ကျွန်တော် မသိခြင်းများ ..

ကျွန်တော်က အပြင်စီးပွါးရေးလုပ်ငန်းလုပ်ပါတယ် ။ ဝန်ထမ်းတွေကိုလည်း သေသေချာချာ ခန့်ထားပါတယ်။ ကျွန်တော်က စီးပွါးရေးလုပ်သလို လူတိုင်းလူတိုင်းကလည်း သမုဒ္ဒရာဝမ်းတစ်ထွာ အတွက် စီးပွါးရေး ကိုလုပ်ကိုင်ကြရမှာပါ။ ကိုယ်ကိုယ်တိုင် မလုပ်ဘူးဆိုရင်တောင် ကူညီပေးရမှာပါ ။ အဲဒီတော့ နိုင်ငံတော်မှာလည်း စီးပွါးရေးလုပ်ငန်းတွေ အများကြီး ရှိပါတယ်။ဝန်ထမ်းတွေကိုလည်း ရာထူးအဆင့်အလိုက် လစာ အသီးသီး နဲ့ခန့်ထားပါတယ်။ ယေဘုယျ သဘောအရ အတူတူပါပဲ ။ ရသုံးမှန်းခြေငွေစာရင်း ရေးဆွဲရင်တော့ မတူတာများပါတယ်။ အစိုးရက ဒီနှစ်အတွက် ဆိုကြပါစို့ တံတားဆောက်မယ်၊ တံတားအတွက် ကုန်ကျစရိတ် အားလုံးကို တွက်ချက်ပြီးမှ အဲဒီအတွက် လိုအပ်တဲ့ ငွေကို ပြည်သူတွေ ဆီကနေ အခွန် အနေနဲ့ကောက်ခံတာဖြစ်ပြီးတော့ ၊ ကျွန်တော်တို့ကတော့ ဒီနှစ်အတွက် ရရှိတဲ့ အမြတ် ကနေ လုပ်ငန်းအတွက် အဓိက လိုအပ်မယ့် ပစ္စည်း ကိုရွေးချယ်ဝယ်ယူရတာ ပဲ ဖြစ်ပါတယ်။ ဒါကထားဦး …
ကျွန်တော်ပြောချင်တာလေး ကို ဆက်ပါဦးမယ်။ အစိုးရဝန်ထမ်းတွေ အကြောင်းပါ ။ ရုံးတစ်ရုံးကို ဝင်လိုက်ရင် ဘယ်သူ့ကို အဘ ခေါ်ရမှန်း မသိပါဘူး ၊ဟိုစားပွဲကြည့်လည်း လူမရှိ ၊ဒီခုံမှာလည်း သတင်းစာတွေက ပြန့်ကျဲ .. ၊ မနက် 9.00 ရုံးတက်ရမှာ မဟုတ်ဘူးလား၊ ညနေဆို 3.00 လောက်သွားကြည့် တစ်ယောက်မှ မရှိကြတော့ဘူး ။ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ။ ကျွန်တော်က ငွေလွှဲတော့ ဘဏ်ကနေ လွှဲပါတယ်၊ အစိုးရ(စီးပွါးရေး) ဘဏ်ပေါ့ဗျာ ။ ဘဏ်ဝန်ထမ်းတွေက တစ်ယောက်မှ ပြုံးပြုံးရွှင်ရွှင်မရှိကြဘူး။ ကျွန်တော့်ဆိုင်က ဝန်ထမ်းတွေ အဲလိုလုပ်ကြည့်ပါလား၊ ကျွန်တော်အဲလို တွေးမိပြီးတော့ အဖြေကို ရှာကြည့်ပါတယ်။ ဘာကွာနေတာလဲ ၊ ဘာတွေ ခြားနားနေတာလဲ ၊ လစာက အတူတူလောက်ပေးထားတာပါ ၊။

