အတိုက်အခံဟာ အစိုးရလောင်းမဟုတ်သေးပါ

phone_kyawJune 29, 20121min43424

သမ္မတက ပြည်ပရောက်တွေကို ပြန်လာလို ့ခေါ်နေပေမဲ့ ပြန်မလာတဲ့လူတွေများတော့ ရထားဝန်ကြီးနဲ ့ပြည်ထဲရေးဝန်ကြီးက အိမ်တိုင်ရာရောက် လာခေါ်ခဲ့ပါပြီ။

အခေါ်ခံရတဲ့လူတွေကတော့ ထိုင်းအခြေစိုက်အဖွဲ ့အစည်းတွေပဲဖြစ်နေတယ်။ အိနိ္ဒယ အခြေစိုက်၊ တရုတ်နယ်စပ်ကအဖွဲ ့နဲ ့ဘင်္ဂလားဒေ့ရှ်နယ်စပ်က အဖွဲ ့တွေတော့မပါဘူး။ ဒါက နိုင်ငံရေးအဖွဲ ့အစည်းတွေနဲ ့ပက်သက်ပြီးပြောတာပါ။

ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ နိုင်ငံရေးအဖွဲ ့အစည်းရှိနေပါတယ်။ မလေးရှားကစလို ့ဂျပန်အဆုံး ဒီမြေပေါ်ကနေ လှုပ်ရှားနေတဲ့နိုင်ငံရေးအဖွဲ ့အစည်းတွေ လူပုဂ္ဂိုလ်တွေရှိနေတာကိုလည်း အားလုံးသိမယ်ထင်တယ်။ ဒီလိုအဖွဲ ့အစည်းတွေထဲကနေ မြန်မာပြည်နဲ ့အနီးစပ်ဆုံး ထိုင်းမြေပေါ်က အဖွဲ ့အစည်းတွေကိုမှ ရွေးပြီး မြန်မာပြည်ကို ပြန်ဖို ့ဖိတ်ခေါ်တာ ကူညီပေးတာတွေဟာ မတရားသလို မညီမျှသလို ဖြစ်နေတာကို တွေ ့ရတယ်။

နောက်ပြီး ဦးအောင်မင်းနဲ ့ဦးခင်ရီတို ့အလုပ်မရှုပ်ရလေအောင် ဟော်လီးဒေးထွက်တဲ့ပုံစံနဲ ့လုပ်တဲ့အလုပ်များလာလို ့တောင် တွေးမိပါတယ်။

တကယ်တမ်းဆိုရင် ဒီလောက်တောင် ခရီးသွားစရာ အလုပ်ရှုပ်စရာမလိုဘူးလို ့ထင်တယ်။ နိုင်ငံတကာရောက်အဖွဲ ့အစည်းပေါင်းစုံရဲ  ့စာရင်းတွေကိုစုပြီး စာပို ့ရင်တောင် ဖြစ်နိုင်တဲ့အလုပ်တစ်ခုပါ။ အခုတော့ ဝန်ကြီးနှစ်ပါးအတွက် ခရီးသွားတဲ့စရိတ်၊ စားစရိတ်နဲ ့အသေးသုံးစရိတ်တွေဟာ အလုပ်ဖြစ်တာထက်ပိုများနေပါတယ်။ အတိအကျကိုတော့ မသိပါဘူး။ ဒါပေမဲ့ လေယျာဉ်တစ်ခါစီးရင် အနည်းဆုံး ဒေါ်လာတစ်ရာလောက်တော့ကုန်တဲ့ခေတ်ပါ။ ထိုင်းမှာ ကွတ်တီရိုတစ်ပွဲစားရင်တောင် ၂၀-လောက်ပေးနေရပြီဆိုတော့ သူတို ့ရဲ  ့ငြိမ်းချမ်းရေးခရီးစဉ်အတွက်ကုန်ကျတဲ့ စရိတ်တွေကို တွေးကြည့်တာနဲ ့သိနိုင်ပါတယ်။ ဒီငွေတွေက ပြည်သူတွေရဲ  ့အခွန်ငွေတွေဖြစ်ပါတယ်။

ကျနော်တို ့ထိုင်းကအဖွဲ ့အစည်းတွေမှာ  လုပ်ခဲ့တုန်းကဆိုရင် ခရီးသွားရရင် အရမ်းပျော်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ခရီးစရိတ်ရတာဆိုတော့။

ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မီဒီယာတွေပေါ်မှာ ဓာတ်ပုံနဲ ့ဗွီဒီယိုမှတ်တမ်းတွေထွက်လာခဲ့တယ်။ ဦးအောင်မင်းနဲ ့ဦးခင်ရီတို ့ရဲ  ့ဖောင်းပွပွ ဖောနေတဲ့ရုပ်ရည်နဲ ့အတူ ကြောင်ကိုချစ်တဲ့ ကိုညိုအုန်းမြင့်တို ့တတွေ ဓာတ်ပုံတွေရိုက်ပြီး ဖေ့ဘွတ်စ်ပေါ်မှာ တင်ထားတာ မမြင်ချင်အဆုံး။ သူတို ့က မဲ့ဆောက်ရဲ  ့စလစ်ဘရစ်တီလို ့တောင် ပြောလို ့ရနေပြီ။ သူတို ့ဓာတ်ပုံတွေကို ဘယ်နှစ်ပုံရှိလဲဆိုတာရေကြည့်ပါတယ်။ အားလုံးပေါင်း ၃၅၅-ပုံကြည့်ပါတယ်။ ဒါက ငြိမ်းချမ်းရေးမရသေးပေမဲ့ ဓာတ်ပုံအရေအတွက်များတာကတော့ အကျိူးအမြတ်တစ်ခုလို ့ပြောလို ့ရနေပြီ။

