စင်ကာပူ သင်္ဘောကုမ္ပဏီ တွင် Engineer post , S pass နှင် ့လုပ်ရန် ဆက်သွယ်နိုင်ပါသည်

မိုခ်ိဳJune 28, 20121min37627

ကျမ ခင်ပွန်း လက်ရှိ လုပ်နေ သော သင်္ဘော ကုမ္ပဏီတွင်  Assistance Engineer   ရာထူး ၁ နေရာ လစ်လပ်နေပါသည်။ ကျမခင်ပွန်း လုပ်နေသော Electrical ဌာန တွင် သူ့ရဲ့ လက်ထောက် အဖြစ် လုပ်ကိုင်ရန် ဖြစ်ပါသည်။ သူက ဌာနတာဝန်ခံ ဖြစ်သည့် အတွက် သူ့ လက်ထောက်ကို သူ့ စိတ်တိုင်းကျ  ရွေးချယ်ခွင့်ပေးထားပါသည်။
ကျမခင်ပွန်း ကိုယ်တိုင် အင်တာဗျူးမည် ဖြစ်ပြီး သူ့ သဘော ကျ ရွေးချယ်ပြီးပါက မန်နေဂျာ က လက်မှတ် ထိုး ကာ၊ သူဌေး မှ တန်းခန့်မည် ဖြစ်ပြီး MOM (ministry of manpower ) သို့ တင်ပေးပါမည် ။ အလုပ်လုပ်ခွင့် S pass ကျ မကျ ကတော့ မိမိ ကံသာလျှင် ဖြစ်ပါသည်။
အောက်ပါ အချက်အလက်နှင့် ကိုက်ညီ သူများ လျောက် နိုင်ပါသည်။

အသက် ၄ဝ အောက် အမျိုးသား
BE, B tech ဘွဲ့ တခုခု ရထားသူ(civil, archi မဟုတ်ရင် ရတယ်) (သို့) AGTI +(Any Graduate , သိပ္ပံ ဘွဲ့ ဖြစ်က ပိုကောင်းသည်) (သို့) သိပ္ပံ ဘွဲ့တခုခု ရထားပြီး Engineering ဆိုင်ရာ diploma, certificate တခုခု ရှိ သူ(သို့) ရေကြာင်း တက္ကသိုလ် ဆင်း

Electrical Power ပိုင်း Air Con ပိုင်း ဆိုင် ရာ လုပ်ငန်း အတွေ့ အကြုံရှိသူများ။
လုပ်ငန်း အတွေ ့ အကြုံ မရှိပဲ ကျောင်း ပြီး ကာစ (fresh graduated) များလည်းလျောက် ထားနိုင်သည်။
အဓိက က သွက်လက် ဖျက်လက် ပြီး သင်ယူချင်စိတ် ရှိရမည်။

သူတို့ ဌာနရဲ့ လုပ်ငန်း သဘောတရား က
ကုမ္ပဏီ ပိုင် ဆွဲ သင်္ဘော ငယ် (tugboat) များ ရဲ့ Electrical ပိုင်းဆိုင် ရာ ကိစ္စ အဝဝ ကို တာဝန်ယူ ပြင်ဆင် ပေးရတာ ဖြစ်ပါတယ်။
၁ ပတ် ကို ၅ရက်ခွဲ (စနေ နေ့ဝက်ဆင်း) ၊အလုပ်ချိန် 9 am-6 pm (ညနေပိုင်း အလုပ်ရှိ လျှင် တော့ ရှိသလို လုပ်ရပါသည်)
လစာ S$ 2000 ဝန်းကျင်၊ အခြားခံစားခွင့် က ၁နှစ် ကို ဘောနပ်စ် ၁ လစာမှ ၃ လစာ အထိပေးပါသည်။
အိုဗာတိုင် ကြေး မရှိပါ။

