ဟိုင်းလပ် ယဉ်ကျေးမှုနှင့်မြန်မာ

ကို သာJune 29, 20121min19211

၁၉၈ဝ ခုနှစ် ဝန်းကျင်နှစ်များတွင်မြန်မာနိုင်ငံသားအများစု၏ စိတ်ဝင်စားမှူှကိုရရှိခဲ့သော

မော်တော်ယဉ်တစ်မျိုးရှိခဲ့ပါသည်။ထိုစဉ်က နိုင်ငံရပ်ခြားမှေမော်တော်ကားတင်သွင်းပိုင်ဆိုင်

ခွင့် ရရှိသူ အများစုမှာ နိုင်ငံခြားဝင်ငွေရှိသူ နိုင်ငံခြား သင်္ဘောသားများဖြစ်ကြပါသည်။

ထိုသင်္ဘောသားများ၏ ထင်ရှားမှူှနှင့်အပြိုင်သင်္ဘောသားကားဟု ထင်ရှားခဲ.သည့်

ဟိုင်းလပ်အမြန်ယာဉ်များပင်ဖြစ်ပါသည်။

ထိုကာလများမှစပြီး ရန်ကုန်မြို.တွင်း ခရီးသည်ပို.ဆောင်ရေးယာဉ်လိုင်းများတွင်လည်းဟိုင်း

လပ် ကားများနေရာယူလာကြသည်။ဟီးနိုး၊ဘီအမ်၊ရိန်းဂျားကားများကြားတွင်သင်္ဘောသား

ကားများက တလှစ်လှစ်ပြေးလွှားကာစူပါစတားဖြစ်နေပါတော.သည်။

စာရေးသူတို.ငယ်စဉ်ကျောင်းသားဘဝကလည်း အဆိုပါဟိုင်းလပ်ကားများစီးကာ ကျောင်း

သွားကျောင်းပြန်ပြုခဲ့ရပါသည်။ဘေးတန်း၊အလယ်ခုံ၊တွယ်စီး၊ချိတ်စီး၊အမိုးပေါ် စသည့်နေရာ

စုံတွင် ကြုံသလိုပုံစံ အမျိုးမျိုးစီးနင်းကာ ကြီးပြင်းလာရပါသည်။

“ ဘေးတန်းကလေးပြည့်အောင်ထိုင်ပေးပါ “

“ အလယ်လေးကနောက်ဆုတ်ပေးပါ “

“ ခြေတစ်ချောင်း လက်တစ်ချောင်း ဆို တော်ရောပေါ. “

“ဘေးတန်းနောက်မှီ လေးတွေသတိထား အပေါ်ကဆင်းမယ် “

“လှည့်ကင်းရှိတယ် ခေါင်းလေးတွေထည့်ပေးထားပါ “

စသည့် ဟိုင်းလပ်ယဉ်ကျေးမှုဝေါဟာရများကြားမှာနားရည်ဝနေကြပြီဖြစ်သည်။

ကြင်စဦးဇနီးမောင်နှံထက် ပိုသည့်ပူးကပ်ထိုင်ရခြင်းမှာကျင့်သားရနေပြီးဖြစ်သည်။ ပျိုအို

ကျားမမရွေး နောက်ကထိုင်သော ဒူးရှည်ရှည်လူ၏ပေါင်ကြားတွင်နေရာယူရသည့် အလယ်ခုံ

ထိုင်ပုံစနစ်မှာလည်းအသားကျနေပြီဖြစ်သည်။ မှတ်တိုင်မရောက်မီ ယာဉ်နောက်လိုက်မငြိုငြင်

စေရန် ကြိုထွက်လာသော ကုန်းကုန်းကွကွ ပုံစံကကိုယ့်မျက်နှာကိုထိပွတ်မိသော်လည်းအပြစ်

မတင်တတ်ကြတော့ပါ။  ဟိုင်းလပ်ယဉ်ကျေးမှုနှင့် ခရီးသွားတို.၏ ရင်းနှီးကျွမ်းဝင်မှုကား တ

