3 ကျယ်ပြန့်လွတ်လပ်သော နေရာမှအပြန်

1ကျောက်စရစ်ခဲတောင်

2သစ်ပင်မရှိတဲ့တောင်ကတုံး
3 ကျောက်စရစ်ထုတ်လုပ်တဲ့လုပ်ငန်းတစ်နေရာ

 

4 ကျောက်စရစ်ထုတ်တော့ တောင်ကတုံးဖြစ်သွားတာပေါ့
5 လှပသောလမ်းအကွေ့
6a ကျောက်စရစ်ထုတ်တဲ့လုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်တဲ့နေရာတွေပါ

 

6 ကျောက်ဆောင်တောင်ကတုံး

 

7က ကျောက်စရစ်ထုတ်တဲ့တောင်ကုန်းတွေပါ
7ခ တောင်တန်းနောက်ခံနဲ့လယ်ကွင်းလေးတွေ လုပ်လိုက်စ
7ဂစိမ်းလန်းသော ကောက်စိုက်ခင်းလေး
7ဃ အားယူစ ပျုးိခင်းလေး
8က အဝေးမှာလှေခါးထစ်စိုက်ခင်းလေး
8သူများမြေနဲ့ကိုယ့်မြေအကြားမှာတွေ့ရတဲ့ကိုယ့်နိုင်ငံကအလံ
9   တစ်ပြတောင်မကွာဘဲ သူတို့နိုင်ငံဘက်ဖြစ်သွားရော
9ခ သူတို့ဘက်နဲ့ကိုယ့်ဘက် တကယ့်ကိုနီးနီးလေး
9ဂအပြန်လမ်းမှာတွေ့ရတဲ့ စိမ်းမြလယ်ကွင်း
9ဃ တောင်တန်းများနောက်ခံနဲ့လှပသော ကောက်ပင်စိမ်းစိမ်း
9င တိမ်တွေ့နဲ့အတူ စိတ်တွေပါလွင့်မျောသွားသလို
9အဝေးကတောင်ခြေမှာအိမ်ကလေးတွေ
10 ရေဆင်းမြောင်းကလေး
11ရေစပ်စပ်လယ်ကွင်းလေး မြင်တော့ အောင်ပင်လယ်ကို သတိရမိပါတယ်
12 ပြောင်ထင်းနေတဲ့ကျောက်ဆောင်ကို အဝေးကမြင်ရရင် ကျန်တဲ့သစ်ပင်တွေကုန်တော့မှာကသေချာနေသလောက်
14 ကဲဒီကျောက်စရစ်တွေဘယ်ကိုသွားမလဲ?????????????????/
14 လယ်စောင့်တဲမဟုတ်တဲ့ကျောက်စောင့်တဲ့
15 တောင်ကျစမ်းရေ တစ်
16ရေတံခွန်အသေးလေး တောင်ပေါ်ကကျလာတာပါ
17 ဟိုဝါးတောအုပ်လေးထဲကေ န စမ်းရေတွေကျလာတာပါ
18 တိမ်ထဲသို့တိုးဝင်
20 တောင်အထက်ကတိမ်ဆိုင်ထု
21 တောင်ထဲသို့တိုးဝင်
22 ခိုနားရာ

 

 

23 အပြန်လမ်းမှာမြင်ရတဲ့တောင်ကြားလမ်း
23 အပြန်လမ်းမှာမြင်ရတဲ့တောင်ကြားလမ်း
23 အပြန်လမ်းမှာမြင်ရတဲ့တောင်ကြားလမ်း

 

 

 

24 ဒီတံတားလေးကျော်ပြီးရင် အိမ်ပြန်ရောက်ဘို့နီးပေါ့

“လွတ်လပ်ကျယ်ပြန့်သောနေရာဆီသို့………………”

 

