ဘာသာရေးအစ လူပျင်းက …

Ko out of...June 29, 20121min35039

ဘာသာရေးဆိုတဲ့…
ကိုယ်းကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ငယ်ငယ်တုံးက သိပ်စိတ်မဝင်စား
ခဲ့ပေမဲ့ အသက် နည်းနည်းကြီးလာတော့ ဘာသာရေးဆိုတာ ဘာဖြစ်လို့ပေါ်ပေါက်လာရသလဲ
ဆိုတဲ့ အဖြေကိုရှာလာတယ်..မေးမြန်းမှုတွေပြုလာတယ်..

ကိုယ်ထက်ကြီးတဲ့ မိဘဆရာသမား ကိုမေးတော့ ဘာသာရေးဆိုတဲ့ ကိုယ်းကွယ်ယုံကြည်မှု
ဟာ အကြောက်တရားကနေစတာ..စသည်ဖြင့် မှတ်သားခဲ့ရဘူးတယ်…

နောက်ဘာသာရေး စာအုပ်တွေဖတ်ပြန်တော့လည်း အမေတို့ပြောသလို အကြောက်တရား
ကစခဲ့တာ မှန်နေတာကိုလည်းတော်တော်များများတွေ့ရတော့.. ဟုတ်ပေမှာဘဲလေဆိုပြီး ဒီလိုဘဲ အီးယောင်ဝါးနေလာခဲ့တာ..အချိန်တွေလည်းတော်တော် ကုန်လွန်ခဲ့ရတယ်..

ဒီလို အချိန်ကုန်ရာကနေ… တနေ့မှာတော့ မိတ်ဆွေတစ်ယောက်က
အမေရိကန်စာရေးဆရာဝီဒူးရတ်( အရှေ့တိုင်းယဉ်ကျေးမှုကို အနှစ်
လေးဆယ်ခန့်လေ့လာသူ)ရေသားတဲ့စာအုပ်ကို ..ဗိုလ်မှုးချုပ်ဝင်းမြင့်
ဘာသာပြန်ထားတဲ့ လူ့ယဉ်ကျေးမှုသမိုင်းအရှေ့တိုင်းကရသောအမွေ စာအုပ်ကိုပေးဖတ်တော့ အဲဒီစာအုပ်ဖတ်ပြီး အသိတရားတွေ
တော်တော်ရသွားတယ်..

အဲဒီစာအုပ်ကို ဖတ်ပြီးတော့ ဘယ်လို သုံးသပ်မိလည်း ဆိုတော့
အော်..ဘာသာရေးဆိုတာ အကြောက်တရား ကနေဘဲစတယ်လို့ထင်နေတာ..
အခုတော့ ဘာသာရေးဆိုတာ လူပျင်းကနေစခဲ့တာဘဲလို့ ဒီစာအုပ်ကနေတဆင့် သုံးသပ်မိပါ
တယ်…

စာရေးသူက သမိုင်းဆရာဆိုတော့ ဘာသာရေး အမြင်နဲ့ မရေးဘဲ သမိုင်းဆရာရဲ့
အမြင်နဲ့ ရေးထားတာပါ…

– ကျောက်ခေတ်က လူတွေဟာ…တစ်ဦးချင်းနေတဲ့ အလေ့အထ ကနေ တဖြည်းဖြည်းချင်း အုပ်စုဖွဲ့ပြီးနေလာကြတယ်…

ဒီလိုနေလာရာကနေ.. တနေ့ကျတော့ အုပ်စုထဲက လူပျင်းတစ်ယောက်က
အော်..ငါဒီလို အမဲသားငါးကို မိုးလင်း ကနေမိုးချုပ်အထိ ရှာနေရတယ်
နေ့စဉ်နေ့တိုင်း ရှာရတာ ဟန်မကျဘူး… အလုပ်ကို မလုပ်ရဘဲ စားလို့ရအောင်
ဘယ်လို လုပ်ရမယ်ဆိုတာ စဉ်းစားရင်း စိတ်ကူးလေး တခုပေါ်လာတယ်..
ငါတော့ သူတို့ထက်သာတဲ့ အသိ အမြင်ကိုရှာမှ ရမယ်ဆိုပြီး ….

ဒီလိုနဲ့ သူလည်း အဖွဲ့တွေနဲ့ အမဲလိုက်ရင်း…
သူက ဘယ်လိုမှတ်သားလည်းဆိုတော့… အရှေ့၊အနောက် နေဝင်နေထွက်တာကိုကြည့်ပြီး
လက်ဝဲဖက်ကိုနေစောင်းရင် ရာသီဥတုက ဘယ်လို..လက်ယာဖက်ကိုစောင်းရင်
ရာသီဥတုကဘယ်လို ဖြစ်မယ်… စသည်ဖြင့် ဥတုအကြောင်းကို
သူတဖြည်းဖြည်း သိလာတယ်..

ဘယ်လို ရာသီဥတုမျိုးမှာ ဘယ်လိုသားကောင်မျိုးက ဘယ်မှာရှိတတ်တယ်..
ဘယ်လို သားကောင်မျိုးက ဘယ်လို အသီးရွှက်မျိုးကိုစားတတ်တယ်..

လူတွေ နေမကောင်းဖြစ်ရင် ဘယ်လို အသီးအရွှက်စားရင်၊ လိမ်းရင်၊ရှုရင်
ပျောက်တယ်ဆိုတာ သူတဖြည်းဖြည်းသိလာတယ်..

ဒီလိုနဲ့ အုပ်စုထဲက လူတွေက သူတို့မသိတာကို သူကပြောနိုင်တော့ ခင်ဗျာ အမဲ
မလိုက်ပါနဲ့တော့ ကျွန်တော်တို့ရတဲ့ အမဲထဲ ဆယ်ယောက်တစုက ခင်ဗျာကိုပေးပါ့မယ်..
ခင်ဗျာက ဒို့ရဲ့လူအုပ်စုကိုသာ စောင့်ရှောက်ပါဆိုပြီး..သူ့ကို အကြီးအကဲ ခန့်အပ်လိုက်တယ်..

သူလည်းဒီလိုနေလို့တော့ မရဘူး
သူတို့ရဲ့ကျန်းမာရေး၊ စားရေးသောက်ရေး အစစအရာရာ ကို အကုန်လုံးစောင့်ရှောက်
ပေးရမည့် တာဝန်ရှိလာတယ်..

ဒီလိုနဲ့ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ..အုပ်စုနဲ့နေခြင်းအားဖြင့် ပတ်ဝန်းကျင်ရဲ့ အန္တရာယ်၊ သားရဲ တိရိစ္ဆာန်တွေရဲ့ ဘေးရန်၊ ရာသီဥတုဒဏ် စသည်ဖြင့် စုပေါင်းပြီးကာကွယ်
နိုင်တယ်၊ စည်းလုံးမှု ဖြစ်တဲ့ အတွက် ဘဝက ပိုလုံခြုံတယ်လို့ မြင်လာကြတယ်..

အဲဒီကနေ သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ လူတွေဟာ တဖြည်းဖြည်း နေပြီး
စည်းလုံးမှုလည်းရှိလာ၊အေးအေးချမ်းချမ်းလည်းရှိလာတော့ တခြားလူမျိုးစုတွေလည်း
လာပေါင်းကြတယ်..ဒီလိုနဲ့ အုပ်စုက တဖြည်းဖြည်းကြီးလာတော့..
သူလည်း အဏာကို မက်မောလာတယ်..
နောက်တော့ သူသားသမီးကို အဏာလွဲပေးတယ်…ဒါအုပ်ချုပ်ရေးရဲ့ အစပေါ့..
ဒါတကယ်တော့ ဘာသာရေး မဟုတ်သေးဘူး…

နောက်တော့ သူလည်း အဲဒီထက် အဆင့်မြင့်တဲ့ အုပ်ချုပ်ရေးကို မြင်လာတဲ့ အတွက်
ဒီလိုနဲ့ သူလည်းလူတွေရဲ့ အားနည်းချက်ကို ရှာလာတယ်…လူတွေဟာ မသိ၊
မမြင်၊မကြားဖူးတဲ့ အရာတွေဆိုရင် တော်တော်ကြောက်ကြတယ် မဟုတ်လား..
သူတို့ကြောက်တဲ့ အရာကိုတွေ့ရင် ငါကသူတို့လို မကြောက်အောင်နေမယ်..
သူနည်းလမ်းရှာတယ်…

မိုးကြိုးပစ်ရင်သေမယ်.. မွေကိုက်ရင်သေမယ်..ဘယ်လိုသားကောင်မျိုးက
အန္တရာယ်ပြုရင် ဘယ်လိုရင်ဆိုင်ရမယ်၊ ဘယ်လိုရှောင်ရမယ်၊ ဘယ်လို ကာကွယ်ရမယ် စသည်ဖြင့် အဲဒါတွေကို သေသေချာချာ လေ့လာပြီး လူတွေကို ဦးဆောင်လာနိုင်တယ်..

