ရွာအရေးမောင်ရှမ်းဘယ်လိုတွေးသည်(နိဒါန်း)

ဂေဇက်……….
မြန်မာပြည်မှာပထမဆုံးသတင်းစာတိုက်…..
သူ့ရဲ့ကိုယ်ပွားရွာလေးတစ်ရွာဖြစ်တဲ့မန်းလေးဂေဇက်ဆိုတဲ့ဆိုဒ်ကလေး…
ရွာသူားအပေါင်းနဲ့စာဖတ်ပရိတ်သတ်အပေါင်းလဲသိကြမှာပါ
ကျွန်တော်တို့ရွာကြီးဟာအခုဆိုရင်စည်ပင်သထက်စည်လာပါပြီ…..နိုင်ငံအရပ်ရပ်မြန်မာပြည်တွင်းကဒေသအရပ်ရပ်ကလူတွေစုဝေး
ရောက်ရှိလာကြပါပြီ…….လူမျိုးစုံအသက်အရွယ်စုံဘဝအစုံလုပ်ငန်းအစုံနဲ့ဆိုင်ရာဆိုင်ရာအသိပညာအတတ်ပညာတွေနဲ့
ဗဟုသုတစုံလင်စွာအတွေ့အကြုံစုံလင်စွာနဲ့ရပ်တည်လာကြပါပြီ……
ဒါပေမယ့်လို့…တကယ့်ကိုဒါပေမယ့်လို့ပေါ့ဗျာ…..
ကျွန်တော်တို့ရွာလေးဟာလက်ရှိအခြေအနေမှာမြန်မာပြည်ရဲ့အနေအထားလိုပဲ
ဒီထက်ပိုပြီးတိုးတက်နိုင်ရဲ့သားနဲ့နောက်ကျကျန်နေခဲ့တာလေးတွေရှိနေပါသေးတယ်…….
အဟင်းဒီနေရာမှာနဲနဲလောက်တော့နားထောင်ကြည့်ပါဟစ်ပ်ဟေ့ာပ်သီချင်း..အဲလေ….ဒီနေရာမှာနိုင်ငံရေးလေးနဲနဲထည့်မယ်ခွင့်ပြုပါ….
ကျွန်တော်တို့မြန်မာပြည်လိုတိုးတက်နိုင်ရဲ့နဲ့နောက်ကျကျန်နေတာတွေရှိတယ်ဆိုတဲ့ ဥပမာအလင်္ကာဆန်ဆန်သုံးထားတာဒီလိုရှိပါတယ်…
လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံရဲ့အခြေအနေဟာကြားဖြတ်ရွေးကောက်ပွဲပြီးတဲ့အချိန်ကစလို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ကြီး
ဒေါ်အောင်ဆန်းစုကြည်နဲ့သူရဲ့ပါတီဝင်များမဲအများအပြားရရှိပြီးနိုင်လာတဲ့အချိန်မှာ နိုင်ငံတကာအသိုင်းအဝိုင်းကလဲ နိုင်ငံရေးအကျဉ်းသားများ
သမ္မတကြီးမှလွတ်ငြိမ်းချမ်းသာခွင့်ပေးနေတဲ့အထိနည်းနေသေးတဲ့ယုံကြည်မှုတွေဟာ စိတ်ချနိုင်လောက်တဲ့အခြေအနေကိုရောက်တော့မယ်
ဆိုပြီးယုံကြည်မှုတွေပိုမိုတိုးတက်လာတဲ့အထိကိုဖြစ်လာပါတယ်……..
ဒီအခါမှာနိုင်ငံရပ်ခြားရင်းနှီးမြုပ်နှံမှုတွေ၊ကူညီထောက်ပံ့မှုတွေလုပ်ဖို့လက်တွေကမ်းလာပါတယ်……..
ဒီအခါမှာ(၁)နိုင်ငံရေးလွတ်လပ်စွာလှုပ်ရှားနိုင်မှုများယခင်ကထက်အခြေအနေပိုမိုကောင်းမွန်လာခြင်း……
(၂)နိုင်ငံတကာဆက်ဆံရေးတွင်ပိုမိုတွင်ကျယ်လာခြင်း….
(၃)ကမာ္ဘအသိအမှတ်ပြုမှုပိုမိုရရှိလာခြင်းတွေအပြင်….
(၄)ရင်းနှီးမြုပ်နှံလိုမှုများ.များပြားလာခြင်းကြောင့်အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်လာခြင်း….
(၅)နိုင်ငံတကာအဆင့်အတန်းမှီရင်ဘောင်တန်းနိုင်အောင်နိုင်ငံနှင့်တစ်ဝန်းတွင်လမ်းပန်းဆက်သွယ်ရေး၊မြို့ပြစနစ်များပိုမိုပီပြင်လာမှု၊လူမှုအဆင့်အတန်းတွေ
