကဗျာရေးသော ကျွန်တော် “..ကို ရောထွေး၍ ဝေဖန်တတ်သော.

ဝေဖန်ရေးဆောင်းပါးများ….

၂….။ ပြင်ပ အနေအထားကိုသာကြည့်၍..ဆက်ဆံတတ်သော..လူအချို ့၏ ဆက်ဆံရေး….

၁….။ အကြောင်းပြချက် မရှိ…ခွဲ ခွါ…ချန်ရစ် ထားခဲ့သော…ချစ်သူ ၏ စိမ်းကားရက်စက်မှု….

………………………

………………………စသည်ဖြင့်…အကြောင်းအချက်များ…များစွာ.ကြောင့် ကျွန်တော့် အိပ်စက်ခြင်းတို ့ ပျက်ပျက် ..ယွင်းယွင်း..ရှိခဲ့ပြီ.. ။

ထိုအကြောင်းအရာများထဲမှာ…ကျွန်တော့် စိတ်ကို ဆွဲခေါ်ကာ…အရာအားလုံးကို စွန့်လွှတ်နိုင်သည် အထိ…ဖြားယောင်း..ထားသော အချက် တစ်ချက်

အကြောင်း..ကျွန်တော် ပြောပြချင်ပါသည် ။

ဤ အကြောင်းကို ပြောရာတွင်..စကားများများမပြောတတ်သော /

အသံ ထွက် ခြင်းကို…..မုန်းတတ်သော.ကျွန်တော့် ထုံးစံ အတိုင်း….

မျက်လုံးများဖြင့်သာ..ပြောပြပါမည် ။။

ကျွန်တော် က မျက်လုံးများဖြင့် ပြောသောစကားများ ဖြစ် ၍…သင်တို ့က နားဖြင့် မကြားနိုင်ပါ ။

နှလုံးသားဖြင့်..နားထောင်မှသာ….

ကျွန်တော် ဘာပြောမည်ကို သင်တို ့…သိရှိပါလိမ့်မည် ။
_______________________________________

( ကျွန်တော်နှင့်…. ပုစ္ဆာ….)

” “…………………….
……………………..
………………………
…………………….
……………………..
……………………
……………………
…………………………..
………………………….
…………………………..
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx””

___________________________________

၊( ကျွန်တော်နှင့် ဆန္ဒ )

ကျွန်တော်ပြောပြခဲ့သည်..အကြောင်းအရာကို သင်တို ့…

ဘယ်လို ထင်သလဲ…။

မဖြေပါနှင့်…။

ကျွန်တော် သိချင်ပါသည် ။ မေးချင်ပါသည် ။ သို ့သော်….

မဖြေပါနှင့်…။

” ” ပုစ္ဆာ တစ်ပုဒ် အဖြေ မှန်..ထွက်သွားလျှင်..ဖြေဆိုသူထက်..မေးသူက ပိုပြီး..သိက္ခာ ကျပါသည် ။ “”

ထို ့ကြောင့်……မဖြေပါနှင့်..။
_______________________________

(ကျွန်တော်နှင့် ထူးဆန်းသော စာအုပ်တစ်အုပ် )

ကျွန်တော် အိပ်မပျော်သည်မှာ…

ညပေါင်း ဘယ်လောက် ရှိပြီလဲ…။

ကျွန်တော် မှတ်မထားမိပါ ။ ကျွန်တော် ကိုယ်တိုင်ပင် မသိတော့သောကြောင့် သင် ..သိမည်ဟုလည်း..ကျွန်တော် မယုံကြည်ပါ ။

မနေ့က တော့…..

မနက်ပိုင်းမှာ…. ကျွန်တော့် ဝတ္ထုတိုတစ်ပုဒ် ပါဝင်သော မဂ္ဂဇင်းစာအုပ် တစ်အုပ် …ရောက်လာပါသည် ။

ထို မဂ္ဂဇင်းတိုက်က ပို့ ့လိုက်တာ..ဖြစ်မည် ။

မဂ္ဂဇင်းစာအုပ်နှင့်အတူ…..