အဲကနေတဆင့် လူတွေက သူပြောတဲ့ အတိုင်းနားထောင်တော့ ဘေးရန်လည်းနည်းတော့
ခင်ဗျာကဘဲ ငါတို့ရဲ့ အုပ်ချုပ်သူ အကြီးအကဲ လုပ်ပါ ဆိုပြီးတောင်းဆိုကြတယ်..
အဲဒီကနေစပြီး သူလည်း အဲဒီလူမျိုးစုရဲ့ အုပ်ချုပ်သူ အကြီးအကဲလည်းဖြစ်၊
အကိုးကွယ်ခံဘာသာရေးခေါင်လည်း ဖြစ်သွားတယ်…

အုပ်ချုပ်မှုနဲ့ အကိုးကွယ်ခံလည်း ဖြစ်ရောသူက အဏာရှင်ဖြစ်လာတော့တယ်…
နောက်တော့ သူလည်း တာဝန်နှစ်ခု ထမ်းဆောင်ရတာ ပင်ပန်းတယ်..လူတွေကို အုပ်ချုပ်
ဖို့ လူတန်းစားတရပ်ကိုသူရှာမှ ရမယ်ဆိုပြီး…အုပ်ချုပ်သူ လူတန်းစားတရပ်ကို သူတာဝန်ပေး ခန့်အပ်လိုက်တယ်…

သူကတော့ အုပ်ချုပ်သူ အကြီးအကဲရဲ့ အပေါ်ဘက်ကနေဘဲ
အမြဲတန်းနေပြီး..သဘောတရားရေးရာ ဆရာကြီး အဖြစ် မပင်မပန်း အေးအေးဆေးဆေး နေသွားတယ်..

– ကနေ့ အထိ တချို့သောနိုင်ငံတွေမှာ…သဘောတရားရေးရာ ဘာသာရေးဆရာကြီးတွေက အုပ်ချုပ်တဲ့ လူတန်းစားတွေအပေါ်မှာ နေတာ ကိုတွေ့ရတော့…
အော်…အခုမှ မဟုတ်ပါဘူး အရင်ကတည်းက ရှိခဲ့တာဘဲ
ဆိုတာအခု ဒီစာအုပ်ဖတ်ပြီးတော့ သိလာရတယ်..ကဲစာလည်းရှည်သွားပြီနောက်မှ ဆက်ပါမည်….

39 comments

  • တေလေငှက်

    June 29, 2012 at 7:00 pm

    မှတ်သားသွားပါသည်။

  • ကိုရင်မောင်

    June 29, 2012 at 7:42 pm

    တယ်ပျင်းတဲ့သူတွေက ဘာသာရေးကိုထွန်းပေါက်အောင်
    မလုပ်နိုင်ပါဘူး…
    ဘာသာရေးကိုခုတုန်းလုပ်ပြီးလူပျင်းတွေကကိုယ်ကြီးပွားရာ
    ကြီးပွားကြောင်းလုပ်စားနေတာပါ….
    ဘာသာရေးအစလူပျင်းက ဆိုတာကတော့
    ဝါလုံးရှည်နဲ့ရမ်းထားတဲ့စကားပါ….
    မရေးသင့်ပါဘူး…..

    • Ko out of...

      June 30, 2012 at 8:04 am

      လူတွေဟာ ဘာသာရေးဆိုတဲ့ စကားလုံး ဆိုတာကိုကြားလိုက်တာနဲ့ ငါတို့ဘာသာကို လာမထိနဲ့

      တခြားအကြောင်းပြောရင် ဝေဖန်ရင် ပြဿနာတွေ ကြီးကြီးမားမား မဖြစ်ပေမဲ့ ဘာသာရေးနဲ့

      ပတ်သက်ရင် အထိမခံဘူး…

      – ဘုရားကရော ဘာသာတရားကို တည်ဆောက်ပေးခဲ့တယ် လို့ထင်သလား?..

      ဒီရုပ်ထုကိုးကွယ်တာတို့၊ အဖွဲ့စည်းတခုကဘဲ ဘုရားတရားက ဒီလိုဟုတ်ပါတယ်လို့ ပြော..

      သူတို့ အဖွဲ့ အစည်းနဲ့ မတူရင် သူတို့ရဲ့ရန်သူလုပ်..သူတို့ တစ်ဦးတည်းကဘဲ မူပိုင်ယူ..စသည်

      စသည်ဖြင့် အင်းအားသုံးပြီး အနိုင်ကျင့်တာ အဲဒီလူတွေကသာ ဘာသာရေးကို အကြောင်းပြ

      ပြီးခုတုံးလုပ်သူ အစစ်အမှန်လို့ မြင်ပါတယ်..

      လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့် ငါးရာကျော်က လူတစ်ယောက်ပြောတဲ့ စကားကို

      အခုထိခေတ်အဆက်က မှတ်တမ်းတင်ဖို့ ဘာပစ္စည်းမှလည်းမရှိခဲ့ နုတ်တက်ဆောင်

      လာပြီး..မြန်မာပြည်ကို ရောက်ဖို့ဆိုတာလည်းနှစ်ပေါင်း ထောင်ဂဏန်းလောက်ရှိမှ ရောက်လာ

      တော့ သူ့စကား မပြောင်းမလဲ ဘဲလုံးဝ မှန်ပါတယ်လို့ ဘယ်သူမှ မပြောနိုင်ပါဘူး..

      ဒါကြောင့် ဘာသာတခုကို ချည်းကပ်တော့မယ် ဆိုရင် အဲဒီဘာသာရဲ့ သမိုင်းကြောင်းကို

      မလေ့လာလို့ မဖြစ်ပါဘူး..

      သမိုင်းဆိုတာ လူတွေ မအ အောင်လို့ သမိုင်းပညာရှင်ပြောတာ ကြားဖူးတယ်..သို့သော်

      သမိုင်းကို တလွဲသိပြန်ရင်လည်း လူတွေ အကျိုးမများဘူး…

      ဘုရားက ဘာသာရေးဆိုတဲ့ အသွင်လက္ခဏာ ပြယုဒ်အနေနဲ့ သူ့ကို ကိုးကွယ်ဖို့ ဘာတခုမှ မထားခဲ့ဘူး ဆိုတာ ..လေ့လာမိ သလောက်နည်းနည်းပြော ကြည့်ပေးပါမယ်…

      – အရှင်ဘုရား မရှိတော့ရင် အရှင်ဘုရားရဲ့ နေရာကို ဆရာအဖြစ်ဘယ်သူကို လွဲအပ်ခဲ့ မလဲလို့
      ရှင်အာနန္ဒာမေးလျှောက်တော့ ဘုရားက ငါ လေးဆယ့်ငါးဝါ လုံးလုံးဟောကြားခဲ့ ဓမ္မနဲ့ ဝိနိယ ဟာမင်းတို့ရဲ့ ဆရာဘဲ လို့မှာခဲ့ သလို…အရှင်ဘုရား ပရိနိဗာန်စံသွားပြီးရင် ကျန်ရစ်ခဲ့တဲ့ ရုပ်ကြွင်းတွေကို ဘယ်လိုလုပ်ရမလဲ လို့မေးတော့ အဲဒါ
      မလ္လာမင်းတွေ ကြည့်လုပ်လိမ့် မယ်လို့ပြောခဲ့တယ်…

      နောက်သူအသက်ရှင်စဉ် ကာလတုံကလည်း ဝိက္ကလိ မင်းငါ့ကိုယ် အပုပ်ကောင်ကို ကြည့်ပြီး
      ကြည်ညိုတာ ဘာထူးမလဲ? ငါဟောကြားတဲ့ တရားကို မမြင်ရင် ငါ့ကို နှင်မမြင်ဘူး လို့လည်းပြောတာဘဲ…

      ဒါဆိုဘုရားဆိုလိုတာ လူကိုယ်ကောင်ကြီးကို ကိုးကွယ်ဖို့လား?
      သူဟောကြားတဲ့ ဓမ္မကို ကိုးကွယ်ဖို့လား ဆိုတာလည်း စဉ်းစားဖို့ လိုမယ်ထင်တယ်…
      လူကိုယ်ကြီးရှိနေတာတောင် ဘုရားက အဲဒီလိုပြောရင် အခုဘုရားမရှိတာ နှစ်ပေါင်းနှစ်
      ထောင့်ငါးရာကျော်ပြီ ဆိုတော့ ရုပ်ထုကြီးဘဲ အပြိုင်အဆိုင်ထုပြီး ကိုးကွယ်နေတာ စဉ်းစား
      ဖို့ မလိုဘူးလား?..
      ဒါဘာသာရေးတွေရဲ့ Symbol တွေဘဲ.. ဒီ Symbol တွေများလို့ ဘဲ ကနေ့ ကမ္ဘာမှာ ပြဿနာတွေ ဖြစ်နေကြတာ မဟုတ်လား?..