မြန်မာပြည်မှာ အလုပ်လုပ်မဲ့ ဝန်ကြီးတွေအင်မတန်များပါတယ်။ နေရာရှိပြီး အလုပ်မရှိတာကို ဆိုလိုတာပါ။ ရထားဝန်ကြီး၊ သာသာနာရေးဝန်ကြီးတို ့နှစ်ဦးဟာ ပိုပြီးထင်ရှားပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းရေးအတွက် ရထားဝန်ကြီးကို အလုပ်ပေးတဲ့ပုံပေါ်ပါတယ်။ နိုင်ငံတကာမှာ ငြိမ်းချမ်းရေးဆွေးနွေးပြီးဆိုရင် ဘယ်တော့မှ ရထားဝန်ကြီးက ဦးဆောင်ပြီးမလုပ်ခဲ့ပါဘူး။ မြန်မာပြည်မှာတော့လုပ်ပါတယ်။ ဒါကို မြန်မာ့နည်းမြန်မာ့ဟန် ငြိမ်းချမ်းရေးဆွေးနွေးနည်းလို ့နာမည်တပ်ချင်ပါတယ်။

ရန်ကုန်မြို  ့ပတ်ရထားအစုတ်လေးငါးစင်းအပါအဝင်၊ ရန်ကုန်မန္တလေးအမြန်ရထားတွေရဲ  ့အရေအတွက်ဟာ အားလုံးပေါင်းမှ စီးရေ သုံးဆယ်တောင်မရှိပါဘူး။ ဒါက လူဦးရေ သန်းခြောက်ဆယ်နီးပါးရှိတဲ့ နိုင်ငံမှာ ရထားပေါင်း သုံးဆယ်တောင်မရှိတာကိုပြောတာပါ။

နောက်ပြီး ကျည်ဆံရထားမပြောနဲ ့လောင်ချာရထားတောင် မြန်မာပြည်မှာမရှိတော့ ရထားဝန်ကြီးဌာနဆိုတာ ရှိသင့်လားမရှိသင့်လားဆိုတာကို စဉ်းစားကြည့်ပါ။ ရထားစင်းရေ သုံးဆယ်လောက်ကို စီမံခန် ့ခွဲဖို ့အတွက် စီအီးအိုတစ်ဦးလောက်နဲ ့တင်လုံလောက်တယ်။ ဝန်ကြီးဌာဆိုတဲ့ ဟာက ကြီးနေသလားလို ့ပါ။ နောက်ပြီး ဘယ်တုန်းကမှ ရထားဝန်ကြီးတွေဟာ  ရထားလုပ်ငန်းက ရတဲ့ အမြတ်ငွေဘယ်လောက် ရှိလဲဆိုတာကို ပြည်သူလူထုကို တင်ပြခဲ့တာမရှိပေမဲ့ သူတို ့အမျိုးတွေ အထူးတန်းလက်မှတ်ရဖို ့အတွက်တော့ အထူးအားကိုးရပါတယ်။

ရထားဝန်ကြီးရှိတယ်ဆိုရင်၊ ကားဝန်ကြီးက ပိုလို ့တောင်ရှိသင့်တယ်။ ကားစီးရေးဒီလောက်များနေပြီပဲ။ မြန်မာပြည်မှာ ပိုပြီးရှိသင့်တာက နွားလှည်းဝန်ကြီး ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မြန်မာနိုင်ငံဟာ လယ်သမားအဓိကနိုင်ငံဆိုတော့ လှည်းစီးရေ အင်မတန်များတယ်။ ဒါတွေကို စီမံခန် ့ခွဲအတွက်ဆိုရင်လှည်းဝန်ကြီးဌာန ရှိမှ ရမယ်။ အခုတော့ ရထားလေးသုံးလေးဆယ်လောက်အတွက်ကြတော့ ဝန်ကြီးရှိပြီး၊ နွားလှည်းတို ့ကားတို ့အတွက်တော့ ဝန်ကြီးမရှိတာက ဘာကိုပြလဲဆိုတော့ မတရားတာကို ပြပါတယ်။

သာသနာရေးဝန်ကြီးလည်း ဒီအတိုင်းပဲ။ ဘုန်းကြီးဦးရေ လေးသိန်းလောက်ကို စီမံခန် ့ခွဲ အတွက် သာသနာရေးဝန်ကြီးဌာနကိုဖွဲ ့တယ်လို ့ဆိုတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘုန်းကြီးတွေအမှု  ့က လူတွေထွက်ပိုရှုပ်လို ့ဆိုပြီးဆင်ခြေပေးတယ်။ ဘုန်းကြီးကျောင်းရောင်းဝယ်ဖောက်ကား၊ အတိုးချစား၊ ကထိန်သင်္ကန်းကိုပေါင်စား၊ မိန်းမလိုက်စားစတဲ့ အမှုတွေက ဘုန်းကြီးလောကမှာရှိတဲ့အတွက် သာသနာရေးဝန်ကြီးဌာနကို ဖွဲ ့ပေးထားတယ်လို ့ဆိုတယ်။

ဗုဒဘာသာပြန် ့ပွားရေးကိုခဏဘေးဖယ်ထားပါ။ အဓိက ဘုန်းကြီးအမှု ရွာပတ်မဖြစ်အောင် သာသနာရေးဝန်ကြီးရှိတယ်ဆိုရင် ဘာ့ကြောင်းများ၊ ခရာစ်ယာန်ဝန်ကြီးဌာ၊ မွတ်စလင်ဝန်ကြီးဌာနဲ ့တောင်ပြုံးနတ်ဝန်ကြီးဌာနဆိုကို မရှိရတာလဲ။ ဒါလည်း မတရားတဲ့ အလုပ်တစ်ခုပဲ။ ဗုဒဘာသာက လူများစုမို ့လို သူတို ့အတွက် ဦးစားပေးတာတော့မဖြစ်သင့်ပါဘူး။

ဒါ့ကြောင့် ငြိမ်းချမ်းရေးခရီးစဉ်မှာလည်း သာသာနာရေးဝန်ကြီးကိုလည်း ထည့်သင့်တယ်။ သူတို ့တွေက နာမည်ရှိပြီးအလုပ်မရှိတော့ အလုပ်ပေးမှ ရမယ်။