အခြား..အရာများလည်း…ပါ လာသောကြောင့် ကျွန်တော်..””.အံ့ကြီးကြီး…ဩ .””.လိုက်မိပါသည် ။

မဂ္ဂဇင်း..စာမျက်နှာများကြားတွင်….””..ညိုးတိုး..ညက်တက်…”‘..ပါဝင်လာသော..အရာများ….

ကျွန်တော် ့ စာရေးစားပွဲ..ပေါ် ထွက် ..ကျ သည် ။

ကျွန်တော်………………….

“” ထိတ် တစ်ထိတ်…./ လန် ့တစ်လန် ့..””..ဖြစ်ကာ… ခုန်…ထ လိုက်မ်ပါသည် ။

မဂ္ဂဇင်းနှင့် အတူ….ညပ်..ပါလာသော..အရာများမှာ…

အောက်ပါ အတိုင်းဖြစ်ပါသည်..။

၈ ။ ။ ကျွန်တော် မကြားချင်သော..ကြွေကြော်သံများ…

ရ ။ ။ ခပ်ညံ့ညံ ့ဒဿနများ…

၆ ။ ။ အတ္တများ..

၅ ။ ။ အမည်များ…

၄ ။ ။ ဘာသာ စကားများ..

၃ ။ ။ သရ..များ…

၂ ။ ။ ဗျည်းများ…

၁ ။ ။ စာမူခ ( ထမင်းတစ်နပ်စာ ခန် ့….)

………………..
………………..။

ထို ့အပြင်……………………..

ကျွန်တော့် ( ဓါတ်ပုံပါသော ) စာပေ အင်တာဗျူး စာမျက်နှာများလည်း….ပါဝင်လေသည် ။

စာပေ ရေးရာ စကားများမှ လွဲလျှင် အခြား စကားများ…ကို…အမေး မခံတတ်သော..ကျွန်တော့် အတွက်..

စောပရေးရာ..သီးသန် ့ အင်တာဗျူး..ဖြစ်သည် .။

” ဓါတ်ပုံ မရိုက်ပါနဲ ့လား…ဗျာ..”” ဆိုသော ကျွန်တော့်စကားကို…

ဇွတ်အတင်း..သိမ်းပိုက်ကာ….

ရိုက်..ယူသွားသော…ကြောင့်…

ကျွန်တော့် ဓါတ်ပုံ..မဂ္ဂဇင်း ပေါ်..ရောက်သွားပါသည် ။

ထို ေ့ကြာင့်.. ကျွန်တော့် ဓါတ်ပုံကို..ကျွန်တော် သေချာ ြ့ကည့်လိုက်မ်ိပါသည် ။

___________________________

( ကျွန်တော် နှင့် ဓါတ်ပုံ )

ဓါတ်ပုံက ကျွန်တော့်ကို သေချာ ပြန် ကြည့်နေသောကြောင့်

ကျွန်တော်ကလည်း..ဓါတ်ပုံ့ကို သေချာ ပြန်ကြည့်ရာ..

ကျွန်တော့်ကိုလည်း…ဓါတ်ပုံက သေချာပြန်ကြည့်သောကြောင့်.

ကျွန်တော်ကလည်း.ဓါတ်ပုံကို သေချာပြန် ကြည့်သည့် အခါ..

ဓါတ်ပုံ့ကလည်း..ကျွန်တော့်ကို သေချာ ပြန်ကြည့်၍..

ကျွန်တော်ကလည်း….ဓါတ်ပုံကို သေချာ ပြန်ကြည့်ရာတွင်..

ဓါတ်ပုံကလည်း..ကျွန်တော့်ကို သေချာ ပြန်ကြည့် သည့် အလျောက်….

ကျွန်တော်ကလည်း..ဓါတ်ပုံကို..သေချာ ပြန်..ကြည့်သောကြောင့်….

