♫♥✿* လှတဲ့ ပန်းတိုင်း မွှေးစေချင် ♫♥✿*

♫♥✿*  လှတဲ့ ပန်းတိုင်း မွှေးစေချင် ♫♥✿*

ကျွန်မတို ့ ပတ်ဝန်းကျင်မှာ အရောင်အသွေးစုံပြီး လှပတဲ့ ပန်းကလေးများစွာ ရှိတဲ့အထဲမှာ

သင်ဘယ်ပန်းကိုအကြိုက်ဆုံးလဲ..ကျွန်မကတော့ မာနဆူးတွေ လွှမ်းခြုံထားတဲ့ နှင်းဆီပန်းကိုကြိုက်တယ်

ပန်းကလေးတိုင်းမှာ နှစ်သက်စရာ အဆင်းရနံ ့လေးတွေ တစ်မျိုးစီရှိကြပေမယ့် ကိုယ့်ကိုယ်ကိုယ်

ကာကွယ်နိုင်တဲ့ အရေအချင်းတော့ ပန်းကလေးတိုင်းမှာ မရှိပါဘူး..မရှိတဲ့အတွက် လေအဝှေ ့မှာ ကြွေချင်ကြွေ သွားတတ်သလို တန်ဖိုးမထားတတ်သူတွေ

ချွေချင်သလိုချွေပြီး နင်းခြေသွားတဲ့ပန်းလေးတစ်ပွင့်ရဲ ့နာကျင်ကြေကွဲစရာ ရာဇဝင်ကိုလည်း စာမဖွဲ ့ခဲ့ကြပါဘူး..သူ ့မှာလည်း သဘာဝကပေးတဲ့ အလှတော့ ရှိခဲ့တာပါဘဲ…လူတွေကသာ သူ ့ကိုတန်ဖိုး

မထားကြတာပါ..တစ်ကယ်တော့ တန်ဖိုးဆိုတာ ပန်းကလေးရဲ ့ကိုယ်ပိုင်အရေအသွေးနဲ ့ပန်းလေးကို

ပိုင်ဆိုင်ခွင့်ရတဲ့ သူတစ်ယောက်ရဲ ့အလေးအနက်ထားမှုပါဘဲ..

ဒီပိုစ့်လေးက ကိုယ့်ကိုယ်ကိုယ် လှတယ် လို ့ထင်တဲ့သူတွေ ဖတ်ဖို ့ပါ..မလှတဲ့ သူတွေလဲ ဖတ်လို ့ရပါတယ်..

ဗဟုသုတပေါ့..တစ်နေ ့ကိုယ်သားသမီးရလာတဲ့အခါ ကိုယ့်သမီးလေးလှနေရင် သူ ့ကိုဘယ်လို

အသိလေးတွေပေးပြီး လမ်းပြရမလဲဆိုတာ သိသွားတာပေါ့..ကျွန်မ စိတ်ကူးယဉ်ပြီး ရေးတာတော့မဟုတ်ဘူး

ပတ်ဝန်းကျင်ကအဖြစ်အပျက်တွေကို လေ့လာပြီး သင်ခန်းစာရလို ့ မျှဝေပေးတာပါ..

ကိုယ်တိုင်လဲ မှုန်နေအောင်မလှတော့ လှတာလေးတွေမြင်ရင် အားကျပါတယ် လှတဲ့သူတွေကိုလဲ

ဘဝတန်ဖိုး အလှတန်ဖိုး သိစေချင်ပါတယ်……:D

**က္ကိုထ္ထိရူပံ ဓနံ** မိန်းမတို ့အဆင်းဟာ စည်းစိမ်ဥစ္စာ လို ့ရှေးလူကြီးတွေက ပြောကြပါတယ်..ရုပ်ရည်ချောမောတဲ့ မိန်းကလေးဆိုရင်

ကတော်ရုပ်လို ့သတ်မှတ်ကြတယ်..လှတဲ့သူဆို လိုချင်တဲ့ ပုရိသတွေ ဝိုင်းဝိုင်းလည်နေပါလိမ့်မယ်..

ချောတဲ့ လှတဲ့ မိန်းကလေးတိုင်း ကိုလူတိုင်းက မြတ်နိုးနှစ်သက်ကြပါလိမ့်မယ်..

ဒါက ယေဘုယ အနေနဲ ့ထင်မြင်ကြတာပါ…တစ်ကယ်တန်း.လေ့လာဆန်းစစ်ကြည့်တဲ့အခါမှာ.ရုပ်ရည်လှပတဲ့ မိန်းကလေးတိုင်း

ဥစ္စာဓနပြည့်စုံပါသလား..

ရုပ်လေးလှတိုင်းကတော်ဖြစ်ပါသလား..ရုပ်ကလေးကလှလို ့လိုချင်တဲ့ ပုရိသတိုင်းက ရော တစ်ကယ် မြတ်နိုးတန်ဖိုးထားကြပါလား..

ကျွန်မ မြင်တွေ ့နေရတဲ့ ပတ်ဝန်းကျင်မှာတော့

၁ဝ ယောက်မှာ ၅ ယောက်လောက် က အလှကြောင့် ဘဝပျက်ရတာ အလှကြောင့် သောက ဖြစ်ရတာ အလှကြောင့်

မကျုးလွန်သင့်တဲ့အပြစ်တွေကျူးလွန်ကြတာတအားများပါတယ်.ခေတ်ကာလကြောင့်လား အနောက်တိုင်း ယဉ်ကျေးမှု

ကို အားကျလို ့လားတော့မပြောတတ်ဘူး..ကိုယ်ပိုင်ဆိုင်ထားတဲ့ အလှနဲ ့ဘဝကို တန်ဖိုးထားပြီး ကိုယ့်ကိုယ်

ကိုယ် ထိန်းသိမ်းကြတာ တအားနည်းပါတယ်..မျက်မြင် ၂၀၁၂ သင်္ကြန် ရဲ ့ဝတ်စားဆင်ယင်မှု တွေ မူးရွဲနေတဲ့ စုံတွဲတွေက

သက်သေပြနေပါတယ်…ကိုယ်တိုင် တွေ ့ရမှာ ငါတို ့မြန်မာပြည်ကြီး ဒီလောက်တောင်ဖြစ်နေတာပါလား..

