မိုး

mamanoyarJune 29, 20121min26219

မိုး

မိုးဆိုတာနဲ့ သန်းထွဏ်းလေးရဲ့

“ မိုးရွာမှ ပျိုးသာနိုင်မလေ ………… “

ဆိုတဲ့ သီချင်းစာသားလေးကို အမှတ်ရမိပါတယ်။ မှန်ပါတယ် မိုးရွာမှ တောင်သူလယ်သမားများအတွက် အဆင်ပြေမှာပါ။

ဒါပေမယ့် အခုအရမ်းကို မိုးနည်းနေလို့ တောင်သူလယ်သမားတွေ အရမ်းစိတ်ညစ်နေရပါတယ်။ နောက်တစ်ခုက ရွာဘက်တွေမှာ အရမ်းရေရှားပါတယ်။

မိုးရွာလို့ ဆယ်မြောင်းတွေ ပြည့်မှ သောက်ရေ သုံးရေ ရရှိကြတာဖြစ်ပါတယ်။

အခုလို မိုးမရွာတော့ တောင်သူလယ်သမားတွေနဲ့ ရွာသူရွာသားတွေအဖို့ ရင်လေးစရာပါ။

တောင်သူမရှိတဲ့ ရန်ကုန်မှာတော့ နေ့တိုင်းလိုလို မိုးရွာနေတယ်လို့ ကြားရပါတယ်။

အင်းးးးးးးးးးး မိုးမင်းကြီးကို ဂေဇက်ရွာသူ ရွာသားများ  မိုးရွာအောင်

ဝိုင်းပြီးဆုတောင်းပေးကြပါဦးလို့ တောင်းဆိုပါတယ်ရှင်။

ပြောမယ့်သာပြောရတယ် ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်……………………………………………………………………………………

19 comments

  • မမ အညာသူ

    June 29, 2012 at 12:53 pm

    မိုးမင်းကြီးရယ်
    တောင်သူလယ်သမားတွေရဲ့ဘဝကိုစာနာသောအားဖြင့်
    ရွာသွင်းပေပါ

    • ဇောက် ထိုး

      June 29, 2012 at 2:53 pm

      ဘာလို့ရွာရမှာလဲ… သူတို့ပဲ သစ်ပင်တွေခုတ်နေပြီး…
      သစ်ပင်ခုတ်ချင်ရင်.. မိုးမလိုချင်ကြနဲ့…
      မိုးလိုချင်ရင် သစ်ပင်တွေ မခုတ်ကြနဲ့… သစ်ပင်တွေ ပြန်စိုက်ကြ။
      အားအားရှိ ဆုတောင်းနေတာပဲ။။
      ဘာစာနာသောအားဖြင့်လဲ…. သစ်ပင်တွေခုတ်တုန်းကတော့ စာနာခဲ့ကြလို့လား…

  • mayjuly

    June 29, 2012 at 1:00 pm

    ရွာ ဆိုတာက ဘယ်ဘက်ကိုပြောတာလဲ ညီမ …

    ရွာနာမယ်သိရင် လွန် လာဆွဲပေးမလို့ ..ဟိဟိ

    • mamanoyar

      June 29, 2012 at 1:21 pm

      ရွာဘက်တွေမှာပါ တစ်ရွာထည်းမဟုတ်ဘူးအစ်မ
      များကြီးပဲ လွန်လာဆွဲပေးမယ်ဆိုလဲ ကြိုဆိုပါတယ်ရှင်

  • မဂွတ် ထော်

    June 29, 2012 at 1:01 pm

    ငရံ့မင်းဂါထာ ရွတ်လေ

    • ဇောက် ထိုး

      June 29, 2012 at 2:50 pm

      ငရံ့မင်းပရိတ်အစက ဘာလဲဟင်.. သိလို့မေးတာနော်…

      • မဂွတ် ထော်

        June 30, 2012 at 11:31 am

        အန်ကယ်ဇောက် အရင်ပြောပြ

  • မောင်ပေ

    June 29, 2012 at 1:01 pm

    ကဲကဲ
    ရွာသားတို ့ရွာသူတို ့ရေ
    ဝိုင်းဆုတောင်းပေးလိုက်ကြပါစို ့
    ကျုပ်တို ့တိုင်းပြည်ကြီး စိမ်းလန်းစိုပြေသာယာဖို ့အရေး…