ကျမ အမြင် ပြော ရရင် အင်ဂျင်နီယာဘွဲ့ရ ဟုတ်ဟုတ် မဟုတ်ဟုတ်၊ လုပ်ငန်း အတွေ့ အကြုံ ရှိရှိ မရှိရှိ အဓိက က တော့ ကြိုးစားပြီး သင်ယူချင်စိတ် ရှိရင်ရပါပြီ ၊ ဘာလို့ လဲဆိုတော့ မြန်မာပြည် က လာ သူက သင်္ဘော Electrical power ပိုင်း အတွေ့ အကြုံ ရှိဖို့ ဆိုတာ မလွယ်ပါဘူ။ ပြန်သင် ပေးရမှာပါပဲ ၊ ကျမ ခင်ပွန်း ပဲ လက်တွဲ ခေါ်ယူ သင်ပေး ရမှာပါ။ MOM (ministry of manpower ) မှာ S pass တင်တဲ့ အခါ ဘွဲ့ နဲ့ position ကိုက်မှ သာ pass ကျဖို့ အခွင့် ရေး များတာဖြစ်လို့ ဘွဲ့ကို ထည့် ပြောရခြင်း ဖြစ်ပါတယ်။

စိတ်ပါဝင်စားသူများ CV အကောင်းဆုံးရေး ၍ အောက်တွင် ဖေါ်ပြပါ ဖုန်းနံပါတ် ၊မေးလ် များသို့ ဆက်သွယ်နိုင် သည်။ မြန် မာပြည် မှ လျှောက်လွှာ တင်သူကို pfingo, g talk, VZO များမှ တဆင့် ဗျူးမည် ဖြစ်ပြီး ရွေးချယ် ခံရပါ က လိုအပ် သော အချက်အလက်များကို online မှ တောင်းယူ၍ MOM တင်ပေးပါမည်။
S pass    ကျမှ သာ တခါတည်း အလုပ် စဝင် ရန် လာရမည် ဖြစ်ပါသည်။

Email                 pmwmowin@gmail.com
Phone            +65 92712956 ( စင်ကာပူ စံတော်ချိန် ည ၈ နာရီ နောက်ပိုင်း ဆက်ရန်)
ရန်ကုန် ဖုန်း       09 5403187 ( 2nd July မှ 17th July အတွင်း မြန်မာပြည်မှာရှိပါမည်၊ လူကိုယ် တိုင် ဆက်သွယ်၍ ဗျူးနိုင်ပါသည် )

ရွာသားတွေထဲ ကဖြစ် စေ၊ရွာသူားတွေရဲ့  ဆွေမျိုး အပေါင်းအသင်းထဲက ဖြစ်စေ၊ ဖတ်မိတဲ့ သူ မည်သူ မဆို စိတ်ဝင်စားပါက ဖေါ်ပြပါ အတိုင်း ဆက်သွယ် နိုင်ပါတယ်။ သူ က သေချာ ရှင်းပြ ပြီး လိုအပ် တာ ဗျူးပါလိမ့် မယ်။ ဗျူး တယ်ဆိုတာထက် ဘာတွေ လုပ်တတ် သလဲ၊ ဘာတွေ လုပ်နိုင် သလဲ ဆိုတာ မျိုးမေးပါလိမ့် မယ်။

27 comments

  • ကိုရင်မောင်

    June 28, 2012 at 7:54 pm

    မိုချိုရဲ့စေတနာကတော့ လေးစားလောက်ပါတယ်…
    အခွင့်အရေးလေး ရတာနဲ့ ရွာသူရွာသားတွေကို
    သတိတရအသိပေးတဲ့အတွက်..
    ကျေးဇူးတင်စရာပါ….
    တို့ရွာသားတွေနဲ့အဆင်ပြေပါစေ…….

  • သားဦး၊မြေးဦး

    June 28, 2012 at 8:38 pm

    ဟုတ်ကဲ့ လက်ဆင့်ကမ်းပြောပြပေးပေါ့မယ် ခင်များ။
    ကျေးဇူးတင်ပါတယ်ဗျာ။

  • Foreign Resident

    June 28, 2012 at 9:20 pm

    ကြုံတုန်းလေး ပြောခွင့်ပြုပါကွယ် ။

    ပြီးခဲ့တဲ့ တနင်္လာနေ့ အဘ ရဲ့ MG ရွာသူားတွေနှင့် ညစာ စားပွဲတုန်းက ၊
    မြန်မာ သင်္ဘောလောက အကြောင်း ပြောကြတဲ့အထဲက ၊
    STCW White List အကြောင်း နဲနဲ ပြောမိခဲ့တယ ်။
    အဘ လဲ ရန်ကုန်ရောက်ကာစ ဆိုတော့ ၊
    သေချာ မစုံစမ်းရသေးပဲ နဲနဲ ထင်ကြေးပေးခဲ့တာ ၊
    မပြည့်စုံဘူး ဖြစ်သွားတယ် ။