ကျွန်တော့်ကိုလည်း..ဓါတ်ပုံက…….သေချာ ပြန်..ကြည့် နေသည့် အခါ..ကျွန်တော်ကလည်း……

……………………………….
………………………………
…………………………………

________________________________________________-

( ကျွန်တော်နှင့်…အံ့ဩခြင်း.. )

ကြည့်ရင်း.ကြည့်ရင်းးဖြင့်..

ကျွန်တော်..အားခနဲ..အော်မိပါသည်။

” အားးးးးးးးးးးးးးးးးးးးးး ”

ထိုေ့နာက်….

( အံ့ကြီးကြီး..ဩ..ကာ )

ဘုရား..ဘုရား…ဟု မြည်တမ်းမိပါသည် ။

“” ဘုရားးးးးးးးးးးးးးးးးးး…ဘုရားးးးးးးးးးးးးးးးးးး “”

အဲဒီနောက်…………………

ကျွန်တော်…..အော် ပစ်လိုက်ပါတော့သည် ။

နှလုံးသားနှင့်………….

အပြုုံးများ.နှင့်………….

အဆုံးစကားနှင့်…………

အရှုံးများ..နှင့်…………..

အသုံး…များ..နှင့်……….

အော်သည်…။

ပို၍ ပြင်းထန်စွာ..အော်သည် ။

ထို ့နောက်…..အော်..ပါ..သည် ။

_________________________________________

( ကျွန်တော် ့ အော်သံ….)

“‘ အို…………..လောက……….

သင့်ထံမှာ…….နှိုက်ချွတ်…ရှာဖွေနေသော…

ငါ ၏ ” ရှာဖွေခြင်း…”

ဤ နေ ့မှာ အဆုံး သတ်ချေပြီ….။

………………………………

သင့်ထံမှာ…..

ငါ…မရှာ…. ။

ငါ့ ထံမှာသာ..ငါရှာတော့မည်….။

သင့် ထံမှာ…ရှိ အံ ့ ထင်ခဲ့ ၍…ငါရှာဖွေ ခဲ့သော အရာကို…

ယခု ပင် ..သဲလွန်စတို ့….

ငါ………………

တွေ ့ပြီ….။

…………………….

ယခု…….ယခု……ယခု…….ငါ..တွေ ့ပြီ…။

ဟေ့…..လောက………….

ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး…နိုးထနေသော…လောက…………..

ခု…အိပ်စမ်း းးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

သင့်နှင့် အတူ….. သင့်ရင်ခွင်မှာ………………

……………………………

ငါ အိပ် စက်တော့မည်….။ “””

___________

လေးစားစွာဖြင့်…

အလင်းဆက်

26 . 6 . 2012 / 19 : 00 PM

alinsett.art@gmail.com

18 comments

  • စိန်ဗိုက်ဗိုက်

    June 28, 2012 at 7:05 pm

    ဟေး..မူးဝေခြင်းတွေနဲ ့ အရက်ပုလင်း.
    အိပ်စမ်း..
    ယစ်မူးခြင်းတွေနဲ ့အတူ ငါအိပ်စက်တော့မည်..။
    ဂိန်..

    နောက်တာနော်..ဆက်ဆက်..
    ရှစ်လို ့ရဒါ ရှိတ်ရှိုးနဲ ့..