ဟော တွေ့ပါပြီဗျာ ၊ ပုဂ္ဂလိက နဲ့ အစိုးရ ကွာခြားတာပါတဲ့ ။ ဥပမာဗျာ – မ.ယ.က ရုံးတစ်ရုံးဆိုပါတော့၊ ဥက္ကဋ္ဌက စာရေးတွေကို သိပ်မှမပြောဘဲနဲ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ စာရေးတွေ လာဘ်ပေးလာဘ်ယူ လုပ်ရင် သူက ပြောရမယ်၊ အပြစ်ပေးရမယ်၊ ( ခုက သူကိုယ်တိုင် စားတာ)အဲလို မလုပ်တော့ ဖြစ်ချင်တိုင်းဖြစ်နေတော့တာပေါ့။ ဘာလို့ သူ(ဥက္ကဋ္ဌ)က မပြောတာလဲ ဆိုတော့ သူ့စီးပွါးရေး မှ မဟုတ်တာပဲလေ၊ နစ်နာသူက အစိုးရလေ၊ နေရင်းထိုင်ရင်း အပြောခံရတာပေါ့ ။ပုဂ္ဂလိက ဘဏ်တစ်ခုခုကိုသွားကြည့်လိုက်ပါလား၊ ဆက်ဆံရေးက ဘယ်လို ဆိုတာကို၊ ကျွန်တော်က အဲဒီလိုဖြစ်စေချင်တာဗျ ။
နောက်တစ်ခုက နိုင်ငံရေးပါ၊ ခုနေ ဦးဇာဂနာ လိုလူက အာဏာရ ပါတီ ကိုသရော်တဲ့ ပြက်လုံးနဲ့ ပြက်လိုက်တယ်ဆိုပါဆို့ ..ချက်ချင်း သူ့ကို လာဖမ်းတော့မှာပဲ (၊ဒီနေရာမှာနည်းနည်းရှည်မယ်နော် ..
ဦးဇာဂနာတို့ ဒေါ်အောင်ဆန်းစုကြည်တို့ ၊ မင်းကိုနိုင်တို့ ကိုဖမ်းတယ် ၊ ရာဇဝတ်မှုမဟုတ်ပါဘူး၊ ၅။(ည) နဲ့ဖမ်းတာ များပါတယ်။အဲဒါဆို ပြောင်းပြန် ပြန်ပြောမယ် အဲဒီ အဖမ်းခံရတဲ့သူတွေက အာဏာရပြီဗျာ ကျွန်တော်က သူတို့ကို သူတို့တုန်းကလိုပဲ ဝေဖန်မယ် ပြက်လုံးထုတ်မယ် ဆိုရင် ကျွန်တော့ ကိုရော မဖမ်းဘဲ နေမှာလား၊ …) ခုနကဟာလေး ပြန်ဆက်မယ် အထက်က အရာရှိ မသိခင်ကို ဖမ်းတော့တာ ဘာလို့လဲဆိုတော့ အရာရှိက ကိုယ့်ကို အမြင်မကြည်မှာစိုးလို့လေ ။ ဟောဗျာ .. အဲဒီမှာကျတော့ အမြင်မကြည်မှာစိုးလို့ ဖမ်းတယ် ၊ အမိန့်ထုတ်တယ်၊ အဲလိုတွေ လုပ်သလား၊ ရုံးမှာကျတော့ ရော ????? လာဘ်ပေးလာဘ်ယူသူအရေးယူမည် တဲ့ အဲဒါကတော့ တစ်ကယ့်ကိုပဲ ရေးထားတာနဲ့ တစ်လွှဲဖြစ်နေတာပါ ။ မရောင်ရာဆီလူး အောက်ကလူတွေက ငတ်လို့လုပ်နေရတာ ကို နည်းနည်းခွင့်လွှတ်လို့ ရသေးတယ် ၊ အထက်က ပိုဆိုးနေတယ်၊ ရဲ တွေ လကုန်လို့ လစာ သွားထုတ်ရင် တိုင်းမှုာ တည်းက ဖြစ်လွှတ်လိုက်တာ ။ ကျောင်းဆရာတွေ ရောပဲ ။ အဖြတ် အတောက် တွေက များလွန်းနေတယ်။ တိုင်းကနေ ညွန်ကြားလိုက်တယ်၊ ဘာလုပ်လိုက်ပါ၊ သူတို့က အမိန့်ပဲ လာတာ ၊ ပိုက်ဆံက မလာဘူး၊ အောက်ကကောင်တွေက ဘယ်နားကနေ ဘာကို ဘယ်လို သွားလုပ်ရမှာလဲ၊ ???