    အခုတော့ တိတိကျကျ မေးပြီးပြီဖြစ်လို့ ၊
    ပြန် Correction လုပ်ပါတယ် ။

    ၁ ။ လာမယ့် November လ အထိ မြန်မာ နိုင်ငံဟာ
    STCW White List ထဲမှာ ရှိနေမှာပါ ။

    ၂ ။ Capt. Lawrence Aye Maung နှင့် Independent Assessor တို့
    July လ ထဲမှာ Independent Assessment လာလုပ်ပါလိမ့်မယ် ။

    ၃ ။ အဲဒီမှာရလာမယ့် Independent Assessment ကို မှ ၊
    လာမယ့် IMO နိုဝင်ဘာ meeting ကိုတင်ပြပါလိမ့်မယ် ။

    ၄ ။ အဲဒီ IMO နိုဝင်ဘာ meeting ကမှ မြန်မာနိုင်ငံ ၊
    STCW White List ထဲ ဝင်သင့် မဝင်သင့် ဆုံးဖြတ်ပါလိမ့်မယ် ။

    ၅ ။ IMO က အချက်အလက်ကို မလုံလောက်ဘူး ၊ မကြိုက်ဖူး ဆိုရင် ၊
    နောက်တစ်ခါ ပြန်ပြင်ပြီးတင်ဖို့ Second Chance မရှိတော့ပါဘူး ။

    ၆ ။ မှန်တာပြောရရင် ပြီးခဲ့တဲ့ ဇွန်လ Meeting မှာ ကတည်းက
    အဲဒီ Independent Assessment ကို ကြိုတင်သင့်တာပါ ။
    အခုက တကယ့် Last Minutes မှတင်သလိုဖြစ်နေပါတယ် ။

    ရ ။ အဲလိုကြိုမတင်နိုင်တဲ့အတွက် အခုအခါ မြန်မာ သင်္ဘောသားတွေကို ၊
    လိုင်းကြီးတွေက ခေါ်ယူဖို့ မဝန့်မရဲ ဖြစ်လာနေပါပြီ ။

    ၈ ။ မြို့မေတ္တာ ခံယူနေကျ ယူနီဖေါင်း ပြောင်းဝတ်ထားတဲ့ ၊
    ပို့ဆောင်ရေး ဝန်ကြီးဌာန ရဲ့ အကြီးဆုံး ပုဂ္ဂိုလ်ကြီးကတော့ ၊
    ” သူများက White ဆိုပြီး ၊ အသိအမှတ်ပြုမှ White ရမှာလား ၊
    ကိုယ့်ဖာသာကိုယ် White နေရင်ပြီးတာပဲ ” ဆိုတဲ့ စကားကိုပြောပြီး ၊
    မြန်မာ သင်္ဘောသားထုကြီး တစ်ရပ်လုံးရဲ့ ရှေ့ရေးကို ၊
    မိုက်မဲစွာ လောင်းကြေးထပ်လိုတဲ့ စကားကို ဆိုခဲ့ပါတယ် ။

    ၉ ။ သူ့ရဲ့ အကိုကြီး ညီလေး တွေထဲကတစ်ယောက်ဖြစ်တဲ့ ၊
    လျှပ်စစ် ဝန်ကြီးဌာန ရဲ့ အကြီးဆုံး ပုဂ္ဂိုလ်ကြီး တစ်ဦးရဲ့ ၊
    ” မြန်မာပြည်မှာ လျှပ်စစ် နှင့်ပါတ်သက်ရင် သူ့ထက်သိတဲ့သူ မရှိဘူး ”
    ဆိုတဲ့စကားကိုပဲ အော့နှလုံးနာစွာ သတိရမိပါတယ် ။

    Any How ၊ နိုဝင်ဘာလ အထိတော့ White ပါသေးတယ် ။

    • Khaing Khaing

      June 29, 2012 at 10:18 am

      အဘရေ …… ကျေးကျေးပါ အခုလို သိချင်တာလေးကို ရှင်းရှင်းလင်းလင်းသိအောင် ပြောပြပေး တဲ့အတွက်ပေ့ါ …….. ရင်ထဲမှာ အပူမီးတွေလောင်နေခဲ့တာတော့အမှန်ပါပဲ ……. ဒါပေမယ့် နိုဝင်ဘာလ အထိတော့ ရင်တမမနဲ့စောင့်မျှော်ရဦးမှာပေါ့လေ …….