သာသနာရေးဝန်ကြီးနဲ ့ဦးအောင်မင်းတို ပေါင်းလိုက်ရင် အလုပ်ဖြစ်မလားလို ့ပါ။

ဘယ်လိုပဲဖြစ်နေပါစေ အမြန်ဆုံးတိုင်းပြည်ငြိမ်းချမ်းရေး ရတာကိုပဲ မြင်ချင်ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဦးခင်ရီကိုကြည့်ရတာ အရက်ဖောဖောနေလားပဲ။ ချင်းမိုင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အခြောက်ခေါင်းဆောင် ကိုအောင်မျိုးမင်းနဲ ့ဓာတ်ပုံတွဲရိုက်တုန်းကဆိုရင် လက်ချင်းချိတ်ပြီး မျက်နှာကြီးက ဖျီးနေတာပဲဆိုတော့ ဦးခင်ရီးလည်း ဘာညာဘာညာကြီးလားပဲမသိဘူးဆိုပြီးတွေးမိတယ်။ ဒေါ်ခင်ရီတော့မဟုတ်လောက်ပါဘူး။

အခုတော့ နယ်စပ်က အဖွဲ ့တွေ မြန်မာပြည်ပြန်ဖို ့ရင်ခုန်နေကြပြီ။ တတိယနိုင်ငံတွေကို ထွက်ဖို ့အတွက်စာရင်းတွေပေးတုန်းကဆိုရင် ကိုယ့်အဖွဲ ့ကမဟုတ်တဲ့ ကောင်မလေးချောချောလေးတွေကိုလည်း ခေါင်းဆောင်တွေက အဖွဲ ့ဝင်ဆိုတဲ့ရာထူးကို ချက်ချင်းလက်ငင်းလုပ်ပေးတယ်။ အခုလည်း မြန်မာအစိုးရက ပြည်လာတဲ့လူတွေကို ကူညီပေးမယ်။ အိမ်ပေးမယ်။ ယာပေးမယ်ဖြစ်လာပြီဆိုတော့ နယ်စပ်က အဖွဲ ့တွေ ဈေးတက်အုံးမယ်လို ့တော့မြင်မိတယ်။ လိမ်ကြအုံးမယ်။ အဖွဲ ့ဝင်ဦးရေးတိုးလာအုံးမယ်။ နောက်ဆုံးခေါင်းဆောင်တွေ ဘောကြီးအုံးမယ်။ သာပေါင်းညာစားတွေ အဖွဲ ့အစည်းတွေဆီကို ကပ်လာအုံးမယ်။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းပြန်တာ အကောင်းဆုံးပါ။ ဂုဏ်သိက္ခာလည်းရှိတယ်။ သူများနိုင်ငံမှာနေရတာ အင်မတန်ကို သိမ်ငယ်ရပါတယ်။ ဒါ့ကြောင့် ပြန်သာပြန်ကြပါလို ့ပြန်ချင်ပါတယ်။

အစိုးရအဖွဲ ့အတိုင်းမှာအကြံပေးဖို ့လူတွေကို ထားပါတယ်။ သူတို ့ကပညာရှင်တွေပါ။ သက်ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်သူတွေ။ သမ္မတအကြံပေး အာဖျံကွီးကပ်စားယက်စားဆိုတဲ့ လူတွေလည်းရှိရတယ်။ ဒါမှ စီမံခန် ့ခွဲမှု ့က တည်ငြိမ်ရင့်ကျက်စေမယ်။

အစိုးရအပြင် အတိုက်အခံမှာလည်း အကြံပေးဆိုတာရှိရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အတိုက်အခံဆိုတာက ဒေါ်စုစကားနဲ ့ပြောရရင် အစိုးရလောင်းဖြစ်လို ့ပါပဲ။

အစိုးရလောင်းဆိုတာက အချိန်ကာလတစ်ခုမှာ အစိုးရဖြစ်လာတဲ့အခါ အဆင့်သင့်ဖြစ်ဖို ့အတွက်ဆိုရင် သူတို ့လည်း အကြံပေးခန် ့ရပါတယ်။ အတိုက်အခံရဲ  ့ပေါ်လစီကိုချဖို ့အတွက် အကြံပေးတွေက အဓိကဖြစ်တယ်။ အခု မြန်မာပြည်ရဲ့ နိုင်ငံရေးပါတီတွေ ဒီလောက်များနေပေမဲ့ သူတို ့မှာ အကြံပေးကိုတရားဝင် ခန် ့မထားကြဘူး။ အထူးသဖြင့် အန်အယ်ဒီမှာ အကြံပေးမရှိဘူး။ ဦးဝင်းတင်နဲ ့ဦးတင်ဦးတို ့က အကြံပေးမဟုတ်ပါဘူး။ အကြံပေးမရှိပဲ ခက်ခဲနက်နဲတဲ့ ပညာရပ်ဆိုင်ရာ နယ်ပယ်တွေကို ဘယ်လိုစီမံခန် ့ခွဲမလဲမသိဘူး။

ဒါ်စုပြောနေတဲ့မိန် ့ခွန်းတွေကို ဒေါ်စုကိုယ်တိုင်ရေးတယ်လို ့ထင်တယ်။အန်အယ်ဒီပြောနေတဲ့စကားတွေဟာ ဒေါ်စုပါးစပ်ကနေလာတယ်လို ့ထင်တယ်။ နောက်ဆုံး ဒေါ်စုအိမ်ကိစ္စကိုတာင် အန်အယ်ဒီရဲ  ့မှုဝါဒလိုဖြစ်နေတယ်။ ဒီနေရာမှာ အဓိက မှားနေတာတစ်ခုရှိတယ်။ ဒါကတော့ အလုပ်နဲ ့ကိုယ်ရေးကိုယ်တာပဲဖြစ်တယ်။ ဒေါ်စုအိမ်ကိစ္စက သူ ့ရဲ  ့ကိုယ်ရေးကိုယ်တာကိစ္စဖြစ်တယ်။ ဒီကိစ္စက အန်အယ်ဒီရဲ  ့နိုင်ငံရေးမှုဝါဒလိုဖြစ်နေတာကတော့ အင်မတန်ရုပ်ဆိုးတယ်။