လူရှေ ့သူရှေ ့မှာ စုံတွဲတွေ မူးမူးရူးရူးနဲ ့ဖြစ်ချင်သလို ဖြစ်နေတာလဲ ရှိတာပါလားဆိုပြီး တအားစိတ်မကောင်းဖြစ်ရတယ်..

ဗုဒ္ဓဘာသာမြန်မာလူမျိုးရဲ ့ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေလဲ အနောက်တိုင်း ယဉ်ကျေးမှု ဝါးမြိုလို ့ သွားကုန်ပြီပဲ..

အခုခေတ် ဆယ်ကျော်သက်ညီမလေးတွေ တော်တော်များများ အပြင်အဆင် ကအစ အရမ်းခေတ်မှီပါတယ်.

အားလုံးလိုလို လှအောင်ပြင်တတ်ကြတယ်..တော်တော်လေးလန်းကြတယ်ဆိုပါတော့.လိုချင်တဲ့

အလှပြင်ပစ္စည်းတွေ အဝတ်အစားတွေ အသုံးအဆောင်ပစ္စည်းတွေဆိုလဲ များပါတယ်..

အဲ့ဒီအရာတွေ များလာလေ..လူငယ်တွေရဲ ့စိတ်ဓါတ်တွေ အသိတွေ ထိန်းချုပ်နိုင်မှု နည်းလာလေပါဘဲ..

သူတို ့လိုချင်တဲ့ အရာတွေရဖို ့  မိဘက မဝယ်ပေးနိုင်တဲ့အခါ သူတို ့ဘာလုပ်မယ်ထင်သလဲ..တစ်ချို ့က

သူတို ့ကို ဝယ်ပေးနိုင်မယ့်သူကို အားကိုးတတ်လာတယ်..သူတို ့မှာ ပင်ကို အလှလေးရှိတယ်ဆိုရင် သူတို ့လိုချင်တာရဖို ့

ဘဝကိုမနှမြောကြတော့ဘူး..ဘဝကိုလွယ်လွယ်နဲ ့စတေးရဲတယ်..အလှကြောင့် ဘဝ ပါ ပျက်မှန်းမသိ ပျက်ခဲ့ရတာပါဘဲ..

အသိညီမလေးတစ်ယောက်ဆိုရင် ၁ရ နှစ်ပဲရှိသေးတယ်..I Phone လိုချင်လို ့ Tom ကိုလည်း ရည်းစားအဖြစ်တွဲလိုက်တယ်..

ယောကျင်္ားလေးနဲ ့ရည်းစားထားရင် ကိုယ့်ဘက်က အရင်းများတယ်ထင်လို ့Tom နဲ ့တွဲတာတဲ့..Tom နဲ ့ဆို ကိုယ်ဝန်ရှိမှာလည်း

မပူရတော့ဘူးတဲ့..ကိုယ်လိုချင်တာလည်း ဝယ်လို ့ရပြီတဲ့..တစ်ချို ့ကလည်း

ကိုယ့်အလှကို ယုံပြီး ငွေတွေနောက် စည်းစိမ်နောက် လိုက်ရင်း အလှကို ဗန်းပြ ဘဝကို ဓနနဲ ့လဲပြီး ကိုယ့်အလှ ကိုယ့်ခန္ဓာကို

ရောင်းစားတဲ့ သူတွေဖြစ်သွားကြပါတယ်.ဒီခေတ်မှာ အများကြီးမှ အများကြီးပါဘဲ…

အလှကိုဗန်းပြ ပြီး ကိုယ့်ဘဝကိုရောင်းရင် တစ်နေ ့အလှတွေကုန်တဲ့အခါ ကိုယ့်ကိုယ် ဘယ်သူကမှ

အရေးတယူခေါ်ကြမှာမဟုတ်တော့ဘူး…တစ်နေ ့ကိုယ် အိုမင်းတဲ့အခါ ကိုယ့်အနားမှာ ဘယ်သူများ ရှိနေချင်ကြမလဲ..ပတ်ဝန်းကျင်က

ရော အရေးတယူဆက်ဆံကြပါ့မလား..လူရယ်လို ့ဖြစ်လာရင် စားဝတ်နေရေးအတွက်တစ်ဝမ်းစားဖို ့တခါးလှဖို ့ရှာရ ဖွေရတာပါပဲ..ဒါပေမယ့်

်…သဘာဝ က ပေးလာတဲ့ ကုသိုလ်ကံကြောင့် ရလာတဲ့ အလှတရားနဲ ့ဘဝကို တန်ဖိုးမထားရင် အလှနဲ ့ရင်းပြီး ကိုယ့်ကိုယ့်ကိုယ်ရောင်းရင်

နောက်ဆုံးဘဝရဲ ့ပန်းတိုင် နေဝင်ချိန်မှာ လူတွေအထင်သေးအမြင်သေးနဲ ့ အဆုံးသတ်ရမယ်ဆိုရင်တော့ လူဖြစ်

ရကျိုးမနပ်လောက်ဘူးနော်..

နောက်တစ်ချက်…

ကိုယ့်အလှကို သိပ်ယုံကြည်လွန်းရင် တစ်နေ ့မှာ မထင်မှတ်ထားတဲ့သောကတွေ ဒုက္ခတွေနဲ ့ကြုံတွေ ့ရတတ်ပါတယ်..

မိန်းမတို ့အဆင်းလှပခြင်းဟာ စည်းစိမ်ဥစ္စာ မဖြစ်ဘဲ မိန်းမတစ်ယောက်ရဲ ့အဆင်းလှပခြင်းဟာ

အန ္တရာယ်ဖြစ်စေတတ်ပါတယ်…

ချမ်းချမ်းတို ့မြို ့လေးမှာ

အရမ်းလှတဲ့ မမတစ်ယောက်ရှိတယ်..လှတာတောင်မှ အပြစ်ကင်းပြီး ချစ်ဖို ့တော်တော်ကောင်းတာ.ကော်ပတ်ရုပ်လေးလိုပဲ

. မင်းသမီးတွေထက်ကို လှတယ်..လှသလောက် အရမ်းအေးချမ်းတယ်.အနေအထိုင်လဲ အရမ်းတည်ငြိမ်တယ်..