      ှSymbol မရှိဖို့ ပြောနေတာ မဟုတ် နည်းနည်းလျှော့ရင် မကောင်းဘူးလား…
      ဗိုလ်ချုပ်အောင်ဆန်းဟာ ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ဖခင်ဘဲ..သူမရှိတဲ့ နောက်ပိုင်း
      သူရုပ်ထုဟာ လွတ်လပ်ရေးရဲ့ symbol ဘဲ..ဒါပေမဲ့ ဒီ symbol ဟာနေရာတိုင်း
      ရှိရမယ် မဟုတ်ပါဘူး..

      စိတ်ထဲမှာ အောင့်မေ့လိုက်ရင်လည်း ရပါတယ်..ဗိုလ်ချုပ်ကရော ငါသေရင် ငါ့ရုပ်ထုတွေကို
      နေ့စဉ်နဲ့ အမျှ ပူဇော်မှ မင်းတို့လွတ်လပ်ရေး ရေရှည်တည်တန့် မယ်လို့ ပြောခဲ့လို့လား?..
      လွတ်လပ်ရေး တည်မြဲအောင် သူထားခဲတဲ့ လမ်းစဉ်းကို လိုက်နာဖို့လား ဒါတွေ
      စဉ်းစားရမယ်….

      ဆိုလိုချင်တာက ကျွန်တော်တို့မြန်မာနိုင်ငံက ပြည်သူတွေ ဘာသာရေး ဝန်ပိနေတာ မကြည့်ရက်လို့ပါ…သူတို့တတွေ ပင်ပန်းနေကြပါတယ်…
      သူတို့ တတွေမှာ နေဝင်ကမိုးချုပ် စာဖတ်ဖို့ အချိန် ဒီလိုအသိတရားရှာဖို့ အချိန်မအား ကြ
      ဘူး..ဒါကြောင့် ကျွန်တော်ဖတ်ထားတဲ့ စာအုပ်ထဲက အတိုချုပ်ပြီး သုံသပ်ပြတာပါ
      ဘယ်သူကိုမှ တိုက်ခိုက်ခြင်းမဟုတ်ပါကြောင်း ကိုရင်မောင်ကို ပြန်ကြားလိုက်ပါတယ်..

      • သားဦး၊မြေးဦး

        June 30, 2012 at 11:51 am

        လူတွေဟာ ဘာသာရေးဆိုတဲ့ စကားလုံး ဆိုတာကိုကြားလိုက်တာနဲ့ ငါတို့ဘာသာကို လာမထိနဲ့

        တခြားအကြောင်းပြောရင် ဝေဖန်ရင် ပြဿနာတွေ ကြီးကြီးမားမား မဖြစ်ပေမဲ့ ဘာသာရေးနဲ့

        ပတ်သက်ရင် အထိမခံဘူး…
        ကိုအောက်အော့ဖ်၏ စကားလေးပါ။

      • ကိုရင်မောင်

        June 30, 2012 at 8:31 pm

        Ko out of…ရေ ခင်ဗျားရှင်းပြတာ တော်တော်ကောင်းပါတယ်..
        ကျနော်ပြောချင်တာက ခင်ဗျားရေးတဲ့ခေါင်းစဉ် ကိုပြောတာပါ
        ( ဘာသာရေးအစ လူပျင်းက ) ဆိုတဲ့ခေါင်းစဉ်ကိုပါ
        … အရှင်ဘုရား မရှိတော့ရင် အရှင်ဘုရားရဲ့ နေရာကို ဆရာအဖြစ်ဘယ်သူကို လွဲအပ်ခဲ့ မလဲလို့
        ရှင်အာနန္ဒာမေးလျှောက်တော့ ဘုရားက ငါ လေးဆယ့်ငါးဝါ လုံးလုံးဟောကြားခဲ့ ဓမ္မနဲ့ ဝိနိယ ဟာမင်းတို့ရဲ့ ဆရာဘဲ ….ဆိုတော့… ဘုရားရှင်မရှိတော့တဲ့နောက်ပိုင်း ဗုဒ္ဓဘုရားရှင်ရဲ့
        ဓမ္မတရားတော်တွေကို စုစည်းနှုတ်ငုံဆောင် မပျောက်ပျက်အောင် ထိမ်းသိမ်း
        ထားတဲ့တရားတော်တွေကို ဗုဒ္ဓဘာသာရယ်လို့သတ်မှတ်ရမှာပါ…
        ဒါဆိုယင်ဗုဒ္ဓဘုရားရှင်ရဲ့တရားတော်တွေကိုမပျောက်ပျက်အောင်ထိမ်းသိမ်းခဲ့တဲ့
        ရဟန်းတော်တွေကို..လူပျင်းလို့ပြောရာရောက်နေတာပေါ့….
        ဒီလိုသာမထိမ်းသိမ်းခဲ့ယင် အင်မတန် တန်ဘိုးရှိတဲ့တရားတော်တွေ မရှိတော့သလို
        ဗုဒ္ဓဘာသာဆိုတာလဲရှိမှာမဟုတ်ပါဘူး….
        ခုခင်ဗျားအနေနဲ့ဘာသာတရားအပေါ်မှာဝေဖန်ပိုင်းခြားနိုင်တာကိုက
        ရဟန်းသံဃာတော်တွေ ခေတ်အဆက်ဆက် ထိမ်းသိမ်းစောင့်ရှောင့်လာခဲ့လို့
        မဟုတ်ပါလား….
        ဗုဒ္ဓဘာသာမှာ ရုပ်ထုကိုးကွယ်တယ်ဆိုတာကလဲ ဘိုးစဉ်ဘောင်ဆက်
        ယုံကြည်မှု့တခုအနေနဲ့ကိုးကွယ်ကြတာပါ..
        ကိုယ့်မိဘတွေရှိစဉ်ကရိုက်ထားတဲ့ဓါတ်ပုံလေးကို သားစဉ်မြေးဆက်
        ထိမ်းသိမ်းထားကြတာတောင်ရှိနေကြတာဘဲလေ…
        ဒါအပြစ်တခုရယ်လို့ပြောလို့မရပါဘူး…
        အစ္စလာမ်ဘာသာမှာ ပလီကျောင်း ကျောင်းတော်ကိုတန်ဘိုးထားကြတယ်
        ကိုရမ်းကျမ်းစာတွေကိုစာရွက်ပေါ်မှာရေးပြီးအိမ်တွေမှာအမြတ်တနိုးချိပ်ဆွဲထားကြတယ်
        ခရစ်ယာန်တွေဆိုလဲယေရှူးရဲ့ပုံတော် လက်ဝါးကပ်တိုင်တွေကိုအမြတ်တနိုး ကိုးကွယ်ကြတယ်
        ခင်ဗျားအနေနဲ့မကြိုက်ယင်မကိုးကွယ်နဲ့လေ ..
        ကိုးကွယ်တဲ့လူကိုလဲ အပြစ်မပြောသင့်ပါဘူး
        ဗုဒ္ဓဟောခဲ့တဲ့ တရားတော်တွေက နှစ်ပေါင်း၂၅၀ဝကျော်လာတော့
        တရားတော်တွေထဲ ပိုတာလိုတာတွေ ရှိနိုင်ပါတယ်….
        ဒါပေမဲ့ ခုချိန်ထိ ဝေဖန်လို့မရအောင်မှန်နေတဲ့ အင်မတန် တန်ဘိုးရှိတဲ့
        ဗုဒ္ဓရဲ့တရားတော်တွေအများအပြားရှိနေပါတယ်..
        ဥပမာ အနတ္တလက္ခဏသုတ် ဓမ္မစက္ကပဝက္တနသုတ် တို့ကိုကြည့်လိုက်ပါ
        ကိုယ်ပြောတဲ့စကားတခွန်းဟာ ဘယ်လောက်အန္တရယ်များလဲဆိုတာ
        သတိထားသင့်ပါတယ်…..

