ပြင်သစ်နိုင်ငံ Gare du Nord ဘူတာရုံသို့ ရောက်ရှိလာစဉ်…

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံရောက် မြန်မာနိုင်ငံသားများကဤသို့ ကြိုဆိုကြပါသည်။

ပြင်သစ်နိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီး မှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား Gare du Nord ဘူတာရုံသို့လာရောက်ကြိုဆို…

အေးမြလှသော အမေ့အပြုံး…

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား ပြင်သစ်နိုင်ငံ သမ္မတ Francois Hollande က Elysee နန်းတော်မှ ကြိုဆိုနေစဉ်..

Elysee နန်းတော်တွင်းမှ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြင်သစ်နိုင်ငံ သမ္မတ Francois Hollande..

ပြင်နိုင်ငံ အစိုးရ၏ဖိတ်ကြားချက်အရ ဇွန်လ(၂၆)မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံကို အင်္ဂလန်နိုင်ငံမှ အမြန်ရထား Eurostar ဖြင့် ရောက်ရှိခဲ့ပါတယ်။ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲ့ Gare du Nord ဘူတာရုံသို့ ပြင်သစ်နိုင်ငံရဲ့ ဖွံ့ဖြိုးရေးဝန်ကြီး Mr.Pascal Canfin လာရောက်ကြိုဆိုခဲ့ပါတယ်။

ထို့နောက် ပြင်သစ်နိုင်ငံ ပဲရစ်မြီု့မှာရှိတဲ့ Elysee မှာ ပြင်သစ်နိုင်ငံရဲ့ သမ္မတ Francois Hollande ကကြိုဆိုခဲ့ပါတယ်။မြန်မာနိုင်ငံ ရဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြင်သစ်နိုင်ငံမှာ (၃)ရက်ကြာနေထိုင်မယ်လို့သိရပါတယ်။

မြန်မာနိုင်ငံအတွက် မြန်မာလူမျိုးများအတွက် ဂုဏ်ယူစရာကောင်းသော သမိုင်းဝင် ခြေလှမ်းများဟု ယူဆမိပါတယ်။ကမ္ဘာ့ နိုင်ငံကြီးများက ဤသို့ အရေးတယူ ဂရုတစိုက် ကြိုဆိုကြဖိတ်ခေါ်ကြတာ မြန်မာနိုင်ငံဆိုတာ ကမ္ဘာပေါ်မှာ အထင်အရှား ကျော်ကြားစေဖို့ ဖန်တီးပေးနေခြင်းလို့ယူဆပါတယ်..။စာအုပ် အနီလေးတွေကိုင်ပြီး ကမ္ဘာနိုင်ငံကြီးတွေ မြန်မာလူမျိုးတွေ ရင်ကော့ ခေါင်းမော့ ပြီးသွားနိုင်လာနိုင်မယ့် ခေတ်ကိုရောက်လာတော့မှာပါ ဟု မျှော်လင့်ရင်း….

ဓါတ်ပုံ…ဒီမိုဝေယံ မှ ပြန်လည်မျှဝေပါသည်။

အစဉ်အမြဲလေးစား ခင်မင်တတ်သော…

အညတရ(မောင်သုည)…

About ခေတ်သစ်ပေါက်ကျိုင်း

zaw min has written 92 post in this Website..