မူဆယ်မြို့ကနေ မန်းလေးဘက်ကိုပြန်အထွက်လမ်းမကြီးကနေ တောင်ဘက်ကိုလာတဲ့အခါ

လမ်းခွဲလေးတစ်ခုတွေ့ပါတယ်။

အနောက်ဘက်တည့်တည့်ဆက်သွားရင် မန်းလေးဘက်။

အရှေ့ဘက်ကိုသွားမယ်ဆိုရင် မြို့သစ်တည်မယ်ဆိုတဲ့နေရာ။

နောင်ဆိုရင်ကားကြီးတွေ ဒီဘက်က သွားရမယ်လို့သတင်းတွေထွက်လာတယ်ဆိုတော့

အဲဒီဘက်က ဆယ်ဂဏန်းမြေကွက်က ရာကြီးဂဏန်းတွေဖြစ်ကုန်ပါတယ်။

အဲဒီဘက်က တရုပ်နယ်စပ်နဲ့မြန်မာနယ်စပ်ပြန်ဆုံတဲ့နေရာလို့ပြောတော့ သွားကြည့်ချင်ပါတယ်။

ဒီလမ်းတွေကိုလဲ တရုတ်ဘက်ကတာဝန်ယူပြီးဖောက်ပေးတယ်ပြောပါတယ်။

လမ်းတွေက ညီညာပြီး အတော်လေးသပ်ရပ်။

တစ်ဘက်ကတောင် တစ်ဘက်က မြေပြန့်လွင်ပြင်။

လွင်ပြင်ဘက်ခြမ်းမှာတော့ ရသလောက်နေရာတွေမှာ စါပးပင်တွေစိုက်ထားတာကိုတွေ့ရ။

အဝေးမှာအထပ်ထပ်နဲ့တောင်ကြီးတွေ။

လှမ်းကြည့်ရင်  ကျောက်တောင်တခြမ်းပဲ့တွေအဖြစ်မြင်ရပါတယ်။

ဒီကျောက်တောင်တွေကနေအိမ်ဆောက် လမ်းခင်းဘို့ ကျောက်စရစ်ထုတ်တေ့ာ တောင်ကတုံးတွေဖြစ်သွား။

ဒီလမ်းရဲ့ထူးခြားချက်ကတော့ သူတို့ဖောက်တဲ့လမ်းကြောင်းမှာပိတ်နေတဲ့တောင်တွေကို ထက်ဝက်ပိုင်းပြီး

လမ်းဖောက်လိုက်တာပါတဲ့။

အကွေ့အကောက်တွေများပေမယ့် လမ်းတွေကညီညာဖြောင့်ဖြူးပါတယ်။

နေအပူရှိန်ရှိပေမယ့် တောင်တန်းတွေကြားကလာတဲ့အေးမြတဲ့လေကြောင့်အပူဒဏ်တွေ

လျော့ပါးတာကတော့အမှန်ပါဘဲ။

တောင်ကိုထက်ခြမ်းခွဲပြီးဖောက်ထားတဲ့လမ်းမကိုရောက်တော့ ဆင်းပြီးဓါတ်ပုံတွေရိုက်ကြပါတယ်။