ဦးသိန်းစိန်ရဲ  ့ညီမတစ်ယောက်မှာ ဧရာဝတီတိုင်းမှာ ပျဉ်ထောင်အိမ်တစ်လုံးရှိတယ်။ လက်ရှိပေါက်ဈေး သိန်းနှစ်ဆယ်လောက်တန်တယ်။ ဒီအိမ်ကို ဦးသိန်းစိန်က သူ ့ညီမဆီကနေ အမွေခွဲတယ်။ သူ ့ညီမက မကျေနပ်လို ့တရားရုံးမှာ ဒီလိုလျှောက်ထားတယ်။ နိုင်ငံတော်သမ္မတကြီးဖြစ်ပြီး လစာတွေအများကြီးရပြီး ကျမရဲ   ့ပျဉ်ထောင်အိမ်ကို လာပြီးလုတယ်ဆိုပြီး မျက်ရည်စတ်လက်နဲ ့တရားသူကြီးကိုတိုင်တော့ တရားသူကြီးက ဒီလိုအမိန် ့ချတယ်။ သားနဲ ့သမီးဖြစ်လို ့တစ်ယောက်တစ်ဝက်ယူစေတဲ့။ ဒါကို ဦးသိန်းစိန်က မကျေနပ်တဲ့အတွက် ကြံ့ခိုင်ရေးပါတီရဲ  ့အတွင်းရေးဦးဌေးဦးကို ပါတီရဲ  ့အလုပ်တစ်ခုလို သဘေထားပြီး မခိုင်းခဲ့ပါဘူး။

အခုတော့ အန်အယ်ဒီဟာ ဒေါ်စုပြောသမျှနာခံတယ်။ ပြီးတော့ အစိုးရလောင်းဖြစ်တဲ့လူတွေမှာ အကြံပေးမရှိဘူး။ လွှတ်တော်အမတ်ဖြစ်တဲ့ ဇေယျာသော်လိုလူမျိူးတွေကလည်း အနောက်ကနေ ထမိန်ထုတ်လိုက်ပြီးထမ်းရတယ်။ ကုန်ကုန်ပြောရရင် ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန်ကိုသွားတုန်းက အဝတ်အစားလေးနှစ်စုံသုံးစုံပဲပါတယ်။ အခုဒေါ်စု အင်္ဂလန်သွားတဲ့အဝတ်အစားကိုရေကြည့်တာ ဝတ်စုံအရေအတွက် ငါးဆယ်လောက်ရှိမလားပဲ။ ဒီလောက်ကြီးတဲ့ ထမိန်ထုတ်ကို ဘယ်သူတွေထမ်းကြပါသလဲ။ ကိုယ့်ဟာကိုယ်သာတွေးကြည့်ပါတော့။ ဒေါ်စုတော့ထမ်းနိုင်မယ်မထင်ဘူး။ သူ ့ဗလက ဗေလုဝလောက်ပဲရှိတာဆိုတော့။

ပါတီတွေ မှိုလိုပေါက်၊ နိုင်ငံရေးသမားတွေက အန်ဂျီအိုလိုဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးရဲ  ့အနာဂတ်ဟာ အလားလာမကောင်းပါ။ နောက်ဆုံးဝန်ကြီးဌာနတွေရှိပြီး ဝန်ကြီးတွေ အလုပ်မဲ့နေတာလည်း တိုင်းပြည်အတွက် နစ်နာတယ်။ တကယ်တမ်းဖြစ်သင့်တာက တိုင်းပြည်ထဲမှာ အင်အားအကြီးဆုံး ပါတီကြီးသုံးခုလောက်ပဲ ရှိသင့်တယ်။ ဒီသုံးခုက တစ်ခုနဲ ့တစ်ခုအတိုက်အခံလုပ်ပြီး တိုင်းပြည်ထူထောင်ရေးကိုလုပ်ကြရင် ဘယ်လောက်ကောင်းမလဲ။

အခုတော့ မြန်မာပြည်ရဲ  ့ပါတီတွေက ဖြုတ်တွေလို သေးသေးမွှားမွှားလေးတွေဖြစ်နေတယ်။ တစ်ယောက်နဲ ့တစ်ယောက်လည်းမတည့်။ ဒီလိုအခြေအနေကို သဘောထားကြီးကြီးထားပြီး စုစည်းနိုင်ရင် အရမ်းကောင်းမယ်။ ဒါမှ အတိုက်အခံဟာ အစိုးရလောင်းဖြစ်နိုင်ခြေရှိမှာပေါ့။ အခုတော့ အတိုက်အခံဟာ အစိုးရလောင်းဆိုတဲ့စကားလုံးကို လက်တွေ ့ကျကျ ဖြစ်နိုင်ခြေမရှိသေးပါဘူး။ ဘာပဲဖြစ်နေပါစေ လက်ရှိအနေထားကတော့ ပြီးခဲ့တဲ့နှစ်ပေါင်းများစွာအခြေအနေအထက် အရမ်းကို သာနေတာကိုပဲတွေးပြီး ကြည်နှုးမိပါတော့တယ်။

ဘုန်းကျော်
ဩစတျေးလျ

24 comments

  • maungmoenyo

    June 29, 2012 at 10:00 am

    ကိုဘုန်းကျော်ပြောတဲ့ ခရစ်ယန်ဝန်ကြီးဌာန။ မွတ်စလင်ဝန်ကြီးဌာန တိုဆိုတဲ့အချက်ကိုသဘေလာကျမိသဗျာ။ သမ္မတဦးသိန်းစိန်ရြ့အစိုးရဌာနများပြန်လည်ဖွဲ့စည်းရေးကိစ္စမှာ ပထမဆုံး get out လုပ်သင့်တဲ့ ဝန်ကြီးဌာနကတော့ သာဿနာရေးဝန်ကြီးဌာန လို့ပြောရင် အတော်များများက ကျွန်တော့ကိုဆဲ့ကြလိမ့်မယ်ထင်ပါတယ်။ ဒီမိုကရေစီရေးပြောင်းလဲမှုမှာ အဲ့ဒီလိုကိစ္စတွေက နံမယ်ပျက်စရာပါ။

  • King of Secrets (Bo Min)

