သတ္တိရှိမှ စိန်ခေါ်ပါ

ဂေဇက်ထဲ ဘာဘဲ ညာဘဲ သာရကာဘဲ လာမဖေါနဲ့

ငါဘာလည်း မပြောနဲ့ မင်းဘာလည်းမသိခြင်ဘူး

ဒီနေ့ ငါ့စည်းစိမ်တွေကို ဘုံးဘောလအော  အကုန်ဖြုံး အကုန်သုံး

ရှိသလောက်အကုန် တစ်ပြားမှမကျန်အောင် သုံးစွဲပြီးပြီ

ကဲ

ဘယ့်နှယ့်လည်း မင်းရဲ့စည်းစိမ်း ငါ့လိုဖြုံးရဲလို့လား

သတ္တိရှိမှ စိန်ခေါ်ပါ

…………….

.

.

.

.

.

.

.

.

.

.

.

.

.

.

.

 

 

 

 

30 comments

  • ဖိုးထောင်

    June 30, 2012 at 1:13 am

    ကိုအောင်ပုကဗျာကြိုက်တယ်ဗျာ ကျနော့ရောင်းပေးပါလား ရော့ ၂ကျပ် ၁ဝ ပြန်အမ်းဦး

  • လူ ဟား

    June 30, 2012 at 1:20 am

    ကိုမိုက်ကယ်…ဘယ်တုံးက ဘယ်ဂျောင်မှာ သွားကွေးခဲ့တာလဲဟင်… အဲလောက်ဂျီးတော့ သတ္တိမရှိပေါင်….

  • pooch

    June 30, 2012 at 1:27 am

    ဘပုရယ် အဲ့လိုတော့လည်း မရက်စက်ပါနဲ့ ။ ခမျာသနားပါတယ်။ ရန်ဖြစ်တဲ့အခါ ရှိသလို စိတ်ဆိုးတဲ့အခါလည်း ရှိအုန်းမှာပေါ့။ လူတွေပဲဟာ။ အဲ့လိုတော့ ပစ်မထားပါနဲ့။ ပြန်ခေါ်လိုက်ပါ။
    ဒါမျိုးမလုပ်ကောင်းပါဘူး။ စိတ်ဆိုးခဏဆို တော်ရောပေါ့။ 😀

  • မောင်ပေ

    June 30, 2012 at 1:31 am

    အဲဒီအချိန်မျိုးမှာ
    လိင်သူ ချစ်ချစ် ငါးယောက်လောက်ကသာ လာမသွားရင် ဘယ်နှယ့် ဘယ်နှယ့်လို့
    ကိုအောင်ပု အတွက် စိတ်ပူမိတယ်။

  • အရီး Khin Latt

    June 30, 2012 at 4:56 am

    မျက်စိက ခပ်မှုံမှုံ နဲ့ မို့ ညမီးရောင် မှာ မနဲ ကြည့်ယူရတယ်။
    ပထမ လှောင်အိမ် ထဲ မှာ မျောက်ကလေး လား လို့။
    အောက်က ကွန်မန့် တွေဖတ်မှ တစ်ယောက်ယောက် ကွေးအိပ် နေတာ လို့ ဝါးဝါး မြင်မိတယ်။
    ဂါဝန်အဖြူလေး နဲ့ ကောင်မလေး လို့ ထင်တာဘဲ။
    ဘပု တို့များ ကလေးလေး ဖြစ်လိုက်၊ ကောင်မလေး ဖြစ်လိုက် နဲ့။

    ကဗျာ လေး ကတော့ အခု ရက်ပိုင်း ပွိုင့်အလှု ပေးနေတဲ့ သူကြီး ကို များ စိမ်ခေါ် နေလေရော့သလား။ 😛

  • ဦးဦးပါလေရာ

    June 30, 2012 at 6:48 am

    အောင်မငီး..
    အဲဒီနည်းနဲ့တော့ စိန်မခေါ်ပါနဲ့
    ကြောက်ပါတယ် ခည….. 😀

  • ရဲစည်

    June 30, 2012 at 7:28 am

    ညကတည်းက သိရင် ပွဲပီးပီ ကိုပု ဝမ်းလိုင်ဝမ်ဘဲ
    မနေ့ညက ကျုပ်လဲ အမူးလွန်ပီး အခန်းဝမှာတင် အိပ်ပျော်သွားကြောင်း 🙁
    တော်သေးတာပေါ့ အိမ်ပြန်ရောက်လို့……တရေးနိူးမှ အိမ်ထဲအမြန်ဝင်ရကြောင်း
    ဟင်း..ဒါတောင် လမကုန်သေးလို့ လက်ကျန် စည်းစိမ်လေးဘဲ ဖြုံးသေးတာ 🙂

  • kyeemite

    June 30, 2012 at 8:22 am

    ဒါမှ ကိုအောင်ပုကွ..ဆက်လုပ်..(မြှောက်ပေးတာ)
    ဓါတ်ပုံကြည့်ရတာတော့ နိုင်ငံခြားမှာဘဲ..
    ဘာလို့အတတ်ပြောနိုင်လဲဆိုတော့..
    သန့်ရှင်းနေလို့..

  • တေလေငှက်

    June 30, 2012 at 9:04 am

    အဲလောက်တော့သတ္တိမရှိဘူးဗျို့။

  • Shwe Tike Soe

    June 30, 2012 at 9:14 am

    အော်အဲဒါကြောင့် အရက်သောက်တာကို အဖော်နဲ.အပေါင်းနဲ. သောက်ပါလို.ပြောကြတာကိုးးးးးးးးး
    အခုတော့ တစ်ယောက်ထဲ ဖြစ်နေပီ………
    သောက်ရင် ခေါ်ပါလို.ပြောတဲ့ဟာ မခေါ်ပဲတစ်ယောက်ထဲ သွားသောက်တာ နေပေါ့… နဲတောင်နဲသေး ဟွန်….

