နှုတ်ဆက်လိုက်ပါတယ် ကိုနေမင်း

ဖိုးထောင်June 30, 20123min21320

ကျနော်ဒီပို့စ်လေးတင်ဖို့ တစ်နေကုန်ကွန်မကောင်းတာနဲ့ အခုလဲ ဘယ်လိုလာဦးမလဲမသိဘူး ဒီပို့စ်နဲ့ ဒီပုံလေးတွေကျနော့်ကို တော်တော်လေး ဒုက္ခပေးတယ် ဒီပုံလေးတွေရိုက်ဖို့လည်း ကျနော်တော်တော်လေး အချိန်ပေးလိုက်ရတယ်ဗျာ

 

 

 

 

 

 

 

 

 

 

 

ဟမ်မလေး တော်တော်တင်ယူရတဲ့ ကောင်းလိုက်တဲ့ ကွန် ၂ ပုံတင်လိုက်ကျသွားလိုက် ၁ ပုံတင်လိုက်ကျသွားလိုက် နည်းနည်းလေးတင်ရင်လည်း သူဂျီးမကြောက်ရ ဖြဲမနဲ့ဘဲဥမက ဝမ်းလျှောအောင်လုပ်ဦးမယ်

 

ဖိုးထောင်ရဲ့ လက်ကမြင်းချက်များ

 

20 comments

  • သခင် .. ချစ်ရင်ထူး

    June 30, 2012 at 12:17 am

    ပုံတွေက မိုက်တယ်နော် .. နှုတ်ဆက်ပြီးရင် နောက်နေ့မနက်ကျ စောစောထပြီး ကြိုဆိုလိုက်ဦးနော် ..
    ပုံတွေက ထပ်နေသလား လို့ .. ကော်နရှင် မကောင်းတဲ့ကြားက တင်ပေးလို့ ကျေးဇူးတင်ပါတယ် ..
    စောင့်မျှော် အားပေး နေမယ်နော် ..
    ခင်တဲ့
    ချစ်ရင်ထူး.( သခင်)

  • ဖိုးထောင်

    June 30, 2012 at 12:57 am

    အိပ်ချင်မူးတူးနဲ့ တင်တာထပ်သွားလားမသိ မထူးတော့ပါဘူး မဖျက်ရက်လို့ ဒီအတိုင်းပဲထားလိုက်တော့မယ်

  • Mလုလင်

    June 30, 2012 at 1:53 am

    ပိုစ့် ပိုင်ရှင် ရေ .. အားပေးပါတယ်ဗျာ နော့ .. ဒါပေမယ့် လေ location ကလဲ တူ angle ကလဲ တူ ဆိုတော့ ပုံတွေကြည့်ရတာ အားမရဘူးဗျို ့ ….။ ဒါပေသိ … အားပေးပါတယ် နော့ ။

  • ကျိကုန်း

    June 30, 2012 at 8:34 am

    လောကကြီး
    နေညှိချိန်တိမ်တောက်ပြီ
    တရားထိုင်ချိန်ရောက်ပြီ
    ဥုံ မာနီ မာနီ ဟုန်

  • mamanoyar

    June 30, 2012 at 9:17 am

    အရမ်းလှပါတယ်
    နေဝင်ချိန်အလှက တကယ့်ကို
    ချစ်စရာကောင်းပါတယ်

  • မောင်ပေ

    June 30, 2012 at 9:52 am

    အလှမ်းမဝေးတဲ့ မန်းတလေးသား ကဖိုးထောင်ရဲ့ ရိုက်ချက်များ
    အားရပါးရ ကြည့်တယ်ဗျား။
    စကားမငရုတ်
    one day တုန်းက ဖေ့စဘုတ်မှာ ဖတ်ခဲ့ရတာ
    မန်းတလေး လာမယ့် ကောင်မလေးကို
    နန်း ပြမယ်
    တောင် ပြမယ်
    ကျုံး ပြမယ် …တဲ့။

  • amatmin

    June 30, 2012 at 9:56 am

    နေမင်းရဲ့ မီးစာကုန် ဆီခန်း.ဖြစ်နေတဲ့အလှကို..
    တစိမ့်စိမ့် ခံစားသွားပါတယ်ဗျ..
    ပုံဆိုဒ်အကြီးတွေ ရွေးမရလို့
    ပုံအသေးတွေပဲ ကြည့်နေရတာတော့ သိပ်မမိုက်ဘူးဗျာ.