မြင့်မားရန်၊ကျန်းမာရေးအဆင့်အတန်းတွေမြင့်မားရန်၊ဥပဒေစိုးမိုးမှုနှင့်တရားစီရင်ရေးကဏ္ဍများတွင်တိကျမှန်ကန်လာစေရန်၊ဘက်စုံဖွင့်ဖြိုးတိုးတက်ရေးအစရှိတဲ့
ဖြစ်စဉ်တွေလုပ်ငန်းတွေပြုလုပ်လာရမယ့်အခြေအနေမှာ………
(က)နှစ်ပေါင်းနှစ်ဆယ်ကျော်လောက်စိတ်ရှည်သည်းခံလာပြီးမှ….ဆက်ပြီးစောင့်ကြည့်မနေပဲစိတ်လောပြီး…..
(ခ)အနိမ့်ဆုံးလုပ်ခလစာဟာ တစ်သိန်းလောက်မှပြေလည်နိုင်မယ်ဆိုပြီး ကုမ္ပဏီအလုပ်သမားတွေကဆန္ဒုပြ…..
(ဂ)စွမ်းအင်အပြည့်အဝမပေးဝေနိုင်မှုတွေဖြစ်ပွား……….
(ဃ)ကချင်ပြည်နယ်မှာတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အပစ်အခတ်တွေဖြစ်ပွား…….
(င)ရခိုင်ပြည်နယ်အရေးကိစ္စတွေဖြစ်(ဒါကတော့လူမျိုးရေးဆိုတာထက်မြန်မာပြည်သားတိုင်းရင်းသားပေါင်းစုံကိုကျူးကျော်လာတဲ့နိုင်ငံရပ်ခြားတိုင်းတစ်ပါးသား
များကအစပျိုးတဲ့နိုင်ငံရေး၊အမျိုးသားရေးကိစ္စဖြစ်တဲ့အတွက်ချွင်းချက်တော့ရှိချင်ရှိနိုင်ပါတယ်)
(စကားချပ်-ရခိုင်ပြည်နယ်အရေးမှာတကယ်ကိုတာဝန်ယူသင့်တာကတော့ လူဝင်မှုကြီးကြပ်ရေးနဲ့လုံခြုံရေးတို့ကိုတာဝန်ယူထားတဲ့လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးမှာတာဝန်ရှိတဲ့အတွက် ကိုယ့်လူမျိုးများကအဝင်ခံလို့ဖြစ်တဲ့ကိစ္စဖြစ်တာကြောင့် ကိုယ်မွှေးတဲ့မီးကိုကိုယ်တာဝန်မယူနိုင်ကြသူများသာအပြစ်တင်ကြပါလေ)(မှတ်ချက်-လူမျိုးရေးခွဲခြား
ပြောဆိုနေခြင်းမဟုတ်ပါအကြောင်းအကျိုးစပ်ဆက်ပြလိုသောကြောင့်ဖော်ပြရခြင်းဖြစ်ပါသည်)
အပေါ်ကစကားပြန်ဆက်ပါမယ်…
ဒီလိုကိစ္စတွေဖြစ်တဲ့အခါမှာ……
နိုင်ငံတကာကလဲ အရှိန်အဟုန်နဲ့ရင်းနှီးမယ့်၊ကူညီပေးမယ့်ကိစ္စတွေဟာ အရှိန်လျော့ကျတုံ့ဆိုင်းခဲ့ရပါတယ်
ဒီကိစ္စမျိုးတွေသာမဖြစ်ခဲ့ရင်မြန်မာနိုင်ငံဟာလက်ရှိအခြေအနေထက်ငါးရာခိုင်နှုန်းလောက်ပိုမိုတိုးတက်ရမယ့်အခြေအနေဖြစ်နေမှာပါ
(ပြောရင်းနဲ့စကားလမ်းကြောင်းလွဲနေပြီလားတော့မသိ…သို့ပေသိဆက်ဟောပါမယ်ဒကာတို့အဆင်ပြေသလိုနာကြပါ..အဲလေသည်းခံပြီး
ဖတ်ပေးကြပါ)
တကယ်ဆိုရင်မြန်မာပြည်သူပြည်သားများအနေနဲ့တိုးတက်လာမယ့်အခြေအနေနဲ့ရရှိလာတဲ့အခွင့်အရေးတွေကိုစောင့်ဆိုင်းပြီး
ကြိုးစားရမယ့်အနေအထားမျိုးပါ…ကြိုးစားမှုကိုအရင်မပြဘဲရရှိသင့်တဲ့အခွင့်အရေးကိုအရင်တောင်းတော့ ဖေးမကြည့်ရှုချင်တဲ့သူတွေတောင်