        • Ko out of...

          July 11, 2012 at 9:06 pm

          ကိုရင်မောင်ရေ..

          ရဟန်းသံဃာတော်တွေ ခေတ်အဆက်ဆက် ထိမ်းသိမ်းစောင့်ရှောင့်လာခဲ့လို့ ဆိုတဲ့စသားလေးကို

          တွေ့ရလို့ ဒါလေးကို ပြန်ကြားပေးတာပါ…ဒါလေးဖတ်ကြည့်ပါလား?..

          http://myanmargazette.net/102572/creative-writing/my-thinking-different

          နောက် ကိုရင်မောင်ပြောတဲ့ ကိုယ်ပြောတဲ့စကားတခွန်းဟာ ဘယ်လောက်အန္တရယ်များလဲဆိုတာ
          သတိထားသင့်ပါတယ်…..ဆိုတဲ့ စကားကို ပြန်ဖြေရမယ်ဆိုရင်…နောက်ဘဝမှ..ဘာဘာညာညာ
          ဖြစ်တယ်လို့ လူတွေကို ခြိမ်းခြောက်တာက ကျွန်တော်စိတ် မဝင်စားပါဘူး..နောက်ဘဝဘယ်သူဘာဖြစ်မယ်ဆိုတာ ဘယ်သူသိတယ်? ဒီဘဝမှ လောဘဒေါသ ဖြစ်လိုက်လို့ ဘာဖြစ်မယ်ဆိုတာ ကတော့ ကျွန်တော်စိတ် ဝင်စားတယ်..

          ဒီတလှံမျှလောက်သော အမှတ်သညာနှင့် တကွခန္ဒာကိုယ်မှာ (31) ဘုံလည်းရှိတယ်..နိဗာန်ဆိုတဲ့ လွတ်မြောက်မှုလဲ ရှိတယ် လို့ပြောတဲ့ ဘုရားစကားကိုတော့ စိတ်ဝင်စားတယ်..

          တဏှာယောင်္ကျား လက်သမား တည်ဆောက်တဲ့ ခနာအိမ်ကိုငါတွေ့ပြီ ဆိုတဲ့ ဘုရားဥဒါန်းကျူး

          တဲ့ စကားကိုစိတ်ဝင်စားတယ်…

          ဘုရား ဝိပါက်တော် (၁၂) ပါးရှိ ဘာညာ ကျွန်တော် မလေ့လာဘူး…

          သယ်ဆောင်လာတိုင်း..ကြက်သူရွှေး နုတ်တိုက်ဆောင် သလိုသာသယ်ဆောင်လာရင်လည်း

          အကျိုးမများဘူး…..ဒါလေးဖတ်ကြည့်ပါလား?..

          file:///C:/Documents%20and%20Settings/User/My%20Documents/Downloads/to%20purify.htm

  • သစ် တည်

    June 29, 2012 at 8:01 pm

    တော်ပီကွာ သူလိုရာသူပြောမှာ
    စိတ်ရှုပ်တယ်
    ပေးတစ်ဆယ်..

  • thar ag

    June 29, 2012 at 9:31 pm

    ဖတ်ရှု လေ့ လာသွားပါသည်

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 9:49 pm

    ကျုပ်ဖတ်မိသလောက် ဝေဖန်ရရင်
    ဒီစာတွေက ပညာရှိတွေကို ငပျင်းတွေလို့ ပြောထားတာပဲ …

  • kai

    June 29, 2012 at 11:24 pm

    ကျုပ်အထင်တော့.. ဒီရာစုနှစ်ထဲတင်.. ကိုးကွယ်ရာဘာသာတရားကြီးတွေအကုန်လုံး.. ပျောက်ကွယ်သွားလိမ့်မယ်..။
    နည်းနည်းပိုမြန်ချင်လည်းမြန်မယ်.. 🙂

    =

    As Stephen Hawking knows, God does not exist, but science does …
    http://www.washingtonpost.com/…stephen-hawking…god-does-not-exist...
    May 17, 2011 – As Stephen Hawking knows, God does not exist, but science does. “Can God and science co-exist?” Sadly, no. You see, gentle readers, God …

    • laypai

      June 30, 2012 at 12:37 pm

      သဂျီး ခန့်မှန်းချက် အရ ၂၁ ရာစု၊ ခရစ် သက္ကရာဇ် 2100 မကျော် ခင် ဘာသာ အာလုံး ပျောက် သွား မယ် ဆို တဲ့ သဘော ပေါ့။
      အဲဒီ ခန့် မှန်း ချက် က မှန်ရင်မှန် မယ်၊ မှားရင်မှား မယ်။ သက္ကရာဇ် ၂၁၀ဝ ရောက်ပြီး သွားရင် ပေါ့။
      လောက မှာ လဲ အမှန်နဲ့ အမှား တရားနှစ်ပါး ပဲ ရှိ တာ၊ အဲ ဒီ အမှန်နဲ့ အမှား ပေါ် မှာ မူ တည်ပြီး ပြောင်းလဲ ဖြစ်ပျက်နေတာလေ။
      အဲ တရားနှစ် ပါး က ဘယ်သူ ဟောခဲ့ တာလဲ။ ထားပါ။
      ကျနော် တို့ ဗုဒ္ဓ က လဲ ထာဝရ တည်တံ့ နေမယ် လို့ မဟော ခဲ့ ပါဘူး။သာသနာ ၅၀၀ဝ ဆို ပေမဲ့ ဘုရား သာသနာ ကို ၂၅၀ဝ ပဲ ထားခဲ့ တာ။ ကျန်တဲ့ ၂၅၀ဝ မှာ ရုပ်ဝတ္ထု တိုးတက်မှု တွေ ရဲ့ ကြားထဲ မှာ တဖြေးဖြေး မှေး မှိန် လာ တာ တော့ ကျနော်တို့ လဲ လက်တွေ့ မြင် နေရတာ ပဲ။
      ကျနော် မြင်တာ ကတော့ အဲဒီ ရုပ်ဝတ္ထု တိုးတက် မှု တွေ က သာသနာ ကို ထိခိုက် တာ မထိ ခိုက်တာ ခဏ ထား လို့ ကမ္ဘာ ပျက်ဖို့ ကို တစ ထက် တစ ပို မို ချိန်းခြောက်လာတယ် ဆို တော့ ဘယ်သူ မှ ငြင်း လို့ ရမယ် မထင် ပါဘူး နော်။

      • Passing By

        June 30, 2012 at 8:57 pm

        ဖြစ်ပြီးသား အဟောင်းတွေ၊ ဖြစ်လာမယ့် အသစ်တွေ၊ ဖြစ်နေတဲ့ အရာတွေ တကယ်လို့များ recycle ပြန်ဖြစ်နေတယ်ဆိုရင် .. တော်တော် စိတ်ဝင်စားဖို့ကောင်းသလိုဘဲ .. !

    • ကိုရင်မောင်

      June 30, 2012 at 6:56 pm

      သဂျီးရေ…ဒီရာစုနှစ်ထဲ ..
      ကိုးကွယ်ရာဘာသာတရားတွေပျောက်သွားနိုင်တယ်ဆိုတာ
      ကမာ္ဘကြီးပျက်သွားတာကိုပြောတာလား…ဟင်
      အစ္စလာန်ဘာသာရေးအစွန်းရောက်တွေလက်ထဲ
      ညူကလီးယားနည်းပညာများရောက်သွားလို့ကတော့..
      ဘာသာတင်ဘယ်ကမလဲ လူတွေပါပျောက်သွားနိုင်ပါတယ်…..

    • ဇောက် ထိုး

      June 30, 2012 at 7:18 pm

      ကျွန်တော်တော့ နဲနဲ ကြာဦးမယ်ထင်မိတယ်။ ဦးခိုင်ပြောသလောက်တော့လဲ မမြန်နိုင်ဘူး။
      ဘာသာတရားတွေပျောက်ကွယ်သွားပေမယ့် လူသားတွေ ကျင့်လို့ရတဲ့ လူသားကျင့်ဝတ်တော့ ကျန်နေမှာထင်ပါတယ်။

    • Passing By

      June 30, 2012 at 9:01 pm

      ကျွန်တော်တို့ တစ်သက်တော့ မပျောက်လောက်သေးပါဘူး ။။ ဟီး ။။ လုပ်စားရအုံးမယ် ..

