ခံတွင်းသန့်ရှင်းရေးနှင့် ပတ်သတ်ပြီး နောက်ထပ ်လက်ခံစရာတွေပေါ်လာဦးမှာလားဟင်

moonpoemJune 29, 20121min28612

ဒီနေ ့မနက်ကတင် ကျန်းမာရေးဂျာနယ်တစ်ခုကို ဖတ်လိုက်သည်။ ဂျာနယ်မှာ ရေးထားတာက
လူတိုင်း မနက်တစ်ကြိမ်၊ညတစ်ကြိမ်သွားတိုက်သင့်သည်။ညတစ်ကြိမ်တိုက်ဟုဆိုသည်မှာ အိပ်ယာမဝင်ခင်တိုက်ခိုင်းခြင်းဖြစ်ပြီး၊
မနက်တစ်ကြိမ်ဆိုသည်မှာမနက်မိုးလင်းလင်းချင်းဆိုသည်ထက် မနက်စာစားပြီးတိုက်တာ ပိုကောင်းပါသည် ဟုဆိုသည်။
အဘယ်ကြောင့်ဆိုသော်ညကလည်း တိုက်ပြီးသည့်အခါ ဘာမှမစားဘဲ အိပ်သည်။ မနက်မိုးလင်းသောအခါ ထပ်တိုက်သည်။
သို ့သော်မနက်စာ စားပြီးသောအခါ အစာအကြွင်းအကျန်တွေ ရှိနေပါလျက်နှင့် မတိုက်တာကတော့ မဖြစ်သင့်။ဒီတော့
ထိုစာရေးသူပြောတာ မှန်သည်ဟုကျွန်မလက်ခံလိုက်သည်။

သိပ်မကြာပါ ကြေးမုံသတင်းစာတွင် ဆောင်းပါးတစ်ပုဒ်ဖတ်ရပြန်သည်။ လူတော်တော်များများသည် အစာစားပြီးလျှင် သွားတိုက်ရမည်
ဆိုသောအရာကို မှတ်သားထားကြသော်လည်း တကယ်တမ်းတော့အစာစားပြီးတိုင်း သွားမတိုက်သင့်ပါ။အဘယ်ကြောင့်ဆိုသော်
ကော်ဖီ၊ အချိုမုန် ့စသည်တို့ကို စပြီးသောအခါ အက်စစ်ဓာတ်တစ်မျိုးသည် သွားပေါ်တွင်ကပ်ငြိနေသေးသည်။ ထို့အချိန်တွင်
သွားတိုက်လိုက်ပါက သွားကြွေသားအလွှာပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် သွားမတိုက်သင့်ကြောင်း။ခံတွင်းသန် ့ရှင်းရေး
အတွက်ကား ပလုပ်ကျင်းထားပြီး သိပ်ပြီး သွားတိုက်ချင်နေလျှင် အစာစားပြီး ၁နာရီကျော်မှ တိုက်သင့်ကြောင်း အစရှိသဖြင့်ရေးထားသည်။
ဒါလည်း ဖြစ်နိုင်ချေရှိသည်ပဲလေ။ ဒီတော့လည်း ဒီအဆိုကို လည်း ကျွန်မလက်ခံလိုက်ပြန်သည်။

တစ်ရက်ကတော့အိမ်ကအဒေါ် သွားနာပြီးမခံမရပ်နိုင်အောင်ဖြစ်လာသဖြင့် သွားဆေးခန်း ပို့ပေးပါသည်။ အသိအကျွမ်းဖြစ်နေသော
သွားဆရာဝန်က အဒေါ်ကိုဆူသည်။အန်တီကလည်း ကျွန်တော်အန်တီကို အစာ စားပြီးပြီး တိုင်း သွားတိုက်ပါ။သွားသန့်ရှင်းရေးကအရေးကြီးပါတယ်။
တစ်ခုခု ကိုင်တွယ်အသုံးပြုပြီးတိုင်း လက်ဆေးရသလို သွားကိုလည်းဘာစားပြီးပြီး သွားသန့်ရှင်းရေး အနေနဲ ့သွားတိုက်ပါလို့ပြောထားတာကို
အန်တီက ကျွန်တော့် စကားကို နားမထောင်ဘူး။အခုတော့ ဖြစ်ရင် အန်တီပဲခံရတာ ဟုဆိုက ဂရုဏာဒေါသောဖြင့် ဆူပြန်သည်။