လက်တွန့်သွားတော့တာပေါ့ အခုရေတွင်းတူးအခုရေကြည်သောက်ချင်တာတောင်မဟုတ်ပါဘူး ရေတွင်းမတူးပဲရေကြည်ရေပေါက်ကို
ပန်းထွက်မလာလေခြင်းဆိုပြီးညဉ်းနေသလိုဖြစ်နေပါတယ်
ထို့အတူ စွမ်းအင်ပေးဝေရေးကဏ္ဍမှာလဲ…..မြစ်ဆုံစီမံကိန်းကြီးပျက်သွားတာနဲ့စွမ်းအင်ပဲမလောက်တော့သလိုလို….
ကျောက်မီးသွေးသုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံလုပ်မယ်ဆိုတော့လဲ….ပတ်ဝန်းကျင်ကိုမဖျက်စီးပါနဲ့ဘာနဲ့အော်ကြလေတော့
စွမ်းအင်ကိုဥုံဖွလုပ်ယူပြီးသုံးရမလိုဖြစ်နေပါပြီ…..စက်မှုလုပ်ငန်းတွေဟာကုန်ထုတ်လုပ်မှုနဲ့နိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးအောင်ဆောင်ရွက်တဲ့
နေရာမှာအရေးပါအရာရောက်ပါတယ်..ဒီစက်မှုလုပ်ငန်းတွေကိုလည်ပတ်ဖို့ရာစွမ်းအင်တွေလိုအပ်ပါတယ်လျှပ်စစ်စွမ်းအင်ရှိမှသာလျှင်
ငွေကုန်ကျေးကြမများပဲမြန်မြန်ဆန်ဆန်လည်ပတ်နိုင်မှာဖြစ်ပါတယ်….ဒီနေရာမှာနိုင်ငံခြားကိုတင်ပို့ရောင်းချတဲ့သဘာဝဓါတ်ငွေ့တွေ
ရေနံတွေကိုသုံးပြီးလျှပ်စစ်စွမ်းအင်ထုတ်ယူလို့ရသားပဲဒီလိုမလုပ်ပဲကိုယ့်နိုင်ငံမှာလောက်အောင်မသုံးပဲသူများကိုရောင်းနေတော့ဘယ်လိုလုပ်
အဆင်ပြေမှာလဲလို့ဆင်ခြေတက်စရာရှိပါတယ်…..ဟုတ်ပါတယ်မှန်ပါတယ်အားလုံးပြောသလိုကိုယ့်နိုင်ငံကထွက်တဲ့သဘာဝဓါတ်ငွေ့တွေ
ကိုပြည်တွင်းမှာလုံလောက်အောင်သုံးပြီးပိုလျှံမှနိုင်ငံခြားကိုရောင်းရင်အဆင်ပြေနိုင်ပါတယ်…ဒါပေမယ့်ကျွန်တော်တို့နိုင်ငံဟာ
ကုန်ချောပစ္စည်းထုတ်လုပ်ပြီးပို့ကုန်တွေပို့နိုင်တဲ့ယန္တရားတွေနဲ့နည်းပညာတွေမရှိသလောက်ကိုနဲပါးနေပါသေးတယ်…..
ကျွန်တော်တို့ရဲ့အဓိကနိုင်ငံခြားငွေရှာဖွေရေးနဲ့နိုင်ငံ့ဘဏ္ဍာတောင့်တင်းရေးတွေဟာ ကုန်ကြမ်းပစ္စည်းတွေဖြစ်တဲ့
ကျွန်း၊ရေနံ၊သဘာဓါတ်ငွေ့၊ဆန်စပါး၊ရာဘာတို့ကိုပို့ကုန်အဖြစ်တင်ပို့မှသာလျှင် စီးပွားရေးကောင်းမွန်နိုင်တာဖြစ်တဲ့အတွက်ဒါတွေကို
ရောင်းရပါတယ်….နိုင်ငံတော်စီးပွားရေးအင်အားမတောင့်တင်းရင်ပြည်သူတွေပဲခါးဆီးခံရမှာကိုလဲသတိချပ်သင့်ပါတယ်….
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကိုအရင်ခွင့်ပြုပြီးလက်တလောစီးပွားရေးကိုမထိန်းထားရင်လဲကြွေးပေါ်ကြွေးထပ်လာပြီး
အဘေးအဘီတွေလက်ထပ်ကကြွေးတီတွတ်ကျွတ်ထိဆပ်မကုန်တာမျိုးဖြစ်မှာလဲစဉ်းစားရပါသေးတယ်……
