ဂေဇက်……….
မြန်မာပြည်မှာပထမဆုံးသတင်းစာတိုက်…..
သူ့ရဲ့ကိုယ်ပွားရွာလေးတစ်ရွာဖြစ်တဲ့မန်းလေးဂေဇက်ဆိုတဲ့ဆိုဒ်ကလေး…
ရွာသူားအပေါင်းနဲ့စာဖတ်ပရိတ်သတ်အပေါင်းလဲသိကြမှာပါ
ကျွန်တော်တို့ရွာကြီးဟာအခုဆိုရင်စည်ပင်သထက်စည်လာပါပြီ…..နိုင်ငံအရပ်ရပ်မြန်မာပြည်တွင်းကဒေသအရပ်ရပ်ကလူတွေစုဝေး
ရောက်ရှိလာကြပါပြီ…….လူမျိုးစုံအသက်အရွယ်စုံဘဝအစုံလုပ်ငန်းအစုံနဲ့ဆိုင်ရာဆိုင်ရာအသိပညာအတတ်ပညာတွေနဲ့
ဗဟုသုတစုံလင်စွာအတွေ့အကြုံစုံလင်စွာနဲ့ရပ်တည်လာကြပါပြီ……
ဒါပေမယ့်လို့…တကယ့်ကိုဒါပေမယ့်လို့ပေါ့ဗျာ…..
ကျွန်တော်တို့ရွာလေးဟာလက်ရှိအခြေအနေမှာမြန်မာပြည်ရဲ့အနေအထားလိုပဲ
ဒီထက်ပိုပြီးတိုးတက်နိုင်ရဲ့သားနဲ့နောက်ကျကျန်နေခဲ့တာလေးတွေရှိနေပါသေးတယ်…….
အဟင်းဒီနေရာမှာနဲနဲလောက်တော့နားထောင်ကြည့်ပါဟစ်ပ်ဟေ့ာပ်သီချင်း..အဲလေ….ဒီနေရာမှာနိုင်ငံရေးလေးနဲနဲထည့်မယ်ခွင့်ပြုပါ….
ကျွန်တော်တို့မြန်မာပြည်လိုတိုးတက်နိုင်ရဲ့နဲ့နောက်ကျကျန်နေတာတွေရှိတယ်ဆိုတဲ့ ဥပမာအလင်္ကာဆန်ဆန်သုံးထားတာဒီလိုရှိပါတယ်…
လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေဟာကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့အချိန်ကစလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဲ့ပါတီဝင်များမဲအများအပြားရရှိပြီးနိုင်လာတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကလဲ နိုင်ငံရေးအကျဉ်းသားများ
သမ္မတကြီးမှလွတ်ငြိမ်းချမ်းသာခွင့်ပေးနေတဲ့အထိနည်းနေသေးတဲ့ယုံကြည်မှုတွေဟာ စိတ်ချနိုင်လောက်တဲ့အခြေအနေကိုရောက်တော့မယ်
ဆိုပြီးယုံကြည်မှုတွေပိုမိုတိုးတက်လာတဲ့အထိကိုဖြစ်လာပါတယ်……..
ဒီအခါမှာနိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံမှုတွေ၊ကူညီထောက်ပံ့မှုတွေလုပ်ဖို့လက်တွေကမ်းလာပါတယ်……..
ဒီအခါမှာ(၁)နိုင်ငံရေးလွတ်လပ်စွာလှုပ်ရှားနိုင်မှုများယခင်ကထက်အခြေအနေပိုမိုကောင်းမွန်လာခြင်း……
(၂)နိုင်ငံတကာဆက်ဆံရေးတွင်ပိုမိုတွင်ကျယ်လာခြင်း….
(၃)ကမာ္ဘအသိအမှတ်ပြုမှုပိုမိုရရှိလာခြင်းတွေအပြင်….
(၄)ရင်းနှီးမြုပ်နှံလိုမှုများ.များပြားလာခြင်းကြောင့်အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာခြင်း….