      • Foreign Resident

        June 30, 2012 at 5:20 am

        သမီး Khaing Khaing နှင့် သင်္ဘောသား ရွာသားတွေ ရေ ။

        အခုဆို သမီးလည်း အဘ ရဲ့ အနေအထား ၊
        အဆက်အသွယ် ကို တော်တော်သိနေပါပြီ ။
        အဘ Detail ထပ် မပြောချင်ပါ ။
        အခြေအနေက သိပ် အကောင်းကြီး မဟုတ်ဘူး လို့ပဲ ပြောလိုပါတယ် ။

        သမီး Khaing Khaing ရေ ။
        အဘတော့ MG မှာ ဆက်ရေးရမှာ အရမ်းလန့်နေပြီကွယ် ။
        ဘယ့်နှယ် ၊ ဒီလောက် တိုက်ဆိုင်ရတယ် ။
        MG က ရွာသူားတွေ ရဲ့ မိဘ တွေ ၊ ခင်ပွန်း တွေက ၊
        အဘ နှင့် သင်္ဘော တစ်စီးတည်း အတူတူ စီးဖူးသူတွေ ဖြစ်နေရတယ်လို့ ။
        တစ်ယောက်လောက်ဆို မပြောပါဘူး ။
        ဒါတောင် MG ရွာသူား နဲနဲလေးနှင့်ပဲ သိသေးလို့ ။

        ဒုက္ခ ပါပဲ ၊ ဒီလောက်တောင် ပေါတဲ့ သူကြီး ဆိုပြီး ၊
        သင်္ဘောပေါ်မှာ ဘယ်လို အုပ်ချုပ်ရပါ့ ။ ဒုက္ခ ။ ဒုက္ခ ။

        အင်း ၊ နောက်ဆို အတွေးအခေါ် Critical thinking တွေ မရေးပဲ ၊
        ခရီးသွား ဆောင်းပါးလေးရေး ၊ ဓါတ်ပုံလေးတင် ။
        လူတကာ ကြိုက်လောက်တဲ့ Comment လေးတွေပဲ ပေးရတော့မယ် ။
        ဒုက္ခ ။ ဒုက္ခ ။ Identity Reveal ရဲ့ ဒုက္ခ ။

    • TNA

      June 30, 2012 at 9:40 am

      ကြိုးစားနေကြပါပြီအဘရေ။ ပထမတခါတုန်းက တော်တော့ကိုပေါ့ခဲ့ကြတာပါ။ ပြောသမျှအားလုံး ပယ်ချနေတာပဲလို့ကြားတယ်။ အခုတော့ နဲနဲစိုးရိမ်တတ်လာပါပြီ။ သတင်းကောင်းကြားရမှာပါ အဘရေ။

  • King of Secrets (Bo Min)

    June 28, 2012 at 10:15 pm

    တိကျမှု၊ မှန်ကန်မှု ရှိရင်တော့ လက်မလွှတ်သင့်ဘူးနော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 29, 2012 at 12:24 am

    ကောင်းပါတယ်ဗျာ ကိုယ့်လူတွေကို ကိုယ်သိတတ်တာ
    ကျုပ်ကတော့ အီလက်ထရောနစ်နဲ့ပတ်သက်ရင် ဘက္ထရီဘဲ အားသွင်းတတ်တော့
    မဗျူးတော့ပါဘူး

  • အရီး Khin Latt

    June 29, 2012 at 3:29 am

    ဒီလို မျိုး မေတ္တာ၊ စေတနာ နဲ့ ကိုယ့်လူတွေ ကို ကူညီ ပေးတာ တကယ်ဘဲ ဂုဏ်ယူပါတယ် မိုချို ရေ။

    လတ်ပတော့ လေးကို ခွဲ လိုက်မိ တာ ကို ဗွေမယူပါနဲ့တော့ အေ။
    စိတ်စေတနာကောင်းရှိသူ လေး ပါတော်။ 😉

    အလုပ် နဲ့ ပညာ ပေါင်း တဲ့ အတွေ့အကြုံ လိုချင်သူ များ လဲ ဒီမှာ အခွင့်အရေး ရနိုင်ကြပါစေ။