    June 29, 2012 at 10:39 am

    ကိုယ့်အမြင်နဲ. ကိုယ်ပါဘဲ၊ အမြင် မတူတဲ့လူတွေ တိုက်ခိုက်လာရင် အပြစ်မဆိုကြေး

  • amatmin

    June 29, 2012 at 11:36 am

    နောက်ဆုံးစကားတခွန်းကိုကြိုက်တာကြောင့်..
    အပေါ်မှာပြောထားတာတွေကို.သေချာဖတ်လိုက်ပါတယ်ဗျ..
    ဝေဖန်မဲ့သူတွေစကားပဲနားထောင်တော့မယ်..
    အန်ဂျီအို.လုပ်သားလိုဖြစ်နေတဲ့နိုင်ငံရေးသမားတွေ ဆိုပဲ. 🙂

  • Azzurri

    June 29, 2012 at 1:14 pm

    ဗယာကြော် …ကိုဘုန်းကျော်

    ရေရေလည်လည် ထိထိမိမိ ကို တွယ်ထားတာပဲ..
    အမှန်လည်း အမှန်တွေချည်းမို့ …
    ဒုတိယလက်မဟာ ကျုပ်လက်မ ဖြစ်ပါကြောင်းးး
    😀

  • myanmarcitizen

    June 29, 2012 at 1:39 pm

    ကောင်းတယ်ကိုဘုန်းကျော်။ ဟိုဝန်ကြီးဌာန ဒီဝန်ကြီးဌာန နဲ့ ရေသာများ ငါးမရှိဖြစ်နေတယ်။ ရထားဝန်ကြီး လဲရှိ နောက်ပြီး ပို့ဆောင်ရေးဝန်ကြီလဲရှိ။ ပို့ဆောင်ရေးဝန်ကြီးဌာနထဲ ထဲ့လိုက်ပါလား။ သာသနာရေးကိုလဲ ဘုန်းကြီးတွေလက်ထဲထဲ့လိုက်တာကောင်းမယ်ထင်တယ်။ ဘုန်းကြီးအလုပ် ဘုန်းကြီးတွေလုပ်ပလေ့စေပေါ့။

    အမေစု ဝတ်တာစားတာလေးတော့ မပြောပါနဲ့ ကဘုန်းကျော်ရယ်။ ဗိုလ်ချုပ်နဲ့လဲမနှိုင်းပါနဲ့။ ကျားနဲ့မ သဘာဝချင်းမှမတူတာဗျာ နော့။ သူ့ခမျာ ခုမှလှလှပပလေး ဝတ်စားပြီး လွတ်လွတ်လပ်လပ်သွားလာရတာ ပါ။ စာနာပေးပါဗျာ။

  • pooch

    June 29, 2012 at 2:33 pm

    သိသလောက် အဲ့ဒီ ဝန်ကြီးဌာနက ဘာကို ကိုင်တွယ်သလဲ ဆိုတော့ ရထားလတ်မှတ် ဖြတ်တဲ့အခါ သုံးတဲ့စာရွက်တွေကို ရိုက်ထုတ်တဲ့ လုပ်ငန်းတွေကို သူက ပေးတာလေ။ အသိထဲမှာ အစိုးရ သုံး ရုံးသုံး ကျောင်းသုံး စာအုပ်တွေ လတ်မှတ်တွေ ကို ပုံနှိပ်ပြီး ချမ်းသာတဲ့သူကတော့ အဲ့ဒီ ဝန်ကြီးဆိုတဲ့လူတွေနဲ့ အတော် အလုပ်လုပ်ရတာကလား။

    သူတို့ လုပ်ငန်းက အဲ့ဒီ ဝန်ကြီးဌာနာကပေးတဲ့ အလုပ်တွေနဲ့တင် ချမ်းသာတာ။
    အပြင်အလုပ် လက်မခံဘူး။
    ဒါကြောင့် ဝန်ကြီးဌာနတွေ အလုပ်မလုပ်ဖူး ပြောရင် စိတ်ဆိုးကုန်လိမ့်မယ်။ :mrgreen:

    အမေစု နဲ့ အန်အယ်ဒီ ခွဲမရတာ သူ့အရပ်နဲ့ သူ့ဇာတ်ကြောင့် ဒီလိုဖြစ်နေတာ။ ပါတီထဲ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပညာတတ်စစ်စစ်တွေ ဘယ်နှစ်ယောက်ရှိတယ် ထင်လို့လဲ။

    နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ တကယ့်ပညာတတ်အကြံပေး
    ခန့်အပ်နိုင်တဲ့သူရော မြင်မိလို့လား ??????

    အားလုံးထောင်ထဲကနေ ဒုက္ခခံ အဖိနှိပ်ခံပြီး ခုမှ အပြင်လေရှုဖို့ ထွက်လာတဲ့သူတွေ။
    ရေမြေခြားမှာ ရောက်နေ လုပ်နေတဲ့ နိုင်ငံရေးသမား ပညာတတ်ဆိုသူတွေကရော တကယ် အနစ်နာခံပြီး ကိုယ့်မြေကိုယြ်ပန်လာပြီး ပါတီထဲဝင် လိုအပ်ရာ မှာ ၊ ကျရာနေရာမှာ အေးတူပူမျှတာဝန်တွေ တပိုင် တနိုင်မျှယူမဲ့သူတွေရော ရှိလို့လား??????