(၅)နိုင်ငံတကာအဆင့်အတန်းမှီရင်ဘောင်တန်းနိုင်အောင်နိုင်ငံနှင့်တစ်ဝန်းတွင်လမ်းပန်းဆက်သွယ်ရေး၊မြို့ပြစနစ်များပိုမိုပီပြင်လာမှု၊လူမှုအဆင့်အတန်းတွေ
မြင့်မားရန်၊ကျန်းမာရေးအဆင့်အတန်းတွေမြင့်မားရန်၊ဥပဒေစိုးမိုးမှုနှင့်တရားစီရင်ရေးကဏ္ဍများတွင်တိကျမှန်ကန်လာစေရန်၊ဘက်စုံဖွင့်ဖြိုးတိုးတက်ရေးအစရှိတဲ့
ဖြစ်စဉ်တွေလုပ်ငန်းတွေပြုလုပ်လာရမယ့်အခြေအနေမှာ………
(က)နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်စိတ်ရှည်သည်းခံလာပြီးမှ….ဆက်ပြီးစောင့်ကြည့်မနေပဲစိတ်လောပြီး…..
(ခ)အနိမ့်ဆုံးလုပ်ခလစာဟာ တစ်သိန်းလောက်မှပြေလည်နိုင်မယ်ဆိုပြီး ကုမ္ပဏီအလုပ်သမားတွေကဆန္ဒုပြ…..
(ဂ)စွမ်းအင်အပြည့်အဝမပေးဝေနိုင်မှုတွေဖြစ်ပွား……….
(ဃ)ကချင်ပြည်နယ်မှာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အပစ်အခတ်တွေဖြစ်ပွား…….
(င)ရခိုင်ပြည်နယ်အရေးကိစ္စတွေဖြစ်(ဒါကတော့လူမျိုးရေးဆိုတာထက်မြန်မာပြည်သားတိုင်းရင်းသားပေါင်းစုံကိုကျူးကျော်လာတဲ့နိုင်ငံရပ်ခြားတိုင်းတစ်ပါးသား
များကအစပျိုးတဲ့နိုင်ငံရေး၊အမျိုးသားရေးကိစ္စဖြစ်တဲ့အတွက်ချွင်းချက်တော့ရှိချင်ရှိနိုင်ပါတယ်)
(စကားချပ်-ရခိုင်ပြည်နယ်အရေးမှာတကယ်ကိုတာဝန်ယူသင့်တာကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့လုံခြုံရေးတို့ကိုတာဝန်ယူထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးမှာတာဝန်ရှိတဲ့အတွက် ကိုယ့်လူမျိုးများကအဝင်ခံလို့ဖြစ်တဲ့ကိစ္စဖြစ်တာကြောင့် ကိုယ်မွှေးတဲ့မီးကိုကိုယ်တာဝန်မယူနိုင်ကြသူများသာအပြစ်တင်ကြပါလေ)(မှတ်ချက်-လူမျိုးရေးခွဲခြား
ပြောဆိုနေခြင်းမဟုတ်ပါအကြောင်းအကျိုးစပ်ဆက်ပြလိုသောကြောင့်ဖော်ပြရခြင်းဖြစ်ပါသည်)
အပေါ်ကစကားပြန်ဆက်ပါမယ်…
ဒီလိုကိစ္စတွေဖြစ်တဲ့အခါမှာ……
နိုင်ငံတကာကလဲ အရှိန်အဟုန်နဲ့ရင်းနှီးမယ့်၊ကူညီပေးမယ့်ကိစ္စတွေဟာ အရှိန်လျော့ကျတုံ့ဆိုင်းခဲ့ရပါတယ်
ဒီကိစ္စမျိုးတွေသာမဖြစ်ခဲ့ရင်မြန်မာနိုင်ငံဟာလက်ရှိအခြေအနေထက်ငါးရာခိုင်နှုန်းလောက်ပိုမိုတိုးတက်ရမယ့်အခြေအနေဖြစ်နေမှာပါ
