ဒေါ်အောင်ဆန်းစုကြည် (သို့) NLD အား ကော်မရှင်မှ သတိပေးချက်ထုတ်ပြန်

King of Secrets (Bo Min)June 29, 20121min13910

မြန်မာနိုင်ငံအား BURMA ဟု မခေါ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် NLD အား အသိပေး

 

ယနေ့ ၂၉.၆.၂၀၁၂ ရက်နေ.၊ သတင်းစာတွင် ရွေးကောက်ပွဲကော်မရှင်က NLD အား မြန်မာနိုင်ငံကို ဘားမား “BURMA” ဟု မခေါ်ဆိုရန် အသိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။ NLD ပါတီသည် အခြေခံဥပဒေကို လေးစား လိုက်နာပါမည်ဟု ကျမ်းကျိန်ပြီးဖြစ်ကြောင်း၊ အခြေခံဥပဒေတွင် ဒီနိုင်ငံအား ပြည်ထားစု သမ္မတ မြန်မာနိုင်ငံတော် ( The Republic of the Union of Myanmar) ဟု ခေါ်ဆိုရန် အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ သို.သော် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံရှိ World Economic Forum တွင် တစ်ကြိမ်၊ အနောက်နိုင်ငံ ခရီးစဉ်များတွင်လည်း မိန်.ခွန်းပြောသည့်အခါ မြန်မာနိုင်ငံအား ဘားမား (BURMA) ဟု အကြိမ်ကြိမ်ပြောခဲ့ကြောင်း၊ ထို.ကြောင့် နောင်အခါတွင် ခေါ်ခွင့်မရှိသည့် ဘားမား ဟူသော အမည်ကို မခေါ်ရန်နှင့် Republic of the Union of Myanmar (သို့) Myanmar ဟုသာ ခေါ်ဆိုပါရန် အခြေခံဥပဒေ ပုဒ်မများအရ အသိပေး မေတ္တာရပ်ခံထားကြောင်းသိရသည်။

10 comments

  • ahnyartamar

    June 29, 2012 at 1:20 pm

    နာမည်ကအရေးကြီးလို့လား…

  • ko khin kha

    June 29, 2012 at 1:26 pm

    စာကြည့်တိုက်တစ်ခုမှာ စာအုပ်တစ်အုပ်တွေ့ဘူးတယ်၊
    စာအုပ်က အတော်ကိုကြာနေပါပြီ စာအုပ်အမည်က ဘုံဘေဘားမား တဲ့။
    ဒီအတိုင်းဆို အဲဒီစာအုပ်အဖုံးကိုပြန်လဲရတော့မှာပေါ့နော် ဘုံဘေမြန်မာ လို့။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    June 29, 2012 at 1:35 pm

    အရင်ကဘာမားခေါ်ခဲ့တာကိုလဲမရပေမယ့်
    အခုကတော့တိုင်းရင်းသားအားလုံးကိုခွဲမထွက်စေချင်တဲ့သဘောနဲ့မြန်မာလို့ခေါ်တာပိုသင့်တော်ပါတယ်….
    ကျွန်တော်တို့လေဒီစုလဲမှားသွားတာဖြစ်စေကမာ္ဘကအသိပိုများတဲ့နာမည်ကိုခေါ်သွားတာဖြစ်စေ
    နောင်မှာပြုပြင်ပြီးခေါ်ဆိုမယ်လို့ထင်ပါတယ်……..ဒီအချိန်မှာလေဒီစုနဲ့NLDပါတီဟာ
    တိုင်းပြည်ကိုအရှိန်အဟုန်နဲ့တိုးတက်ဖို့လုပ်နေချိန်မှာဘာကြောင့်ဒီကိစ္စလေးတစ်ခုအတွက်နဲ့ငြင်းချက်ထုတ်
    နေကြမှာလဲ…ကျွန်တော်တော့မထင်ပါအမေစုမြန်မာလို့ပြန်ပြောင်းခေါ်ပါလိမ့်မယ်……
    ဘားမား=ဗမာ…..ဒီနိုင်ငံမှာဗမာလူမျိုးတစ်မျိုးတည်းနေတယ်ထင်ပါသလားပိတ်သတ်ကြီး
    ဖဲအန်ဂျက်စ်တ်စဉ်းစားပါ…….ပုဂ္ဂိုလ်စွဲနဲ့မတွေးကြည့်ပါနဲ့
    (မှတ်ချက်-ပို့စ်တင်သူအားမရည်ညွန်းပါ……ဖတ်ရှုသူများမျှမျှတတစဉ်းစားကြည့်နိုင်ရန်ချိန်ထိုးပေးခြင်းသာ
    ဖြစ်ပါသည်)

