သေချိန် ကို ကြိုသိစေနိုင်သော အာနာ ပါန သတိပဌာန်………..

Khin Thida SoeJune 28, 20101min1133

သေချိန် ကို ကြိုသိစေနိုင်သော အာနာ ပါန သတိပဌာန်

ကိုယ်သေရမယ့် အချိန် ကို ကြို တင် ပြီး အတိအကျ သိခြင်းဟာ ကိုယ့် အတွက် လောကီ
ဘက်မှာရော၊ လောကုတ္တရာ ဘက်မှာပါ တန်ဖိုးမဖြတ်နို်င်ပါဘူး။
မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ရမယ့် အခက်အခဲ တစ်ခု အတွက် ကြိုတင်ပြင်ဆင်ခွင့်
ရမယ်၊ ကြိုတင်ပြင်ဆင် ထားနိုင်မယ် ဆိုရင် အဲဒီ အခက်အခဲ ကို အလွယ်တကူ နဲ့ သက်သက်
သာသာ ကျော်လွှားနိုင် မှာပါ။ သေမှာ ကို ကြိုသိရင် သေဖို့ အတွက် ကြိုတင်ပြင်ဆင်နိုင်တာပေါ့။
အကောင်းဆုံး သေခြင်းနဲ့ သေခွင့်ရအောင် လေ့ကျင့်ထားနိုင်တာပေါ့။
သေခြင်းတရား ဘယ်အချိန်မှာ လာမလည်း၊ ကိုယ့် ဘက်ကတော့ သေဖို့ အဆင်သင့်ပဲ
လို့ ကြွေးကြော် နိုင်ဖို့ အတွက် သေခြင်းတရားကို ကြိုတင်လက်ခံထားဖို့ လိုအပ်ပါတယ်။
သေခြင်းတရားကို ကြိုတင် လက်ခံထားပြီး တာနဲ့ တပြိုင်နက် သေဖို့ အဆင်သင့် ဖြစ်စေမယ့်
အလုပ်တွ ကို မမေ့ မလျော့ ပြုလုပ်အားထုတ် ရပါမယ်။
သေခြင်းတရား က အပြီးတိုင် လွတ်မြောက်စေ မယ့်အလုပ်၊ အသေလွတ်ကြောင်း
အလုပ်တွေကို လုပ်ထားနိုင်ရင် တော့ အကောင်းဆုံးပါပဲ။
အသေလွတ်ကြောင်း အလုပ်ကို ဆုံးခန်းတိုင်ရောက် ကိစ္စပြီးမြောက်အောင် လုပ်ထားနိုင်သူ
အတွက် တော့ သေခြင်းတရားဟာ ထိပ်လန့်တုန်လှုပ်စရာ မဟုတ်ပါဘူး။ ပြုံးပျော် ကြည်နူးစရာပါ။
မသိခြင်းငါးပါး နဲ့ အသက်ရှင်နေတဲ့ လူသားတွေအတွက် ကိုယ်သေရမယ့် အချိန်ကို
ကြိုတင်ပြီး အတိအကျ သိဖို့ဆိုတာ အင်မတန်ခက်ခဲ တဲ့ ကိစ္စရပ်ကြီးဖြစ်ပါတယ်။ ဒါပေမယ့်
အခက်ခဲ့ဆုံး ကိစ္စကို အလွတယ်တကူ သိနိုင်တဲ့ နည်းလမ်းရှိပါတယ်။ အဲဒါကတော့
အာနာ ပါန ကမ္မဌာန်း အားထုတ်ခြင်းပါပဲ
အာနာပါန သတိပဌာန် တရားပွါး များအားထုတ် လို့ရဟန်း ကိစ္စပြီး မြောက်သွားတဲ့
ရဟန္တာ ပုဂ္ဂိုလ် မြတ်များ ဟာ မိမိတို့ ပရိနိဗ္ဗာန်ပြုရမယ့် အချိန်အခါ ကို မိနစ်၊ စက္ကန့် မလွဲ
အတိအကျ ကြိုတင်သိမြင်နိုင်ပါတယ်၊
ရဟန္တာ ပုဂ္ဂိုလ် ဆိုတာ အသာထားပါ…အာနာပါန သတိပဌာန် ကို အထိုက်အလျောက်
ပေါက်မြောက် အောင် ပိုင်ပိုင် နိုင်နိုင် အားထုတ် ထားတဲ့ ပုထုဇဉ် ယောဂီ တွေတောင်မှ ကိုယ်
သေရမယ့် အချိန်ကို ကြိုတင်ပြီး သိနိုင်ကြပါတယ်၊ တချို့လည်း အနီးစပ်ဆုံး သိနိုင်ကြပါတယ်။
ကြိုတင်သိနိုင် တဲ့ အတွက် ကိုယ့် အလောင်းကို ကိုယ် တိုင် ကြိုတင်ပြင်ဆင်သွားသူတွေ
ကြိုတင်စီမံ ပြောကြားသွားသူတွေ အများကြီးရှိပါတယ်၊ သေခါနီး မှာကိုယ့်ဘာသာ ရေမိုးချိုး
အဝတ်အစား အသစ်လဲ၊ အသုဘ မှာ လှူဖို့ မှာကြားပြီး ပြုံးပြုံး လေး သေသွားတဲ့သူတွေ
အများကြီး ရှိပါတယ်။
သေမယ့် အချိန် ကို ကြိုသိပြီး စနစ် တကျ ပြင်ဆင် သေသွားနိုင်တာ ဟာ အာနာပါန သတိပဌာန်
၊အာနာပါန ကမ္မဌာန်း၊ ရဲ့ အကျိုးကျေးဇူးပါဘဲ။
သေရမယ့် အချိန်ကို ကြိုသိခြင်း ဟာ မင်္ဂလာ တစ်ပါးပါ၊ ကျန်းမာစွာ အသက်ရှင် ခြင်းဟာ
လည်း လာဘ်ကြီးတစ်ပါးဖြစ်သလို ချမ်းသာစွာ သေဆုံးခြင်း ဟာလည်း လာဘ်ကြီးတစ်ပါး ဖြစ်
ပါတယ်။
ဘဝပြတ် အောင် အားမထုတ် သေးသူအတွက် သေခါနီး မှာ တမလွန်ဘဝကူးကောင်းဖို့
အလွန်အရေးကြီးပါတယ်၊ သေရမယ့် အချိန်ကို ကြိုတင် သိရင် ဘဝကူးကောင်းဖို့ အတွက်
စိတ်တိုင်းကျ ကြိုတင်ပြင်ဆင် နိုင်ပါတယ်။
သေရမယ့် အချိန် ကို ကြိုတင်သိချင်တယ် ဆိုရင်တော့ အာနာပါန သတိပဌာန် တရားကို
လေးလေး စားစားပွား များအားထုတ်ကြရုံပါဘဲ။ အာနာပါန ကမ္မဌာန်း ကို ဝမ်းမြောက်ဝမ်းသာ
အားထုတ်ကြဖို့ တိုက်တွန်းပါတယ်။