.အဖေကလဲ အရာရှိမို ့တော်တန်ရုံ မစရဲမနောက်ရဲဘူး..ချမ်းချမ်းတို ့

ထင်တာက ဒီလောက်အပြစ်ကင်းပြီး ချစ်စရာကောင်းတဲ့ မမကို ရတဲ့သူတော့ ဖူးဖူးမှုတ်ထားမှာပဲ ..တစ်နေကုန် ထိုင်ကြည့်ချင်စရာ

ကောင်းလောက်အောင်ကို အရမ်းဖြူစင်တယ်…ဒီမမတော့ အိမ်ထောင်ရေးကံကောင်းမှာဘဲလို ့ထင်ပါတယ်..အဲ့ဒီမမကျောင်းပြီးလို ့

အိမ်ထောင်ကျသွားတာက ချမ်းချမ်းတို ့မြို ့ရဲ ့ အချမ်းသာဆုံး ရွှေဆိုင်ပိုင်ရှင် ဆန်စက်ပိုင်ရှင်ရဲ ့သား နဲ ့ပါ..

အစ်ကိုကြီးကလည်း

ချမ်းချမ်းတို ့ငယ်ငယ်တုန်းက နာမည်ကြီး မင်းသား ရဲကိုကို အတိုင်းပဲ..သူတို ့နှစ်ယောက်တွဲလိုက်ရင် နေနဲ ့လ ရွှေနဲ ့မြပါဘဲ..

ရုပ်ရည်ရော ပညာရော စည်းစိမ်ရော ပြည့်စုံနေလို ့သူတို ့လျှောက်မယ့်ဘဝခရီးဟာ သာသာယာယာရှိသင့်တယ်လို ့ထင်ပါတယ်.

ကံဆိုးတာက

အဲ့ဒီအကိုကြီးက အချစ်ကို တန်ဖိုးထားတဲ့သူ..ဘဝကိုအလေးအနက်ထားတဲ့သူ မဟုတ်ခဲ့ဘူး..ကျွန်မတို ့အထင် ဘယ်လောက်ပဲ

ဆိုးဆိုး ပွေပွေ အရမ်းလှတဲ့ မမကို ရရင်တော့ ခြေငြိမ်သွားမယ်လို ့ထင်ပါတယ်..အဲ့ဒီအကို တွဲသမျှ မိန်းကလေးတွေထဲမှာ ဒီမမ

အလှဆုံးလေ..ဒါပေမယ့်

အိမ်ထောင်သက် တစ်နှစ် လောက်မှဘဲ ကွဲသွားခဲ့ပါတယ်…ကွဲရတဲ့အကြောင်းအရင်းက  အဲ့ဒီအကိုကြီး နောက် ကောင်မလေး

တစ်ယောက်နဲ ့တွဲနေလို ့တော့ ပြောကြပါတယ်..

အစ်မကြီးဘက်က လျှော်ကြေး သိန်း၁၀ဝ တောင်းတာ အစ်ကိုကြီး

ရဲ ့အမေက သူ ့သားမှာ ကိုယ်ပိုင်အလုပ်ဆိုတာ မရှိဘူး..မိဘရဲ ့အလုပ်ကို ကူလုပ်နေတာမို ့  လျှော်ပေးစရာ ၁၀ဝ တောင် မရှိဘူး

လို ့ ပြောလိုက်တော့ မိန်းကလေးဘက် ပဲ  လျှော်ကြေးတောင်မရလိုက်ပဲ ဒီအတိုင်း ကွာရှင်း လိုက်ကြပါတယ်..

..ယောကျင်္ားလေးတွေအတွက်

လှေကားသုံးထစ် ဆင်းရင် လူပျိုလို ့ သတ်မှတ်ရပေမယ့် မိန်းကလေး ရဲ ့ဘဝဟာ ဘယ်သွားသွား တစ်ခုလပ် တစ်လင်ကွာ

ဆိုပြီး နာမည်ကကျန်ခဲ့ပြီ…ဘယ်လောက်ပဲ လှလှ  အရင်အပျို ဘဝနဲ ့တော့ မတူတော့ဘူးလေ…

ရုပ်အလှနဲ ့ချမ်းသာတဲ့ဘဝတစ်ခု လွယ်လွယ်ရမယ်လို ့ မိဘတွေထင်ခဲ့တာ အမှားကြီးမှားပြီလို ့သိတဲ့အချိန် ကိုယ့်သမီးမှာ အပျိုဘဝ

အရင်းပေးလိုက်ရပြီလေ…

ပြည့်စုံချမ်းသာတဲ့ ယောကျင်္ားလေးတော်တော်များများက အချစ်နဲ ့ဘဝ ကိုတန်ဖိုးထားတာ တော်တော်ရှားပါတယ်.

.ငွေဟာ သူတို ့အတွက်ရေလိုဖြစ်နေပြီမို ့ မိသားစုဘဝ အိမ်ဦးနတ်ဆိုတဲ့ ခင်ပွန်းကောင်းဘဝ တန်ဖိုးကို မသိကြတာပါ..

တစ်ချို ့ မိဘတွေတော်တော်များများက သားသမီးကို ဆင်စီးပြီး မြင်းရံစေချင်လို ့ကိုယ့်သမီးလှနေရင်

ကတော်ရုပ်..သူဌေးချွေးမ ရုပ် ဆိုပြီး.ချမ်းသာရင်ပြီးရော ဆိုပြီး သမီးကို သူဌေးသားကိုချိုင်ဖို ့

ချုဖို ့ လမ်းမှားတွေပို ့ခိုင်းကြတာများတယ်..တစ်ချို ့လဲ ကံကောင်းတော့

ရသွားပါတယ်..တစ်ချို ့က ကိုယ်ဝန်နဲ ့ကျန်ခဲ့တယ်..တစ်ချို ့ကလည်း သူဌေးရဲ ့ အငယ် ဘဝရောက်သွားတယ်..