    အဲ့ဒီလို စံထားလောက်စရာ ပြည်တော်ပြန်တွေ ခုထိမတွေ့မိသေးပါဘူး။ ဆရာကြီး ဒေါက်တာအောင်ထွန်းသက်ကို လေးစားတာ ဒါတွေကြောင့်။ ခြုံကြည့်လိုက်တော့ တဘို့ထဲ သမားတွေပါ။ အတူတူနဲ့ အနူနူကို ဘိန်းစားခြင်း တလုံးပိုရှူချင်နေတယ်။

    အမှန်က ခြေပြန်ချရင် ဖုန်ခမှာကြောက်နေတာများ။ သံကောင်းဟစ်နေတယ်။
    လုပ်ပါလိမ့်မယ် ကီးဘုတ်ပေါ်ကနေ နိုင်ငံရေး ။ ငတုံးတွေ ငအတွေ ဒါတောင် မသိရကောင်းလားဆိုတဲ့ ဆရာကြီးလေသံတွေနဲ့။ တကယ် စေတနာရှ်ိရင် ပြန် လာ ခဲ့ကြ။ လေထဲကနေ အော်မနေနဲ့။

    မြန်မာတွေရဲ့ ဘေးထိုင်ဘုပြောတတ်တဲ့ sကျင့်က ဘယ်နိုင်ငံရောက်ရောက် မပြောင်းဘူး။
    ဒါကြောင့် ဟိုမိုးပြာမွတ်ဆလင်ဟောင်းက ပြောတာ။ စနစ်ကြောင့် မဟုတ်ဖူး ဆိုတာ။
    မှန်သမှ သိပ်မှန်။ 😆

    ဟိုနေ့က ဒေါင်းလိုပဲ ရှေ့က လှပါရဲ့ နောက်က ဟောင်းလောင်း ကိုယ့်ကိုယ်ကိုယ်လည်း ငုံကြည့်ကြအုန်း။
    ခွီးတဲ့ မှပဲ ။ 👿

    ကဘုန်းကျော် ရှင်လည်း ဒီပြန်လာရင် သတ္ထုတွင်းဝန်ကြီး ရာထူးလောက်တော့ ရလိမ့်မယ် ။ ဒီက ဝန်ကြီးတွေက ရှင့်ဦးနှောက်လောက်တောင် ကောင်းတာမဟုတ်ဖူး။
    ဘယ်လိုလဲ
    ပြန်လာမှာလား ????? 😆

    အဲ့ဒီ ရှင်ပြောတဲ့ အန်ဂျီအို ဖွတ်ကျားတွေအကြောင်း ကြုံရင် ထပ်ဖွအုန်းမယ်။

    နောက်တခုက ဘကြီးစိန်ရဲ့ မွေးဇာတိအိမ်က သိန်း ၂ဝ တောင် မတန်တဲ့ ဝါးကပ်ထရံကာ။

    • Azzurri

      June 29, 2012 at 2:56 pm

      ဟဲ့ဟဲ့ ..
      ဘယ့်နှယ့် ကျုပ်ဒေါင်း ကို ဆွဲစိ ရတာတုန်း ….
      ဒေါင်းမလဲ … ကပြန်တော့လည်း အဝှာပေါ် လို့ တဲ့….
      မ က ပြန်တော့လည်း ၆၃မကျတဲ့ ဒေါင်း တဲ့ …

      တကယ်တော့ အမြီးမိုးပေါ်ထောင်တဲ့ အကောင်မှန်သမျှ
      (ဒေါင်း ကြက် ငုံး.. အစ … ခွေးတွေကြောင်တွေအဆုံး)
      အမြီး ထောင်ရင် အကုန် အဟွာပေါ်တာချည်းပဲ..
      ဘယ့်နှယ့် ဒေါင်းကျမှ ကံကွက်ကြားမိုးရွာတယ် …က.လည်း က.ပြရသေးတယ်..

      🙁

      • pooch

        June 29, 2012 at 3:13 pm

        စိတ်မကောင်းမဖြစ်ပါနဲ့အေ။ လောလောနဲ့ မျက်စိရှေ့တွေ့တာ ဥပမာပေးမိတာပါ။ ကွက်ကြားမိုးမဟုတ်ရပါအေ။ စိတ်ထိခယက်သွားရင် တောင်းပန်ပါတယ်။
        ဒေါသကထောင်းခနဲ့နေအောင် ထွက်သွားလို့ပါ။ :mrgreen:

        အမေစုကို စေတနာနဲ့မကောင်းပြောရင်တောင် ချိနေအောင်နာတယ်။ တို့တွေ ကောင်းစားဖို့ လုပ်ပေးနေတဲ့ တို့အမေ။

  • phone_kyaw

    June 29, 2012 at 2:38 pm

    ပြန်လာရင် မုန် ့ဝယ်ကျွေးမှာလား။

    • pooch

      June 29, 2012 at 2:45 pm

      ပန်းကုံးစွပ်ကြိုပြီး ကေတီဗွီမာဆတ်ပို့ပေးအုန်းမှာ ။ နောက်ထန်းတောထဲက ထန်းရေတွေလည်း အဝတိုက်မှာ။ 😆

      ကြည့်ပါ့လား စကားထဲက ဇာတိပြ။ အနစ်နာခံမယ် မရှိဘူး။
      သူဘာရမလဲ အရင်မေးတယ်။
      ဒါကြောင့်ပြောတာ ဘိန်းစားခြင်း တလုံးပိုမရှူနဲ့လို့။ :mrgreen:

      စကားမစပ် ၄ ခုမြောက်လက်မက ကျမပေးတာ။ ဟွန်း..

  • ahnyartamar

    June 29, 2012 at 2:45 pm

    လွှတ်တော်အမတ်ဖြစ်တဲ့ ဇေယျာသော်လိုလူမျိူးတွေကလည်း အနောက်ကနေ ထမိန်ထုတ်လိုက်ပြီးထမ်းရတယ်။

    လူငယ်တွေကို နေရာပေးချင်လို့၊ အတွေ့အကြုံရအောင်လို့၊ ဒေါ်စုကခေါ်သွားတာဖြစ်မှာပါ။ နဲနဲတော့ ရိုင်းပြီး အဲဒီလိုမပြောသင့်ပါဘူး။