  • MaMa

    June 29, 2012 at 8:50 am

    တော်တော်ကြာကြာက ရန်ကုန်လမ်းညွန်ကြော်ငြာလေးကို သွားသတိရတယ်။
    တီဗွီရှိလား၊ အောက်စက်ရှိလား
    တိုက်ရှိလား၊ ကားရှိလား လို့ မေးတာကို အကုန်ရှိတယ် ဆိုပြီး နောက်တော့ ရန်ကုန်လမ်းညွှန်ထဲမှာတဲ့။
    အခုလည်း ပညာဗဟုသုတ လိုချင်လား၊ စိတ်အပန်းပြေရုံ ပေ့ါပေ့ါပါးပါးဖတ်ချင်လား၊ နေရာဒေသအစုံကို ရောက်ဖူးချင်သလား၊ နိုင်ငံတကာအတွေ့အကြုံတွေ သိချင်လား၊ ဓာတ်ပုံလှလှလေးတွေ ကြည့်ချင်လား၊
    ကဏ္ဍစုံ ရသစုံ စာပေအစုံ ရှိတယ် မန်းဂေဇက်မှာ လို့ ပြောလို့ရတဲ့အပြင် အလုပ်လိုချင်လား လို့ပါ မေးလို့ရပြီ။ 🙂

  • mocho

    June 29, 2012 at 9:23 am

    ကျမရဲ့ ပိုစ့် ကို စတစ်ကီ လုပ်ပေးထားလို့ ကျေးဇူးပါ သဂျီးရေ။

    ညတုန်း က ပိုစ့် တင်ပြီး ၁၅ မိနစ် လောက် နေတော့ စုံစမ်းတဲ့ ဖုန်း ဝင်လာတယ် (ကျမတို့ ဂေဇတ် ကိုဘယ်လောက်တောင် ဖတ်သူများသလဲ ဆိုတာ မှန်းကြည့် လို့ ရတယ်) ။ မိန်း ကလေးလုပ်လို့ ရမလား လို့ မေးလာပါတယ်။ လုပ်ငန်း သဘော ကိုက ဒေါက် ပေါ် က သင်္ဘောတင် မကဘူး လိုအပ်ရင် ပင်လယ် ထဲ အထိ လိုက်သွားပြီး လုပ်ပေးရတာဆိုတော့ မိန်း ကလေးနဲ့ ဘယ်လိုမှမအပ်စပ်ပါဘူး။
    အဘဖောရေ
    ကျမ လည်း ကိုယ့် နိုင်ငံမှာ စလုံး လို သင်္ဘောတွေ၊သင်္ဘောကျင်းတွေ အခြေ စိုက်လာပြီး သင်္ဘောလုပ်ငန်း တွင်ကျယ်လာမယ့် အချိန် ကိုမျှော်လင့် ပါတတယ်။ အဲဒါမှ အိမ်ကလူကြီး မြန်မာပြည် ပြန် ရင် ထမင်း မငတ်မှာ

    ကိုရင်မောင်၊ ကို သန်းထွဋ်ဦး နဲ့ ကို ဘိုမင်းတို့ ရေ
    စိတ်ဝင်စားတဲ့ သူ ရှိရင် လက်ဆင့် ကမ်းပေးနိုင်ပါတယ်
    ကပေနဲ့ ဦးပု
    ကျမ လည်း ထို နည်းလည်းကောင်းပါပဲ ဘရိက်ကာ ကျသွားရင်တောင် ပြန် မတင် ရဲတဲ့ အီလက်ထရောနစ် အင်ဂျင် နီယာ တယောက်ပါ။
    အရီးလတ်ရေ
    ကျမ ကတော့ သူ့ကို ဘယ်နေရာမှ အလွတ် မပေးဘူးရယ် ။ သူ့ အလုပ်တွေနဲ့ ပတ်သက် ရင် တောင် ဘာတွေ လုပ်ရတယ် ဆိုတဲ့ သဘောတရားလောက် တော့ သိအောင် မေးထားတယ်။ လိုအပ်လာရင် အကြံ ညာဏ်တို့ ဘာတို့ ပေးလို့ ရတာပေါ့လေ။

    • Khaing Khaing

      June 29, 2012 at 10:21 am

      အမမိုချိုရေ ….. ညီမကိုယ်တိုင်တောင်သွားလုပ်ချင်တယ် …….. ညီမအသိတွေကိုလည်း လက်ဆင့်ကမ်းပြောပေးဦးမယ် နေရာက တစ်နေရာတည်းပဲနော် …… လူရသွားခဲ့ရင်တော့ အကြောင်းလေးပြန်ပေးပါဦး …….