နောက်ပြီးရောင်းတာကရောင်းပြီးပါပြီ ခုမှပေးပေးငါ့ရွှေခွက်ပေးလုပ်လို့မရဘူးဆိုတာကိုလဲသတိရကြဖို့လိုပါတယ်…..
အဲတော့အဆုံးသတ်က…..ကျောက်မီးသွေးစက်ရုံတွေဆောက်လုပ်ပြီးစွမ်းအင်ထုတ်ကာသဘာဝပတ်ဝန်းကျင်အထိခိုက်ပျက်စီးခံပြီး
တိုးတက်မှုတွေယူမလား……လေအားလျှပ်စစ်လုပ်ရင်လဲလုပ်တဲ့ဒေသတစ်ဝိုက်အပူချိန်မြင့်တက်လာတယ်ဆိုကြပြန်သနော်…..
လွတ်တဲ့ဟာမရှိသလောက်ပဲ….ရေအားလျှပ်စစ်ကြတော့လဲရေကာတာတွေဆည်တွေလုပ်တာဆိုးကျိုးများသလေးဘာလေးအော်ကြပြန်တယ်….
အဲဒါတွေလုပ်ပြီးသဘာဝပါတ်ဝန်းကျင်ဆုံးရှုံးခံမလား….သဘာဝပတ်ဝန်းကျင်ကိုထိန်းပြီးနောက်ကျကျန်ခဲ့မလား…..
နေရာတိုင်းမှာကိစ္စတိုင်းမှာလုပ်ငန်းတိုင်းမှာအကျိုးအကြောင်းဆိုတာရှိတဲ့အတွက်….ဘာမဆိုကောင်းကျိုးရှိရင်ဆိုးကျိုးဆိုတာရှိလာမှာပါပဲ….
ကျန်တာတော့စာဖတ်ပရိတ်သတ်ကြီး မိမိဘာသာစဉ်းစားပါအတွေ့အကြုံတွေဖြစ်စဉ်တွေသမိုင်းတွေနဲ့ချိန်ညှိပြီးလေ့လာကြပါလေ….
ကချင်ပြည်နယ်ကတိုင်းရင်းသားအရေးတွေမှာလဲ ကိုယ့်ဒေသကိုယ်စိတ်ကြိုက်အုပ်ချုပ်မယ်လွတ်လပ်စွာအုပ်ချုပ်မယ်ဆိုတာ ဒီမိုကရေစီလမ်းစဉ်အတိုင်းချဉ်းသွား
နေကြတာမဟုတ်ဘူးဆိုတာချိန်ထိုးကြည့်ရပါမယ် ဒေသမှာနေထိုင်နေကြတဲ့ပြည်သူားတွေရဲ့ဆန္ဒသဘောထားဟာ
တစ်နိုင်ငံတည်းနေပြီးတစ်ခြားပြည်နယ်နှင့်တိုင်းတွေကတိုင်းရင်းသားတွေနဲ့သီးသန့်ဖြစ်သလိုဖြစ်နေမယ့်အရေးတော့ မလိုလားကြဘူးလို့ကျွန်တော်ယူဆပါတယ်
အဲဒီတော့အချိန်ယူပြီးကိုယ်လိုချင်တာကိုတဖြည်းဖြည်းတောင်းသွားမယ် ကိုယ့်ဘက်ကလျော့ပေးသင့်တာတွေကိုလဲညှိနှိုင်းပေးကြမယ်ဆိုရင်
နှစ်ဖက်ဖြစ်သွားခဲ့တဲ့အထိအခိုက်အကျအဆုံးတွေဆုံးရှုံးမှုတွေ ဒုက္ခသည်တွေဆိုတာရှိလာမှာမဟုတ်တော့ပါဘူး
နောက်ရောမမြို့ကြီးကိုတစ်ရက်တည်းဆောက်ခဲ့တာမဟုတ်ဘူးဗျ…. နော့်……..
ရခိုင်အရေးကတော့အပေါ်မှာကတည်းကကြောင်တောင်တောင်ကျွန်တော့်အတွေးကိုဖော်ပြပြီးသွားပြီထင်ပါတယ်…….
အဆုံးသတ်အနေနဲ့ကတော့ ခုကစလို့ကြိုးစားကြပါလေ့လာကြပါသင်ယူကြပါညီညွတ်ကြပါလို့ကျွန်တော့်ရဲ့မြန်မာနိုင်ငံနဲ့ချီတဲ့
ကြီးကြီးကျယ်ကျယ်လေလုံးထွားထွားဥပမာဒီမှာတင်အဆုံးသတ်နိဂျုံးခုတ်လိုက်ရပါတယ်……..စဉ်းစားမနေဘဲလက်တွေ့လေးစမ်းလုပ်ကြည့်ရအောင်လေ
ရွာအရေးနဲ့ပါတ်သက်လို့ကတော့….ပရိတ်သတ်ကြီးရေ…..စာကိုယ်နဲ့နိဂုံးမှာမျှော်ကြပါခုကနိဒါန်းပင်ရှိသေးပါကြောင်းရွာ့အမြင်ကတ်တဲ့ချဉ်ဖတ်ဖြစ်အောင်
ကိုယ့်ကိုယ်ကိုလုပ်သွားဦးမယ်ဗျ……….