  • ဖိုးထောင်

    June 28, 2012 at 7:09 pm

    ဟင့် ချကားရုံးပါဘူးရဲကြောတေးဒယ် အညားဂျီးပဲ လူဇိုး

  • အလင်းဆက်

    June 28, 2012 at 7:15 pm

    ဟေး..မူးဝေခြင်းတွေနဲ ့ အရက်ပုလင်း.
    အိပ်စမ်း..
    ယစ်မူးခြင်းတွေနဲ ့အတူ ငါအိပ်စက်တော့မည်..။

    ဗိုက်ဗိုက်….ရေ…ကောင်းလှ ချည်လား….။

    ရှစ်လို ့ရဒါ ရှိတ်ရှိုး..ရှရာ…မဟုတ်လို ့…ရှိုး..ပါဘူးဂျ ။

    ဖိုးထောင်…လေးလည်း..ကိုယ့်ကို စိတ်မဆိုးပါဘူးလို့…ကတ်ိပေးပါလားကွာ..
    အဲ….ဘယ်ရောက်သွားပါလိမ့်…စကားအဓိပ္မယ်က…။

    အားလုံးကို…ခင်မင်လေးစားလျက်ပါ…ဗျာ။

  • အလင်းဆက်

    June 28, 2012 at 7:47 pm

    ကိုသားဦး..ရေ..
    ခေါင်းမူးတဲ ့ရသ..ရတယ်..ပေါ့နော် ။.

    နောက်တစ်ခါ…ဒီလို မော်ဒန် ဝတ္ထုတို ဆန်ဆန်ရေးဖြစ်ရင်…..ခေါင်းမူးပျောက်ဆေးလေး..ထည့်ရေးပေးပါ့မယ် ။

    အဟိ

  • may flowers

    June 28, 2012 at 7:56 pm

    ဖတ်ပြီး ကိုယ်ပဲဥဏ်မမီလို့လားမသိ ဘာမှနားမလည်ပဲ မူးသွားပါတယ်။..ကယ်ပဲ။

  • ကိုရင်မောင်

    June 28, 2012 at 8:13 pm

    အလင်းဆက် ရဲ့အင်တာဗျူး ပါလာတဲ့ မဂ္ဂဇင်းနာမည်လေးသိပါရစေ…..

  • ဝင့်ပြုံးမြင့်

    June 28, 2012 at 9:50 pm

    ရွှေအမြုတေ ပါ။

    • ကိုရင်မောင်

      June 29, 2012 at 4:54 am

      ဗျူးတဲ့အကြောင်းအရာလေးများပြန်ရှယ်ပေးကြပါလား
      တို့ အလင်းဆက်ကြီးကို ဗျူးထားတာဖတ်ချင်လို့ပါ
      ဂုဏ်ယူပါတယ်အလင်းဆက်ရေ……

    • Pitbull

      June 29, 2012 at 6:05 am

      အမ ဝင်းပြုံးမြင့်ရေ
      အချိန်ရရင် မန်းဂေဇက်မှာ စာလေးတွေ ရေးလို့ မျှဝေပေးပါအုံးရှင်….

      ကိုအလင်းဆက်ရေ
      သဘောတရားတွေ နားမလည်ပေမဲ့ စာကို အဆုံးထိအောင် ဖတ်ပီး အားပေးသွားပါတယ်ရှင်..

  • မောင်ပေ

    June 28, 2012 at 10:03 pm

    ကျုပ်နဲ ့မိန်းမတစ်ယောက်
    ငွေမရှိရင် သူပူတယ်
    ငြူမယ် ဆူမယ်
    ကျုပ်နဲ ့ဘီယာတစ်ခွက်
    သောက်ရင် ခဏတာရင်အေးပြီး
    ဒုက္ခတွေကို ခဏမေ့သွားတယ်
    ဆိုတော့
    ဘီယာသောက်ပြီးမှ မိန်းမဆီပြန်မယ်။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 28, 2012 at 11:20 pm

    စာဖတ်ပြီးအိပ်ချင်လာတယ်
    ငိုက်သရမြောက်ပါတယ်….အဟိ
    စတာနော်….ကိုအလက်ဆင်း…..
    သင့်ရင်ခွင်မှာငါအိပ်ဆက်တော့မည်ဆိုတော့
    သားတို့ကကောင်မလေးကိုပဲရင်ဘတ်အငှားလိုက်ပါတယ်ဟဲဟဲ…….
    အိပ်ကာနီးမို့နောက်တစ်ခေါက်သေချာပြန်လာဦးမယ်………
    ပြီးရင်အပီပွားမယ်……