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 29, 2012 at 2:59 pm

    ဝံဂျီးဒွေအကြောင်းပြောတော့ ဟုတ်တုတ်တုတ်နဲ့ အဖွားဂျီး ဝတ်စုံငါးဆယ်လောက်ရှိဒါ
    ခင်ဗျားဂျီးအပူဘာစိဒုံး သူ့စိဒါသူဝတ်ဒါဘဲ
    ခင်ဗျားလည်းသဘုံဘဝဒုံးဂ စက်ဘီးတောင်စိလို့လား
    ဟိုဘဝတုန်းက ကဇော်သောက်တဲ့လူက ခုမှ ဝိုင်တွေဘာတွေသောက် မော်တော်ကားတွေဘာတွေနဲ့
    ကောင်းစားနေတာ ဘယ်သူဘာပြောလို့တုန်း
    အောက်ကဟာကမပြဘ့်စုံဘူး
    ( အခုတော့ နယ်စပ်က အဖွဲ ့တွေ မြန်မာပြည်ပြန်ဖို ့ရင်ခုန်နေကြပြီ။ )
    ဆိုတာကို
    အခုတော့ နယ်စပ်က အဖွဲ ့တွေ မြန်မာပြည်ပြန်ဖို ့ရင်ခုန်နေကြပြီ။ ဒုက္ခသည်စခန်းထဲမှာ
    အကြံဖန်လုပ်ပြီးခေါ်ထားတဲ့ သူတို့စောက်မျိုးတွေ ကလည်း သိန်းနဲ့ချီဒယ်လို့ ပြည့်စုံအောင်ရေး 😆
    ကွိကွိ

  • kai

    June 29, 2012 at 3:37 pm

    ဒေါ်စုက..သူ့ပါဝါနဲ့.. မြန်မာအဝတ်အစား.. ပရိုမိုးရှင်းလုပ်ကြော်ငြာပေးလိုက်တာ…
    အခုလောလောတယ်..
    ယူအက်စ်..အယ်လ်အေမှာတော့.. ထမိန်ဆင်တွေ.. ကိုက်ထောင်ချီထုတ်နေပြီ..
    အဲဒါကို.. အထည်စက်ရုံတခုသွားရင်း…တွေ့တဲ့သူကတွေ့လာပြီးပြီ..
    တလိပ်ကို..ကိုက်၁၂၀ဝလောက်ရှိတဲ့..အလိပ်တွေအများကြီးထုတ်နေတယ်ဆိုပါတယ်..

    နောက်တခုက..
    အင်္ဂလန်မှာ.. ဘိုမက..မြန်မာအကျီထမိန်ကို ဒီဇိုင်းလုပ်ထုတ်ရောင်းနေတာတဲ့..
    ဟုတ်မဟုတ်တော့… မသိ..

    ဆိုတော့..
    ..
    သခင်မျိုးဟေ့ ဒို့မြန်မာ..
    သယံဇာတတွေရောင်းပြီး.. နိုင်ငံခြားက.. အပ်ကနေ.. လေယဉ်ပျံအထိ.. ဝယ်သုံးမယ်..
    ဒန်တန်တန်…. :mrgreen:

    • Azzurri

      June 29, 2012 at 3:47 pm

      ဟန်ဒွက် ယန်းဂ် ဘာမန် အရူးပြန်ထနေလို့
      ပြောလိုက်ပါဦးမယ်….

      ဟန်ဒွက် ဖက်ရှင် ဒို့ကြီးမေ ဆိုပြီး
      ဒီဇိုင်နာ-မော်ဒယ်-ဓာတ်ပုံဆြာ-စာရေးဆြာ ပေါင်းပြီး
      အနှီ ဖက်ရှင်တွေ အတိုင်း ချုပ်.. (သံတူကြောင်းကွဲလေးတွေ လည်းထည့်)
      ရိုက်-ဖြတ်-(အနှီအဝတ်အစားအကြောင်းဘက်ဂရောင်းလေးတွေရေး)-ထုတ်-ရောင်း..
      လုပ်စားလိုက်ရရင်ဖြင့် ….

      :mrgreen:

    • တေလေငှက်

      June 29, 2012 at 7:41 pm

      တကယ်တော့မြန်မာအမျိုးသမီးဝတ်စုံကိုကမ္ဘာကသိအောင်လုပ်းပေးတာအန်တီစုပါ။

  • char too lan

    June 29, 2012 at 4:03 pm

    စာတွေကဖတ်လို့လွှတ်ကောင်းပဲဗျာ……..
    သဂျီးမင်းရေ…. အဲ့ဒီဖက်ချင်ဒွေမနှစ်ကတည်းဂ (တိတိကျကျ) သူလွတ်ဂဒဲဂပေါ့ မန်မာမှာတခေတ်စားပီးသွားပါဘီဗျာ…
    ဘိုဂဒေါ်ဒွေဒေါင် တန်ဖိုးကြီးဇာနဲ့ ပိုးဖဲဂဒီဘာတွေစွန့် ခုဒေါ့ အားလုံးချိတ်နဲ့ ဒေါ်စုဒီဇိုင်းရယ်လို့ …တခေတ်ထပီးဂျောင်းပါဖျာ့….. 😀

  • အရီး Khin Latt

    June 29, 2012 at 4:15 pm

    တောက်(စ်) – (မူရင်း – ဂဂ)

    အဓိက အပိုင်း က ကိုယ်ဝင်ရွှီးလို့ မရတော့
    ကိုယ်သန်ရာ ပြောမလို့ ဟာ သူကြီး ဦးတွားတယ်။ 😉

    မြန်မာ အဝတ်အစား ဘယ်လောက် လှကြောင်း ကို ကမ္ဘာသိအောင် ပြတာပါ ကဘုန်းကျော်ရယ်။
    ပိုပြီး ဟန်ကျ သွားတာ တစ်ခု က ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခန္တာ ကိုယ် သေးသေးသွယ်သွယ်လေး မို့ သူ ဝတ် ပြတဲ့ ဒီဇိုင်းတိုင်းက တင့်တင့်တယ်တယ် နဲ့ ပိုပြီး လှပ နေတာ။
    လန်ဒန်မှာ နိုင်ငံခြားသူတွေ မြန်မာဝတ်စုံ တွေဝတ်ပြီး ရှိုး လုပ်တာ ကြားဘူးတယ်။
    ဒေါ်အောင်ဆန်းစုကြည် ကို တော့ လုံးဝ မမှီပါဘူး။
    ဒါ အမှန်တရားနော်။