  • burma wantharnu

    June 29, 2012 at 2:12 pm

    ကော်မရှင်ကြီးရယ် နာမည်ပြောင်းတာထက် လူတွေပြောင်းပေးပါနော် လေးစားစွာဖြင့်………….

  • snow white

    June 29, 2012 at 3:30 pm

    မစ္စတာဗိုလ်မင်း ရွာထဲမှာအေးဆေးမနေချင်ဘူးလား ပြောစနိုးသိပ်ကြည့်ရတာမဟုတ်ဘူးနော် ဗိုလ်မင်းကို သတိထားနေ စနိုး ဗိုလ်မင်းကိုသတ်မိတော့မယ် ထမင်းကိုနေ့တိုင်းဝအောင်စားထား ဟွန်းပြောကိုမပြောချင်ဘူး ရွာသူ/သားတွေအငြင်းပွားအောင်လာလုပ်နေတယ် ဟုတ်လားအမေစုစာတက်တယ်ပြောင်းခေါ်လိမ့်မယ် ပူမနေနဲ့ ဟုတ်ပီလား ။

  • etone

    June 29, 2012 at 4:16 pm

    ဟယ်တော့ .. အံ့ဩလွန်းလို့ … အူတတ်အောင် ရယ်မိတော့မယ် … ။
    အနောက်နိုင်ငံ အရှေ့နိုင်ငံ အကုန်လုံးက အခုထက်ထိ … Myanmar ထက် Burma ဆိုတာကို ပိုပြီးတွင်ကျယ်စွာသုံးခဲ့ကြတယ် … Burma တုန်းက .. ကမာ္ဘမှာ နာမည်ရခဲ့တာတွေလည်း ရှိခဲ့တာဆိုတော့ …. ။

    အခုမြန်မာဆိုတာကို စီးပွားရေး လုပ်ငန်းမလုပ်တဲ့ ..သူတို့နိုင်ငံက လူတချို့ မသိကြဘူး … ။

    အဲ့လို လူတွေ နားလည်ဖို့ဆိုလျှင် … မြန်မာရော ၊ ဘားမားရော နှစ်မျိုးစလုံး သုံးပြီးပြောမှအဆင်ပြေလိမ့်မယ် … ။ ဘားမားကနေ ..မြန်မာဖြစ်ပြီး … ကမာ္ဘ ့လူထုသိအောင် မကြော်ငြာ မစွမ်းဆောင်ပဲ .. နာမည်ကိစ္စ ပြသနာလာရှာနေတယ် …. ။ ဒီစိတ်တွေနဲ့ ဆို .. … အင်း ……….. ရင်မောတယ် … 🙁

  • တေလေငှက်

    June 29, 2012 at 6:33 pm

    ကျွန်တော့အလုပ်ထဲကလူတွေကို Myanmar ကလာတာပါလို့ပြောရင် Myanmar ဆိုတာဘယ်မှာလဲဆိုသူသိသူလုံးဝမရှိ။ Bumra ဆိုရင်သိတဲ့သူနဲနဲရှိ။ Aung San Suu Kyi တို့တိုင်းပြည်ကဆို အားလုံးနီးနီးကသိကြပါတယ်။

Leave a Reply