(ပြောရင်းနဲ့စကားလမ်းကြောင်းလွဲနေပြီလားတော့မသိ…သို့ပေသိဆက်ဟောပါမယ်ဒကာတို့အဆင်ပြေသလိုနာကြပါ..အဲလေသည်းခံပြီး
ဖတ်ပေးကြပါ)
တကယ်ဆိုရင်မြန်မာပြည်သူပြည်သားများအနေနဲ့တိုးတက်လာမယ့်အခြေအနေနဲ့ရရှိလာတဲ့အခွင့်အရေးတွေကိုစောင့်ဆိုင်းပြီး
ကြိုးစားရမယ့်အနေအထားမျိုးပါ…ကြိုးစားမှုကိုအရင်မပြဘဲရရှိသင့်တဲ့အခွင့်အရေးကိုအရင်တောင်းတော့ ဖေးမကြည့်ရှုချင်တဲ့သူတွေတောင်
လက်တွန့်သွားတော့တာပေါ့ အခုရေတွင်းတူးအခုရေကြည်သောက်ချင်တာတောင်မဟုတ်ပါဘူး ရေတွင်းမတူးပဲရေကြည်ရေပေါက်ကို
ပန်းထွက်မလာလေခြင်းဆိုပြီးညဉ်းနေသလိုဖြစ်နေပါတယ်
ထို့အတူ စွမ်းအင်ပေးဝေရေးကဏ္ဍမှာလဲ…..မြစ်ဆုံစီမံကိန်းကြီးပျက်သွားတာနဲ့စွမ်းအင်ပဲမလောက်တော့သလိုလို….
ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံလုပ်မယ်ဆိုတော့လဲ….ပတ်ဝန်းကျင်ကိုမဖျက်စီးပါနဲ့ဘာနဲ့အော်ကြလေတော့
စွမ်းအင်ကိုဥုံဖွလုပ်ယူပြီးသုံးရမလိုဖြစ်နေပါပြီ…..စက်မှုလုပ်ငန်းတွေဟာကုန်ထုတ်လုပ်မှုနဲ့နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးအောင်ဆောင်ရွက်တဲ့
နေရာမှာအရေးပါအရာရောက်ပါတယ်..ဒီစက်မှုလုပ်ငန်းတွေကိုလည်ပတ်ဖို့ရာစွမ်းအင်တွေလိုအပ်ပါတယ်လျှပ်စစ်စွမ်းအင်ရှိမှသာလျှင်
ငွေကုန်ကျေးကြမများပဲမြန်မြန်ဆန်ဆန်လည်ပတ်နိုင်မှာဖြစ်ပါတယ်….ဒီနေရာမှာနိုင်ငံခြားကိုတင်ပို့ရောင်းချတဲ့သဘာဝဓါတ်ငွေ့တွေ
ရေနံတွေကိုသုံးပြီးလျှပ်စစ်စွမ်းအင်ထုတ်ယူလို့ရသားပဲဒီလိုမလုပ်ပဲကိုယ့်နိုင်ငံမှာလောက်အောင်မသုံးပဲသူများကိုရောင်းနေတော့ဘယ်လိုလုပ်
အဆင်ပြေမှာလဲလို့ဆင်ခြေတက်စရာရှိပါတယ်…..ဟုတ်ပါတယ်မှန်ပါတယ်အားလုံးပြောသလိုကိုယ့်နိုင်ငံကထွက်တဲ့သဘာဝဓါတ်ငွေ့တွေ
ကိုပြည်တွင်းမှာလုံလောက်အောင်သုံးပြီးပိုလျှံမှနိုင်ငံခြားကိုရောင်းရင်အဆင်ပြေနိုင်ပါတယ်…ဒါပေမယ့်ကျွန်တော်တို့နိုင်ငံဟာ
ကုန်ချောပစ္စည်းထုတ်လုပ်ပြီးပို့ကုန်တွေပို့နိုင်တဲ့ယန္တရားတွေနဲ့နည်းပညာတွေမရှိသလောက်ကိုနဲပါးနေပါသေးတယ်…..