သူပြောတာလည်း မှန်သည်ပဲ မဟုတ်လား။ဒီတော့ ကျွန်မ ဘယ်အရာကို ယုံသင့်ပါသလဲ။
ကျွန်မဒီ ပိုစ့်ကို တင်ရင် နောက်ထပ်လက်ခံစရာတွေပေါ်လာဦးမှာလားဟင်။

12 comments

  • စိန်ဗိုက်ဗိုက်

    June 29, 2012 at 8:22 pm

    စားပြီး တိုက်တာ ပိုသင့်တော်မယ်ထင်ပါတယ်ဗျား..
    ဒေါင်တာတော့ မဟုတ်ပါဘူး..
    ထင်ဒါပြောကျိဒါ…

    ကျုပ်ရှို ရှားပြီးမတိုက်ခဲ့လို ့ ဒဂျိုးရီးဖစ်ပြီး ရှကားပြောရင် မပီတော့ဝူး..

  • မောင်ပေ

    June 29, 2012 at 8:29 pm

    ဘာတွေ ဘယ်လို ဘဲ ဖြစ်ဖြစ်ပေါ့လေ
    ဘိန်းပေါဆရာကြီးဘိုးဘိုးပေ ရဲ ့အညွှန်းကို ပြန်ဝေမျှရရင်
    ကောင်မလေးတွေ ရည်းစားနဲ ့ချိန်းဖို ့သွားရင် သွားသေချာတိုက်သွားပါ
    ကောင်လေးတွေလဲ ရည်းစားနဲ ့ချိန်းဖို ့သွားရင် သွားသေချာတိုက်သွားပါ
    အိမ်ထောင်သည်တွေ ညအိပ်ရာမဝင်ခင် သွားသေချာတိုက်ကြပါ ။

  • ahnyartamar

    June 29, 2012 at 9:40 pm

    မနက်တစ်ကြိမ်၊ညတစ်ကြိမ်သွားတိုက်သင့်သည်။ညတစ်ကြိမ်တိုက်ဟုဆိုသည်မှာ အိပ်ယာမဝင်ခင်တိုက်ခိုင်းခြင်းဖြစ်ပြီး၊
    မနက်တစ်ကြိမ်ဆိုသည်မှာမနက်မိုးလင်းလင်းချင်းဆိုသည်ထက် မနက်စာစားပြီးတိုက်တာ ပိုကောင်းပါသည် ဟုဆိုသည်။

    ဒါဆို လုံလောက်ပါတယ်။ သွားတိုက်ချိန်တွေများပြီး၊ အလုပ်လုပ်ချိန်နဲသွားမယ်။

  • thar ag

    June 29, 2012 at 9:44 pm

    စါးပြီး တဲ့ အခါ အက် စစ်ဓါတ် တွေကပ် နေတဲ့ အတွက် သွားရဲ့ ကြွေလွှာတွေကိုပျက် စီးစေတယ် ဒါ ကြောင့်သွားတိုက်လိုက် မှဘဲ ဒီအက်စစ် ဓါတ်တွေက ပျက်ပျယ် သွားမှာပါ

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 9:51 pm

    ဘယ်လို ပြောရမလဲဆိုတော့ကာ ..
    တစ်ရွာမပြောင်း သူကောင်းမဖြစ် … ဆိုတဲ့ စကားပုံနဲ့
    သေချင်တဲ့ကျား တောပြောင်း … ဆိုတဲ့ စကားပုံကို နှိုင်းယှဉ်ကြည့်လို့ပဲ ပြောချင်ပါတယ် …
    ကျုပ်တတ်တာ ဒါပဲ ..

