လည်လည်ရောက်ခဲ့ဘူးတဲ့တိရစာ္ဆန်ရုံ…..

aye.kkJune 29, 20123min12926

ထိုင်း-မြန် မာ နှစ် နိုင် ငံ ၊ နယ် စပ် ထိုင်း နိုင် ငံ ဖက် ခြမ်း ရှိ မယ်ဆိုင် မြို့ မှ
တ ဆင့်-ချင်းရိုင်-ချင်းမိုင် မြို့ ၊ ရောက် ခဲ့ စဉ် ချင်းမိုင် မြို့ ရှိ ၊ တိ ရ စာ္ဆန် ရုံ မှ
အ မှတ် တ ရ ရိုက် လာ ခဲ့ သော ၊ ဓါတ် ပုံ များ ဖြစ် ပါ သည်။
ဂေ ဇက် ရွာ စာ ချစ် သူ ၊ မိတ် ဆွေ များ အ တွက် ၊ ပြန် လည် မျှ ဝေ ၊ လိုက် ပါ သည်။

တိရစာ္ဆန်ရုံအဝင်ဝ၌မြင်ရသောဆိုင်းဘုတ်အလှ။

တိရစာ္ဆန်ရုံထဲအဝင်မြင်ရသောဆိုင်းဘုတ်ငယ်ကလေး။

မြင်တွေ ့နိုင်သောတိရိစာ္ဆန်များအား၊လမ်းညွန်ပြသထားသည့်ဆိုင်းဘုတ်လေး။

တိရိစာ္ဆန်ရုံထဲအဝင်၊အဆောက်အဦကြီးထဲက၊အလှဆင်ထားသောသမင်လှည်းအရုပ်။

အရမ်းလှသည့်ကြိုးကြာနီငှက်ကလေးများ။

သစ်ကုလားအုတ်နှင့်မြင်းကျားလေးကအရမ်းလှသလို။

တစ်ကောင်ထဲအဖော်မဲ့လည်း၊အားမငယ်အစာစားနေတဲ့ပန်ဒါဝက်ဝံ။

ငှက်ကုလားအုပ်လေးများတွေ့ခဲ့ရ။

ပျင်းနေတဲ့မျောက်ကလေး၊ခုန်လည်းဆင်းမပြေး။

မျောက်လေးသုံးကောင်၊မပျင်းပေါင်။

အချိန်ကမရ၊ဆင်ကလှ၊။

SKY RANGER ကလည်းစီးချင်စရာ။

စီးကြည့်တော့လည်းငြိမ့်ငြိမ့်လေးပါပဲ။

မှုံမှုံပြပြဝေးဝေးက၊ဘယ်သူလို ့လည်းမှန်းမရ။

မျောက်တွေရှိတဲ့နေရာ၊မျောက်ရုပ်ထုကချစ်စရာ။

လည်လည်ရောက်ခဲ့ဘူးတဲ့တိရိစာ္ဆန်ရုံမှအမှတ်တရပုံများဖြစ်ပါသည်။

26 comments

  • ချစ်ရင်ထူးနှစ်

    June 29, 2012 at 11:22 pm

    အလည်ရောက်သွားသလိုပါပဲ .. ကျေးဇူးတင်ပါတယ်နော် .. နောက်လည်း ထူးခြားတာမျိုးလေး တင်ပေးပါဦးနော် ..

  • မောင်ပေ

    June 29, 2012 at 11:34 pm

    သာယာကြည်နူးစရာ ခရီးတစ်ခုပါဗျို့
    ပုံတွေကြည့်ခွင့်ရလို့ကျေးကျေးပါနော

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 29, 2012 at 11:37 pm

    ကြက်ဆင် ဆိုတာ
    http://yangonmedia.net/news/news_detail.asp?nid=1439
    အဲ့သည်မှာ သွားကြည့်
    ကြက်ဆင် ဆိုတာ ဖင်ဟောင်းလောင်း နဲ့ ဒေါင်းနဲ့ အရွယ်တူပါသဗျ

  • aye.kk

    June 29, 2012 at 11:57 pm

    ဂျော်နီအောင်ပုရေ..
    ကျေးဇူးပါပဲ။ပြင်လိုက်ပါပြီ။
    စံရှားဒိန်းဒေါင်ပြောသလိုပါပဲ..(မှားတဲ့အခါလည်းမှားပေမပေါ့)
    အိပ်ချင်မူးတူးနဲ့ရိုက်တာသတ်ပုံမှားသွားပါတယ်၊တောင်းပန်ပါတယ်နော့။။