  • ko khin kha

    June 29, 2012 at 1:07 pm

    TV အစီစဉ်တွေမှာမြန်မာစာတမ်းထိုး ကြည့်ရတဲ့ကားတွေမှာ မိုးနတ်မင်း လို့ဆိုတယ်။
    အခုပိုစ့်မှာ မိုးမင်းကြီး တဲ့။ဘယ်သူဆီ ဆုတောင်းပေးရမလဲဟင်။ ဘာဘဲဖြစ်ဖြစ် ဲဆုတောင်းပေးလိုက်မယ်——

    မိုးနတ်မင်းရော မိုးမင်းကြီးရော
    တစ်ဦးတည်းဆို (ခ)ဟုထဲ့သွင်း
    မတူပါက တူညီမျှဘို့
    ညှိုနှိုင်းလို့သာ ရွာချပါဗျို့
    ဆုတောင်းပေတယ် နိုရာရယ်။

  • ဘဲဥ

    June 29, 2012 at 1:54 pm

    မိုးးးးးးးးးးးးးးး ရွာမယ်ဆိုရင်လေ…………..
    သည်းလိုက်စမ်းပါ့ကွယ်………
    မိုးးးးးးးးးးးးးးးးးး ချိန်းပြီမှ မရွာရင်…………..

    • mamanoyar

      June 29, 2012 at 2:44 pm

      ချိန်းပြီးမရွာရင်
      ဘဲဥက ဘာလုပ်မလို့လဲ

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 4:43 pm

    ကျုပ်တို့ရွာမှာလည်း ဒီအတိုင်းပါပဲ ..
    မိုးက ရွာလိုက်သမှ
    ခုထိ ကန်ထဲကို ရေမဝင်သေးဘူးတဲ့ဗျာ …
    ဒါကြောင့် တစ်ခါတစ်လေ
    ဒီမှာရွာနေတဲ့ မိုးကို ရွာကိုရောက်အောင် ဆောင့်ကန်လိုက်ချင်တယ်ဗျာ …
    ဒါပဲ ..

  • etone

    June 29, 2012 at 4:43 pm

    မမနိုရာရေ .. မိုးတွင်းရောက်နေပါပြီ …
    မြန်မာနိုင်ငံအနှံ ့ပြားမှာ မိုးတွေလည်း ရွာနေပြီး တချိုု့ ပြည်နယ် ၊ တိုင်းတွေမှာဆို မြစ်ရေလျှံတာတွေ ၊ ရေကြီးတာတွေ .. ရေတိုက်စားလို့ ကမ်းပါးပြိုတဲ့အထိတောင်ဖြစ်နေပါပြီ … ။ မမနိုရာတို့ ရွာမှာ .. တကယ် …မိုးခေါင်နေတုန်းပဲလား …. ။ အဝီစိတွင်းတူးကြည့်လျှင်ရော .. ရေမထွက်နိုင်ဘူးလားဟင် …. ။ တနိုင်ငံတွင်းနေသူအချင်းချင်း…. တဖက်မှာရေလျှံပြီး တဖက်မှာ ရေမရတာတော့ .. စိတ်မကောင်းဖြစ်မိတယ် ။

  • King of Secrets (Bo Min)

    June 29, 2012 at 5:42 pm

    အခုတော့ မိုးရွာနေပြီလေ၊ တကယ် မိုးမရွာတာ ဟုတ်ကောဟုတ်ရဲ.လား၊ ဟုတ်ရင်တော့ ကံဆိုးတာဘဲဗျာ၊ ကံကောင်းပါစေလို. ဆုတောင်းပါတယ်။