လေးစားလျက်မေတ္တာထားလျက်…….
ရှမ်းပြည်သား(တောင်ပိုင်း)
မှတ်ချက်-
(အထက်ပါစာများသည်ကျွန်တော်၏ကဘောက်တိကဘောက်ချာတောက်တီးတောက်တဲ့(မိအံဇာရေတောက်တဲ့ကညဉ်းပြောတာဟုတ်ဝူးရယ်နော်)
ကလေးအတွေးကလေးအရေးသာဖြစ်သောကြောင့်မှားသွားတာရှိလျင်လွဲချော်နေတာအံဝင်ခွင်ကျဖြစ်တာများမရှိလျင်
တတ်ကျွမ်းသောဆာ့ဆာကြီးများမှမလိမ္မိုးမလိမ္မာရူးကြားကြားကလေးအားဆုံးမသွန်သင်ပေးစေလိုပါသည်)
မကြာမီလာမည့်စာကိုယ်နှင့်နိဂုံးတို့တွင်သူကြီး၏ဘဏ္ဍာတိုက်ကိုဖောက်ပါမည်မျှော်ကြပါလေ
ပုံ…..
သူကြီးသမက် တောပုန်းဗိုလ်ရှမ်း

20 comments

    • mamanoyar

      June 29, 2012 at 1:01 pm

      ဟုတ်တယ်နော်
      သိချင်တယ်

  • the best

    June 29, 2012 at 12:14 am

    ဗိုလ်ရှမ်းရေ….
    “နိဒါန်းပင်ရှိသေးပါကြောင်း” မို ့လို ့ ဖတ်ရတာ အားမရဘူး။

    ဖြစ်နိုင်ရင် စာကိုယ်မှာ
    စွမ်းအင်၊ စီးပွါးရေး၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၊ ဘဏ္ဍာရေး၊ ပညာရေး၊ လူမှုရေး …….စသည်..စသည်များကို
    တစ်ခုချင်းစီ ခွဲလို ့ရရင်ခွဲပြီး အကျယ်တဝင့် ရေးပေးပါလားဗျာ။

    “စာကိုယ်နဲ့နိဂုံးမှာမျှော်နေပါတယ်။”

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 29, 2012 at 8:19 am

      စာကိုယ်မှာတော့ထည့်မရေးတော့ဘူးရယ်ဗျ…..
      စာကိုယ်နဲ့နိဂုံးတွေပြီးရင်ရေးဖို့စဉ်းစားထားပါတယ်….
      ရှေ့လျောက်အဓိပ္ပါယ်ရှိရှိနဲ့အကျိုးရှိရှိဖတ်ရကျိုးနပ်စေမယ့်ပို့စ်မျိုးလေးတွေ
      တင်ဖို့ကြိုးစားရေးနေလို့မျှော်တော်မူပါ အကောင်းဆုံးကြီးရေ……..
      ကဏ္ဍတွေတစ်ခုချင်းစီလိုက်မွှေဖို့စဉ်းစားထားပါတယ်…..
      လောလောဆယ်သူကြီးဆီမှာအာမဘန္တေယူပေးပြီးယူထားတာလေးရှိလို့ပါ……
      သူကြီးကတော့စာကိုယ်နဲ့နိဂုံးမှာသူ့ဘဏ္ဍာတိုက်ဖောက်မယ်ပြောလို့လား….
      ဒေါ်လှတွေတက်လာလို့လားမသိပိုက်ဆံတွေကျဲနေပြီကောက်ဖြစ်အောင်ကောက်ထားဦးဗျို့