ကျွန်တော်တို့ရဲ့အဓိကနိုင်ငံခြားငွေရှာဖွေရေးနဲ့နိုင်ငံ့ဘဏ္ဍာတောင့်တင်းရေးတွေဟာ ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့
ကျွန်း၊ရေနံ၊သဘာဓါတ်ငွေ့၊ဆန်စပါး၊ရာဘာတို့ကိုပို့ကုန်အဖြစ်တင်ပို့မှသာလျှင် စီးပွားရေးကောင်းမွန်နိုင်တာဖြစ်တဲ့အတွက်ဒါတွေကို
ရောင်းရပါတယ်….နိုင်ငံတော်စီးပွားရေးအင်အားမတောင့်တင်းရင်ပြည်သူတွေပဲခါးဆီးခံရမှာကိုလဲသတိချပ်သင့်ပါတယ်….
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုအရင်ခွင့်ပြုပြီးလက်တလောစီးပွားရေးကိုမထိန်းထားရင်လဲကြွေးပေါ်ကြွေးထပ်လာပြီး
အဘေးအဘီတွေလက်ထပ်ကကြွေးတီတွတ်ကျွတ်ထိဆပ်မကုန်တာမျိုးဖြစ်မှာလဲစဉ်းစားရပါသေးတယ်……
နောက်ပြီးရောင်းတာကရောင်းပြီးပါပြီ ခုမှပေးပေးငါ့ရွှေခွက်ပေးလုပ်လို့မရဘူးဆိုတာကိုလဲသတိရကြဖို့လိုပါတယ်…..
အဲတော့အဆုံးသတ်က…..ကျောက်မီးသွေးစက်ရုံတွေဆောက်လုပ်ပြီးစွမ်းအင်ထုတ်ကာသဘာဝပတ်ဝန်းကျင်အထိခိုက်ပျက်စီးခံပြီး
တိုးတက်မှုတွေယူမလား……လေအားလျှပ်စစ်လုပ်ရင်လဲလုပ်တဲ့ဒေသတစ်ဝိုက်အပူချိန်မြင့်တက်လာတယ်ဆိုကြပြန်သနော်…..
လွတ်တဲ့ဟာမရှိသလောက်ပဲ….ရေအားလျှပ်စစ်ကြတော့လဲရေကာတာတွေဆည်တွေလုပ်တာဆိုးကျိုးများသလေးဘာလေးအော်ကြပြန်တယ်….
အဲဒါတွေလုပ်ပြီးသဘာဝပါတ်ဝန်းကျင်ဆုံးရှုံးခံမလား….သဘာဝပတ်ဝန်းကျင်ကိုထိန်းပြီးနောက်ကျကျန်ခဲ့မလား…..
နေရာတိုင်းမှာကိစ္စတိုင်းမှာလုပ်ငန်းတိုင်းမှာအကျိုးအကြောင်းဆိုတာရှိတဲ့အတွက်….ဘာမဆိုကောင်းကျိုးရှိရင်ဆိုးကျိုးဆိုတာရှိလာမှာပါပဲ….
ကျန်တာတော့စာဖတ်ပရိတ်သတ်ကြီး မိမိဘာသာစဉ်းစားပါအတွေ့အကြုံတွေဖြစ်စဉ်တွေသမိုင်းတွေနဲ့ချိန်ညှိပြီးလေ့လာကြပါလေ….
ကချင်ပြည်နယ်ကတိုင်းရင်းသားအရေးတွေမှာလဲ ကိုယ့်ဒေသကိုယ်စိတ်ကြိုက်အုပ်ချုပ်မယ်လွတ်လပ်စွာအုပ်ချုပ်မယ်ဆိုတာ ဒီမိုကရေစီလမ်းစဉ်အတိုင်းချဉ်းသွား
နေကြတာမဟုတ်ဘူးဆိုတာချိန်ထိုးကြည့်ရပါမယ် ဒေသမှာနေထိုင်နေကြတဲ့ပြည်သူားတွေရဲ့ဆန္ဒသဘောထားဟာ
တစ်နိုင်ငံတည်းနေပြီးတစ်ခြားပြည်နယ်နှင့်တိုင်းတွေကတိုင်းရင်းသားတွေနဲ့သီးသန့်ဖြစ်သလိုဖြစ်နေမယ့်အရေးတော့ မလိုလားကြဘူးလို့ကျွန်တော်ယူဆပါတယ်
အဲဒီတော့အချိန်ယူပြီးကိုယ်လိုချင်တာကိုတဖြည်းဖြည်းတောင်းသွားမယ် ကိုယ့်ဘက်ကလျော့ပေးသင့်တာတွေကိုလဲညှိနှိုင်းပေးကြမယ်ဆိုရင်
နှစ်ဖက်ဖြစ်သွားခဲ့တဲ့အထိအခိုက်အကျအဆုံးတွေဆုံးရှုံးမှုတွေ ဒုက္ခသည်တွေဆိုတာရှိလာမှာမဟုတ်တော့ပါဘူး
နောက်ရောမမြို့ကြီးကိုတစ်ရက်တည်းဆောက်ခဲ့တာမဟုတ်ဘူးဗျ…. နော့်……..
