ဆဲရေးခြင်းအကြောင်း

naywoon niJune 29, 20121min19317

ဆဲတဲ့ အကြောင်းနဲ့ ပတ်သက်ပြီလိုက်ရှာကြည့်တော့ သုခမှတ်စု စာမျက်နှာ 205 နဲ့ 206 မှာ ဒီလိုတွေ့တယ်…။
ရဟန်းတို့ ဆဲရေးခြင်း ၁ဝ ပါး။
၁။ ဇာတိ = ယုတ်မာသောအမျိုးဟု ဇာတိကိုပြ၍ ဆဲရေးခြင်း
၂။ နာမ = ယုတ်မာသောအမည်ကို ဖော်ခြင်း
၃။ ဂေါတ္တ= ယုတ်မာသောအနွယ်
၄။ ကမ္မံ = ယုတ်မာသောအမှု
၅။ သိပံ္ပ = ယုတ်မာသောအတတ်
၆။ အာဗာဓ= ယုတ်မာသောအနာ
၇။ လိင်္ဂ ိ ကံ = ယုတ်မာသောအသွင်
၈။ ကိလေသာ = ယုတ်မာသောကိလေသာ
၉။ အာပတ္တိ = ယုတ်မာသောအာပတ်
၁၀။ အက္ကောသော= ယုတ်မာသော ဆဲရေးခြင်း
လူတွေ ဆဲရေး တာရှာပါတယ်ဆိုကာမှ ရဟန်းတို့ ဆဲရေးခြင်း ၁ဝ ပါးတဲ့ ဆရာကြီး သုခ တို့ကတော့ လုပ်ချလိုက်ပြန်ပြီ…။ အဲဒိတော့ကာ လူတွေလည်း ဒီလိုဆဲရေးတယ်လို့ ယူရင် တစ်ခွန်းဆဲပြီးတိုင်း ဘယ် ဆဲရေးနည်းနဲ့ ဆဲမိသလဲ သရုပ်ခွဲကြည့်ကြဦးပေါ့….။ သူကြီးမြှောက် ပေးတာနဲ့ အဆဲ ဋီကာရေးကြည့်မလို့ဟာ…..။ ကျုပ် က ကကြီးကနေ အအထိ ဆဲတတ်တဲ့ ကောင်နဲ့ သူငယ်ချင်းဖြစ်ဖူးတယ်လေ….။ ဆဲတယ်ဆိုတာကို ကျုပ်က မကြိုက်ပါဘူး…။ ကျုပ်ကိုလာဆဲတဲ့ အခါ ပိုပြီးတော့ တောင်မကြိုက်သေးတယ်…။ အဟီးး ကိုယ်က သာဆဲချင်တာ ကိုယ့်လာဆဲရင် မကြိုက်ချင်ဘူး…။ ဒီတော့ဘာလုပ်သလဲ ကိုယ်က ဘယ်လိုအပြု အမူ မျိုးမှာ ဆဲတတ်သလဲ စဉ်းစား …..။ အဲဒိလို အပြုအမူ မျိုး မလုပ်မိအောင်ကြိုးစား ……။ အဲဒိလို ထိန်းလိုက်တာပဲ…။ ကိုယ်မှမကြိုက်ရင် သူဘယ်ကြိုက်မလဲ….။ စကားကြီး စကားကျယ်ပြောရရင် ကိုချင်းစာ တရားပေါ့….။ ဒီလိုလေး ထိန်းထားရင် ဆဲတာလျော့ပါးသွားမလားလို့….။ ကိုယ်မတတ်နိုင်တဲ့ အလိုမပြည့်မှုတို့ အလိုမကျမှုတို့ တော့ မတတ်နိုင်ဘူးပေါ့….။ ဆဲတာဘယ်က စသလဲ ဆိုတော့ လူတွေ ယဉ်ကျေးလာတာက စသတဲ့…။ ဘာလို့လဲ ဆိုတော့ အရင်က ထစ်ကနဲ့ ရှိ လူချင်းရိုက်တာကိုး….။ နောက်တော့ လူချင်းရန်မဖြစ်တော့ပဲ ပါးစပ်နဲ့ ဆဲရင်း ရန်ဖြစ်ရာက အဆဲ စခဲ့ ဆိုလား ပဲ…။ ပြောသံကြားဖူးတာ…။ အဲဒိတော့ စစ်ပွဲတွေ အဓိကရုဏ်းတွေ မဖြစ်ကြပဲ … လူတွေချင်း ထိုင်ဆဲနေကြရင် ကောင်းမလားလို့ တွေးကြည့်မိတာလေးပါ……..။