  • Pitbull

    June 29, 2012 at 5:04 am

    ဖတ်သွားပါတယ် ကိုရှမ်းရေ…..
    လောလောဆယ် ကိစ္စတစ်ခု ရှင်းချင်ပါတယ်
    သမီး နေ့စဉ် ကျောင်းတက်ရ စာသင်ရတာ အဆင်မပြေပါဘူး ခဏခဏ ခလုပ်တိုက်၊ လျှာကိုက် ဖြစ်နေရပါတယ်။ ပါပါးကတော့
    ဒါတွေက ရှေးယိုးအယူတွေ သမီးဖာသာ နမော်နမဲ့ နိူင်လို့ဆိုပီး ဆူပါတယ်။ သမီးကို ပါပါးဆူရင် အရမ်းကြောက်ပါတယ် တော်ကြာ ပါပါးက သမီးကို စိတ်ဆိုးပီး ဖြတ်ရင်(မုန့်ဖိုး) အဆင်မပြေပါဘူး။ ခုမှဘဲ ဒီဆိုဒ်ထဲ ဝင်မှ သမီးကို ပြစ်မှားနေတဲ့ လူပေါင်းစုံ အကြောင်း သိရပါတော့တယ် စိ်တ်လဲကောင်းမိပါဘူး အမှန်က ပါပါး မျက်နှာထောက်ပီး သမီးကို ညီမလေးလို တူမလေးလို စောင့်ရှောက်ကြရမှာပါ ခုတော့ အကြိမ်တိုင်းလိုလို နေ့စဉ်အမျှ စော်တကစ်မော်ကား ခံနေရပါတယ် …. အာဟင့်
    သမီး ဒီကိစ္စကြောင့် ပါပါးနဲ့ စိတ်ဆိုးပီး လမ်းခွဲလိုက်ပါဘီ(သားအဖ အဖြစ်မှ) ….. ….
    ခုလည်း သမီးချစ်သူ ကိုဖီအာအံနဲ့ သမီးဂျီးတော်ကြီး အဲလိဇဘက်ရီးခင်လတ် ရှိရာ အင်ဂလုံကို ထွက်သွားပါဘီ မပိုင်တဲ့ဘဝမှာ မဆိုင်သလိုသာ နေရစ်ဖို့ ပြောခဲ့ချင်ပါတယ်….. 🙁 အားလုံးကို နှုတ်ဆက်ပါတယ်

    စတွေးခွက်မှာ ပက်လက်မျောရာမှ ရုန်းထွက်ခဲ့သူ
    ဆပ်ဆလူးပစ်ဘူး ( သကြီးသမီးအငယ်မ)

    ဪမေ့လို ပါပါး ဆိုဒ်မှာ ပါစင်နယ် ဝင်ရေးသလို ဖြစ်လို့ အတည်မန့်ခဲ့ပါတယ်
    (၁) ရခိုင်မှာ ပေါ်လစ်တီကယ် ခရိုက်ဆစ်လုပ်တာများ ဝက်ဝက်ကိုကွဲလို့
    (၂) မော်ဒန်မမတွေ ချက်ဖော်၊ ဗိုက်ဖော် အကုန်ဖော်ပီး နိူင်ငံတကာနဲ့ ဆက်ဆံဖို့ အပြင်းအထန်ကြိုးပမ်းနေပါဘီ၊ နေရှင်နယ်လိဒ်ကို ကပ္ပလီတွေ ရောက်လာမှဘဲ လေးဘလက်ပို့စ်မှာပါတဲ့ ဟိုဆေးက အချိန်ကိုက် ပေါ်လာတော့တယ် အော် အနိစ္စ
    အနိစ္စ(ခရက်ဒစ်တူ ပါပါး)
    (၃)နဲ့(၄) တကြောင်းထဲကို နှစ်ကြောင်းခွဲပီး မမန့်တော့ပါဘူး ဆယ်တန်းမှာ မြန်မာစာအားနည်းမှန်း လူသိပါတယ် (စကားပြေရေးရင် ဝါကျတွေ အလီလီခွဲပီး စာပိုဒ်ကြီးအောင် လုပ်တဲ့နည်း သမီးတို့ ဟားဗတ်စ်မှာတော့ မရှိ)
    (၅) လမ်းတွေ ကောင်းလာတာနဲ့ အမျှ လမ်းကြေး၊ ဂိတ်ကြေး၊ တန်ပိုကြေး၊ မြို့ဝင်ခွန်၊ ဘီးခွန်၊ ဘီးလှိမ့်ခွန်တွေ များလာတော့ ကိုယ့်အိမ်က ထွက်ရင်တောင် မလုံမလဲ ခိုးချောင် ခိုးဝှက်သွားရမလို ဖြစ်နေပီ လမ်းကြောမှာ ဘာမှမတွေ့တောင် အလှူခံကလဲ မလွတ်တော့ သမီးကို ကြိုက်ခိုက်နေတဲ့ မင်းသား(ဇာတ်) ရေဖြဲတိုက် အမ်းထားတဲ့ Porche 911 GT တောင် ထုတ်မစီးရဲလို့ မီနီစကပ်ကို ပေါင်ကြားမှာ စတီးချိုင့်ထားပီး လမ်းထိပ်က ဟိန်းပေယံရဲ့ ဆိုက်ကားဘဲ စီးနေရပါတယ်…………….သွပ်..သွပ်

    မန့်တာ နည်းနည်းများသွားလားမသိ
    ဘစ်ကနီကို သတင်းစာနဲ့ အုပ်ပီးပြေးပီ …………….. ပလစ်..ပလစ်
    ဒါတောင် အမှိုက်ပုံနားမှာ အီးပါပါရာဇီ တယောက်က ကင်မလာကိုင်ပီး စောင့်နေလေရဲ့