    ကဘုန်းကျော် – ရှင့် မိန်းမ လေး ကလဲ ပိန်ပိန်သွယ်သွယ်လေး။
    မြန်မာဝတ်စုံ နဲ့ အတော် လိုက်မဲ့ ပုံဘဲ။
    ရှင် နဲ့ လိုက်မလိုက်တော့ မသိ။
    ဒါ က ဘက်လိုက်ပြောတာ။

    နောက်တာ – စိတ်ထိခိုက်တွားနဲ့ဦး။ 😆

  • phone_kyaw

    June 29, 2012 at 4:17 pm

    အမလေး မမခင်လတ်ရယ်။ စိတ်ထိခိုက်နေအုံးမယ်။

  • memeseku

    June 29, 2012 at 4:40 pm

    ဇေ ယျာသော် က ကြီးမေ ထမိန် ထုပ်ထမ်းးး နင် က ချီးထုပ် ကြီးထမ်းပြီ…. ချီးတွင်းထဲ ခုန် ချလိုက် နော်…
    ဘိုးတော်ကြီး…. ဘော် ကျုံး….. 🙂 🙂 ခင်လို့ ငယ်ချင်း အချင်းချင်းစတာနော်

  • etone

    June 29, 2012 at 4:50 pm

    ကိုဘုန်းကျော် .. အတော် တိုးတက်လာပြီ …. ။
    ဒီလိုဆိုတော့လည်း ဘယ်ဆိုးလို့လဲ … ထိထိမိမိနဲ့ အကွက်ကျကျရေးတတ်ရဲ့သားနဲ့ ….. အရင်အချိန်တွေ နှမျောစရာဟယ် .. ပေါက်ပန်းလေးဆယ်တွေရေးပြီး … နာမည်ဆိုးနဲ့ လူသိအောင်လုပ်ခဲ့သေးတယ် … ။

    ဘယာကြော်ပါဗျို့ .. လက်မပိစိလေးထောင်သွားပါတယ် … ။

  • ကိုပါကြီး

    June 29, 2012 at 6:30 pm

    ကိုဖုန်းကျော်ရေ ဖြစ်စဉ်ကိုက်တွေကို အပီရေးလိုက်တာနော်။
    တကယ်ကတော့ လူတွေရဲ့လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်အရဆိုရင်
    သာသာနာရေးဝန်ကြီးဌာနဆိုတာ မလိုအပ်တော့ပါဘူး။

    မြန်မာထေရဝါဒတရားတွေဟာ ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တရားတော်အစစ်တွေလို လူတွေအတွက် အသုံးတည့်မယ်၊ အားကိုးရာဖြစ်မယ်။
    လမ်းညွှန်မယ့် ဘုန်းကြီးတွေကလည်း လူတွေ ဘဝမှာ အသုံးတည့်အောင် လမ်းညွှန်နိုင်မယ်ဆိုရင်
    ဘာသာခြား၊ လူမျိုးခြားတွေကတောင်မှ ဒီတရားတွေကို ယူသုံးလာကြမှာ ဖြစ်ပါတယ်။ ဘယ်လူမျိုးခြား၊ ဘယ်ဘာသာခြား လွှမ်းမိုးမှာကို ကြောက်စရာမလိုပါဘူး။

    အခုက ကိုယ့်ကျင့်သုံးနေတဲ့ တရားတွေကို လူတွေ အသုံးတည့်အောင် ပြန်စိစစ် ဝေဖန်ဖို့ထက်
    လူတွေကို အတင်းအဓမ္မ အစိုးရအားကိုနဲ့ ကိုးကွယ်ခိုင်းနေရတဲ့ အဖြစ်ဟာ စစ်မှန်တဲ့ ဗုဒ္ဓတရားတော်တွေရဲ့ ဂုဏ်ရည်ကိုပါ ထိခိုက်ပါတယ်။

    ဘုန်ကြီးတွေ သူတို့ ဓမ္မအရည်အချင်းနဲ့ သူတို့ ရပ်တည်ကြပါစေ။
    လူအစိုးရအာဏာနဲ့ပေါင်းလိုက်မှ သာသနာပါ အဆင့်နိမ့်လာရသလိုဖြစ်နေပါတယ်။

    ဆက်ပြီး လေ့လာစေချင်တဲ့ ပိုစ့်လေးက

    “ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ဖျက်သိမ်းပစ်ရမယ့် မဟန နဲ့ သာသနာရေးဝန်ကြီးဌာန” http://www.maukkha.org/index.php/feature-article/1664-maukkha-monks ဆိုတဲ့ ပိုစ့်လေးကို ထပ်ညွှန်လိုက်ပါတယ်။

  • တေလေငှက်

    June 29, 2012 at 7:36 pm

    မြန်မာပြည်မှာဝန်းကြီးဋ္ဌာနတွေဖောင်းပွနေတာကိုရှော့သင့်ပါတယ်။

  • paukpauk

    June 29, 2012 at 10:30 pm

    ဘာကောင်လဲကွ.. အစိုးရလဲ မကောင်းပြောတယ်၊ ဒေါ်စုကိုလဲရစရာမရှိဘူး ပြောသွားလိုက်တာ။ မင်းဘာကောင်လဲ။ မောင်ရင့် လက်ချောင်းတွေကိုကြည့်ပြီး မညီတာကိုသာ ညီအောင်ဖြတ်လိုက်တော့။

  • ရဲစည်

    June 30, 2012 at 6:39 am

    နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေးဆိုလား အဲဝံကြီးဆို ဂေါက်ကွင်းနဲ့အိမ် ကလွဲပီး ဘယ်မှသွားတာ မဟုတ်ဘူး
    ဆိုတော့ အူးလေးကဖုန်းကျော်ရယ် မြန်မာစကားက ဝါကျ ဆက်နိူင်သလောက် ရေးလို့ရနေတော့ ခင်ညားလုပ်မှ ဌာနတွေ ၃ခု၁ခုပေါင်းပီး ထပ်ချဲ့လာနေအုံးမယ်။
    တချို့များဆို ဝန်ကြီးဌာန ခေါင်းစဉ်က လျှောက်လွှာစာရွက် ပြည့်တောင်နေပီ သိပ်လဲမကျပ်ပါနဲ့ ဆြာရယ် 🙂

Leave a Reply