  • AKKO

    June 30, 2012 at 8:31 am

    ဖြစ်နိုင်လျှင် ရန်ကုန်ကမိုးတွေ မမနိုရာတို့ အရပ်ကိုပြောင်းပေးလိုက်ချင်ပါတယ် ။
    ဒီမှာတော့ ရွာလိုက်တာ ရွဲရွဲစိုလို့။
    လွန်ဆွဲလျှင် မိုးရွာတယ်လို့ ဘယ်သူသတ်မှတ်ခဲ့သလဲမသိပါဘူး ။ ကျွန်တော်ကတော့ အဲ့ဒီအယူကို လုံးဝမယုံကြည်ပါ ။ လွန်ဆွဲတိုုင်းသာ မိုးရွာရမယ်ဆိုလျှင် နွေခေါင်ခေါင်လည်း အညာဒေသ ရေရှားတော့မှာ မဟုတ်ဘူး ။

  • ရဲစည်

    June 30, 2012 at 8:47 am

    ” မှိုင်း……….ပြာ မှုန်ရီဝေ၊ တိမ်မဲညိုရိပ်တွေ…..အေ တောင်ပြန်လေ၊ တပ်..လှန့်နှိုး…နိုးကြွလာပီလေ
    တဖြည်း….ဖြည်း..လာချေပီလေ ပင်လယ်တွေ..ဖြတ်..သန်း.. ရိုးမအပေါ် လွှားကျော်ကာလေ …တို့ချစ်မိတ်ဆွေ အမိမြန်မာပြည်
    လက်ဆောင်..ပါးလဲ မိုးပုလဲပန်းတွေ …. မရွာပါ..မရွာပါလေ…. လုံးဝလုံးဝ မရွာပါလေ.. 🙁

    စန္ဒားရားချစ်ဆွေ သီချင်းကို ဖျက်ဆိုရတာ စိတ်တော့မကောင်းဘူး
    မိုးနတ်မင်းကြီးက ပြောတယ် မိုးရွာတာ လူတွေအတွက် မဟုတ်ဘူးတဲ့
    သစ်ပင်လေးတွေ အတွက် မင်းတို့ မြန်မာပြည် သစ်ပင်မှ မရှိတာ ဘာလို့ ရွာပေးရမှာတုန်းတဲ့.. သွပ်..သွပ်

  • ma haw

    June 30, 2012 at 11:00 am

    အင်း
    ဒီလိုပါပဲ လိုတာမရ ရတာမလို
    အဓိကတော့ အပင်တွေရှားနေပြီ
    သဘာဝဖောက်ပြန်ချင်နေပြီဆိုတော့ မိုးကဒီထက်ခေါင်လာဖို့ပဲရှိတယ်
    မလွယ်ဘူး…..ဟူးးးးးးးးးးးးးးးးးးးးး
    ကိုယ်လဲထိုင်ကြည့်နေယုံပဲ

  • ခပ်မိုက်မိုက် ကောင်မလေး

    June 30, 2012 at 11:40 am

    မိုးးးးးးးဘယ်မှာရွာနေလဲ….
    မိုးးးးးးးဘယ်အချိန်ရွာမှာလဲ….
    မိုးးးးးးးလိုအပ်တဲ့နေရာတွေမှာ…
    ရွာပေးပါတော့ မိုးးးးးးးရယ်….
    မိုက်လေးးးးးးးတို့ဒီမှာတော့…
    မိုးးးးးးးးးးလည်းမရွာဘူး ….
    မနက်..မနက်ဆို မြူတွေကျလို့….
    အဲ့လိုမျိုးလေးကို သဘောကျတယ်….
    လိုအပ်တဲ့ နေရာတွေမှာ မိုးးးးးးးးးးးမင်းရယ်ရွာပေးပါလို့……….

Leave a Reply