  • ရွှေ မင်း သား

    June 29, 2012 at 6:35 am

    သဂျီး.
    ကျနော်တို့လို ပြည်သူပြည်သားတွေ မျက်စိပွင့် သွားအောင်လို့ ဥရောပ တခွင်ပြဲပြဲစင်အောင် ပို့ပေးစေလိုကြောင်း

  • htoosan

    June 29, 2012 at 7:27 am

    နေရှင်နယ်လိဒ်ကို ကပ္ပလီတွေ ရောက်လာမှဘဲ လေးဘလက်ပို့စ်မှာပါတဲ့ ဟိုဆေးက အချိန်ကိုက် ပေါ်လာတော့တယ်

    ကပ္ပလီတွေ ကြောင့်တော့ မဖြစ်နိုင်ဘူးထင်တယ်နော် .. မသကာ တရုတ်တွေဆိုရင်တော့ ဖြစ်နိုင်မယ်ထင်တယ် ..
    ကပ္ပလီ နဲ့ တရုတ် ဘယ်သူက အဲ အဲ ပြောတော့ဘူး … ဆင်ဆာမိနေမယ် .. 😀
    ဆောဒီးပါ ပိုစ်အကြောင်းမမန့် ဘဲ ဘေးရောက်သွားလို့ .. နိဒါန်းဘဲ ဆိုလို့ အလယ်တွေ အဆုံးတွေ စောင့်လိုက်ဦးမယ် ..

  • ရွာစားကျော်

    June 29, 2012 at 11:48 am

    သူကြီး၏ဘဏ္ဍာတိုက်ကိုဖောက်မယ့်
    စာကိုယ်နဲ့ နိဂုံးကို စိတ်ဝင်တစားစောင့်နေပါမယ်ဗျား

  • King of Secrets (Bo Min)

    June 29, 2012 at 11:58 am

    အော် ဆိုဒ် တစ်ခုကို ဘာလို. ရွာ ဆိုပြီး ခေါ်နေပါလိမ့်နော်။

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 29, 2012 at 12:58 pm

      ကိုယ့်ဆာသေချာပြီဒါဆိုရင်
      ရွာဝင်တုန်းကလမ်းညွှန်တွေမဖတ်ခဲ့တာ……..
      ရွာသူားအသစ်အဟောင်းလို့သူကြီးကသုံးထားလေရဲ့…….
      ယနေ့ခေတ်ဂလိုဘယ်လိုက်ဇေးရှင်းဆိုတော့ကိုယ့်ဆာလဲကမာ္ဘပေါ်ကရွာကြီးတစ်ရွာဆိုတာမေ့နေပုံ
      ထောက်ပါတယ်…..
      ထိုကြောင့်မန်းလေးဂေဇက်ဆိုဒ်အားရွာခေါ်သင့်၏မခေါ်သင့်၏
      ဆာလျှို့ဝှက်ရာဇာခေါ်ဆာဗိုလ်မင်းတစ်ယောက်ဆုံးဖြတ်ပါလေ…….

  • မောင်ပေ

    June 29, 2012 at 12:13 pm

    အူးကိုင် က စီအိုင်အေ က သိမ်းထားတဲ့ ဒေါ်လာအတုတွေ ပေးမလို ့ဆိုလားဘဲ ။

  • ဖိုးထောင်

    June 29, 2012 at 1:32 pm

    အော် ရွာရွာရွာ တရားမျှတစွာအုပ်ချုပ်တဲ့ရွာဖြစ်ပါစေ

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 2:21 pm

    သည်းစာတွေထဲမှာ တစ်ခုလောက်တော့
    ကန့်ကွက်ချင်ပါတယ် …
    ဟိုး အောက်ဆုံးက စာကို ကန့်ကွက်ချင်တာ ..
    ” သဂျီးသမက် ဆိုတဲ့စာ ”

    နောက်ထပ်ပြောချင်တာက
    ဖရဲသီးကလည်း သဂျီးသမက်လို့ သူ့ကိုယ်သူ ပြောဒယ် ..
    ဒီတော့ သည်း သဂျီးသမက်ဖြစ်ချင်ရင် ဖရဲသီးနဲ့ အရင်ဖိုက် ..
    နိုင်တဲ့လူ နာနဲ့ ထပ်ဖိုက်မယ် ..

    • ဘဲဥ

      June 29, 2012 at 2:44 pm

      မစ်ချတာတောက်တဲ့ဂိုနိုင်ယင် နာချိတေးဒယ်
      နာ့ဂိုနိုင်မှ …………

  • snow white

    June 29, 2012 at 3:08 pm

    နိဒါန်းလေးတောင်ဒီလောက်ဖတ်လို့ကောင်းပါတယ် စာကိုယ်နိဂုံးလေးကပိုကောင်းမယ်လို့ထင်ပါတယ် ဉာဏ်မမီလို့ မဝေဖန်ခဲ့တော့ပါဘူး ဖတ်လို့တော့ကောင်းတယ် ကိုရှမ်းပြည်သားဆက်လက်ရေးသားပါအုံး စောင့်မျှော်အားပေးနေပါတယ်။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 29, 2012 at 6:30 pm

    ဘာရယ်မဟုတ်ဘူးပြန်ဆွဲတင်တာ…….
    ဟိဟိသူကြီးဘဏ္ဍာတိုက်ဖောက်ပါမယ်ဆိုမှ…..
    စနိုးလေးရေအားပေးတာကျေးကျေးပါဗျာ…….

