(လမ်းခွဲချိန်)

ခင်မင်မှုနဲ့ အစပြုခဲ့တဲ့သံယောဖဉ်
ယုံကြည်စွာ ရစ်ပတ်ခဲ့ပြီးမှ
မေ့ပစ်လိုက်ဖို့ ငါဘယ်လိုအင်အားရှိမှာလဲ………။

အတူကြည်နူးခဲ့တဲ့ နေ့တွေ
ပြန်တွေးတိုင်း ငါ့ရင်မှာလွမ်းနေမိတယ်
ထာဝရ အတွက်ပေါ့…………………။

ပိုင်ဆိုင်ခွင့် မရှိပေမယ့်လည်း
အဝေးကနေပြီး ကြည့်ခွင့်လေးတော့ ရချင်သေးတယ်
နှုတ်ဆက် လမ်းခွဲချိန်အထိပေါ့……………။

အရာရာမှာ စည်းခြားနေတော့လည်း
ချစ်ခွင့်မရှိတဲ့ ငါ့နှလုံးသားဟာ
လွမ်းနေရုံကလွဲပြီး ဘာတတ်နိုင်ဦးမှာလဲ………….။

ဖြစ်ချင်တဲ့ဆန္ဒ ဖြစ်မလာတဲ့ဘဝမှာ
နှုတ်ဆက်လမ်းခွဲချိန်အထိ
ငါတို့ ဖြူစင်စွာနဲ့ (သူငယ်ချင်း) တွေပေါ့နော်…………….။

( ပုသိမ်သား )
(ဝန်ခံချက်….)
မိုက်လေး…ဆီကိုသူငယ်ချင်းတစ်ယောက်ကပို့ လိုက်တဲ့ ပို့(စ်)လေးတစ်ခုပါ..။
မိုက်လေး..ရေးထားတာမဟုတ်ပါဘူးနော်…။
ခင်မင်လျှက်….မိုက်လေး

15 comments

  • mamanoyar

    June 29, 2012 at 1:15 pm

    အားပေးသွားပါတယ်ရှင်

  • ခပ်မိုက်မိုက် ကောင်မလေး

    June 29, 2012 at 1:32 pm

    ဟုတ်ကဲ့ပါရှင်…
    မိုက်လေး..ကလည်းကျေးဇူးတင်ပါတယ်နော်…။

  • မြတ်ကျော်သူ

    June 29, 2012 at 1:56 pm

    ထွန်းအိန္ဒြာဗိုလ်ရဲ့ သီးချင်းတစ်ပုဒ်ထဲက စာသားတွေနဲ့ ဆင်နေသလားလို့…

  • ခပ်မိုက်မိုက် ကောင်မလေး

    June 29, 2012 at 2:01 pm

    ဟုတ်မှာပါ….
    မိုက်လေး..ရေးတာမဟုတ်တဲ့အတွက်…
    မိုက်လေး..သေချာမသိဘူး…
    ဒါပေမယ့် စာသားလေးတွေကို….
    မိုက်လေး..ကြိုက်တယ်…။

  • ဇောက် ထိုး

    June 29, 2012 at 2:08 pm

    ခုထိ မိုက်တုန်းရှိသေးတယ်နော်….
    ဘယ်တော့များမှ လိမ်မာမှာလဲနော်….

  • ခပ်မိုက်မိုက် ကောင်မလေး

    June 29, 2012 at 2:27 pm

    အန်ကယ်ဇောက်…ကလည်း….
    မိုက်လေးက…အစကတည်းကလိမ္မာပြီးသားလေ…
    ဘယ်တော့မှ မမိုက်ပါဘူးနော်….။

  • Rose Minn

    June 29, 2012 at 2:37 pm

    ရတနာမိုင် နဲ့ ဟဲလေး ရဲ့ “လမ်းခွဲဖို့ လုံးဝမပြောပါနဲ့ အိုးဘေဘီ အိုးအချစ်လေး”

  • Gipsy

    June 29, 2012 at 4:23 pm

    သူငယ်ချင်းတွေလို ဖြူဖြူစင်စင် နေနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့ ခလေးမရယ်…။

  • မောင်ပေ

    June 29, 2012 at 8:33 pm

    ပေးတုန်းလေးယူထားဦးမှ
    ဒီလိုဒီလို…
    လမ်းခွဲချိန်
    မနမ်းဘဲဂိန်
    သမ်းဆဲပိန် ။

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 9:45 pm

    ကဗျာ …
    ကဗျာ ….
    ကျုပ် မရေးဖြစ်တာ ကြာခဲ့ပြီ ..
    စိတ်နာတယ် စိတ်နာတယ် …
    ပိတ်ကာပဲ ကန်ပစ်လိုက်ချင်တယ် …
    ရင်ထဲက ချစ်တတ်တဲ့ နှလုံးသားကို ……………။

  • ရဲစည်

    June 30, 2012 at 7:54 am

    မိုက်လေး… မိုက်လေးနဲ့ စကားတဲ့ ထည့်သုံးတတ်တာ ဟိုအဆိုတော်မလေးနဲ့ ခပ်ဆင်ဆင်ပဲ
    ဟိုက မိုင်လေး… မိုင်လေးဒဲ့
    ဒို့ရွာထဲက ဦးကြီးမိုက်ကတော့ စကားပြောရင် ကြီးမိုက်ကလေ….. ကြီးမိုက်ကလေလို့ ထည့်မပြောပါဘူးတော်
    တခါတလေ စိတ်ပါလို့ ကေတီဗွီရောက်မှ ” မိုက်လား….မိုက်လား….မိုက်ပေး…..မိုက်ပေးလို့ အော်တပ်လေရဲ့ ”
    အားပေသွားပါတယ်တော်ရေ
    လမ်းခွဲချိန်မို့
    ကျောခိုင်းကာ
    အပြောရိုင်းတွေ အဆုံးသတ်
    အလွန်ဆုံး တပတ်ပေါ့
    အသည်းကွဲလဲ… 🙂

  • ခပ်မိုက်မိုက် ကောင်မလေး

    June 30, 2012 at 9:28 am

    အခုလို မိုက်လေးရဲ့ ကဗျာကို…
    ဝေဖန် လေကန်လို့…..
    ကဗျာ ကောမန့်လေးတွေကို….
    ထည့်ရေး အားပေးသွားတဲ့…..
    မန်းဂေဇက်က သူငယ်ချင်းများကို…
    မိုက်လေး.. ကလည်းကျေးဇူးတင်ပါတယ်နော်…
    ခင်တဲ့…မိုက်လေး

  • lu lay

    June 30, 2012 at 11:49 am

    ချစ်သူပြေးထွက် သည်းကွဲအက် အရက်ခွက်တွင်
    ငါစိမ်မည်………………….

  • ခပ်မိုက်မိုက် ကောင်မလေး

    July 18, 2012 at 10:32 am

    ချစ်သူထွက်ပြေးသွားတယ်ဆိုပြီး….
    အသည်းကွဲ ပြဇာတ်အတွက်နဲ့တော့…
    အရက်နဲ့တော့ မစိမ်လိုက်ပါနဲ့ကွယ်…
    မလိုအပ်ဘူးလေ….။။။။။။။။။။။။
    lu lay… ရယ်မမိုက်ပါနဲ့လား…:P

Leave a Reply