  • ဖိုးထောင်

    June 30, 2012 at 12:11 am

    အန်တီကြီးနောက်တစ်ခေါက်ရောက်ရင် အရမ်းလှနေတဲ့ငှက်ကလေးများက ဘာဆပ်ပြာနဲ့လျှော်တာလဲလို့ တားတားအတွက်မေးပေးပါဦးနော် မေမေက အီလန်နဲ့မရဘူးတဲ့ အာဟိ—–

  • pooch

    June 30, 2012 at 12:40 am

    အန်တီအေးရေ အရင်က ယိုးဒယားစာသင်ဖူးတယ် ။ ခုဖတ်ကြည့်တာ ဘာမှ မမှတ်မိတော့ဘူး။ :mrgreen:
    ကျောင်းတက်တုန်းက မီးမီး သင်ပေးတာလေ။ ပြောနေမကျ မြင်နေမကျတာလည်း ပါမှာပေါ့။
    ပန်ဒါကို အပြင်မှာ တခါမှာ မမြင်ဖူးသေးဘူး။ ဒီက ရုံတွေမှာ မရှိဘူး။ နေပြည်တော်သွားဖြစ်ရင်တော့ မြင်ရမလားပဲ။

  • Mလုလင်

    June 30, 2012 at 2:01 am

    ဆင်ဆွယ် မှာ ပတ်ထားတာ က ကျိုးမှာ စိုးလို့ ထင်တယ်။ … ကြည့်ရတာ စိမ်းစို သန့်ပြန့် နေပါလား။ အားကျပါ၏။

  • Hnin Hnin

    June 30, 2012 at 2:29 am

    ကြည့်ရတာ Ostrich,Zebra,Giraffe ဒီမျိုးမတူ သုံးကောင်က တစ်ခြံထဲမှာ အတူနေကြတာလားနော်..
    ဒါမှမဟုတ်..ဟိုခြံ..ဒီခြံ..ကူးလူးနေကြရင်း မိတ်ဆွေဖြစ်နေကြတာလားနော်…တည့်ကြပုံပဲ…
    လည်ရှည်ရှည်..ခြေတံရှည်ရှည်..အမွေးအုပ်ဝိုင်းဝိုင်းနဲ့ အကောင်က ငှက်ကုလားအုပ်(Ostrich) ပါ..
    မပျံနိုင်ပေမယ့် အပြေးမြန်ဆုံး ကုန်းနေ ငှက်လည်း ဖြစ်ပါတယ်…တစ်နာရီကို မိုင် ၃ဝ ကနေ ၄၅ မိုင်
    လောက်အထိ ပြေးနိုင်တယ်လို့ ဆိုကြပါတယ်…ပန်းရောင်ဖြူဖွေး ငှက်ဖြူလေးတွေကတော့
    င်္Flamingos ငှက်ကလေးတွေပါ…ကြိုးကြာနီလေးတွေပါ…သူတို့ကိုတော့ Florida အလည်သွားတုန်းက မြင်ခဲ့ဖူးပါတယ်..အပြင်မှာလည်း ဒီအတိုင်း သိပ်လှပါတယ်…ရေတိမ်ပိုင်းမှာ ကျက်စားတယ်ဆိုတာလောက်ပဲ သိတယ်..ရန်ကုန်တိရိ စ္ဆာန်ဥယျာဉ်လည်း ဒီလိုမျိုးလေး တိရိစ္ဆာန်တွေနေတဲ့နေရာက နေချင်စဖွယ်လေးနဲ့ ..သန့်ရှင်းသပ်ရပ်ပြီး..အခြားလည်ပတ် အနားယူ အပန်းဖြေစရာနေရာတွေမှာ သဘာဝပတ်ဝန်းကျင်အလှနဲ့ စိမ်းစိုအုံ့ဆိုင်းပြီး
    ဒိထက်အနားယူချင်စရာကောင်းအောင် လုပ်လိုက်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်…
    နောက်လည်း ဒီလို မျက်စိပသာဒဖြစ်တဲ့ပုံလေးတွေ မျှော်လင့်နေပါတယ်…မမအေး…Thank you.

  • aye.kk

    June 30, 2012 at 5:48 am

    Hnin Hnin,ရေ..
    ကျေးဇူးပါ..
    ငှက်နာမည်လေးတွေအတည့်ရသွားလို ့။

  • ဦးဦးပါလေရာ

    June 30, 2012 at 6:59 am

    ရန်ကုန်က တိရစ္ဆာန်ထောင် နဲ့ယှဉ်ပြီး စဉ်းစားကြည့်မိတယ်…

  • AKKO

    June 30, 2012 at 8:11 am

    သူများနိုင်ငံက တိရစာ္ဆန်ရုံတွေကိုကြည့်ရတာ အေးချမ်းလိုက်တာ။
    ပြခံတဲ့ တိရိစာ္ဆန်တွေကလည်း သန့်သန့်ရှင်းရှင်း ၊ သူတို့ပတ်ဝန်းကျင်ကလည်း သေသေသပ်သပ်နဲ့ ။
    တိရိစာ္ဆန်ချင်းတူတာတောင် နယ်မြေဒေသကွာတော့ ကုသိုလ်ကံအကျိုးပေးပုံခြင်းကွာသွားတယ် ။
    ဓါတ်ပုံလေးတွေပြလို့ ကျေးဇူးတင်ပါတယ် ။ SKY RANGER ရော စီးခဲ့သေးလား ။

