ဖြတ် စား

Knowledge SeekerJune 29, 20121min1036

ဦးရိုးတစ်ယောက် အကြွေးတွေ များလွန်းသဖြင့် စိတ်ညစ်နေတုန်း…
.အိမ်ဘေးမှ မောင်ဘဖေအကြံပေးသည့်အတိုင်း ဘိုးမင်းခေါင်ကို လက်ဖက်လေး၊ ဆေးလိပ်လေးနှင့် ဆက်ပြီး အကူအညီတောင်းချင်ပါသော်လည်း
လက်ထဲတွင် ပိုက်ဆံမရှိသဖြင့် စာသာရေးရန် အကြံရလေတော့သည်။
ဒီလိုနှင့် စာတိုက်မှ စာပို့သမားလေးတစ်ယောက်အား စာတစ်စောင်ပေးလိုက်လေတော့သည်။
စာပို့သမားမောင်သာခမျာ စာအိတ်မှ လိပ်စာကိုကြည့်ပြီး ဘယ်ပို့ရမည်မှန်းမသိသောကြောင့် စာတိုက်သို့ယူသွားလေတော့သည်။
စာပါလိပ်စာကား သုို့ဘိုး မင်းခေါင် ဟူသတည်း။
ဒီလိုနှင့် စာတိုက်မှူးမှ စာဖတ်ကြည့်ရာ စာပါအကြောင်းအရာကား
…သို့ ဘိုးမင်းခေါင်ခင်ဗျား…ကျွန်တော်မျိုးကြီးအမိုက်အမဲမှာ အဘိုးအားတင်စရာ လက်ဖက်ဖိုး၊ ဆေး လိပ်ဖိုးမရှိသောကြောင့် စာရေးအကူအညီတောင်းလိုက်ရပါသည်။
ကျွန်တော့်မှာ ချဲလေးရှုံးမိပါသ ဖြင့် လုပ်ငန်းသုံးစက်ဘီးပြင် ကိရိယာများကိုလည်း ပေါင်သုံးမိပါသောကြောင့် အကြွေးများတင် လျက်ရှိသည့်အပြင် စားစရာလည…်း မရှိပါခင်ဗျား။
ထို့ကြောင့် အဘိုးမှ သနားသဖြင့် ကျွနတော် မျိုးကြီးအား ငွေလေးသုံးထောင်ခန့် ချေးစေချင်ပါသည်။ ထိုငွေဖြင့် အရင်းအနှီးလုပ်ပြီး ငွေပြန် လည်ရပါက ပြန်ပေးပါမည်ခင်ဗျား…မှ မောင်ရိုး….
.စာတိုက်မှူးမှာ ရယ်ရမလို ငိုရမလိုဖြင့် သနား သွားပါသည်။
ထို့ကြောင့် ၎င်းမှ မတည်ငွေ ၅၀ဝကျပ်နှင့် ကျန်ဝန်ထမ်းများမှ အလှူငွေ ကောက် ခံလိုက်ရာ ၂၀၀ဝကျပ် ထပ်မံရရှိသဖြင့်
ယင်းငွေ ၂၅၀ဝကျပ်ကို ဦးရိ်ုးအား ပေးရန် စာပို့သမား လေး မောင်သာအား စေလွှတ်လိုက်လေသည်။
ညနေစောင်းသော် မောင်သာပြန်လာသဖြင့် ဝိုင်းမေးကြ၏။
မောင်သာက ဦးရိုးမှ စာတစ်စောင် ပြန်ပေးလိုက်ကြောင်း ပြောသဖြင့် ဝိုင်းဖတ်ကြရာ…..“သို့ ဘိုးမင်းခေါင်ခင်ဗျား….နောက်တစ်ခါ ငွေပို့လျှင် အဘကိုယ်တိုင် ပို့ပေးစေလိုပါသည်။
အဘယ်ကြောင့်ဆိုသော် စာတိုက်မှ ခွေးမသား များက ငွေ၅၀ဝ ဖြတ်စားသောကြောင့် ဖြစ်ပါသည်” ဟူသတည်း။

Credit to Lon Elys

6 comments

  • memeseku

    June 29, 2012 at 4:51 pm

    အော်တော်သေးတာ ပေ့ါ ပိုက်ဆံဖြတ် စားလို့. ဟိုဟာ မဖြတ် စားတာ ကံကောင်း 🙂 🙂

  • ster

    June 29, 2012 at 5:00 pm

    အားပေးသွားပါတယ် 🙂

  • mayjuly

    June 29, 2012 at 5:09 pm

    ဟားးဟားးးတော်လိုက်တဲ့ မောင်ရိုး….

  • ဖိုးထောင်

    June 29, 2012 at 5:41 pm

    အားရပါးရဆဲတာလေးကြိုက်တယ်ဗျာ နောက်ထပ်လဲဆဲပြပါဦး ဟဲဟဲ

  • ကျိကုန်း

    June 29, 2012 at 6:02 pm

    အော် လောကကြီး
    ရလေလိုလေ အိုတစ္ဆေ
    ၁ကျပ်ရရင် ၁ဝလိုချင်
    လောကီတဏှာတွေ
    အော် နောက်ဆိုရင် ကိုယ်တော်ကိုယ်တိုင် လာပို့ပေးပါမယ် မောင်ရိုးရေ
    ဥုံ မာနီ မာနီ ဟုန်

Leave a Reply