အောက်ဖက်ကိုလှမ်းကြည့်တော့ အစိမ်းနုနုစပါးခင်းလေး။

မြင်ရတဲ့မြင်ကွင်းက မျက်စေ့အတော်အေးပါတယ်။

အဝေးကေ တောင်တန်းတွေမြင်ရတာလဲ စိမ်းညို့လှပ။

ကျနော်တို့တောင်ဘက်လမ်းမကြီးအတိုင်းဆက်အသွားတံတားလေးကျော်တဲ့အခါမှာတော့

လူနေအိမ်ခြေတွေကိုစတွေ့ရသလို ကတုံးတစ်ခြမ်းဖြစ်နေတဲ့တောင်တွေကိုတွေ့ရပါတယ်။

အပေါ်ပိုင်းမှာတော့ သစ်ပင်တွေရှိပေမယ့် တစ်ခြမ်းကတော့ ကျောက်ပြင်သက်သက်။

ကျောက်စရစ်ခဲထုတ်လုပ်တဲ့ဌာနတွေဖြစ်ပါသတဲ့။

အဲဒီကနေအောက်ဖက်ကိုဆက်ဆင်းသွားတဲ့အခါမှတော့ ဟိုအဝေးမှာ ကျောက်တောင်။

လမ်းအကွေ့ကအရှည်အလျားလိုက်။

အောက်ဖက်ငုံ့ကြည့်လိုက်တော့လှပတဲ့မြင်ကွင်းကို တဝကြီးမြင်ရပါတယ်။

ကျနော်တို့အဖွဲ့တွေအားလုံးအောက်ဆင်းလို့ သဘာဝအလှကိုခံစားရပါတော့တယ်။

ဇွန်လရဲ့နေ့လည်ခင်းပေမယ့်မိုးရိပ်ကြောင့်နေကမူံမူံ။

တောင်ဘက်မှာ စိမ်းမြတဲ့တောအုပ်။

အရှေ့ဘက်မှာ မြူဆို်င်းနေတဲ့တောင်တန်းနဲ့လူနေအိမ်ခြေ။

အောက်ခြေမှာတော့ သဲသောင်ယံနဲ့မြစ်ရွှေလီကို တွေ့ရ။

ဟို့အနောက်ဘက်မှာတော့ ကွေ့ကောက်သွားတဲလမ်းကလေးနဲ့အတူ ကျောက်ကမ္ဘားယံတွေ။

ကျနော်မှာတော့ ဓါတ်ပုုံရိုက်မဝ။

ရိုက်ရင်းအားမရတော့  တောင်အစွန်းနားအထိသွားရိုက်တော့

ပြုတ်ကျမှာစိုးလို့ဝိုင်းအော်။

ဒါပေမယ့်ကျနော်စိတ်တိုင်းကျတဲ့ပုံတော်တော်များများရခဲ့ပါတယ်။

အဲဒီကနေအောက်ဖက်ကိုဆက်ဆင်းတော့ လမ်းနံဘေးမှာတဲလေးတွေတွေ့ရပါတယ်။

လူနေအိမ်ခြေလေးတွေရှိလာသလို မြေပြန့်လွင်ပြင်ရောက်လာပါတယ်။

ဘေးတစ်ဘက်တစ်ချက်မှာတော့ လယ်လုပ်နေတဲ့တရုပ်လယ်သမားတွေကိုတွေ့ရပါတယ်။

ရှေ့နည်းနည်းဆက်သွားပြီးကျနော်တို့ကားကိုရပ်လိုက်ပါတယ်။

အုတ်ကြမ်းနဲ့ဆောက်ထားတဲ့အဆောက်အဦးရှေ့မှာ မြန်မာနို်င်ငံအလံကလေးကတလွင့်လွင့်။

သိပ်မဝေးတဲ့နေရာလေးမှတော့မဝင်ရဆိုတဲ့အမှတ်အသားလေးပြထား။

အဲဒါကတရုပ်ပြည်ဘက်အခြမ်း။

သူတို့ရှေ့မှာလည်းအလံလေးက တလူလူ။

ကျနော်တို့လည်းခဏလေးရပ်ကြည့်ပြီးပြန်လာခဲ့ကြပါတယ်။

လမ်းမှာတွေ့တဲ့တစ်ခုတည်းသော ဆိုင်ကလေးမှာရေသန့်နဲ့အအေးတွေဝယ်သောက်။

အပြန်လမ်း ကျနော်တို့နားခဲ့တဲ့နေရာမရောက်ခင်မှာတော့ တောင်ပေါ်ကကျလာတဲ့

ရေတံခွန်အသေးလေးကိုတွေ့ရ။

ဘေးနားမှာဝါးလုံးနဲ့ရေသွယ်ထား။

ဆင်းပြီး ရေကိုထိကြည့်တော့အေးမြ။

အပြန်လမ်းမှာတော့ဘယ်မှမရပ်ဘဲ ပြန်လာခဲ့တော့ မူဆယ်အဝင်လမ်းကိုခဏနဲ့ရောက်ပါတယ်။

မူဆယ်ဘက်သွားတဲ့လမ်းပေါ်ရောက်ကတည်းက ကားက မငြိမ်မသက်နဲ့ကဆုန်ပေါက်ပြေးတော့

ကျနော်တို့မှာလဲဟိုယိမ်းလိုက်ဒီယိမ်းလိုက်။

လမ်းခြင်းတော့အတူတူ ခင်းတဲ့သူမတူတော့ သက်တောင့်သက်သာရှိတာခြင်းလဲကွာပါတယ်။

ကဲ ဘာကွာသလဲတော့မသိဘူး။

ကဲ ဘာကွာသလဲတော့မသိဘူး

ကဲ ဘာကွာသလဲတော့မသိဘူး။

 