    • kai

      July 1, 2012 at 3:44 am

      ၂ဝရာစုရဲ့..အကြီးကျယ်ဆုံးပါမောက္ခတယောက်ဖြစ်တဲ့.. စတီဗင်ဟော့ကင်းက.. ၂၀၁၁ ကတည်းက ပြောထားခဲ့တာလေး.. ကိုးကားထားတယ်လေ..
      ပြောရရင်.. အိုင်းစတိုင်းလည်း.. ဒီသဘောမျိုးပြောခဲ့တာပဲ..

      “ကိုးကွယ်ရာ”ဆိုတာကို.. သေသေချာချာနားလည်ဖို့တော့လိုလိမ့်မယ်..
      ထာဝရဘုရားသခင်ရဲ့အခန်းကဏ္ဍပျောက်သွားနိုင်ပါတယ်လို့.. ဆိုလိုရင်းပါ..

      ဆိုတော့..
      အတွေးအခေါ်သဘောတရားတွေဖြစ်တဲ့.. ဂေါတမဗုဒ္ဓ။ ကွန်ဖြူးရှပ်။ ပလေတို။ ယေရှုခရစ်တော်။ တမန်တော်မိုဟာမက်တို့ရဲ့.. တရားဓမ္မတွေကတော့ ကျန်ရစ်ပါမယ်လို့.. ခန့်မှန်းမိပါတယ်..။ :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 29, 2012 at 11:48 pm

    လက်ရှိအခြေနေတွေထဲ ခင်ဗျားစာဟာ တော်တော်တန်ဘိုးကြီးတယ်ပြောရမှာဘဲ
    အဆိုးထဲက အကောင်းကို ရွေးထုတ်ရရင်တော့
    ( ရခိုင် ကလား ) အရေးခင်းထဲ ဝင်နှောက်ဘို့ကောင်းတယ်
    မမြင်ဘူးတဲ့ ဘုရားတွေအကြောင်း စောက်ရူးမထဘဲ
    ကိုယ့်ကိုယ်ကိုယ် လူလို့ထင်လို့ကတော့ ( ကလား ) ရော ( ရခိုင် ) ရော မရှိတော့လို့
    လူနှင့်လူခြင်း ပြဿနာဖြစ်ရန် လမ်းမမြင်
    သို့သော်
    ခင်ဗျားကြည့်ရတာ ကိလေသာကို အပြည့်ခံစားဘူးပုံမပေါ်ဘူး
    အတွေးမနက်ပါနဲ့
    ပီးတော့ ပီးတော့ ထို့နောက် ထို့နောက်မှာ

    • မိုက်ကယ်ဂျော်နီအောင်ပု

      June 29, 2012 at 11:49 pm

      ကျုပ်ယုံကြည်ရာ ဓမ္မတရားထဲ ခင်ဗျားဟာ
      တော်တော်သနားစရာကောင်းတဲ့ သတ္တဝါဘဲ
      အနိစ္စ ဒုက္ခ အနတ္တ

  • ဖိုးထောင်

    June 30, 2012 at 12:19 am

    ဆိုခဲ့သလိုဆိုရင် သူက လူပျင်းမဟုတ်ဘူးဗျ ဖေါက်ထွက်နိုင်တဲ့လူ — ဖြစ်တန်စွမ်းတွေကို သူလေ့လာမှတ် သားတယ် ဒါဟာသာမန်လူတွေ မစဉ်းစားမိတဲ့အချက်ကို သူကစဉ်းစားပြီးလေ့လာမှတ်သားခဲ့တာပဲ စာရေးသူ ရဲ့အဆိုအရဆိုရင် အိုင်းစတိုင်းတို့ နယူတန်တို့ စတဲ့ ပညာရှင်အားလုံးဟာ ငပျင်းတွေများဖြစ် သွားမလားလို့ း)

  • ဦးဦးပါလေရာ

    June 30, 2012 at 8:26 am

    ဒီပိုစ့်ထဲမှာပြထားတဲ့ အုပ်ချုပ်သူခေါင်းဆောင်ပေါ်ပေါက်လာပုံရယ်
    ဘာသာရေးခေါင်းဆောင် ပေါ်ပေါက်လာပုံရယ်ဟာ
    စိတ်ကူးယဉ်ပြီး လျှောက်ရေးထားတာဖြစ်တယ်..။

    ပေး …တဆယ်..

  • kyeemite

    June 30, 2012 at 9:11 am

    ဘာသာရေးအစ လူပျင်းက ….ဆိုတာကတော့
    ကောက်ချက်ဆွဲပုံ မှားနေတယ်လို့ဘဲပြောချင်တယ်..
    ကိုယ့်စာလည်းကိုယ်သေသေချာချာပြန်ဖတ်ပါအုံး
    လူတကာတွေမသိတာ..သိအောင်ကျိုးစားရတာ
    လွယ်တယ်မှတ်လို့လား..ငပျင်းလိုကောင်က ဒီလိုကျိုးစားနိုင်ပါ့မလား…
    ရှည်ရှည်မပြောတော့ဘူးဗျာ…လုံးဝသဘောမတူပါဂျောင်း..

    • Ko out of...

      June 30, 2012 at 12:01 pm

      kyeemite a&..လူတကာတွေမသိတာ..သိအောင်ကျိုးစားရတာ
      လွယ်တယ်မှတ်လို့လား..ငပျင်းလိုကောင်က ဒီလိုကျိုးစားနိုင်ပါ့မလား…

      နောက်ပိုင်းသူဘာဖြစ်သွားတယ်ဆိုတဲ့ အထိစဉ်းစား ရမှာပါ..

      ကျွန်တော်ဥပမာလေးတခုဘဲ ပေးကြည့်ပါမယ်..ကိုယ်ကြိုက်သလို ယူဆနိုင်ပါတယ်..

      အရက်သောက်တဲ့ လူတွေဟာ အစောပိုင်းတော့ ကျန်းမာရေး အတွက်ဆိုပြီး…

      အစောပိုင်းတော့ ငါက အရက်ကိုသောက်တယ်….နောက်ပိုင်းတော့ အရက်ကငါ့ ကိုပြန်သောက်
      တယ်..ဒါကြောင့် သူဟာ အရက်ရဲ့ ကျေးကျွန်ဖြစ်သွားပြီး ..အရက်သမားဖြစ်သွားတယ်?….

  • Ko out of...

    June 30, 2012 at 9:58 am

    ကိုဖိုးထောင်ရေ.

    အိုင်းစတိုင်းတို့ နယူတန်တို့ စတဲ့ ပညာရှင်အားလုံးဟာ ငပျင်းတွေများဖြစ် သွားမလားလို့ ဆိုတာ

    အိုင်းစတိုင်းနဲ့ အဲဒီလူပျင်းက အလုပ်မလုပ်ဘဲ စဉ်းစားတာ ပြင်ပအနေနဲ့ တွေးရင်တော့ တူတယ်လို့

    ထင်ရပေမဲ့ အိုင်စတိုင်းက သူတတ်သိတဲ့ ပညာက လူတွေကိုပေးဖို့ နဲ့ သူဘာတခုမှ မတည်ဆောက်ခဲ့ဘူး..

    လူပျင်းကကျတော့ …
    အစောပိုင်းမှာ သူ့အုပ်စု အတွက်လုပ်ရာကနေ နောက် အကြီးအကဲ လည်းဖြစ်ရော လူတွေကို အုပ်ချုပ်ရတဲ့ အရတဲ့ အရသာ နဲ့လည်းတွေ့ရော အာဏာကို တဖြည်းဖြည်းမက်မောလာတယ်.. သူ့အတွက် တည်ဆောက်လာတာ တွေ့ရတယ်..

    အဲဒီလူပျင်းက သူမြင်ရတွေ့ရ၊ ကျင်လည်ခဲ့ရတဲ့ (မော်ဆရာ)ပတ်ဝန်းကျင်ပေါ်မူတည်ပြီး တည်ဆောက်ခဲ့တာ ဟုတ်တုတ်တုတ်ရှိသေးတယ်..

    နောက်ကလူတွေက မမြင်ရတဲ့ အရာနဲ့ လူတွေကို တရှည်တမျှောကြီး
    နဲ့ ဘုရားရှေ့ကို မိုင်ပေါင်များစွာ ကျော်ဖြတ်ပြီး ခေါ်ဆောင်သွားတာ အရူးခေါ်ရာနောက်ကို လိုက်နေတော့
    ဘာများတွေ့ရမှာ မို့လို့လဲ?…
    ကျွန်တော်ကြိုက်တဲ့ အိုင်းစတိုင်စကားလေးနဲ့ မျှဝေပေးလိုက်ပါတယ်…သူကတွေးပြီ ရလာတဲ့ ရလာဒ်က
    – Albert Einstine ” U” Insanity is doing the same thing over and over again and expecting
    different result.
    – Imagination is better than knowledge.