နေဝန်းနီ

17 comments

  • မစ္စတာ တောက်တဲ့

    June 29, 2012 at 10:03 pm

    ဦးနေရေ …
    မဆဲမိအောင် ထိန်းရတယ် …
    တယ်တော့ လွယ်လှဘူးဗျ …

    ဦးနေပြောသလိုပဲ ..
    သူများတော့ ဆဲတယ်
    ကိုယ့်ဆဲတော့ ကြိုက်ဘူး ..
    ဒါကြောင့်မို့ ကျနော်လည်း မဆဲမိအောင်ဆိုပြီး ထိန်းတယ် ..
    အဲ .. ထိန်းပါမှ လွှတ်ခနဲ ထွက်ထွက်သွားတတ်တာကလား …
    အဲဒီလို သတိလေးကပ်ပြီး မဆဲမိအောင် ကြိုးစားတော့မှ ..
    ကိုယ်တစ်နေ့ ဘယ်နှခါလောက်များ ဆဲမိသလဲဆိုတာ တွေ့သွားရတယ်ဗျ …

    ဪ .. မကောင်းမှုလုပ်ဖို့ဆို တယ်လွယ်ပါကလားကွယ်တို့ … (ကြီးကြီးကျယ်ကျယ်) 😀

  • Phoo Pwint

    June 29, 2012 at 11:12 pm

    ဟုတ် နောက်ဆို ဆဲ ရဲတော့ဘူး..

  • ချမ်းချမ်း (ရွာသူလေး)

    June 29, 2012 at 11:19 pm

    မီးမီးလဲ ဆဲတော့ဝူးနော်..:D

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 30, 2012 at 12:07 am

    ဆဲရေးတိုင်းထွာမိခဲ့ခြင်းအကြောင်းများကို တောင်းပန်ပါတယ်ခင်ဗျာ

  • Mလုလင်

    June 30, 2012 at 1:50 am

    ဆဲ တယ်ဆိုတာမကျေနပ် မှု ကို အနီးစပ် ဆုံးဖွင့်ထုတ် ခြင်း တစ်မျိုးလို့ ဖတ်ဖူးပါတယ်။ ဆဲ တဲ့အလေ့အထ ကိုအားမပေးချင်ပါ။
    အဲနေဦး … ခုပဲ Sky Net လာတဲ့ ငြိမ်းချမ်းခြင်း နှင်းဆီ မှာ ဒီ ပိုစ့် နဲ့ သဘောတူ တဲ့ ပြက်လုံး လေး တစ်ခု ပါသွားပါကြောင်း ……..
    အဲ့လို မျက်နှာခြင်း ဆိုင်ပြီး ထိုင်ဆဲ နေကြရင် တော့ အဆင်ပြေ နိုင်တယ်ဗျနော့ .. လူလဲ မသေ မီးလဲ မလောင် … အသံ ပဲ ဝင် သွားမယ်။ နားတော့ ငြီးမယ် ဗျို ့ ………..။

  • ဦးဦးပါလေရာ

    June 30, 2012 at 7:15 am

    ဆဲတာကတော့ ကျုပ်အရင်က ကျင်လည်ဘူးတဲ့ ဝန်းကျင်မှာ
    ပုံမှန် လုပ်နေကျ အလုပ်ပဲ…
    ဆဲတာ မပါရင် သိပ်အလုပ်မဖြစ်တဲ့ နေရာတွေလဲ ရှိတယ်ဗျ…. 🙂

  • သားဦး၊မြေးဦး

    June 30, 2012 at 11:45 am

    ဆရာ နေဝန်းနီရေ မှတ်သားသွားပါတယ်။

    ၁။ ဇာတိ = ယုတ်မာသောအမျိုးဟု ဇာတိကိုပြ၍ ဆဲရေးခြင်း
    ၂။ နာမ = ယုတ်မာသောအမည်ကို ဖော်ခြင်း
    ၃။ ဂေါတ္တ= ယုတ်မာသောအနွယ်
    ၄။ ကမ္မံ = ယုတ်မာသောအမှု
    ၅။ သိပံ္ပ = ယုတ်မာသောအတတ်
    ၆။ အာဗာဓ= ယုတ်မာသောအနာ
    ၇။ လိင်္ဂ ိ ကံ = ယုတ်မာသောအသွင်
    ၈။ ကိလေသာ = ယုတ်မာသောကိလေသာ
    ၉။ အာပတ္တိ = ယုတ်မာသောအာပတ်
    ၁၀။ အက္ကောသော= ယုတ်မာသော ဆဲရေးခြင်း