  • ဖိုးထောင်

    June 30, 2012 at 1:05 am

    အနော်တို့ကတော့ မွေးကတည်းက မတိုက်ဘူးဗျို့ တိုက်ပုံတိုက်နည်းသေချာပေါက်သိတာတော့ ——–

  • the best

    June 30, 2012 at 1:36 am

    အစာစားပြီးတိုင်း ပလုတ်ကျင်းပြီးမှ သွားတိုက်ရင် ပိုကောင်းပါသည်။
    အနည်းဆုံး အစာစားပြီးတိုင်း ပလုတ်ကျင်းပါ။သွားကြားထိုးပါ။
    လျှာခြစ်ပါ။

  • ဦးဦးပါလေရာ

    June 30, 2012 at 8:10 am

    အစာစားပြီးခါစ အချိုရည်/ကော်ဖီ သောက်ပြီးခါစမှာ ပလုပ်ကျင်းရင် ၉၀% လောက် သန့်ရှင်းပြီး ဖြစ်သွားတယ်လို့ သိမှတ်ဘူးပါတယ်။ အဲဒီတော့ တရက်အတွင်း အစားလေးကြိမ်စား အချိုရည်/ကော်ဖီ ၃ ကြိမ်သောက် သွားရေစာ/သစ်သီး နှစ်ကြိမ်စား တယ်ဆိုပါတော့… အဲဒီ ၉ကြိမ်လုံး မှာ ပလုပ် တခါစီကျင်းရင် တော်တော်သန့်နေပါပြီ။
    သွားတိုက်တာကိုတော့ တနေ့နှစ်ကြိမ်ထက်ပိုတိုက်တာကို သွားဆရာဝန်တွေက အားမပေးပါဘူး..။

  • ဆူး

    June 30, 2012 at 9:12 am

    အံကပ်ကြီးနဲ့ ဆိုတော့ အစားစားပြီးတိုင်း သွားမတိုက်ဖြစ်ဘူး ဖြုတ်ဆေးလိုက်တယ်။

  • AKKO

    June 30, 2012 at 10:19 am

    အပြောတွေအတိုင်းသာ လျှောက်လုပ်ရလျှင် ရူးလိမ့်မယ် ။
    တစ်ချို့ကလည်း မနက်စာ စားပြီးမှ သွားတိုက်တယ် (မရွံမရှာ) ။ အထူးသဖြင့် ကိုရီးယားတွေက အဲ့ဒီအကျင့်မျိုးရှိတယ် ။ အစာစားပြီး သွားအမြဲတမ်းတိုက်ဖို့ကလည်း သိပ်မလွယ်လောက်ဘူး ။ အရမ်းအနံ ့ပြင်းတဲ့ အစားသောက်တွေ စားပြီးလျှင်တော့ သွားတိုက်သင့်တာပေါ့ ။ ကျန်တဲ့အချိန်တွေလောက်ကတော့ တနေ့ နှစ်ကြိမ်ပုံမှန်သွားတိုက်ပြီး ၊ အစာစားပြီးတိုင်းပလုပ်ကျင်းပေးမယ်ဆို ပြသနာမရှိလောက်ဘူး ထင်တယ် ။

  • ဘဲဥ

    June 30, 2012 at 10:59 am

    သများတို့ ကတော့ မနက်အိပ်ရာထရင် တစ်ခါတိုက်တယ် ၊ ကောင်မလေးနဲ့ ချိန်းကာနီးရင် တစ်ခါတိုက်တယ်၊ အိပ်ရာဝင်ရင် တစ်ခါတိုက်တယ် (သွားတိုက်တာကို ပြောတာနော်)

  • သားဦး၊မြေးဦး

    June 30, 2012 at 11:47 am

    ကျနော်က ကွမ်းစားတော့ တစ်ရက်သုံးကြိမ်လောက်သွားတိုက်
    ဖြစ်နေတယ်ဗျာ။အဲဒါလဲဒုက္ခ။

Leave a Reply