  • Ko out of...

    June 30, 2012 at 10:07 am

    – အိုင်းစတိုင်းတို့ နယူတန်တို့ စတဲ့ ပညာရှင်အားလုံးဟာ ငပျင်းတွေများဖြစ် သွားမလားလို့ ဆိုတာ

    အိုင်းစတိုင်းနဲ့ အဲဒီလူပျင်းက အလုပ်မလုပ်ဘဲ စဉ်းစားတာ ပြင်ပအနေနဲ့ တွေးရင်တော့ တူတယ်လို့

    ထင်ရပေမဲ့ အိုင်စတိုင်းက သူတတ်သိတဲ့ ပညာက လူတွေကိုပေးဖို့ နဲ့ သူဘာတခုမှ မတည်ဆောက်ခဲ့ဘူး..

    လူပျင်းကကျတော့ …
    အစောပိုင်းမှာ သူ့အုပ်စု အတွက်လုပ်ရာကနေ နောက် အကြီးအကဲ လည်းဖြစ် လူတွေကို အုပ်ချုပ်ရတဲ့ အရတဲ့ အရသာ နဲ့လည်းတွေ့ရော အာဏာကို တဖြည်းဖြည်းမက်မောလာတယ်.. သူ့အတွက် တည်ဆောက်လာတာ တွေ့ရတယ်..

    အဲဒီလူပျင်းက သူမြင်ရတွေ့ရ၊ ကျင်လည်ခဲ့ရတဲ့ (မော်ဆရာ)ပတ်ဝန်းကျင်ပေါ်မူတည်ပြီး တည်ဆောက်ခဲ့တာ ဟုတ်တုတ်တုတ်ရှိသေးတယ်..

    နောက်ကလူတွေက မမြင်ရတဲ့ အရာနဲ့ လူတွေကို တရှည်တမျှောကြီး
    နဲ့ ဘုရားရှေ့ကို မိုင်ပေါင်များစွာ ကျော်ဖြတ်ပြီး ခေါ်ဆောင်သွားတာ အရူးခေါ်ရာနောက်ကို လိုက်နေတော့
    ဘာများတွေ့ရမှာ မို့လို့လဲ?…

    ကျွန်တော်ကြိုက်တဲ့ အိုင်းစတိုင်းစကားလေးနဲ့ မျှဝေပေးလိုက်ပါတယ်…

    – Albert Einstine ” U” Insanity is doing the same thing over and over again and expecting
    different result.
    – Imagination is better than knowledge.

    အိုင်းစတိုင်းတို့ သိပံပညာရှင်တို့ရဲ့ အတွေးစိတ်ကူး ကနေရလာတဲ့ အဖြေက လူတွေကို

    ချပြလို့ရတယ်.. လူတွေအတွက် အများကြီး အကျိုးပြုတယ်…စိတ္တဇ အတွေး သမားကတော့
    လူတွေ ပင်ပန်းရုံဘဲ လို့မြင်ပါကြောင်း…ကိုဖိုးထောင် ကိုပြန်ကြားပေးလိုက်ပါတယ်…

  • ဘဲဥ

    June 30, 2012 at 10:07 am

    ဒီစာကိုဖတ်ရတာ စာရေးသူက သူ့ကိုယ်သူ လူပျင်းတစ်ယောက်လို့ ဝန်ခံနေသလိုပဲ
    သူ့မှာ အမြင်မရှင်းဘူးဖြစ်နေတယ်
    ဘယ်သူနဲ့မှ မတူပဲ ထူးချွန်တဲ့သူမျိုးကို သူက လူပျင်းလို့သတ်မှတ်ထားတယ်
    အဲ့လိုထူးချွန်တဲ့သူတွေ မရှိခဲ့ရင် အခုအချိန်ထိ ကမာ္ဘကြီးက ကျောက်ခေတ်မှာပဲရှိနေအုံးမှာသေချာတယ်နေ့တဒူဝ အမဲလိုက်မယ် ၊ မိတ်လိုက်မယ် ၊ အိပ်မယ် ၊ စားမယ် ဆိုတဲ့ သံသရာထဲက ထွက်နိုင်မှာကိုမဟုတ်ဘူး။

  • ba gyi

    June 30, 2012 at 11:11 am

    လောကမှာပျင်းတဲ့ သူဟာ–နောက်ဆုံးဖျင်းသွားပြီး သုံးမရတာနဲ့ဂိတ်ဆုံးရမြဲပါ ၊ ဒါဆက်စပ်တွေးခေါ်မှုယုတ္တိဗေဒအရငြင်းမရပါ။
    ဒါ့ကြောင့်ပျင်းတဲ့သူတွေဟာ-
    လူကိုးကွယ်ခံရတဲ့နေရာဘယ်တော့မှမရောက်နိုင်သလို
    လူကြည်ညိုမှုအရာမှာလည်းဘယ်တော့မှမရောက်နိုင်ပါဘူး။
    လူအကျိုးပြုဘို့ဆိုတာဝေလားဝေးပဲ၊
    တီထွင်နိုင်မှုဆိုတာလည်းဘာမှန်းတောင်သိမှာမဟုတ်ပါဘူး။
    ကုန်ကုန်ပြောရလျှင် မကောင်းတာလုပ်ပြီးအသက်မွေးရင်တောင် အားစိုက်ထုတ်မှု ဆိုတာရှိမှရသဗျ။
    အဲတော့– ဘာသာရေးနဲ့ ပျင်းတာဟာတစ်ခြားစီလို့မြင်ပါတယ်။
    ဘာသာရေးဘန်းပြပြီးလုပ်စားရင်တောင်မှ အဲသည်လိုလူမျိုးမှာ အားတော့စိုက်ထုတ်ရသေးသဗျား။
    အဲသည်တော့– အားစိုက်ထုတ်မှု ပါလာရင် ဒါပျင်းတယ်လို့ရမ်းပြောလို့မရဘူး။
    ko out of ပြောချင်တဲ့စေတနာကိုရိပ်မိပါသည်၊ ဘာသာတရားအကြောင်းပြပြီးလူသားတွေအပေါ်ချယ်
    လှယ်၊အခန့်စား၊လုပ်စားသူတွေများတဲ့ခေတ်မှာ— ဒါကိုနားလည်မိပါသည်။
    သို့သော်ဘာသာတရားတိုင်းမှာကောင်းမွန်သောအချက်တွေရှိကြပါသည်၊လူတွေကသာကိုယ့်အကျီုးစီးပွါး
    အတွက်ယူချင်သလိုယူ၊သုံးချင်သလိုအသုံးချနေကြတာပါ။ကျုပ်တို့ဗုဒ္ဓ ဘာသာမှာဆိုရင် နိဗ္ဗာန်ရောက်ဘို့
    ကိုယ်ကိုယ်တိုင်မကျင့်ကြံ၊အားမထုတ်ပဲ၊အသိတရားဉာဏ်မရပဲ မရောက်နိုင်ဘူး၊ပျင်းဘို့နေနေသာသာ။

    • Ko out of...

      June 30, 2012 at 11:41 am

      ba gyi သိသော နိဗာန်ကို ရှင်းပြစေလိုပါတယ်?…

  • မောင်ပေ

    June 30, 2012 at 11:17 am

    ကဲကဲကဲ
    ဒီပိုစ့်ပိုင်ရှင် ရဲ့ လိုရင်းအမှန်ကို အဓိတ်ပယ် လွဲနေကြလို့ ဖိုးဖိုးပေ ဘာသာဝင်ပြန်မယ်ကွဲ့။
    ko out of ကို ကိုးကွယ်ကြရမယ်
    ဒါပဲ

  • Ko out of...

    June 30, 2012 at 11:26 am

    စာရေးသူက လူပျင်းမဟုတ်ပါဘူး…အရှေးတိုင်းကရသော အမွှေဆိုတာ သူ အနှစ်လေးဆယ်လောက် လေ့လာအားထုတ်ခဲ့ရပါတယ်..