မိန်းကလေးတစ်ယောက်အနေနဲ ့တစ်သက်တာ လက်တွဲရမယ့် ဘဝခရီးဖော်ကို ရွေးချယ်တဲ့ နေရာမျာ လွယ်လွယ်လေး

လို  ့မထင်လိုက်ပါနဲ ့..ယောကျင်္ားလေးတစ်ယောက်က ကိုယ့်ကိုယ် ချစ်တယ်လို ့ပြောလာတိုင်း ၁၀၀% ပဲလို ့မထင်လိုက်နဲ ့

အချိန်အတိုင်းအတာတစ်ခုထိ သူ ့အကြောင်း သူ ့စိတ်ဓါတ် သူ ့စရိုက်ကို အရင်လေ့လာကြည့်ပါဦး..ရှေးခေတ်တုန်းက

မိန်းကလေးတစ်ယောက် သူ ချစ်နေတဲ့ သူကို အဖြေပေးဖို ့ ၃ နှစ်လောက် လေ့လာစောင့်ကြည့်ခဲ့ရတာနော်..

ကျောင်းတက်တုန်းက

..ကျွန်မတို ့မေဂျာတူသူငယ်ချင်း တွေထဲက တစ်ယောက်သောသူက သူ ့ကိုကြိုက်နေတဲ့ ကောင်လေးကို အဖြေပေးတော့

မယ်လို ့ကျွန်မတို ့ကို အရင်လာပြောပြတော့ ***နင်ကလဲ အခုမှ သိကြတာ တစ်နှစ်ပဲ ရှိသေးတယ်..

အဖြေပေးတာတမစောလွန်းဘူးလား

ဟိုးအရင်ခေတ်ကလို သုံးနှစ်စောင့်ခိုင်းပါဦးလား နင် သူ ့ကိုချစ်နေတာလည်း သူသိနေတာပဲ.. အရေးကြီးဆုံးက

သူချစ်ကိုယ်ချစ် ဆိုပေမယ့် တစ်ကယ်အဖြေပေးပြီး ရည်းစားအဖြစ် လူသိရှင်ကြားအတည်သတ်မှတ်ဖို ့

စောသေးတယ်..ဘဝလက်တွဲဖော်အဖြစ် သတ်မှတ်ဖို ့စောသေးတယ်

တစ်ကယ်လို ့ကွဲသွားခဲ့ရင်  ကိုယ်ကမိန်းကလေး လေ..ကို်ပဲ ပိုအရှက်ရမှာ***လို ့ သူ ့ကို ဝိုင်းပြောတော့

*** ဒီခေတ်မှာ အဲ့လိုစောင့်ခိုင်းရင် သူများနောက် ပါသွားမယ်တဲ့ ငါကအဖြေမပေးရင်   သူများက အဖြေအရင်ပေးလို ့ သူများ

နောက်ပါသွားမှာပေါ့တဲ့ ဒီခေတ်မှာ မျက်စိဒေါက်ထောက်ပြီး ကြည့်ရင်တောင် နင်မျက်တောင်ခတ်လိုက်တာနဲ ့တခြားတစ်ယောက်ကို

သူတို ့ ချိတ်ပီးသားတဲ့..ကိုယ်က မူနေရင် မမူတဲ့သူက ဦးသွားမယ်တဲ့ ဖူးစားဆိုတာ ဦးရာလူပဲတဲ့..  ***

အချစ်လမ်းလျှောက်ဖို ့ အချိန်အတိုင်းအတာ မလိုဘူးဆိုပေမယ့် ဘဝခရီးလမ်းလျှောက်ဖို ့တော့ အချိန်လေးပေးစဉ်းစားသင့်

တယ်လို ့မထင်မိကြဘူးလားမသိဘူးနော်..စောစောစီးစီး

အိမ်ထောင်ကျသွားတဲ့  သူငယ်ချင်းတွေရဲ ့အိမ်ထောင်ရေးပြဿနာတွေ ကိုမြင်ရတော့ သူတို ့တွေ

စဉ်းစားဆင်ခြင်လေ့လာဖို ့ အချိန်မပေးကြဘဲ လွယ်လွယ်နဲ ့ဆုံးဖြတ်ချက်ချခဲ့လို ့ သူတို ့ရဲ ့အလှဟာ အမြဲတည်နေမယ်လို ့

ထင်ကြလို ့ပါ….အခုယူလဲယူပြီးရောကလေးတန်းလန်းနဲ ့ကိုယ်လုံးကလဲ စည်ပိုင်းနီးနီးဖြစ်လာတော့ သူတို ့ကို ချစ်ပါတယ်ဆိုတဲ့

သူက အငယ်လေးတွေ ရှိလာတဲ့အခါ သောက်တတ် ကစားတတ်လာတဲ့အခါ..တစ်ချိန်တုန်းက အချစ်တွေဟာ အခုတော့

သောကဖြစ်ရပြီလေ…

ဒါ့ကြောင့် ကိုယ့်ကို ချစ်တယ်လို ့ပြောလာတဲ့ သူတိုင်း အချစ်စစ် အချစ်မှန် ဖြစ်နေလိမ့်မယ် လို ့

လွယ်လွယ်နဲ ့မယုံကြည်ပါနဲ ့..ငါကတော့ သူများထက်လှလို ့ သူများထက်ကံကောင်းလိမ့်မယ်လို ့မထင်ပါနဲ ့.

ပန်းလေးတစ်ပွင့်လှတာမြင်တိုင်း လူတိုင်းက ခူးချင် နမ်းချင်ပေမယ့် လူတိုင်းက တယုတယနဲ ့တန်ဖိုးမထားတတ်ဘူး..

တစ်ချို ့ကျတော့ မွှေးရနံ ့ပြယ်သွားရင် လွှတ်ပစ်လိုက်တယ်..တစ်ချို ့ကျတော့ မခူးရင် မနမ်းရက် အလှကြည့်ချင်ကြတယ်..

တစ်ချို ့ကျတော့ရ နံ ့ပြယ်လို ့ ခြောက်သွေ ့သွားလဲ မြတ်မြတ်နိုးနိုးနဲ ့သိမ်းထားတတ်ကြတယ်…လူအမျိုးမျိုး စိတ်အထွေ

ထွေပါဘဲ..လူတွေရဲ ့အတွင်းစိတ်ကို လွယ်လွယ်နဲ ့မသိနိုင်ပါဘူး..