ကယ့်လက်ပွန်းတတီးပင်ဖြစ်သည်။

မြို.တော်ရန်ကုန်၏လူဦးရေမှာ တရိပ်ရိပ်တိုးလာသကဲ့သို. မြို.တွင်းသယ်ယူပို.ဆောင်ရေး

တွင်မထသ၊ သန်မြန်သူ ၊ပါရမီ၊ ရွှေအင်းဝ၊ အဓိပတိ စသည့်ယာဉ်လိုင်းအမျိုးမျိုး ခေတ်မှီ

ယာဉ်ကြီးအမျိုးမျိုးတို.လည်းတိုးပွားလာကြသည်။ ဟိုင်းလပ် ကားငယ် များမှာလည်း တဖြည်း

ဖြည်းမြို.ပြင်ရောက်လာပါသည်။

အခြေအနေ အရပ်ရပ်တို. ပြောင်းလဲလာသည်နှင့်အညီမြို.ပြင်ပို.ဆောင်ရေးတွင်ဟိုင်းလပ်

တို.ပါဝင်လာရပြန်ပါသည်။မှော်ဘီ၊တိုက်ကြီး၊ပဲခူး၊ညောင်လေးပင် နှင့်ရန်ကုန် အကြား တွင်

ဟိုင်းလပ် ကားငယ် များ လွန်းထိုးပြေးလွှားနေပါတော့သည်။

စာရေးသူသည်လည်း လွန်ခဲ့သော ၁၅ နှစ်ခန်.မှစ၍ ရန်ကုန်မှ မှော်ဘီသို.နေ.စဉ် အသွား

အပြန် တာဝန်ထမ်းနေသည်မှာ ယနေ.တိုင်ပင်ဖြစ်ပါသည်။မှော်ဘီ၊တိုက်ကြီး၊ပဲခူးတို.၏ဖွံ.ဖြိုး

လာမှု၊ ခရီးသွားများပြားလာသည်နှင့်အညီခရီးသည်ပို.ဆောင်ရေးယာဉ်ကြီးများလည်းတိုးပွား

လာသည်ကိုတွေ.ရပါသည်။ထိုအခါ ဟိုင်းလပ် ကားငယ် များသည်ခရီးသည်ပိုရရေး၊ကုန်တင်

နိုင်ရေးတို.ဖြင ့်ဝင်ငွေတိုးရေးအတွက်ကြိုးစားလာကြသည်။   မှတ်တိုင်သို.လုဝင်၊လုထွက်၊

လုမောင်းဖြစ်လာကြသည်။   အမိုးပေါ်တွင် ကုန်အပြည့်အမောက်၊လူပဒေသာပင်တို.ဖြင့်ပြေး

လွှားနေသည်ကိုတွေ.နေရပါသည်။အထူးသဖြင့်စော်ဘွားကြီးကုန်းနှင့်ထောက်ကြန်.အကြား

ပြည်လမ်းတလျောက်တွင်ထင်ထင်ရှားရှားတွေ.နေရပါသည်။

ဟိုင်းလပ် ကားငယ် များ၏ လုဝင်၊လုထွက်၊လုမောင်း၊ပြိုင်မောင်းတို.သည် တဖြည်းဖြည်း

အန္တရာယ်များလာသည်ကိုတွေ.နေရပါသည်။မကြာခဏတိမ်းမှောက်ခြင်း၊တိုက်မိခြင်းများ

တွေ.လာပါသည်။အထူးသဖြင့်မိုးတွင်းတွင်ပို၍အဖြစ်များပါသည်။နေ.စဉ်နီးပါးမတော်တဆမှု

များတွေ.နေရသည်။တွေ.ရသည့်မတော်တဆမှုများ၏ရာခိုင်နှုန်းအတော်များများမှာလည်း

အဆိုပါယာဉ်ငယ်များနှင့်ဆက်နွယ်နေတတ်သည်။စာရေးသူသည်အိမ်မှထွက်၍ကားပေါ်ရောက်

သည်နှင့် ရသမျှဘုရားစာကိုရွတ်နေရတတ်သည်မှာ အတော်ပင်ကျင့်သားရနေလေပြီ။

ထိုအကြောင်းကို ထိန်းသိမ်းကြပ်မတ်ရန် အရေးတယူရှိကြရန်တင်ပြလိုသော်လည်း

သူတစ်ပါး၏ ထမင်းအိုးမို.မြိုသိပ်ခဲ့မိသော်လည်း   အဆိုပါမတော်တဆမှုများကြောင့်လွဲချော်