  • mamanoyar

    June 29, 2012 at 9:28 am

    အားပေးသွားပါတယ်ရှင်

  • မမ အညာသူ

    June 29, 2012 at 10:16 am

    ဝါးးးးးးးးးးးးး
    ခေါင်းနောက်တယ်
    ငိုက်တောင်လာပြီ
    zzzzzzzzzzzzzz

  • Nyein Nyein

    June 29, 2012 at 12:41 pm

    “ကျွန်တော်ရေးသော ကဗျာ ” နှင့် …’”.ကဗျာရေးသော ကျွန်တော် “..နဲ့ ” ပုစ္ဆာ တစ်ပုဒ် အဖြေ မှန်..ထွက်သွားလျှင်..ဖြေဆိုသူထက်..မေးသူက ပိုပြီး..သိက္ခာ ကျပါသည် ။ “ ဆိုတာကို အရမ်းကြိုက်ပါတယ်။
    မော်ဒန်ကိုသိပ်နားမလည်ပေမယ့် အဆုံးထိဖတ်ပြီး အားပေးသွားပါတယ်နော်။

  • kyeemite

    June 29, 2012 at 1:17 pm

    အော်..မော်ဒန်..မော်ဒန်
    ရေးတတ်ပါပေ့ ဆြာအလင်းဆက်ရေ..ဆိုပီး
    အံ့ကြီးကြီး..ဩ သွားပါဂျောင်း။

  • အလင်းဆက်

    June 29, 2012 at 6:56 pm

    အနုပညာ ဖန်င်္တီးမှု တစ်ခု..ပါ ။

    အသိပေးကြေငြာချက်..ဆိုတဲ ့စာတစ်ပူဒ် ဂေဇက်မှာ တင်ပြ ဖူးပါတယ် ။ အဲဒီ စာ ကို လင့်ခ် လေးပေးလိုက်ပါတယ် ။

    http://myanmargazette.net/72976/arts-humanities
    အဲဒီ. ပိုစ့် ထဲမှာေ ရးထားခဲ့သလိုပါပဲ..။

    ကျွန်တော်…က မော်ဒန်…ဖြစ်အောင် လည်း..လုပ် ရေးတာ မဟုတ်ပါဘူး။ မော်ဒန် မဖြစ်အောင်လည်း..နှုတ် မရေးပါဘူး။ ရေးတတ်သလို ချ ရေးလိုက်တဲ ့စာ..ပါ။
    မော်ဒန် ဖြစ်သွားပါတယ် ။ ဒါ..ကျွန်တော် တစ်ယောက်ထဲ..ကြုံရတာ မဟုတ်ပါဘူး။
    မသိစိတ် ဒါမှမဟုတ်..သိ်စိတ် ရဲ ့ အတွင်းပိုင်း နက်နက် ထဲ..အထိ..တိုးဝင် ပြီး..အာရုံ ခံစား နေတဲ ့အချိန်မှာ..
    ချရေးဖြစ်တဲ ့..စကားလုံးတွေပါ ။

    ကျွန်တော်…ဒီ ဝတ္ထုကို… ကျေနပ် အားရလှတယ်..မဟုတ်ပေမယ့်….
    စာရေးချင်သူ ဆိုတာ..ကိုယ် ရေးတဲ့ ့စာလေးကို….အားလု့းမြင်အောင်..ပြချင်တတ်တာ..သဘာဝ မို ့..တင်ပြလိုက်ပါတယ်နော်

    ကျွန်တော် ့ စာတွေကို ဖတ်ရှုကြသူအားလုံးကို ကျေးးဇူးတင်ပါတယ် ။

    တစ်ယောက် ချင်းစီကို..ကျေးဇူးတင်ပါကြောင်း……

    ခင်မင်လေးစားစွာ…
    အလင်းဆက်

Leave a Reply