    ကျွန်တော်တို့ကသာ လူပျင်းတွေပါဗျာ…ဘာဖြစ်လည်းဆိုတော့ သူရေးထားတဲ့စာ ကို အကုန်မဖတ်နိုင်သေး သလို..သူရေးသားတဲ့ စာအုပ်ပေါင်း (၁၇) အုပ်ကိုလည်း မြန်မာလို အကုန်လုံး ဘာသာ မပြန်နိုင်သေးလို့ပါ..
    ဗိုလ်မှုးချုပ်ဝင်းမြင့်က ဘာသာပြန်ပေးလို့သာ ဖတ်ရတာ…

    နောက်လူတွေက တီထွင်မှု အမျိုးမျိုးလုပ်လာနိုင်လို့ မီးတွေကို ကောင်းကောင်း အသုံးပြုတတ်လာပြီ..

    ကျောက်ခေတ်ကလူတွေက မီတောင်ကောင်းကောင်း မသုံးစွဲ တတ်ဘူး..ဘိနပ်၊ အင်္ကျိီတွေ အစစ အရာရာမတီထွင်တတ်သေးဘူး…

    အခုလူတွေကတော့ လေကနေ မီးထုတ်လုပ်မလား?အပူစွမ်းအင်ကနေ လျပ်စစ် စွမ်းအင် ထုတ်လုပ်မလား? ရေအားကနေ ထုတ်လုပ်မလား? ရေနံကလား? သဘာဝဓါတ်ငွေ့ကလား? နျူးကလီယာ
    ကနေလား? စသည်စသည်ဖြင့် အမျိုးမျိုး ခိုင်းစားလို့တတ်ပြီ..

    ကနေ့လူတွေကတော့ တော်တော် တီထွင် ဖန်းတီးတတ်လာပြီ ..လူတွေ မသိတဲ့ အရာဟာလည်း မရှိသလောက်ဘဲ နောက်ဘာတွေ ထပ်ရှာတွေ့ကြဦးမလဲ မသိဘူး …ဒါကြောင့် အခုလို တိုးတက် လာတယ်လို့ ကိုဘဲဥပြောတာ ကျွန်တော်လက်ခံ ပါတယ်…

    – ဒါပေမဲ့ အဲဒီတီထွင်တဲ့ လူတွေထဲမှ မြန်မာတွေမပါတာ ကျွန်တော်စဉ်းစားမိတယ်..

    ဒို့မြန်မာတွေ ဘာတွေများ တွေးနေကြလဲ?..

    – အဆင်ပြေတဲ့လူတွေကလည်း….ကောင်းကင်ကို ကြည့်ပြီး ငါသေရင် နတ်သမီးတဖက်က (၅၀၀)နဲ့
    နေရမယ်လို့ထိုင်တွေးနေလား?

    – အဆင်မပြေတဲ့ လူတွေကျတော့လည်း ငါစားစရာ မရှိတော့ဘူး…နောက်ဘဝမှ ငရဲဘုံမှာ အတိုးရော အရင်းရော စုပေါင်းပြီးခံ လိုက်မယ်လို့ အောက်ကမြေကြီးကိုကြည့်ပြီး စဉ်းစားနေလား လို့မြင်မိ
    ပါကြောင်းပါခင်ဗျာ….

  • same kyaw

    June 30, 2012 at 3:56 pm

    တကယ်ပျင်းတဲ့သူ က ဘာမှမဟုတ်ဘူး။ဟုတ်တဲ့သူက လူပျင်းမဟုတ်ဘူး။

  • mayjuly

    June 30, 2012 at 4:37 pm

    ကျိုး စား မှု ရှိတဲ့ သူဟာ လူပျင်းမဟုတ်သလို …

    လူပျင်း တိုင်းဟာ လဲ ကျိုး စားမှု မရှိပါဘူး….

    ကိုယ် ထင် ကုတင် ရွှေနန်းပေါ့ ဗျာ … 😛

  • snow white

    June 30, 2012 at 5:12 pm

    ဘာသာရေးဆိုကြောက်တယ် မဆွေးနွေးရဲဘူး မဆွေးနွေးတက်ဘူး ဘာသာရေးအစက လူပျင်းကတဲ့ ခေါင်းစဉ်ကတော့ပေးတက်ပါ့ ဖတ်ရှုသွားပါတယ်နော်။

  • Zune Phyu

    June 30, 2012 at 7:12 pm

    ကျမတို့ကရော လူပျင်းတွေဖော်ထုတ်ခဲ့တဲ့လမ်းစဉ်တွေကို
    ကျင့်ကြံအားထုတ်ကြမတဲ့လား …. တော်တော်စဉ်းစားစရာကြီးပဲ…
    Mayjuly ပြောသလိုပဲ ကိုယ်ထင် ခုတင်ရွှေနန်းပေါ့ ….:D

  • Passing By

    June 30, 2012 at 9:17 pm

    ဗုဒ္ဓဘုရား (ကို out of ပြောသလို လူပျင်းဘုရား) က ကျွန်တော့်ကို သင်ပေးခဲ့တာတော့ရှိပါတယ် ..
    ၁။ ကိုယ့်ကိုကိုယ်သာ ကိုးကွယ်ရာ၏။ ( Science ဘာသာကိုတောင် ကိုယ်ကျိုးမရရင် မကိုးကွယ်ပါ)
    ၂။ ဘယ်သူပြောပြော မစူးစမ်း၊ မစပ်စုမိဘဲ မယုံပါနဲ့။ (ကိုယ်ကျိုးကြည့်ယုံ တတ်)
    ၃။ အကျိုးမရှိသော (ကျွန်တော့်အတွက်တော့ ပိုက်ပိုက်မရသော) အလုပ်၊ အတွေး၊ လုံးဝ မလုပ်ပါနဲ့ (ဥပမာ နိဗ္ဗာန် -နိဗ္ဗာန်တော့ မရောက်ချင်ပါဘူးဗျာ .. Game စော့ရတာ ပျော်စရာကောင်းတယ်ဗျ .. ကျွန်တော့်အသက် ပျိုပျိုနုနုလေးဆို ပိုအဆင်ပြေတယ် ဘယ်တော့မှ မအိုဆေးတို့ မသေဆေးတို့ အားကြီးလိုချင်တယ် ဟီး၊ နတ်ပြည် – နတ်ပြည်ကို ရှင်လျက် သွားနိုင်ရင်တော့ ရောက်ချင်တာပေါ့နော ဒါပေမယ့် ဘယ်ဘာသာကမှ ရှင်လျက် မသွားခိုင်းဘူး၊ ပြီးတော့ scientific evidence လည်း မပြည့်စုံ – risky ဖြစ်တယ် လုံးဝ နိုးဘဲ – ပိုင်မှကိုင်တတ်တဲ့အကျင့် ကပါနေပြီလေ၊ နတ်သမီး ၅၀၀၊ အပျိုစင် ၅၀ဝ လူပျိုစင် ၅၀ဝ – လေးငါးဆယ်ယောက်ဆိုတော်ပါပြီ အဲ ပြီးတော့ လူပျိုတော့ မလိုချင်၊ ရွံလို့ –
    ၄။ စိတ်ကို အလယ်အလတ် မှာထားဖို့ (ဒါတော့ မလုပ်နိုင်သေးဘူး၊ အလယ်အလတ်ဆိုတာ ဘယ်လိုလဲ မသိ သေး။
    အစွန်းမရောက်စေနဲ့ဆိုတော့ Dimension တစ်နေရာကကြည့်ရင် အလယ်လို့ထင်ရပေမယ့် နောက် Dimension ကကြည့်ရင် အစွန်းရောက်သွားရော၊ ဘုန်းဘုန်းတွေကိုမေးဖို့ကျပြန်တော့ .. ကြားမိသလောက် ဘယ်သူမှ ဒီလောက် ထိ ပေါက်ရောက်တဲ့သူ မရှိ .. ဘုရားရှင်သာ အသက်ပြန်ရှင်လာပါစေလို့ ဘဲဆုတောင်းရမလိုလို
    ၅။ မိဘကို ကိုးကွယ်။ ( ဒါတော့ အနော်လုပ်ပါတယ် .. လူတွေဘယ်ကဖြစ်လာတာလဲ မသိ( သိစရာမလို- အကျိုးမရှိဘူးထင်) ဒါပေမယ့် ကျွန်တော်ဘယ်ကလာတာလဲဆိုတာတော့ သိပါတယ် .. မိဘတွေကိုတော့ ဦးထိပ်ပန်ဆင်လျှက်ပါ။
    ဒါတွေက ဗုဒ္ဓဘုရား ကျွန်တော့်ကို လက်ထပ်သင်ပေးခဲ့တာပါ။ မယုံရင်ပုံပြင်မှတ်ပေါ့ .. ဟီး ..