မိန်းကလေးတွေရဲ ့ဘဝဟာလည်း ပန်းလိုပဲ..တစ်ချို ့ကျတော့ ကိုယ့်အလှကို မက်လို ့ ချစ်ကြတယ် အလှပျက်လို ့ဖက်တီးလို

ဝသွားရင် အသစ်ရှာပြီး အငယ်လေးတွေနဲ ့ပျော်ကြတယ်..တစ်ချို ့ကျတော့…ကိုယ့်ကိုမြတ်မြတ်နိုးနိုးနဲ ့ ထာဝရ ချစ်ကြတယ်..

တစ်စုံတစ်ယောက်သောသူရဲ ့အချစ်ဆိုတာ ကိုယ့်ဘဝအတွက် ၅၀% လောက်ပဲ အာမခံချက်ရှိပါတယ်..

ဒါ့ကြောင့်.

အခုချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက် ဟာ နောင်တစ်ချိန်မှာ နောင်တရစရာ မဖြစ်လာပါစေနဲ ့..ရီးစားထားမယ်ဆိုရင်တောင်

ကောင်းကျိုး ဆိုးကျိုး ကိုအရင်တွေးကြည့်ပါ..ဒီလူကို တစ်သက်လုံး လက်တွဲဖို ့ဆုံးဖြတ်ပြီပြီလား..

ချမ်းသာတာဆင်းရဲတာ သိပ်အရေးမကြီးဘူး..စီးပွါးဥစ္စာဆိုတာ လူကြိုးစား

ရှာဖွေမှ ဖြစ်လာတဲ့အရာတွေပါ..အဓိက..

ကိုယ့်မိဘတွေကရောသဘောတူသလား..သူ ့စိတ်ဓါတ်နဲ ့ကိုယ်ကျင့်တရားရော ကောင်းရဲ ့လား

သူဟာကိုယ့်အတွက် Excellent Choice ဖြစ်ပြီလား

ကျွန်မ ဆယ်ကျော်သက်ဘဝတုန်းက ကျွန်မဖေဖေက အသိလေးတစ်ခုပေးတယ်..ငါ့သမီး တက္ကသိုလ်မတက်ခင်မှာ

တက္ကသိုလ်အကြောင်း..လူတွေအကြောင်း သင်ခန်းစာအကြောင်းသေချာလေ့လာပြီးမှ တက်ရသလို ချစ်သူထားမယ်

ရည်းစားထားမယ်

ဆိုရင်လည်း အချစ်အကြောင်း ဘဝအကြောင်း ကို ပတ်ဝန်းကျင်က ချစ်ကြတဲ့သူတွေ ချစ်ခဲ့ဖူးတဲ့သူတွေကို အရင်ကြည့်ပါ.

အချစ်ကြောင့် သူတို ့ဘယ်လို တွေ ့ကြုံခံစားရလဲဆိုတာ သင်ခန်းစာယူပါ..သူတို ့မှားနေရင် သူတို ့လို မမှားအောင် ကိုယ့်ကိုယ်

ကိုယ် အသိလေးနဲ ့ထိန်းပါ..ကိုယ်တိုင်က အချစ်နဲ ့ပက်သက်ပြီးရလာမယ့် အဆိုးအကောင်း ကို ခံနိုင်ရည်ရှိပြီလို ့ ယုံကြည်မှ

ရည်းစားထားပါ…စာမေးပွဲရှုံးရင် ပြန်ဖြေလို ့အောင်နိုင်ပေမယ့် အချစ်နဲ ့ပက်သက်ပြီး ဘဝရှုံးသွားရင် ပြန်အောင်ဖို ့မလွယ်ဘူးတဲ့..

ဖေဖေအဲ့လိုအသိပေးပြီး ကတည်းက ကျွန်မ ပတ်ဝန်းကျင်က လူတွေကို လေ့လာတတ်ခဲ့တယ် သင်ခန်းစာ ယူတတ်ခဲ့တယ်..

သူတို ့အဲ့လိုဖြစ်လို ့သူတို ့အကြောင်းမကောင်းတာအတင်းအဖျင်းအနေနဲ ့မမြင်ဘဲ သူတို ့နေရာမှာငါသာဆိုရင် ဘယ်လို နေမလဲ..ငါကိုယ်တိုင်က

အဲ့ဒီလို မျိုး မှားခဲ့ရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ သေချာတွေးတတ်လာခဲ့ပါတယ်…ကိုယ်လဲ လူသားတစ်ယောက်မို ့သူတို ့လို မမှားနိုင်ဘူးလို ့

မပြောနိုင်ဘူးလေ…..

စကားပုံလားစကားပြောင်လားမသိဘူး ရယ်စရာတစ်ခု ကြားဖူးတယ်…

****မိန်းကလေးတွေ ၁၆နှစ်အရွယ်မှာ သနပ်ခါးသွေးတာ…ငါတော့ ဆရာဝန်ကတော် စစ်ဗိုလ်ကတော်..လုပ်မှာ လို ့ပြောပြီး

သွေးတယ်တဲ့..သွေးရင်းသွေးရင်း မရတော့

၂ဝ လဲကျော်လာရော  တစ်ဆင့်လျှော့ပြီး ကျောင်းဆရာကတော်…ကျောင်းဆရာကတော် လို ့ပြောပြီးသွေးရင်း

သွေးရင်း.. မရပြန်တော ့၂၅ လဲကျော်လာရော ရတာယူမယ် ရတာယူမယ် ဖြစ်သွားပါလေရောတဲ့*****

ဒီခေတ်မှာ ရုပ်ကလေး အားကိုးပြီး ငါတော့ ဆရာဝန်ကတော်…စစ်ဗိုလ်ကတော်. သူဌေးကတော်

.အရာရှိကတော် ဖြစ်မှာဘဲလို ့မှန်းနေကြတဲ့သူ..တွေ အသိလေးတစ်ခုထားပါ..

ဘဝဆိုတာ ကိုယ်ဖြစ်ချစ်သလို ကိုယ်လုပ်ချင်သလို ဖြစ်နိုင်ဖို ့ဆိုတာ..ကံတရားရယ် စိတ်ထားရယ် အရမ်းအရေးကြီးတယ်..