ခုဆိုရင် မိုးရာသီ ရောက်နေပါပြီ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းခွင် ဝင်နေကြပါပြီ ၊ မယုံရင် ကိုယ်တိုင်လာကြည့်ကြပါ ၊ လယ်ထဲမှာ ရေမရှိပါဘူး ၊ သူတို့ ပြောနေတဲ့ ဆည်မြောင်း က ဘယ်ရောက်နေတာလဲ ၊ ဆည်မြောင်းမှာ ရေတွေကိုလူကြီး လာကြည့်ဖို့ ထည့်ထားတာလား ၊ အဲ လူကြီးလဲ ပြန်သွားရော (လယ်က စိုက်ပြီးကုန်ပြီ ၊ မိုးကလည်း ရွာနေတယ်) ရေကလွှတ်ရော ၊ အဲတော့ စပါးတွေ သေကုန်ရော ၊ မလွှတ်ရင် ဆည်က ကျိုးတော့မယ်လေ ၊။ ကောင်းလိုက်တဲ့ ဖြစ်ခြင်း ။
အရင် အစိုးရ လက်ထက်တုန်းကပါ ။ ကျွန်တော်တို့ဆီကို ဦးသန်းရွှေ လာတယ် ။ အဲဒီအချိန်မှာ ဆောက်လုပ်ရေးက လမ်းခင်းနေတယ် ။ လမ်းခင်းတာက တခြားနေရာပါ ( သူလာတဲ့ နေရာ မဟုတ်ဘူး) အဲဒီမှာ ဦးသန်းရွှေက ပြောလိုက်တာ လမ်းကလည်း ဆိုးလိုက်တာ
အဲဒါလေး ပြောလိုက်တာဗျာ ခင်းလက်စ ကိုရပ်ပြီးတော့ အဲဒီလမ်းကို ပြောင်းခင်းတယ် ။ဆိုတော့ သူက ဆိုးတယ် ပြောတာနဲ့ ခင်းတယ် ၊ မပြောရင်မခင်းဘူး၊ လမ်းအကောင်းကြီးကို မကောင်းဘူးဆိုပြီး ပိုက်ဆံ တောင်းတယ်၊ ဘတ်တယ်၊ အခင်းပြတယ် ၊ အများကြီးပါပဲ ။ အောက်ခြေမှာ အဲလိုတွေ ဖြစ်နေတာကို သမ္မတကြီး ဦးသိန်းစိန် မသိတာလား။ မသိခြင်ယောင် ဆောင်နေတာလား ၊ ဒါမှ မဟုတ် အားပေးကူညီ နေတာလား ၊ သိချင်ပါတယ် ။
ပြီးတော့ ဦးသိန်းစိန် က ကျွန်တော် မဲ ပေးထားတာ မဟုတ်တော့ ပြောလို့ မရနိုင်လောက်ပါဘူး ။ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်ကို မဲ ပေးထားတဲ့ လူ ကိုပဲ ကြည့်မှာပေါ့ ။ ခုဆို ကြည့်တောင် မကြည့်သေးပါဘူး ။ ကျွန်တော်တို့တွေ ဖိနှိပ်ခံ နေရတာကို သမ္မကြီးခင်ဗျား ကျွန်တော်က သမ္မကြီး ကို မဲပေးခဲ့တဲ့လူပါ လို့ ဘယ်လို ပြောမလဲ ။ ရှင်းရှင်းလေး နဲ့ ရှုပ်နေတယ် ။ ။

