သမ္ဘူလဆိုဒါ ဘယ်သူမှန်းမတိပါ….
လောကတွင် နာမည်သူမရှား လူသူမရှားကြပါ
ကျွန်မ တိသော သမ္ဘူလပင် 2ယောက် 3ယောက်ခန့်ချိနေသည် …..
မြန်မာလူမျိုး ဖြစ်သည့် ကျွန်မက မြန်မာ့ရာဇ၀င်တွေကို မတိတာကိုတော့ ကျွန်မကိုယ် ကျွန်မ ယူကြုံးမရပေ….

ကျွန်မ တိသော သမ္ဘူလမှာ တော်လေးဝ ၀င်သော သမ္ဘူလပင်
အမရာ ၊ ကိန္ဒရီ၊ မဒီ ၊ သမ္ဘူလ ဟူ၍ တော်လေး၀၀င်သော အမျိုးသမီးကောင်းများ ရှိခဲ့ကြသည်….
ထို အမျိုးသမီးကောင်းများသည်… မြန်မာအမျိုးသမီးများ စံပြုအပ်သော အမျိုးသမီးများ ဖြစ်ကြပေလိမ့်မယ်..

အမရာသည် မဟော်သဓာ သတို့သာ၏ အမျိုးသမီးဖြစ်၍ ပညာအရာမှာ စံပြုလောက်သော အမျိုးသမီးဖြစ်ခဲ့၏
ကိန္ဒရီသည် ကိန္ဒရာ၏ အမျိုးသမီးဖြစ်ကာ တညနေလေး ကိန္ဒရာအားမင်းကြီးခေါ်ဆောင်သွားသည်ကိုပင် ရက်ပေါင်း 1000 မျှ ငိုနိုင်သည်ဟုဆို၏
္ကဤမျှငိုတက်သော သူ ဤခေတ်ကမ္ဘာ၌ရှိလျှင် ဘယ်လောက်ပြောခံရမည်နည်း….
တော်တော်မိုင်ပိုသော အမျိုးသမီးဟု ဆိုပေလိမ့်မည်… ယခုအခါတွင်ကား တော်လေးဝ၌ ပါဝင်နေ၏ …

မဒီသည် ဝေသံဿရာမင်းကြီး၏ မိဘုရားဖြစ်ကာ…. ဆင်ဖြူတော်လှူလိုက်သော မင်းကြီးအား နယ်နင်ဒင်္ဏပေးသည်ကို မယားဝဋ်တရားမပျက် လိုက်လံ၍ ပြုစုသော မိဘုရားဖြစ်၏

ထိုမျှသိ၍ သမ္ဘူလ၏ အမျိုးသားသည် မည်သူဖြစ်သည်ကို မသိသောအခါ အလွန်ပင် ရှက်ရ၏
ကြားဖူးသည်မှာ ဘုရားလောင်သည်… တခုသောဘ၀၌ နူနာစွဲကပ်နေ၏… ထိုနူနာစွဲကပ်နေသော ဘုရားလောင်း အိမ်ရှေ့မင်းသားအား နန်းတော်မှ စွန့်ခွါခိုငးသောအခါ ဘုရားလောင်း၏ မိဘုရား… သမ္ဘူလသည် လိုက်လံ၍ ပြုစုခဲ့၏

တခုသောညနေတွင် သမ္ဘူလအား… တောတွင်းမှ ဘီလူးကြီးမှ လိုက်လံနှောင့်ယှက်သဖြင့် အချိန်လွန်မှ ပြန်ရောက်ခဲ့၏
ယောင်္ကျားများ၏ ထုံးစံအတိုင်း နောက်ကျသော သူအား မယုံသင်္ကာဖြစ်သောအခါဝယ် သမ္ဘူလသည် သစ္စာဆိုကာ ရေဖြင့် ဘုရားလောင်း၏ကိုယ်၌ ဖြစ်ပေါ်နေသော နူနာအား ပျောက်ကင်းအောင်ကုသပေးလိုက်၏ ….

ထိုမျှသာသိ၍ ကျန်တာ မတိသော ကျွန်မသည် လွန်စွာ ရှက်စရာကောင်းနေ၏
အဘယ်ကြောင့်ဆိုသော် ကျွန်မ၏ မေလ်းအကောင့်သည် ထိုနာမည် နာမကို ယူထားသောကြောင့်တည်း… :)
တက်လာသော လူများသည် အခါအားလျှော်စွာ မေးတက်ကြ၏
ကျန်စစ်သား၏ သမ္ဘူလလား….
မဟုတ်ပါ ….. ဘုရားလောင်း၏ မိဘုရား သမ္ဘူလ…. ထိုသို့ဆိုသော်.. ထိုဘုရားလောင်းသည် မည်သူနညး… ကျွန်မ မသိချေ… :(

တညတွင် စိတ်ထဲမကျေနပ်သည်ချိကာ .. အိမ်၌ရှိသော ငယ်ငယ်ကတည်းက ဇာတ်ကြီး 10ဘွဲ့ အား အိပ်ရာဝင် ပုံပြင်အဖြစ် အမြဲတစေ ပြောပြနေသော အဒေါ်ကို မေး၇ာ ထိုအဒေါ်ပင် မသိချေ…. :(
အိမ်၌ ချိသော မောင်နှမ 10ယောက်တွင် တယောက်တလေတောင်မသိသောအခါ လွန်စွာပင် ထပ်၍ စိတ်မကောင်းဖြစ်ရပြန်၏
အကိုတယောက်က ထ၍ ဗန္ဓုလ၏ အမျိုးသမီးဟုဆိုသည် ….
ဗန္ဓုလ ဆိုသည်မှာ ကျွန်မတို့သိသောစစ်သူကြီး မဟုတ်ဟုဆိုသည်
ကျွန်မ ပို၍ စိတ်မကောင်းး ဖြစ်၇ပြန်သည်…. မသိတာများနေဘီလေ..
ထိုစစ်သူကြီးသည် ဘုရားလောင်းခေတ်က စစ်သူကြီးဖြစ်၍ အင်အားတော်တော်ကြီးသော သူဖြစ်ကြောင်း
လှံကို ပစ်လိုက်ရာတွင် ညောင်ပင် 10ပင်ကိုပင် ထုတ်ချင်းပေါက်နိုင်ကြောင်း ပြောပြသော်လည်း ကျွန်မ မသိချေ… :(

မြန်မာတွင် ရာဇ၀င်ပေါင်းများစွာ ရှိ၏…. ထိုရာဇ၀င်များအား မသိသော ကျွန်မသည် လေ့လာဘို့ တော်ော်လိုအပ်နေသောသူဖြစ်ကြောင်း စိတ်မကောင်းစွာဖြင့် မှတ်ချက်ချမိပါသည်…
PS… ထို သမ္ဘူလ၏ အမျိုးသား အားတိသောသူချိပါက ကျွန်မသိလိုပါသည်…. :(
ကျေးဇူးတင်စွဖြင့် ပြောပြပေးရန် အမှာတော် ထပ်ပါးလိုက်ပါသည်…. :)

About Yin Nyine Nway

Yin Nyine Nway has written 358 post in this Website..

I m web developer