်သွားသူများ၊တိမ်းပါးသွားသူများနှင့်အနာဂတ်အတွက်တင်ပြမိခြင်းဖြစ်ပါသည်။

ယခုနှစ် မိုးဦးကျကတည်းကသတိထားကြည့်မိရာ ဟိုင်းလပ် ကားငယ်များ၏မတော်တဆ

မှုများအတန်ငယ်နည်းသွားကြောင်း တွေ.ရသဖြင့် စူးစမ်းကြည့်ရာ ဟောင်းနွမ်းယာဉ်အိုဖျက်

သိမ်းအစီအစဉ်ကြောင့် ဟိုင်းလပ် ကားငယ်စီးရေ လျော့သွားသည့်အတွက်ဟုဆိုကြပါသည်။

ယာဉ်စည်းကမ်းထိန်းသိမ်းရေးကို ယခုထက်ပိုမိုပြီးထိထိရောက်ရောက် ဆောင်ရွက်မည်ဆို

ပါက ယာဉ်မတော်မဆမှုများ ယခုထက်ပိုမိုလျော့နည်းသွားနိုင်ပါသည်။  ယာဉ်စည်းကမ်း

ထိန်းသိမ်းရေးအဖွဲ.များနှင့်ယာဉ်နောက်လိုက်တို.၏မကြာခဏ လက်ဝါးချင်းရိုက်ပြီး ယာဉ်

စည်းကမ်းချိုးဖောက်မှုများကိုလျှော့ချနိုင်သည်နှင့်အမျှ ယာဉ်မတော်မဆမှုများ ယခုထက်ပို

မိုလျော့နည်းသွားနိုင်ပါသည်။

ကာလရှည်ကြာစွာဖြင့် မြန်မာတို.၏ခရီးသွားလာမှုအတွက်ဝန်ဆောင်ပေးနေသော

ဟိုင်းလပ်ကားငယ်များအတွက် ပိုမိုလုံခြုံရေးအတွက် တာဝန်ရှိသူ၊ဆက်နွယ်သူအားလုံး ဝိုင်း

ဝန်းထိန်းသိမ်းသွားစေချင်ပါသည်။  ။

 

 

မှတ်ချက်။  ။ဒီစာမူလေးကို ကြေးမုံ သတင်းစာကိုပို.ထားပါတယ်။ရွေးမရွေးတော့မသိရသေးပါ။

ရွာထဲက သူတွေကိုအရင်ပေးဖတ်လိုက်တာပါ။

11 comments

  • ကို သာ

    June 29, 2012 at 9:35 am

    ဒီ post ကို ကိုသာ ရေးနေလက်စမှာ ကိုသာဆိုတာ ရန်ကုန်က ကိုပေါက်က မန်မြေကမို. ရွာထဲကအဖွဲ.တွေ
    ရှင်းသွားမှာပါလို. တွေးမိပါရဲ.။

    • etone

      June 29, 2012 at 1:55 pm

      ဟုတ်ကဲ့ … နဂိုကတည်းက ရှင်းပြီးသားပါ …. ။
      ကိုပေါက်ရဲ့ စာရေးတဲ့ စတိုင်နဲ့ ကိုသာရဲ့ စာရေးစတိုင်းချင်း … မတူပါဘူး … ။
      မတူဘူးဆိုတာ … ကောင်းတယ် ဆိုးတယ်ဝေဖန်တာမဟုတ်ဘူးနော် … တင်ပြပုံတွေ ၊ အာဘော်တွေ ၊ စာရေးတဲ့အခါ သုံးတဲ့စကားလုံးတွေ မတူတာကို ဆိုလိုပါတယ် … ။

      ကိုသာပြောတဲ့ ဟိုင်းလတ်တွေ … ရန်ကုန်မြို့တွင်းက ထွက်တာနဲ့ .. မြင်းစောင်းက ပြေးတဲ့ မြင်းလိုပဲ .. တဝှီးဝှီးနဲ့ အသားကုန်မောင်းတာ … ပဲခူးကို ဘယ်လို ရောက်သွားမှန်း မသိအောင်ကို မြန်လွန်းတယ် .. ပြန်တော့လည်း … အဲ့လိုပဲ …. တဒိုင်းဒိုင်းမောင်းပြီး ဆီးဖြူသီးကို စကောထဲ ထည့်လှိမ့်သလိုပဲ … ။ အသွားပြန်ကို လေးနာရီတောင် မမောင်းလိုက်ရဘူး … ။