ဥပမာ..ဆရာဝန်ကတော် မှန်းတယ်ဆိုပါစို ့..ကိုယ့်မှာ ကတော်ဖြစ်ဖို ့အတိတ်ဘဝကပြုခဲ့ဖူးတဲ့

့ကုသိုလ်ကံရယ်..ဆရာဝန်ကတော် ပီသစွာနဲ ့ လူနာတွေအပေါ်

ကြင်နာစာနာတတ်တဲ့ စိတ်ဓါတ်လေးရယ်..အသပြာထက် မေတ္တာ ကို အဓိကထားတဲ့ စိတ်လေးရှိနေမှ ဆရာဝန်ကတော်မှန်းပါ..

ကံဆိုတာက ရှေးဘဝက ပြုခဲ့ဖူးတဲ့ကုသိုလ်ကံ..စိတ်ထားဆိုတာက လက်ရှိ စိတ်ဓါတ်က တစ်ကယ် မှန်ကန်နေမှ.

ကိုယ်လိုချင်တာ ကိုယ်မှန်းတာ ကိုယ်ဖြစ်ချင်တာ ဖြစ်နိုင်တာပါ..

ဆရာဝန်တစ်ယောက်ရဲ ့ပြန်ပြောပြချက်ကို မဂ္ဂဇင်းတစ်ခုမှ ဖတ်လိုက်ရတဲ့ဖြစ်ရပ်မှန်လေးတစ်ခုပါ..

သူငယ်ချင်းဆရာဝန်နှစ်ယောက် ရှိပါတယ်.သူတို ့နှစ်ယောက် အိမ်ထောင်ကျတော့ တစ်ယောက်က အရမ်းလှတဲ့ သူနဲ ့ရပါတယ်..

သူတို ့နှစ်ယောက်တွဲသွားလိုက်ရင် နေနဲ ့လ ရွှေနဲ ့မြလို ့ လိုက်ဖက်တဲ့အတွဲလို ့ အများက ချီးကျူးကြပါတယ်..

နောက်တစ်ယောက်က သာမန်ရုပ်ရည် ရှိတဲ့ သူနဲ ့ ရပါတယ်..သူတို ့အတွဲ ကိုကျတော့

ဆရာဝန်က ဖြူဖြူချောချော ဆရာဝန်ကတော်ကအသားညိုညိုနဲ ့ရွက်ကြမ်းရေကျို ဘယ်လိုမှ ကတော်ရုပ်မပေါက်တာ မင်းမို ့

ယူတယ်ကွာဆိုပြီး လူတွေက နှာခေါင်းရှုံ ့ကြပါတယ်…

နှစ်ယောက်လုံး ဆရာဝန်ကတော် ဖြစ်သွားတာချင်းတူပေမယ့် ရုပ်ရည်နဲ ့စိတ်ဓါတ်က ဘာကွာလဲဆိုတော့..ရုပ်ချောတဲ့ သူက

မာနကြီးပါတယ်..လူတွေကို စကားပြောရင်လဲ အထက်စီးက မတူသလို မတန်သလို ပြောပါတယ်..လူနာတွေကိုလဲ ကြင်ကြင်နာနာ

မရှိပါဘူး..အိမ်ရှင်မတာဝန်နဲ ့သားသမီးတွေ ကိုလဲ ဂရုမစိုက်ပါဘူး..ငါ့ လို လှတဲ့သူကို ငါ့ယောက်ျား ဘယ်တော့မှ မပြစ်သွားနိုင်ဘူး

လို ့ထင်ထားပါတယ်…

သာမန်ရွက်ကြမ်းရေကျို ကတော့ အပြောအဆို အနေအထိုင်ကအစ အေးချမ်းတယ် ခင်ပွန်းနဲ ့သားသမီးအပေါ်လဲ တာဝန်ကျေတယ်.

..စိတ်ကောင်းရှိပြီး လူနာတွေကိုလဲ မေတ္တာထားတယ်..

တစ်နေ ့ဆရာဝန်နှစ်ယောက်လုံး နယ်ကို အလုပ်ပြောင်းရတော့ ဆရာဝန်ကတော်တွေက ကလေးတွေ ကျောင်းတစ်ဖက်နဲ ့

ချက်ခြင်း လိုက်မပြောင်းနိုင်သေးလို ့ ဆရာဝန်နှစ်ယောက်ပဲ နယ်ကို ပြောင်းသွားပါတယ်..

ဖြစ်ချင်တော့ နှစ်ယောက်လုံးက မိန်းမနဲ ့ကလေးတွေ မပါသွားတော့ နယ်က မမတွေက လူပျိုမှတ်ပြီး ဆရာဝန်ကတော် ဖြစ်ဖို ့အတင်း

ကပ်တာပေါ့….ဇနီးအလှလေးရထားတဲ့ဆရာဝန်က အပြောအဆို နဲ ့

အယုအယ ကောင်းတဲ့သာမန်မိန်းကလေး

နဲ ့ငြိပြီး ရွက်ကြမ်းရေကျို ရထားတဲ့ဆရာဝန်က သူများလိုမျိုး နေနဲ ့လ ရွှေနဲ ့မြ ချီးကျူးတာ

ခံချင်လို ့ အိမ်က မိန်းမထက် လှတဲ့သူနဲ ့ပါသွားပါတယ်…ဘာမှတော့

မဖြစ်သေးပါဘူး…သူတို ့ဘဝမှာ မရခဲ့ဖူးတာလေးကို ရတော့ စိတ်ထဲက သာယာသွားတာပါ..

အဲ့ဒီသတင်းကို မြို ့က မိန်းမနှစ်ယောက် သတင်းကြားပြီး လိုက်လာတော့ ..ရုပ်လှတဲ့ ကတော်က     ယောက်ျားကို ချိုချိုသာသာနဲ ့

မပြောဘဲ..ရိုင်းရိုင်းစိုင်းစိုင်းစွပ်စွဲပြီး ပြဿနာရှာတော့….ဆရာဝန်လဲ စိတ်ကုန်ပြီး တစ်ခါတည်း ကွာရှင်းလိုက်ပါတယ်..