  • မြတ်ကျော်သူ

    June 30, 2012 at 3:21 pm

    တစ်ချို့များ ဆဲကြရင် သိပ်ချစ်စရာကောင်းဆိုပဲဗျ…
    ဥပမာ ဆရာတော်ကြီးတွေရဲ့ အတ္တုပတ္ထိတွေမှာ ဖတ်ဖူးတယ်..
    တစ်ချို့ ဆရာတော်ကြီးတွေဆဲတာက “ဟဲ့..ခွေးသား” တဲ့..
    ဆဲခံရတဲ့သူတွေကလည်း ကျေနပ်ဆိုပဲ…
    ဟီး..အဲဒီလိုမျိုးဆဲတာကိုကျ ဘယ်လိုပြောမလဲ မသိဘူး…

  • snow white

    June 30, 2012 at 4:02 pm

    ဆဲတာ ဘယ်လိုမျိုးလည်းလို့မေးရင် ရွာထဲက ဝိုင်းပြောမှာပေါ့နော် လူတိုင်းဆဲဖူးမယ်လို့ထင်တယ် ဟီးးးးးးးးးးး။ပြေးနိုင်မှလွတ်မယ်။

  • MaMa

    June 30, 2012 at 7:43 pm

    ဘိုနီ ဘာတွေများ ပေါက်ကွဲနေသလဲ မသိဘူး။
    ဆဲရေးခြင်း အကြောင်းတွေချည်းပဲ ရေးနေပါလား။ 🙁

  • surmi

    July 1, 2012 at 12:36 am

    အဘနီ ရေ …
    ကျနော်ကတော. မဆဲဖို.ကြိုးးစားပါတယ်ဗျာ သို.သော် တခါတရံတော.လဲ
    ဒီရွာထဲတော. မဆဲဖူးပါဘူး …ဒါပေမဲ. ကားသမားဖြစ်ခဲ.စဉ်ကာလတုန်းကတော.
    မိုးလင်းလို. စီယာတိုင် ကိုင်ပြီးကားစထွက်တာနဲ. ဆဲလိုက်ရတာ နောက်ဆုံး ကားရပ်တော.မှ
    ဆဲတာလဲ ရပ်တော.သဗျ ။ ခုတော.လဲ …..?

  • လတ်လတ်

    July 1, 2012 at 9:55 am

    အဲ သာမန်ဆိုရင်တော့ဆဲချင်ပါဘူးဗျာ…..
    တစ်ခုခု(ကား၊ဆိုင်ကယ်)မောင်းပြီးလမ်းသွားရင်တော့ ဆဲချင်တာ လတ်လတ်ကိုထနေတာပဲ…..
    စက်ဘီးဆို လက်မပြဘဲ ဆတ်ခနဲ ကွေ.လိုက် ဆိုင်ကယ်ဆို အတင်းကျော်တက်လိုက် အချက်မပြဘဲကွေ.လိုက်နဲ. လှမ်းအော်မိရင်လည်း ကိုယ်ပဲမှားမိသလိုလိုနဲ. ဂျိုပေးခံရသေးတယ်
    ကားသမားတွေကိုတော့ကိုယ်ချင်းစာပါတယ်…..

  • ကြောင်ကြီး

    July 2, 2012 at 8:52 am

    စစ်တပ်ထဲမှာ အထက်အရာရှိကဆဲရင် သိပ်ဂုဏ်ယူဂျသဒဲ့။ အဲသလိုကောင်တွေ အရပ်ဖက်အုပ်ချုပ်ရေးရောက်လာတော့ ကံဆိုးသူမောင်ရှင်များခမျာ အတိတ်ဝဋ်ကျွေး အတော်ဆပ်ကြရသဗျ။ များသောအားဖြင့်တော့ စက်ရုံအလုပ်ရုံဆိုင်ရာဖက်တွေမှာ ဖြစ်တာများတယ်။ ကျနော်လည်း ဒီရောက်လာခါစ လည်လည်ဝယ်ဝယ် မရှိတဲ့ မြန်မာတွေ ဈေးဆိုင်၊ စားသောက်ဆိုင်လို အများနဲ့ဆက်ဆံရတဲ့ နေရာတွေမှာ အလုပ်လုပ်ဖို့ရှိတယ်ဆိုရင် ကပ်စတန်မာကို မနက်တွေ့တွေ့ဂျင်း good morning, fuck you လို့နှုတ်ဆက်ဖို့ အင်္ဂလိပ်စကားပြော သင်ပေးလေ့ရှိဒယ်။

  • Shwe Ei

    July 2, 2012 at 10:31 am

    ကိုယ့်သယ်ဂျင်း အချင်းချင်း ချစ်စနိုးနဲ့ဆဲတာကြ နားထောင်လို့ကောင်းပါတယ်ဗျ။ မုန်းတဲ့ စိတ်နဲ့ထိုင်ဆဲနေတာကြ နားဝင်မချိုဘူးပေါ့ဗျာ။ မနေနိုင်တဲ့ လူတွေကတော့ ဆဲကြတာပါဘဲ 🙂

Leave a Reply