ဒီအကြောင်းအရာလေးကတော့ အမြဲတမ်းနားထောင်ဖြစ်တဲ့
အရှင်ဆန္ဒာဓိက ရဲ့ တကယ် မသေခင် အစမ်းသေကြည့်ရအောင်ဆိုတဲ့
တရားခွေထဲက အချက်လက်လေးတွေကို နားလည်သလို ပြန်ရေးပြထားတာပါ ။

3 comments

  • zamte

    June 28, 2010 at 5:37 am

    ခုလို ဘာသာရေးဆိုင်ရာ ပို့စ်တွေဖတ်ရတာ စိတ်ချမ်းမြေ့ရပါတယ်။ အာနပါန သတိပဌာန်နဲ့ သေချိန်ကို ကြိုသိနိုင်တယ်။ မကြောက်မရွံ့ ရင်ဆိုင် နိုင်တယ်ဆိုတာတွေလည်း စာပေထဲမှာ ဖတ်ရှုမှတ်သားဖူးပါတယ်။ အဲတော့ ကျနော့်အနေနဲ့ စာရေးသူကို တောင်းဆိုလိုတာက ဒီလိုအကျိုးများတဲ့ သတိပဌာန်တရားကို မှတ်ရှုပုံ နည်းလမ်း၊ ဆောင်ရန် ရှောင်ရန်တွေကို ပို့စ်တခုအဖြစ်နဲ့ ထပ်မံတင်ပြပေးစေချင်ပါတယ် ခင်ဗျာ။

  • Shwemannmay

    June 28, 2010 at 6:47 am

    အော် အကျိူးများတာတော့ အမှန်ပဲ ဒါပေမယ့်လို ့တစ်ချိန်လုံး လှုပ်လှုပ်ရှားရှားနေလာသမျှ တရားလည်းထိုင်ရော ၂မိနစ် ၃ မိနစ်ကိုတောင် အတော် ထိန်းရခက်တာ စိတ်က

Leave a Reply