    • Foreign Resident

      June 30, 2012 at 5:37 am

      ” အဘဖောရေ
      ကျမ လည်း ကိုယ့် နိုင်ငံမှာ စလုံး လို သင်္ဘောတွေ ၊
      သင်္ဘောကျင်းတွေ အခြေ စိုက်လာပြီး
      သင်္ဘောလုပ်ငန်း တွင်ကျယ်လာမယ့် အချိန် ကိုမျှော်လင့် ပါတယ်။
      အဲဒါမှ အိမ်က လူကြီး မြန်မာပြည် ပြန် ရင် ထမင်း မငတ်မှာ ”

      မ mocho ရေ
      ကိုယ့် နိုင်ငံမှာ သင်္ဘောလုပ်ငန်း တွင်ကျယ်လာမယ့် အချိန် ဟာ ၊
      သိပ်မကြာခင် ၁ဝ နှစ်လောက် အတွင်း ဖြစ်လာမှာပါ ။

      အဘ ရဲ့ သူငယ်ချင်း Capt ၊ Chief Engineer တစ်ချို့ဆိုရင် ၊
      အခု ကတည်းက သင်္ဘောပေါ်က ဆင်းပြီး ၊
      အဲဒီ အပြောင်းအလဲကြီး ( ထားဝယ် ၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း ) အတွက် ၊
      ကုန်းပေါ်မှာ အခြေချ နေရာဦးဖို့ ပြင်ဆင်နေကြပါပြီ ။

      ရှင်းရှင်းလေးပါ ။
      Capt ၊ Chief Engineer ဘဝ ဟာ Millionaire ဖြစ်ဖို့ခဲယဉ်းပါတယ် ။
      နှစ် ၂ဝ လောက် စုလို့ သေရောကျေရော ဒေါ်လာ တစ်သန်းရဖို့ မလွယ်ပါဘူး ။
      ကုန်းပေါ်က ကုမ္ပဏီအလုပ်က ခွင် တစ်ချီလောက်ပဲတည့် ၊
      အဲ့လောက် ပိုက်ဆံ ခဏလေးပဲလေ ။

      မ mocho ရဲ့ ဘဲဘဲ လည်း သိပ်မကြာခင်မှာ ၊
      မြန်မာပြည်ပြန်ပြီး မန်မန် ဝဝလင်လင် စားပြီး အလုပ်လုပ်နိုင်တော့မှာပါ ။
      အဲဒီတော့မှ ကလေးတွေ ပညာရေးမို့ စလုံးမှာပဲ နေပါရစေ ဖြစ်နေအုံးမယ် ။

      • Foreign Resident

        June 30, 2012 at 5:42 am

        ” အဘ ရဲ့ သူငယ်ချင်း Capt ၊ Chief Engineer တစ်ချို့ဆိုရင် ၊
        ကုန်းပေါ်မှာ အခြေချ နေရာဦးဖို့ ပြင်ဆင်နေကြပါပြီ ”

        အဘ မှာသာ ၊
        Home Minister ရဲ့ ကြိုးကိုင်ရာ က ရတဲ့ ဘဝမို့လို့ ၊
        ဘာမှ ထူးခြားတာ ထွန်းတောက်တာ လုပ်ခွင့်မသာပဲ ၊
        အခုလည်း အဲဒီ Home Minister ရဲ့ ရင်ခွင် ( အိုအိုကြီး ) ထဲကိုပဲ ၊
        ပြန် ဦးတည်နေရပါပြီကွယ် ။
        အဟင့် ။ အဟင့် ။ 🙁