  • MaMa

    June 29, 2012 at 8:23 pm

    ရွာအရေးကို နောက်မှ ပြန်လာဆွေးနွေးဦးမယ်။
    လောလောဆယ် (ဥပဒေအကြံဉာဏ်များကိုတတ်စွမ်းသရွေ့ပေးနေပါသည်…. အကြံဉာဏ်လိုကကူညီခွင့်ပေးလျှင်ပေးချင်ပါသည်….. အခမဲ့အကြံပေးခြင်းဖြင့်ကုသိုလ်ယူလိုပါသည်……) ဆိုတာကို ဖတ်မိပြီး မောင်ရှမ်းကို လေးစားသွားမိတယ်။
    ကိုယ့်တုန်းကတော့ ကိုယ့်ကိစ္စကို တိုင်ပင်ဆွေးနွေးဖို့ ရှေ့နေတွေဆီရောက်တော့ ဘာမှ စကားမပြောရသေးခင် တိုင်ပင်ဆွေးနွေးခ ၂၀၀၀ဝ (နှစ်သောင်းကျပ်) အရင်ဆုံး ပေးရပါတယ်။ ပေးပြီးမှ ရှေ့နေက စကားစပြောပါတယ်။
    အဲဒီကစပြီး ရှေ့နေပညာအဖိုးတန်လှပါလားလို့ တွေးမိတယ်။
    ဒါပေမယ့် သူတို့ပေးတဲ့အကြံတွေကလည်း တစ်ယောက်တမျိုးနဲ့ သူတို့ကို ရှေ့နေခေါ်ဖို့ အကြံတွေချည်း ဖြစ်နေတယ်။
    အဲဒီလိုဖြစ်ပြီးကတည်းက ရှေ့နေဆိုတာ ငိုစား ရီစား လု့ိ ရှေးလူကြီးတွေ ပြောတာ မမှားဘူးလို့ ထောက်ခံမိတယ်။
    အဲဒီထဲမှာ မောင်ရှမ်းမပါ 😀

    • ရှမ်းပြည်သား (တောင်ပိုင်း)

      June 29, 2012 at 9:16 pm

      ကျွန်တော်ကရှေ့နေစစ်စစ်မဟုတ်လို့ဒီလိုတွေးတာပါ….
      အဲလိုမှမဟုတ်ဘူးကျွန်တော့်မိဘနှစ်ပါးလုံးလဲရှေ့နေစစ်စစ်မဟုတ်ကြဘူး…
      ရှေ့နေတွေလိုလူတကာကိုအမှုသည်ဆိုတဲ့အမြင်မမြင်ကြပါဘူး…..
      မိဘတွေကကျောင်းဆရာ/မတွေကနေမိသားစုစီးပွားရေးအခြေအနေအရ
      ရှေ့နေပြောင်းလုပ်ကြပေမယ့် လူတကာကိုကျောင်းသူားတွေကျောင်းသူားတွေရဲ့မိဘ
      တွေအနေနဲ့ပဲဆက်ဆံတတ်ကြတယ်ဗျ……
      ရှေ့နေတွေကတောင်းရမ်းတာနစ်နေအောင်တောင်းတယ်ဆိုတာလဲ
      သူတို့မှာအခြေအနေအမျိုးမျိုးရှိကြတယ်ဗျ………
      ဒါပေမယ့်ပေါ့ဒါပေမယ့်လေဆိုတာမျိုးပေါ့…….
      ကျွန်တော်တို့ကရှေ့နေလုပ်ငန်းကိုဝါသနာပါလွန်းလို့မဟုတ်ပဲ
      အခြေအနေအရလုပ်ကြတာဆိုတော့ လူတွေကိုလူလို့ပဲမြင်ပါတယ်…….
      အမှုသည်ဆိုတဲ့အကြည့်နဲ့မကြည့်တတ်ပါ……
      မှန်တာပြောသစ္စာစကားကြောင့် သိန်းထောင့်ငါးရာထီဆုကြီးပေါက်ရစေရဲ့ဗျာ……

  • နောက်နေ.......

    July 1, 2012 at 12:20 pm

    ဟဲဟဲကိုထွဋ်ရေ…..သူကြီးမဖြစ်အောင်တားတဲ့ကြားက
    ခိုးပြေးသွားလိုက်တာ…..

Leave a Reply