  • surmi

    June 30, 2012 at 9:57 am

    ကျုပ်တို ့နေဝင်ချိန်ရောက်တဲ ့အခါဒီလိုလှလှပပလေးဆို
    ဘယ်လောက်ကောင်းလိမ် ့မလဲနော

  • ahnyartamar

    June 30, 2012 at 10:10 am

    တနေ့တာကိုပဲနူတ်ဆက်ပါ။ လောကကြီးကို နူတ်မဆက်နဲ့ပါအုံး။

  • ဘဲဥ

    June 30, 2012 at 10:14 am

    ၉ ပုံမြောက်ပုံလေးကို တော်တော် သလောကျတယ်ဗျာ
    လာထားတစ်ဆယ်

    • ဘဲဥ

      June 30, 2012 at 10:28 am

      သဘောကျတယ် ဟု ပြင်ဆင်ဖတ်ရှု့ပေးပါရန်

  • မဂွတ် ထော်

    June 30, 2012 at 10:23 am

    ဒို့ကတော့
    ပထမပုံကိုသဘောကျတယ်

  • မစ္စတာ တောက်တဲ့

    June 30, 2012 at 2:06 pm

    အနောက်မှာ နေဝင်
    ကြယ်မြင်ပေါ့လေး
    ဝတ်တက်ရန် အချိန်ကျ
    ခွဲကြစို့လေး …… ဆိုတဲ့
    ကဗျာလေးကိုတောင် အမှတ်ရမိသွားပါကြောင်း ..
    ကြိုးစားပမ်းစား တင်ထားသည့်ပုံများအား အားပေးကြည့်ရှုသွားပါကြောင်း …..
    စကားမစပ် ဟိုလေ ဖရဲသီးနဲ့ ဘဲဥမကို မြန်မြန်လေး တွယ်ပစ်လိုက်ပါနော့ ..
    အဲ့ဒါမှ သဂျီးတူမ နာနဲ့ရ .. နာနဲ့ရဟေ့ နာနဲ့ရ ဖစ်မှာ … 😀

  • snow white

    June 30, 2012 at 2:26 pm

    နေသာနေတဲ့ပုံလည်း တင်ပေးပါလား နေဝင်တာဘဲ ရွာ ထဲမှာဘဲတင်နေကျတော့ မြင်ဖူးနေပီ ဒါပေမယ့်တယောက်တမျိုးနေမင်းရဲ့ အလှကို တင်ပြပေးနေတော့ အရမ်း လှ တယ် ခံစားကြည့်ရှုသွားပါသည်။

  • myanmarcitizen

    June 30, 2012 at 3:50 pm

    နှုတ်ဆက်လိုက်ပါတယ် ကိုနေမင်း ဆိုတော့ ဖိုးထောင် အသိတစ်ယောက်ယောက်များ ဂိသွားပြီများလားလို့ 🙂 တော်သေးတာပေါ့ ကျွန်တော်ထင်တာမှားလို့

  • same kyaw

    June 30, 2012 at 3:59 pm

    နုတ်ဆက်လိုက်ပါတယ် ကိုနေမင်းဆို လို့ဟိုလို ဖြစ်သွားပြီးလားလို့ အပြေးအလွားဝင်လိုက်မိပါတယ်။နောက်ဆုံးကြတော့ ဟိုဟာပါလား

  • မြတ်ကျော်သူ

    June 30, 2012 at 4:21 pm

    ဒီလိုပုံမျိုးက Tripod နဲ့ဆိုပိုပြီးအဆင်ပြေမလားလို့…Position ကမငြိမ်တော့ နည်းနည်း feel ပျက်သွား လိုခံစားရတယ်…။
    ပြချင်တဲ့ Theme ကို တိုက်ရိုက်ရောက်နိုင်မယ် ထင်လို့ပါ။

    [နောက်တစ်ကြိမ်တွေ့ရင်…
    ကိုနေမင်းကိုပြောလိုက်ပါဗျာ..
    ကိုလမင်းက ဒေါသထွက်နေတယ်လို့…
    သူ အိပ်ရေးပျက်တယ်တဲ့…]

  • ဖိုးထောင်

    June 30, 2012 at 4:57 pm

    မှန်တာပေါ့ ကိုမြတ်ကျော်သူ ကင်မလာကအချုပ်ကလေး ဆိုတော့ Tripod ဖိုးကတတ်နိုင်ဘူးလေ Tripod တပ်မယ့်နေရာ သွားကြားထိုးတံလေးတပ်ပြီး(အဟီး) ရိုက်လိုက်ရတာ
    ဦးပေကြီးကလည်း fb ဘက်ကဟာတွေကို ဆွဲလာပြန်ပြီ လျှောက်ပြောရဘူးလေ အဟိ တော်ကြာလာမယ့်သူ ကြောက်သွားဦးမယ်

Leave a Reply