ရွက်ကြမ်းရေကျို အမျိုးသမီးက.သားသမီးတွေကိုငဲ့ပြီး မလုပ်သင့်တာ မလုပ်ပါနဲ ့..မိဘဆိုတာ

သားသမီးတွေအတွက် စံပြအဖြစ်နေရမယ်လို ့ ချိုချိုသာသာနဲ ့ပြောပါတယ်.အဲ့ဒီအခါ တဒင်္ဂ အလှမှာ သာယာမိတဲ့ ဆရာဝန်က

အသိလေး ဝင်လာပြီး သူ ့ဇနီးရဲ ့အေးချမ်းတဲ့ စိတ်ဓါတ်ဖြူစင်တဲ့ စိတ်ထားတွေကိုသိမြင်လာလို ့..ကွာရှင်းခွင့်မတောင်းတော့ပဲ

အရင်ကထက် မိန်းမ နဲ ့သားသမီးကိုပိုပြီး ဂရုစိုက်တတ်လာပါတယ်တဲ့..

တစ်ကယ်တော့ ရုပ်အလှထက် စိတ်အလှက အစစအရာရာ

သာလွန်တယ်ဆိုတာ သိသွားပြီလေ…လောကကြီးမှာ ရုပ်ရည်တစ်ခုတည်းနဲ ့ကိုယ်ဖြစ်ချင်တာ ဖြစ်မလာဘူး..စိတ်ဓါတ်က အရေးကြီး

သေးတယ်..

နောက်ထပ်ဖြစ်ရပ်မှန်က.ကျောင်းထဲက ရပ်ကွက်ထဲက မြို ့ထဲက အလှဘုရင်မဘွဲ ့ရည်းစားတစ်ထောင်

လင်ကောင်တစ်ယောက် သတ်မှတ်ပြီး ရည်းစားအများကြီးထားတဲ့  ညီမလေးတွေ သတိထားဖို ့ပါ…

တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်…အရမ်းလှတော့ ကြိုက်တဲ့သူ များသလို ရည်းစားလဲ

များပါတယ်..သူ ့အနေနဲ ့ ရည်းစားထားတယ်ဆိုတာ ယောက်ျားလေးတစ်ယောက်ရဲ ့စိတ်ဓါတ်နဲ ့အရည်အချင်းကို

အနီးကပ်လေ့လာခွင့်ရဖို ့ ရည်းစားအဖြစ် လက်ခံလိုက်တယ်..စိတ်သဘောထား မတိုက်ဆိုင်ရင် လမ်းခွဲလိုက်တယ်..

ဘာမှမထူးဆန်းဘူးလို ့ထင်ပေမယ့် သူတွဲပြီး ဖြတ်ခဲ့တဲ့ သူတွေက  အညိုးကြီးတဲ့သူဆိုရင် မစားရတဲ့ အမဲ သဲနဲ ့ပက်တတ်ပါတယ်.

တစ်နေ ့အခန်းထဲမှာ တစ်ယောက်တည်းရှိနေတုန်း သူမချစ်သူဟောင်းက  အခန်းထဲဝင်လာပြီး

်..ဒီလောက် မျက်နှာများတဲ့ မိန်းမ မင်းရုပ်ဆိုးသွားမှ မင်းသစ္စာမဖောက်မှာ ဆိုပြီး မျက်နှာကို အက်ဆစ်ရည်နဲ  ပက်ပြီး

ထွက်ပြေးသွားပါတယ်..ပတ်ဝန်းကျင်ကလည်း အဲ့ဒီကောင်လေးနဲ ့ ကောင်မလေး သမီးရည်းစားဖြစ်နေတာ သိကြတော့

ရိုးရိုးတန်းတန်းလာတွေ ့တယ်ထင်ကြတာပေါ့…ကောင်မလေးရဲ ့ အော်သံကြားလို ့ ပြေးကြည့်တော့မှ မျက်နှာတစ်ခုလုံး

ရစရာ မရှိတော့ပါဘူး…ပတ်ဝန်းကျင်က ဆေးရုံတင်ပေးပြီး ရဲစခန်းကိုအကြောင်းကြားတော့ တရားခံကောင်လေးကို ဖမ်းပြီး

စစ်ဆေးတော့ ကောင်လေးက ကောင်မလေးနဲ ့သူနဲ ့ချစ်သူတွေပါ…ကောင်မလေးက သူကိုသစ္စာ

ဖောက်ပြီး တစ်ခြားတစ်ယောက်နဲ ့တွဲနေတာကို မခံချင်စိတ်နဲ ့ကောင်မလေးရုပ်ပျက်သွားအောင် လက်စားချေတာပါလို ့

ပြောပါတယ်..

လူချင်းတူပေမယ့် စိတ်ဓါတ်ချင်း ခံယူချက်ခြင်း အတွေးအခေါ်အယူအဆခြင်းလုံးဝ မတူပါဘူး..

အချစ်နဲ ့ပက်သက်လာရင် ဘဝနဲ ့ပက်သက်လာရင် ဘာပဲဖြစ်ဖြစ် တစ်ခုခု

ဆုံးဖြတ်ချက်မချခင်မှာ နောင်ဖြစ်လာမယ့် ကောင်းကျိုး  ဆိုးကျိုး ကိုအရင်တွေးကြည့်ပါ..အချစ်နဲ ့ဘဝ နဲ ့ပက်သက်လာ ရင်

များများတွေးတွေးပြီး ဝေးဝေးကြည့်ပါ..များများတွေးဆိုတာက သင့်မသင့် ကောင်းမကောင်းမှန် မမှန်…အရင်တွေးပါ..

ဝေးဝေးကြည့်ဆိုတာ နောင်တစ်ချိန်မှာ ရလာမယ့် အကျိုးဆက် ကောင်းကျိုး ဆိုးကျိုးကို အရင်ကြည့်ပါ..

ဆရာတော်တစ်ပါးဆုံးမထားဘူးတယ်…

ပတ်ဝန်းကျင်မှာ တွေ ့ကြုံရမယ့် ကောင်းတဲ့သူ နဲ ့မကောင်းတဲ့သူတွေကို ကိုယ့်ရဲ ့ဆရာအဖြစ် ရိုရိုသေသေ သတ်မှတ်ရမယ်တဲ့..