  • etone

    June 29, 2012 at 9:41 am

    အစ်မမိုချိုရေ …
    မြန်မာနိုင်ငံသားတစ်ဦး ..ကိုယ့်မြန်မာတွေအတွက် သေချာရေရာတဲ့အလုပ်ကြော်ငြာတင်ပေးတာ ….. တဖက်တလမ်းက အကျိုးပြုခြင်းပါပဲ … ။ အစ်မရေ .. အေးဂျင်စီတွေမှာလျှောက်တဲ့ လူတွေက .. ဆားဗစ်ကြေးလည်း ပေးရပြီး ၊ တစ်ခါတလေ အလုပ်ဝင်လျှင် ပြောထားတဲ့အတိုင်းမဟုတ်တာတွေ ကြုံရသတဲ့ …
    အခုလို … အစ်မက တဖက်တလမ်းက …ကိုယ့်လူမျိုးတွေကို အကူညီပေးတာ …. ဝမ်းသာမိပါတယ် … ။
    သာယာပျော်ရွှင်ပါစေ အစ်မရေ … ။ 🙂

  • blackchaw

    June 29, 2012 at 10:16 am

    အရီးလတ်ရေ
    ကျမ ကတော့ သူ့ကို ဘယ်နေရာမှ အလွတ် မပေးဘူးရယ်

    အဲဒါလေး ဖတ်ပြီး ပြုံးမိသွားတယ် မမိုချိုရေ…။
    အင်မတန်ကောင်းတဲ့ အလုပ်အကိုင် အခွင့်အလမ်းကြီးဗျာ…။
    မြန်မာတစ်ယောက်ရဲ့ အောက်မှာလုပ်ရပြီး
    သင်ပေးပြီး တွဲခေါ်ဦးမယ်ဆိုတော့……
    လက်မလွှတ်သင့်သော အလုပ်အကိုင် အခွင့်အလမ်းကြီးပေါ့ဗျာ။

  • kyeemite

    June 29, 2012 at 10:37 am

    ကျေးဇူးပါ မမိုချို..ကျုပ်ကတော့
    အသက်မပြည့်သေးလို့….အဟီး..
    အသက်ပြည့်ပြီး အရည်အချင်းမှီသူကိုလက်တို့ပေးလိုက်ပါ့မယ်..

  • mocho

    June 29, 2012 at 11:07 am

    ဦး ဘလက်
    မိုချို့ အတွက် တံခါးစောင့် ကြီးရဲ့ ပထမဆုံး ကွန်မန့် ပါ။ ကျေးဇူးတင်ပါတယ်။
    ဦး ကြီးမိုက် က အသက် မပြည့် သေးဘူးဆိုတော ့………ပင်စင်ယူရမယ့် အသက်လား……….ဟင် ။
    ဟီး..ဟီး…စတာနော်….ချိတ်ချိုးနဲ့
    ခိုင် ရေ
    လူ ရသွားရင်လည်းပြောပါ့ မယ်
    အီတုန်း ရေ
    အေဂျင် စီ တွေ အကြောင်း က ပြောရရင် ပိုစ့် တခုစာ ဖြစ်သွားလိမ့် မယ်။ အပြောနဲ့ အလုပ် ညီ တဲ့ သူတွေ လည်းရှိပါတယ်။

  • Crystalline

    June 29, 2012 at 11:22 am

    အသိတယောက်တော့ရှိတယ်..သူက အရာရာကိုနှံ့စပ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပေးမယ့် အစ်မပြောတဲ့ပညာ အရည်အချင်းတွေကိုတော့ မကိုက်ညီလောက်ဖူးထင်တယ်.. အသက်လည်း၄ဝတော်တော်ကျော်မယ်ထင် တယ်.. တခုရှိတာက သူ့ကိုတော့သင်စရာသိပ်မလိုပဲ..သဘောတရားပြောပြရင်နားလည်နိုင်သူပါ…
    ဒါပေမယ့်အစ်မအလုပ်ကတော့လူငယ်တွေအတွက်ပိုသင့်တော်ပါတယ်..ဆိုတော့ အသိတွေကို လက်ကုတ် လိုက်ပါမယ်.. ရွာသူားတွေအတွက်အစ်မရဲ့စေတနာကိုလေးစားပါတယ်… အစ်မရဲ့စိတ်မြန်တဲ့ချစ်ချစ်ကြီး တပည့်ကောင်းရပါစေနော်..