ရခိုင်အရေးကတော့အပေါ်မှာကတည်းကကြောင်တောင်တောင်ကျွန်တော့်အတွေးကိုဖော်ပြပြီးသွားပြီထင်ပါတယ်…….
အဆုံးသတ်အနေနဲ့ကတော့ ခုကစလို့ကြိုးစားကြပါလေ့လာကြပါသင်ယူကြပါညီညွတ်ကြပါလို့ကျွန်တော့်ရဲ့မြန်မာနိုင်ငံနဲ့ချီတဲ့
ကြီးကြီးကျယ်ကျယ်လေလုံးထွားထွားဥပမာဒီမှာတင်အဆုံးသတ်နိဂျုံးခုတ်လိုက်ရပါတယ်……..စဉ်းစားမနေဘဲလက်တွေ့လေးစမ်းလုပ်ကြည့်ရအောင်လေ
ရွာအရေးနဲ့ပါတ်သက်လို့ကတော့….ပရိတ်သတ်ကြီးရေ…..စာကိုယ်နဲ့နိဂုံးမှာမျှော်ကြပါခုကနိဒါန်းပင်ရှိသေးပါကြောင်းရွာ့အမြင်ကတ်တဲ့ချဉ်ဖတ်ဖြစ်အောင်
ကိုယ့်ကိုယ်ကိုလုပ်သွားဦးမယ်ဗျ……….

လေးစားလျက်မေတ္တာထားလျက်…….
ရှမ်းပြည်သား(တောင်ပိုင်း)
မှတ်ချက်-
(အထက်ပါစာများသည်ကျွန်တော်၏ကဘောက်တိကဘောက်ချာတောက်တီးတောက်တဲ့(မိအံဇာရေတောက်တဲ့ကညဉ်းပြောတာဟုတ်ဝူးရယ်နော်)
ကလေးအတွေးကလေးအရေးသာဖြစ်သောကြောင့်မှားသွားတာရှိလျင်လွဲချော်နေတာအံဝင်ခွင်ကျဖြစ်တာများမရှိလျင်
တတ်ကျွမ်းသောဆာ့ဆာကြီးများမှမလိမ္မိုးမလိမ္မာရူးကြားကြားကလေးအားဆုံးမသွန်သင်ပေးစေလိုပါသည်)
မကြာမီလာမည့်စာကိုယ်နှင့်နိဂုံးတို့တွင်သူကြီး၏ဘဏ္ဍာတိုက်ကိုဖောက်ပါမည်မျှော်ကြပါလေ
ပုံ…..
သူကြီးသမက် တောပုန်းဗိုလ်ရှမ်း

About ရှမ်းပြည်သား(တောင်ပိုင်း)

အလွမ်းရဲ့ကျိန်စာသင့်နေသော လူ has written 35 post in this Website..

ဥပဒေအကြံဥာဏ်များကိုတတ်စွမ်းသရွေ့ပေးနေပါသည်.... အကြံဥာဏ်လိုကကူညီခွင့်ပေးလျှင်ပေးချင်ပါသည်..... အခမဲ့အကြံပေးခြင်းဖြင့်ကုသိုလ်ယူလိုပါသည်......