    • aye.kk

      June 30, 2012 at 11:14 am

      ရောက်တုံးခိုက်မှာစီးကြည့်ခဲ့မိတယ်…
      မှုံပြပြအဝေးကနေရိုက်ထားတဲ့ပုံလေးပါပဲ။
      တစ်ခါစီးခ130ဘတ်ပါ။အထိမ်းမှတ်တံဆိပ်လေးကပ်ပေးပါတယ်။

  • kyeemite

    June 30, 2012 at 8:53 am

    အလည်ရောက်သွားသလိုခံစားကြည့်ရှု့သွားပါတယ်
    ကျေးဇူးပါ aye.kk ရေ..

  • mamanoyar

    June 30, 2012 at 9:09 am

    အရမ်းချစ်စရာကောင်းလိုက်တာ
    အလည်သွားချင်တယ်

  • ဆူး

    June 30, 2012 at 9:23 am

    ပန်ဒါတောင် ရှိတယ်နော်။ ပန်ဒါ ကတော့ အပြင်မှာ တခါမှ မမြင်ဘူးသေးဘူး။

  • Shwe Tike Soe

    June 30, 2012 at 9:24 am

    ဝင်ရောက်ကြည့်ရှုအားပေးသွားပါတယ်..အန်တီအေးကေကေ…
    ရန်ကုန်တိရိစာ္ဆန်ဥယျာဉ်အတိုင်းပဲနော်……….. ဟိဟိဟိ 😛

  • eipu

    June 30, 2012 at 9:24 am

    ကိုယ်တိုင်သွားလိုက်ရသလိုပါဘဲ။
    ကျေးဇူးနော်

  • ahnyartamar

    June 30, 2012 at 10:13 am

    ယိုးဒယားက တိရစာ္ဆန်ရုံ ကို အလည်ခေါ်သွားလို့ ကျေးဇူးတင်ပါတယ်။

  • ဘဲဥ

    June 30, 2012 at 11:18 am

    အောက်ဆုံးမှာ ဖြဲမ ငုတ်တုတ်ကြီး

  • မစ္စတာ တောက်တဲ့

    June 30, 2012 at 12:58 pm

    သူတို့နိုင်ငံက တိရစ္ဆာန်ရုံက မိုက်ဒယ်ဟ
    အနော်တို့ ရန်တုန်ဂ တိရစ္ဆာန်ရုံဂဒေါ့ …
    ပြောတော့ပါဘူး ..
    ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို ဖြစ်နေမှာစိုးလို့ ..

    ဒါနဲ့ အောက်ဆုံးပုံက
    ငစိန်ဗိုက် အမျိုး မဟုတ်လားဂျ …
    (ဦးအောင် ဆော်ထားတာ … 😀 )

  • kyi phyu

    June 30, 2012 at 1:08 pm

    SKY RANGER စီးချင်လိုက်တာ
    မမြင်ဘူးတဲ့ တိရိစာ္ဆန်လေးတွေလဲတွေ့ရတယ်…
    ကျေးဇူးပါအန်တီအေးရေ..

  • snow white

    June 30, 2012 at 3:01 pm

    ကိုယ့်မျိုးတွေ ပုံသိပ်မပါတော့ မကျေနပ်ဘူးနော် တကယ့်ကိုအားပေးသွားပါတယ် ။

  • myanmarcitizen

    June 30, 2012 at 4:30 pm

    တော်တော်လေး လှတဲ့ တိရစ္ဆာန်ရုံပဲ။ ဓါတ်ပုံလေးတွေ တင်ပေးတဲ့အတွက်ကျေးဇူးပါ

  • aye.kk

    July 1, 2012 at 1:14 pm

    ကွန်မန်းပေးသူအပေါင်း..
    အားလုံးကိုကျေးဇူးတင်ပါကြောင်းပြောလိုက်ပါရစေ။။

  • ရွာစားကျော်

    July 1, 2012 at 3:49 pm

    ကြိုးကြာနီလေးတွေက ချစ်စရာကောင်းလိုက်တာဗျာ..

Leave a Reply