  • ဖိုးထောင်

    June 29, 2012 at 11:47 am

    လက်ဆင့်ကမ်းပေးပါ့မယ် အနော်ကတော့ မီးခလုပ်အဖွင့်အပိတ် ကျွမ်းကျင်တယ် ဆိုတော့ ရဖို့သေချာသလောက်ရှိတယ် အဲယားကွန်းပိုင်းအနေနဲ့တော့ ဆေ့ဂတ်ကွစ်စတပ်လုပ်တတ်တယ် လမုနဲ့ အပူချိန်အတိုးအလျော့လုပ်တတ်တယ်
    အခုတော့ အနော့်ထီလှည်းလေး မီးမလာလို့ ဘက်ထလီဆရာကိုအောင်ပုပြေးခေါ်လိုက်ဦးမယ်

  • မဂွတ် ထော်

    June 29, 2012 at 12:33 pm

    အားပေးသွားတယ်နော်

  • lynn lynn

    June 29, 2012 at 2:18 pm

    ကျေးဇူးပါ မမိုချိုရေ။ လက်လှမ်းမှီသလောက်အသိတွေကို အကြောင်းကြားလိုက်ပါမယ်။

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 10:34 pm

    ကျေးဇူးပါ အန်တီရေ ..
    သားသားဒို့ဂဒေါ့ အဲ့လောက် တတ်ဘူးဂျ ..

    ဒါနဲ့ အဲ့စင်ကာပူမှာ တောက်တဲ့တွေ ဝယ်ဘူးလားဂျ ..
    ရောင်းစရာ ရှိလို့ .. 😀

  • လူ ဟား

    June 29, 2012 at 10:50 pm

    အရမ်းကို လေးစားမိပါတယ်… အန်တီချို…
    ဒီလို အခွင့်အရေးမျိုး တစ်ချို့တစ်ချို့သော ပုဂ္ဂိုလ်တွေဆိုရင် ကိုယ်ကျိုးကြည့် ပွဲခ ယူပြီးတော့မှ လုပ်ပေးလေ့ရှိပါတယ်။ မြန်မာ အချင်းချင်းဆိုပြီး ကူညီမယ် မထင်လေနဲ့။
    တကယ်ဆို အန်တီချိုအနေနဲ့ အနဲဆုံး စလုံး ၂၀၀ဝ လောက်တော့ တောင်းပြီးလူရှာထည့်လို့ရတယ်..။ လူရှာရတာလည်း သိပ်တော့ မခက်ပါဘူး..။
    ခုလို စေတနာ သန့်သန့်ကို မြင်ရတော့ စိတ်ထဲကနေ ကျိတ်ပြီး ချီးမွမ်းစကားဆိုရင်း အန်တီချိုတို့ တစ်မိသားစုလုံး ကျန်းမာပါစေကြောင်း နဲ့ တူသောအကျိုးများ မကြာသောကာလမှာ ပြန်လည် ခံစားရပါစေကြောင်း လူဟား ဆုတောင်းလိုက်တယ် ခင်ညာ…။

  • paukpauk

    June 29, 2012 at 10:51 pm

    Foreign Resident says: ပြောတဲ့ အရေးပါတဲ့
    STCW White List ကို အဆိုပါ ဝန်ကြီးမင်းများရဲ့ အငြိုအငြင်ခံပြီး မြန်မာသင်္ဘောသားများအတွက် အရပ်သားဝန်ထမ်း ကက်ပတိန်များက စည်းချက်ညီညီ လုပ်ဆောင်နေရတယ်လို့ အသိကက်ပတိန်တစ်ယောက်က ပြန်ပြောပြပါတယ်။ အရင်ကလဲ အတွေ့အကြုံရှိပြီးသားလူတွေ ပါဝင်မှာမို့ အောင်မြင်ဘို့ ရာနှုန်းပြည့်နီးပါး သေချာတယ်လို့ ယူဆနိုင်ပါတယ်တဲ့။ သင်္ဘောသားများအတွက် ဝမ်းမြောက်ဘွယ်ရာဖြစ်ပါစေ။

  • nature

    June 30, 2012 at 7:01 am

    စင်္ကာပူမှာ S-pass တွေတော်တော်လေးခက်နေတယ်လို့ကြားမိတယ်။ ဒီပိုစ်ကလေးကတော့ resonable ဖြစ်တဲ့အတွက် အလုပ်လိုနေသူတွေအတွက်မင်္ဂလာသတင်းလေးပါပဲ။ တန်းစီလာလျှောက်ကြမှာကိုမြင်ယောင်မိပါတယ်။

Leave a Reply