 

 

 

ကိုပေါက်လမ်းသလားနေသည်

(1-7-2012)

 

 

 

 

 

9 comments

  • မောင်ပေ

    July 6, 2012 at 3:04 pm

    စိမ်းမြ ရဲ ့လယ်ကွင်းကို ဖြတ်တုန်းက စိမ်းမြနဲ ့တွေ ့ဖြစ်ခဲ့သေးလားဟင် ? ဟီဟိ စတာပါခင်ဗျ

    • ဘဲဥ

      July 6, 2012 at 6:39 pm

      ဘယ်ပါသွားတာလဲဟင် လေးပေါက်

  • ဝမ်းတွင်းရူး

    July 6, 2012 at 7:03 pm

    ကိုပေါက်ရေ တစ်ချိန်က စိုင်းဆိုင်မောဝ်သီချင်းဖြစ်တဲ့ မူဆယ်-နမ့်ခမ်းလမ်းကို သတိပြန်ရပါတယ်။
    နောက်ပိုင်းပြန်ဆိုတဲ့ လမ်းကောင်းကြောင်း သီချင်းတော့ မဟုတ်ပါ။

  • မိုး မင်းသား

    July 6, 2012 at 7:08 pm

    ကိုပေါက်ရေ…..ပုံ(၁၂)လေးကတော ့

    ကိုပေါက်ပြောတဲ ့အတိုင်းဖြစ်မှာသေချာနေပြီလေ……..

    နောက်ထပ်..ဘယ်တွေသွားဦးမှာလည်း…….

    သိချင်ပါသေးတယ်……

    ချစ်ခြင်းမေတ္တာဖြင် ့

  • ဘုအဲလေးရေ
    မောင်ပေ က အချောင်ဆိုပြီး စိမ်းမြကို မသွားပါသတဲ့။
    လောလောဆယ် ဆိုင်ကပ်နေရပါသည်.

  • San Hla Gyi

    July 6, 2012 at 10:35 pm

    ကိုပေါက်ရေ
    ရေတံခွန်အသေးလေး ကသဘောကျစရာပါပဲဗျာ။ ကျနော်က အဲဒီလို ရေတံခွန်လေးတွေ ချောင်းငယ်လေးတွေဆို သိပ်သဘောကျတယ်။

  • Mလုလင်

    July 6, 2012 at 10:38 pm

    ပုံတွေ အကုန် မမြင်ရပါ .. Refresh လုပ်ပါသော်ငြား … ;-( စိမ်းစိမ်းစိုစို သဘောကျ ပါတယ် ဆိုမှ .. စိမ်းစိမ်းစိုစို ဓာတ်ပုံတွေ ပဲ တင်နေတယ် .. မနာလို တော့ဘူးဗျ ..။

  • ကဲလာကွာ………………………..
    ကဲလာကွာ……………………………….
    ကိုပေါက်ကံကောင်းတာပါကွာ။
    ကိုစံလှကြီးရေ
    ရေတံခွန်ကို ကျနော်လဲ သဘောကျတယ်ဗျာ။
    မနှစ်တောင်ကြီးသွားတုံးက ကားလမ်းဘေးရှိတဲ့ရေတံခွန်ကို ရိုက်ချင်လို့ မနက် 5နာရီကျော်ကျော်မှာ
    အေးသာယာသွားတဲ့ဘတ်စကားစီး။
    လမ်းမှာဆင်း။လမ်းမှားဆင်းတော့2မိုင်ကျော်ကျော်လောက်လမ်းလျောက်လို်က်ရတယ်။
    ဒါပေမယ့် လိုချင်တာရလိုက်တယ်.
    ဒီမှာလဲတင်ဘူးပါတယ် ။
    လင့်ပြန်ရှာပေးမယ်နော်။

Leave a Reply