ကောင်းတဲ ့သူနဲ ့တွေ ့တဲ့အခါ သူ ့လိုကောင်းအောင် ကိုယ့်လဲ ကြိုးစား ရမယ်..ဒါ့ကြောင့် သူဟာ ကိုယ်ကောင်းဖို ့အတွက် အတုယူသင့်တဲ့ဆရာ

ပါ..တစ်ကယ်လို ့ မကောင်းတဲ့သူနဲ ့တွေ ့ရင်လည်း သူ ့လို အမှားမျိုး မဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်ထိန်းသိန်းနိုင်တဲ့အတွက်

သူဟာ ကိုယ့်ကိုယ် အမှားနည်းအောင် အသိပေးတဲ့ ဆရာအဖြစ် ကျေးဇူးတင်ရမယ်တဲ့…

ပြောပြချင်တာတွေအများကြီးရှိသေးတယ်…

အခုတလော သတင်းတွေကြောင့်တော်တော်လေးစိတ်ညစ်နေလို ့

စာရှည်သွားရင်လဲ ဖတ်တဲ့သူတွေ စိတ်ညစ်မှာစိုးလို ့…ဒီလောက်နဲ ့ပဲ တော်သင့်ပြီ…:D

Written…By…ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)..03:20 AM 28.6.2012

http://www.haymonchan.blogspot.com

https://www.facebook.com/yourthulay

10 comments

  • ရဲစည်

    June 29, 2012 at 2:16 am

    သေချာ ဂရုတစိုက် ဖတ်ပီး မှတ်သားသွားပါတယ်ဗျို့
    ငယ်ငယ်က ခဏခဏ ကြားဖြစ်နေတဲ့ ရေဒီယို သီချင်းလေး အမှတ်ရသား ဘယ်သူဆိုလဲတော့ မသိတော့ဘူး စာသားတောင်
    အလွတ်သိပ်မရဘူးဗျ တိုက်ဆိုင်လို့သာ အဲဒိထဲက စာကြောင်းလေးတွေ နည်းနည်းပြန်ရွတ်ပြတာ……………………………။

    ” ဘာကြောင့် ရယ်များ ဆူးတွေခြံရံထား မလေးစံပယ်အား ပြောပါလား…… မမနှင်းဆီပန်းရယ်….
    နှမငယ်သွေး စံပါယ်လေး နုနုထွေးရယ်…. လောကရဲ့ ချစ်ဝဲသံသရာလယ် ………………………..
    မင်းထက်စာရင် ကင်းဝေပါသေးတယ် ” ရတဲ့သူတွေ ဆက်ပေးပါဗျို့ လောလောဆယ် မေ့လို့ ဝါးချလိုက်ပီ 🙂

  • MaMa

    June 29, 2012 at 8:26 am

    ရွာသူလေးချမ်းချမ်းရဲ့ လက်ရာလေးတွေ မတွေ့ရတာတောင် ကြာပေ့ါ။
    တွေ့ရတော့လည်း အားရစရာမို့ ဝမ်းသာအားရ အားပေးဖတ်ရှု့သွားပါတယ်။
    🙂

  • မောင်ပေ

    June 29, 2012 at 9:28 am

    မချမ်းချမ်းရေ
    မြန်မာအမျိုးသမီးလေးတွေ အားလုံးအတွက် အကျိုးရှိစေနိုင်တဲ့ပိုစ့်ကောင်းတစ်ပုဒ်ပါ ခင်ဗျာ။
    နောက်ထပ်လဲ ရေးပေးပါဦးခင်ဗျ။

  • မမ အညာသူ

    June 29, 2012 at 9:31 am

    တကယ်တန်းဖိုးရှိတဲ့စားလေးပါ
    အားပေးနေပါတယ်နော်

  • mamanoyar

    June 29, 2012 at 9:32 am

    ဒီပိုစ့်လေးကိုဖတ်ပြီး သီချင်းလေးကို အမှတ်ရမိပါတယ်
    “ရောင်စုံပန်းများ အလယ်က ပန်းလေးတစ်ပွင့်ဖြစ်ခဲ့ရင်ကွယ်
    ရဲရဲနီတဲ့ အနီရောင်ဒီနှင်းဆီ……… ကိုလေအားကျမိပါတယ်
    ရဲရဲတောက်တဲ့အလှကိုကွယ် ဆူးများခြံရံကာကွယ် ပိုင်ဆိုင်ထားချင်တယ်…………………”

  • mocho

    June 29, 2012 at 9:48 am

    ရွာသူလေး ချမ်းချမ်းရဲ့ စာလေးတွေ ရွာထဲမှာ မတွေ့ တာ တော်တော် ကြာ သွားပြီနော်။ ချမ်းချန်းကို ခုလို မိန်းကလေးတွေ အတွက် ဦးတည်ပြီးရေးတတ်တဲ့ စာလေးတွေ နဲ့ တွဲ ပြီး မှတ်မိ နေတယ်။ ဘလော့ လိပ်စာလည်းပေးထားတော့ သွားလည် စရာ တခုတိုးလာပြီ ပေါ့ ။

  • Thit Sar Lin

    June 29, 2012 at 10:49 am

    ချမ်းချမ်းရေ..အားပေးသွားပါတယ်..
    မှတ်သားစရာတွေချည်းပါပဲ………

  • snow white

    June 29, 2012 at 11:58 am

    ဘဝပျက်ရတာ အလှကြောင့် သောက ဖြစ်ရတာ အလှကြောင့် တကယ်မှတ်သားစရာကောင်း တဲ့စာသားလေးပါ စနိုးမှတ်သားထားပါတယ် မမချမ်း ။

  • သားဦး၊မြေးဦး

    June 30, 2012 at 1:45 pm

    အင်းဗျာ ကျနော်တို ့တက္ကသိုလ်ကျောင်းသားဘဝတုန်းကလဲ
    မိန်းကလေးတွေ အနေအစားပေါ့ပျက်ပျက်နိုင်တာတို ့၊စပွန်ဆာ
    ရှာတာတို ့တွေ ့ဖူးပါတယ်။အင်မတန်ကို စိတ်ထိခိုက်ရပါတယ်။

  • ညလေး

    June 30, 2012 at 3:36 pm

    မချမ်းချမ်းရယ်……..အားပေးဖတ်သွားမှတ်သားထားပါ့မယ်ရှင့်….
    ဖတ်သင့်တဲ့စာစုလေးကိုတင်ပြလို.ကျေးကျေးပါနော်…

Leave a Reply