      အရှိန်က အရမ်းပြင်းတာ .. တိုက်လျှင်လည်း ..ပွဲချင်းပြီး သေလောက်တယ် … ဟိုင်းလတ်တွေ အရမ်းဆိုးတယ် … 🙂

  • King of Secrets (Bo Min)

    June 29, 2012 at 11:02 am

    အော် အသားကျနေပေမဲ့၊ အပျိုစစ်စစ် မိန်းကလေးတွေရဲ. အိဒြေပျက်တာပေါ့ဗျာ။

  • ဖိုးထောင်

    June 29, 2012 at 12:00 pm

    အနော်တို့လဲ ဟိုင်းလပ်ပဲ တွယ်စီးခဲ့ရတာ ဒါပေမယ့် ဟိန်းလတ်ဝတ္ထုတော့ကြိုက်တယ် အဟိ

  • ster

    June 29, 2012 at 4:40 pm

    ဟိုင်းလက်တွေက ခရီးသည်တင်ကားအဖြစ် သုံးတာ သိပ်မသင်.တော်ဘူး ထင်ပါတယ်၊ မြို.တွင်းထဲမှာလဲ သုံးနေဆဲကို တွေ.ရပါတယ်၊ နောက်က တွယ်စီးနေတဲ. လူတွေအတွက်လဲ တော်တော် အန္တရာယ်များပါတယ်၊ အဆင်းအတက် လုပ်ရတဲ. လူတွေအတွက်လဲ အဆင်မပြေပါဘူး၊ တာဝန်ရှိသူတွေအနေနဲ. ကိုယ်ပိုင်ကားငယ်တွေကို အများကြီးပေးသွင်းနေတာနဲ.စာရင် အများသုံးကားတွေကို ပိုပြီး စဉ်းစားပေးသင်.တယ်လို. ထင်ပါတယ်။

  • snow white

    June 29, 2012 at 5:45 pm

    စနိုးတို့လည်းကားပေါ်စတက်တာနဲ့ဘုရားစာကိုရွတ်တော့တာဘဲ ဒါပေမယ့်ဘုရား အစဆုံးဆုုံးတယ်ဆိုတာ မရှိဘူး ဘာလို့လည်းဆိုတော့ ဘရိတ်တခါအုပ်လိုက် အစကပြန်ရွတ်လိုက် အဲ့ဒါနဲ့ ဘဲ တနေ့ပြီးတနေ့ဖြတ်သန်းနေရတာဘဲ ။

  • ကို သာ

    July 2, 2012 at 10:57 am

    ၁.၇.၂၀၁၂ ကြေးမုံသတင်းစာမှာ ပါလာပါတယ်။ရွာထဲကလူတွေကို အရင်ပေးဖတ်တယ်။ပြီးတော့ ပိုပြီးကျယ်
    ကျယ်ပြန်.ပြန်.သိသွားစေချင်တာနဲ.ကြေးမုံကိုပို.လိုက်တာပါ။

    • myanmarcitizen

      July 2, 2012 at 2:02 pm

      ကျွန်တော်လဲ ကြေးမုံသတင်း မှာတွေ့လိုက်တယ်။ ကျွန်တော်က ဒီမှာဖတ်ထားလို့။ သတင်းစာမှာ တော့မဖတ်တော့ဘူးပေါ့။ Congratulation ပါ

  • htoosan

    July 2, 2012 at 11:08 am

    ကျွန်တော်ဖတ်လိုက်ရတယ် ကိုသာ ရေ .. ရွာမှာ တင်ထားတာ တွေ့ပေမဲ့ ကိုးနက်ရှင်မကောင်းလို့ ဝင်မဖတ်ဖြစ်တာ ကြေးမုံမှာ တွေ့တော့ ရွာထဲက ဆြာလက်ရာဘဲဆိုပြီး အားပါးတရ ဖတ်လိုက်ပါတယ် ခင်ဗျ ။
    Congratulation ပါ ကိုသာ ရေ။

  • ပစ်စလက်ခတ် မျက်ရည်

    July 2, 2012 at 2:06 pm

    ရှိုက်ရင်း ရှိုက်ရင်းနဲ့ …လက်မလေး ထောင်ခဲ့ပါတယ်ဗျာ…
    ဟိုအပေါ်က ဒုတိယ အချောင်းက သများဟာ ပါ… (လက်မ)
    ဟင့် …
    🙁

Leave a Reply