  • myanmarcitizen

    July 11, 2012 at 3:09 pm

    ခင်ဗျားကောင်းစဉ်က တော်တော်ကြီးလွဲနေတဲ့စကားပါ။ စာအုပ်ဖတ်ပြီးကောက်ချက်ချလွဲတယ်လို့ပဲဆိုချင်ပါတယ်။ ခင်ဗျားရေးတဲ့ စာထဲက ဇာတ်လိုက်က အတွေးအခေါ်သမား၊ တစ်ခုခုကို လေ့လာနေတဲ့သူမျိုးဗျ ငပျင်းမဟုတ်ဘူး။

    နောက်ပြီးဘာသာရေး ဝန်ပိတယ်ဆိုတာဘာကိုပြောတာလဲဗျ လှူရတန်းရတာကိုပြောတာလား နဲနဲလောက် အကျယ်လေးပြောပေးပါအုန်း။

  • Ko out of...

    July 11, 2012 at 8:12 pm

    မင်္ဂလာပါ ..myanmarcitizen ရေ..

    ခင်ဗျားရေးတဲ့ စာထဲက ဇာတ်လိုက်က အတွေးအခေါ်သမား ဆိုတာ ကျွန်တော်လက်ခံပါတယ်…ဒါပေမဲ့

    နောက်ဆုံးတော့ လူတွေကို အုပ်ချုပ်ရတဲ့ အရသာလည်းတွေ့..သူ့က အာဏာကို တဖြည်းဖြည်း

    မက်လာတယ်…နောက်သူ့အဏာကို လွဲပြောင်းဖို့ သူ့ရဲ့ သားသမီးတွေကို အမွေဆက်ခံစေတာ တွေ့ရတယ်..

    ခေါင်းစဉ်ပေးကတည်းက ကျွန်တော့်ကိုတော့ ..

    ဘာသာရေးသမားကတော့ ပြောမှာဘဲဆိုတာ ခံယူပြီးသားပါ..

    ဘာသာရေး မျက်လုံးနဲ့ မကြည့်ဘဲ ..သမိုင်း အမြင်နဲ့ ဘဲ မြင်ပေးပါ…

    စဉ်းစားလို့ရအောင် နည်းနည်းလေး ပြောကြည့်ပါမယ်..ဥပမာ

    လူတွေဟာ တိုင်းပြည်ကို အုပ်ချုပ်တဲ့ သမ္မတ၊ဝန်ကြီးတောင် မပြောနဲ့..

    ရပ်ရွာ၊ရပ်ကွက်တွေ ကို အုပ်ချုပ်တဲ့..ရွာသူကြီး၊ ဆယ်အိမ်မှုး၊ရာအိမ်မှုးတောင်မှ အစပိုင်းတော့ ငါကရွှာ

    အကျိုး၊ ရပ်ကွက် အကျိုးဆိုပြီး လုပ်တာဘဲနောက်တော့ အဏာလေးရလာတော့ ဆက်ဆံရေးက အရင်လို

    မဟုတ်တော့ဘူး…ဒါသေးသေးလေးပါ..

    အခုက လူတွေရဲ့ အရှိခိုးခံ ဆိုတော့ သူတို့ကရော မသာယာဘူးလို့ ဘယ်သူပြောနိုင်လဲ?..

    ဘုရားကတော့ ကံဆိုတာ ကံအဆိုးမပြောနဲ့ ကံ အကောင်းဆိုတာလည်း မလုပ်ကောင်းဘူးတဲ့..

    ဒါဆိုကျွန်တော်တို့ သာမန်လူတွေ နားမလည်နိုင်စရာဘဲ…

    ဘုရားမပွင့်ခင်တုံးက လူတွေဟာ ပြုလုပ်ခဲ့ဖူးတဲ့ ခံစားချက်း အဆိုးအကောင်းပေါ်မှာ သာယာတဲ့စိတ်(ဝိပါက်)ဖြစ်..အဲဒီသာယာတဲ့စိတ်ကို တဖန်ပြန်ပြုလုပ်ချင်တဲ့စိတ်(ကိလေသာ).ဖြစ်.
    .ပြုလုပ်ချင်တော့ ပြုလုပ်(ကံ)..ဒီသံသရာက မထွက်နိုင်ကြလို့ ဒါကိုဘုရားတပါးတည်း ကဘဲမြင်သွားတယ်..

    အခုဒီ ထိုင်ပြီး တွေးနေတဲ့လူဟာ လူပျင်းတော့ မဟုတ်ပါဘူး ဆိုတာမှန်ပါတယ်…ဒါပေမဲ့ သူဟာ ဘုရားမဟုတ်လို့… သာယာနေတဲ့ သူ့စိတ်ကို သူမသိနိုင်ပါဘူး လို့ဆိုချင်ပါတယ်?..

    အခုခေတ် နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့ လူကြီးတွေဟာ လူပျင်းတွေ မဟုတ်ပါဘူး…

    သို့သော်ဘုရား မဟုတ်တာတော့ သေချာတယ်..ဒါကြောင့် အုပ်ချုပ်တဲ့ လူတန်းစားတွေက အုပ်ချုပ်ရတဲ့ အရသာတွေ့သွား ကုလားထိုင်ပေါ်ကမဆင်းခြင် ကြတာ ဒီသာယာတဲ့ စိတ်ကြောင့်လားလို့ စဉ်းစားမိတယ်…

    – နောက်ပြီးဘာသာရေး ဝန်ပိတယ်ဆိုတာဘာကိုပြောတာလဲဗျ?..

    လှူရတန်းရတာကိုပြောတာလား နဲနဲလောက် အကျယ်လေးပြောပေးပါအုန်း? ဆိုတာလည်း

    အခုလို ပြန်ကြားပေးလိုက်ပါတယ်…

    ဘာသာတခုကို ချည်းကပ်တယ်ဆိုတာ အဲဒီဘာသာက ပေးလိုက်တဲ့ အသိတရားဟာ လက်တွေ့လောက

    ဘဝမှာ အသုံးချဖို့ ဘဲမဟုတ်လား?.. အသုံးချဖို့ဆိုရင် ကျွန်တော်တို့က ဘာသာတရားကို အသုံးချမလား?

    ဘာသာတရားက ကျွန်တော်တို့ကို အသုံးချ မလား?

    အသုံးချဖို့နဲ…အသုံးချခြင်းခံရတာ မတူပါဘူး..

    လူတွေဟာသူများ အသုံးချခြင်းခံ ရပြီဆိုရင် ဝန်ပိတာပေါ့…လူတွေဟာ ဘာသာတရား ကိုအကြောင်းပြပြီး

    အုပ်စုတွေဖွဲ့ပြီး ..အုပ်စုကြီးက အုပ်စုငယ်ကို အနိုင်ကျင့်တာ ယခုထိဘဲ..

    ..အတွေးခေါ်လေးတခု လက်ဆောင်းပေးလိုက်တယ်..

    ” သေပြီး ဖြစ်မဖြစ်ဟာ ဘာသာတရားတိုင်းရဲ့ အသဲနှလုံးဘဲ..အဲဒီ အသဲနှလုံးမရှိတဲ့ သဘောတရားဟာ
    ဘာသာတရား မဟုတ်တဲ့ သဘောတရားဘဲ…အဲဒီ ဘာသာတရား မဟုတ်တဲ့ သဘောတရားကို ညွှန်ပြပေး
    သူဟာ ဗုဒ(Buddha) ဘဲ”…

  • Ko out of...

    July 11, 2012 at 9:23 pm

    ကိုရင်မောင် ရေ အပေါ်က လင့်ပေးထားတာ ဖွင့်လို့မရပါ သဖြင့် ဒီနေရာမှ ပြန်ဖွင့်ပေးပါ…

    http://myanmargazette.net/67522/atheism-agnosticism-buddhism-christianity-hinduism-islam-judaism-new-age-pagan-earth-based-religions-religious-concepts-self-help-spirituality-wicca-witchcraft-religion-spiritualit/buddhist-buddhism-asia-theravada-mahayana-zen

  • Gipsy

    July 11, 2012 at 10:57 pm

    နင်သာလူမိုက်
    ဒုစရိုက်ဟု
    ရိုက်ပုတ်လိုက်ကြ
    ရွာမှထွက်လေ
    တောမှာသေသည်
    ကောင်သေ လင်းဒ ကျ၏တည်း
    အဲလေ … ဘာမှလဲ မဆိုင်ဘူး….။
    ( အဟဲ ဘာမှ မဟုတ်ဖူးနော်…ဆက်လုပ်ကြပါ )

Leave a Reply