ဆက်ပါဦးမည် ..
ချစ်ရင်ထူး

13 comments

  • ချစ်ရင်ထူးနှစ်

    June 29, 2012 at 10:06 pm

    သည်းခံပြီးတော့ ဖတ်ပေးကြပါဗျာ .. ကျွန်တော်က စာ အရေးအသား မတတ်တော့ .. ပြောချင်တာကတော့ ပြောရမှာပါလေ .. မတတ်နိုင်ဘူး .. ဝေဖန် ပေးကြပါဦးနော် ..

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 10:15 pm

    ဟုတ်ကဲ့ …
    ပြောချင်တာ ပြောထားတာကို
    ဖတ်သွားပါတယ် ..
    ဝေတော့ မဝေဖန်နိုင်သေးပါဘူး ..
    ဘာလို့လဲဆိုတော့ ကျနော် အဲ့လောက် မသိသေးလို့ပါ ..
    ပြောထားတာတွေ အများစုကတော့ မှန်သည်ဟု ထင်မြင်မိပါကြောင်း ….။

    အစိုးရရုံးဆို ယောင်လို့တောင် မသွားချင်သူ
    မစ္စတာ တောက်တဲ့

  • ချစ်ရင်ထူးနှစ်

    June 29, 2012 at 10:23 pm

    တောက်တဲ့ သတိထားနော် .. နင်က ဈေးကောင်းတယ် ပြောတယ်..

    • မစ္စတာ တောက်တဲ့

      June 29, 2012 at 10:28 pm

      သားဂ အကောင်သေးပါလယ်ချင့် …
      ဒါဂျောင့် ..
      ဈေးကောင်း ရမှာ ဟုတ်ပါဘူးချင့် …
      ခုလို တတိပေးဒါ တေးဇူးပါချင့် ..
      😀

  • ချစ်ရင်ထူးနှစ်

    June 29, 2012 at 10:33 pm

    အိုကွယ် .. အကောင်သေးလည်း အဆိပ်ရှိတာပဲ .. မရဘူး ဖမ်းပြီးတော့ တီလုပ်ပြည် ကိုပို့ရမယ် ..
    မဖြစ်ပါဘူး .. ဒီတောက်တဲ့ ကိုတော့ ပို့ကို ပို့မှ ပါပဲ .. 😀

  • မောင်ပေ

    June 30, 2012 at 1:24 am

    အခုလောလောဆယ် အထက်ပိုင်းတွေကို ဖြုတ်နား အစီအစဉ်နဲ့ အရင်သွားနေတယ်လို့ထင်တာပါဘဲ

  • the best

    June 30, 2012 at 2:30 am

    “အာဏာ” ဆိုတာကို စီးပွါးရေး ဈေးကွက်ထဲက “ ရောင်းကုန် ” တစ်ခုလို သဘောထားပြီး၊
    ကြိုက်သလို ဝယ်၊ ရောင်း၊ ဈေးကစား၊ အသုံးချနေကြတဲ့ သူတွေကြီးစိုးနေရင်တော့
    နိုင်ငံ နဲ ့ နိုင်ငံသားတွေ အထိနာနေမှာပဲ။

  • ဦးဦးပါလေရာ

    June 30, 2012 at 7:08 am

    အစိုးရဌာနတွေအားလုံးက တဆင့်ပြီးတဆင့် ပျက်စီးလာတာ နှစ်ပေါင်းကြာပြီဆိုတော့
    ပြင်လို့တော့ မရလောက်တော့ဘူး..
    အစအဆုံး ပုံအသစ် လူအသစ်တွေနဲ့ ပြန်ဖွဲ့စည်းမှ အလုပ်ဖြစ်တော့မှာ
    စကားမစပ်- ဒီဆိုက်ထဲမှာ ရာထူးကြီးကြီး တွေ ရှိတာ ကြားထားပါတယ်နော..
    ကြည့်ရတာ သူတို့လဲ လက်မှိုင်ချထားရပုံ ပေါ်ပါတယ်…. 😀

  • ကျိကုန်း

    June 30, 2012 at 8:38 am

    ်မသိတာက မရှိ
    မရှိတာက မသိ
    လောကကြီးရဲ့ ပူလောင်မှုတွေကို ရင်ဝယ်မပိုက်ကြပါနဲ့
    ဥုံ မာနီ မာနီ ဟုန်

  • mamanoyar

    June 30, 2012 at 9:19 am

    ဖတ်ရှုသွားပါတယ်ရှင်

  • ရဲစည်

    June 30, 2012 at 9:33 am

    အဘ တကိုက်
    သမီး တမိုက်မို့
    အိုဘဲ့
    ခွင့်သာခိုက်မှ မလိုက်ချင်ရင်…. 😀

Leave a Reply