  • Khaing Khaing

    June 30, 2012 at 9:21 am

    ကိုပု အဲကောင်မလေးက ဘာလုပ်နေတာလဲဟင် ……. ကိုပုကလည်း သူများအိပ်နေတာကို သွားနှောင့် ယှက်နေသေးတယ် … လူဇိုး အိပ်ရေးပျက်တယ် ပြန်အိပ်မယ် ……..

  • surmi

    June 30, 2012 at 9:34 am

    ခုလိုသာဆိုရင်ဖြင် ့ အအေးတွေပတ်ကုန်တော ့မှာပဲ
    သွပ် သွပ် သွပ်

  • ahnyartamar

    June 30, 2012 at 10:01 am

    စိန်မခေါ်တော့ပါဘူး၊ ပွဲကြည့်ပုရိတ်သတ်ပဲ အနေနဲ့ပဲ အားပေးတော့မယ်။

  • ဘဲဥ

    June 30, 2012 at 10:27 am

    သများဒို့က တော့ စိန်မခေါ်ရဲဘာဘူးချင့်

  • ba gyi

    June 30, 2012 at 10:37 am

    မဖြုံးတော့မဖြုံးရဲဘာဘူး–ကအောင်ဘုရေ–
    ကြောက်ပါဘီ ခညာ့
    ကိုအောင်ဘုဂျီး ပြောတဲ့ အဲဒီ သတ္တိဂျီးမျိုးကို ကြောက်လှဘာဘီခညာ့—။

  • amatmin

    June 30, 2012 at 11:01 am

    ဂလိုမျိုးလေးတွေနဲ့သာစိန်ခေါ်လိုက်ရရင်တော့..
    မရှိတဲ့စည်းစိမ်..အကုန်ပြုတ်ရပါလို၏…။ 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    June 30, 2012 at 11:15 am

    ဘာရယ်ဟုတ်ပါဘူးဗျာ တစ်ခါတစ်လေ စာလေးဘာလေးရေးခြင်ပေမယ့် ဘာရေးရမှန်းမသိ
    ရေးမတတ်တာလည်းပါသပေါ့
    ဟိုကလိဒီကလိ ဟိုရိုက်ဒီရိုက် ပုံတွေတင်ခြင်ပေမယ့်လည်း ကိုယ့်လက်ရည်ကိုယ်သိတော့ ( ရှက်လိုက်ဒါ )ဆာဗာကြီးအားနာပါးနာဖြစ်မိပြန်ရော ( အစက်ပြေ )
    ကြုံလို့ ပြောရရင်တော့ ဂေဇက်အယ်ဘမ်ဂလုဆိုပြီး ဓာတ်ပုံသီးသန့်တင်တဲ့နေရာရှိသင့်သလားဘဲ
    ဘယ်လိုမှသဘောမထားပါနဲ့ ရမ်းပြောတာ
    တစ်ခါတစ်လေ ဓာတ်ပုံတွေသီးသန့်ကြည့်ရတော့လည်းဖီးလ်းတစ်မျိုးပေါ့ဟုတ်ဖူးလား
    ( ဟုတ်တယ်ပြောကြပါဗျာ ကွိကွိ )
    တစ်နေ့တုန်းကပေါ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေအကြောင်းဖတ်မိတော့
    တော်တော်ချမ်းသာတဲ့လူတွေဘဲလို့ တွေးမိပါရဲ့
    ကျုပ်ခမျာ သူတို့လောက်ချမ်းသာဘို့မပြောနဲ့
    သူတို့ရှိတဲ့ပိုက်ဆံတွေကို တစ် ကနေထိုင်ရေကြည့်ရင်တောင် သုံးဝါလောက်ဆိုရမယ့်ကိန်းဘဲ
    ( တော်တော်သနားစရာကောင်းတဲ့ကျုပ်ဘဲ )
    ဒါပေသိဗျာ ကျုပ်စားထားတဲ့ထမင်းတွေနဲတာမှမဟုတ်တာ ဘယ်ရမဒုံး
    စိတ်ဓာတ် စိတ်ဓာတ်
    စိတ်ဓာတ်နဲ့ အသက်ရှင်ရမယ်
    ဒီနေ့လောကထဲရှိတဲ့လူ့ချမ်းသာတွေ သူတို့စည်စိမ်ဘယ်တုန်းကများ အကုန်ခံစားဘူးလို့တုန်း
    ကိုယ့်စည်းစိမ်ကိုယ် ကုန်အောင်မသုံးစွဲဘူးတာလည်း အကုသိုလ်တစ်မျိုးဘဲနော
    ညှင်းညှင်းညှင်း ( ဘောဆရာကြီးကို ခရက်ဒစ်ပေးဘာဒယ် )
    သိကြတဲ့အတိုင်းဘဲ သေသွားတဲ့အခါ ဘာများကိုယ့်နောက်ပါတာမှတ်လို့
    ခင်ဗျားတို့ကိုဝေငှတာပါ ကျုပ်ကို အတုယူကြပါလို့တော့ မတိုက်တွန်းပါဘူး 😆
    ဤဘဒ္ဒကဘာထဲ ဖြစ်တောင့်ဖြစ်ခဲလူ့ဘဝမှာ ကျုပ်စည်းစိမ်ခံစားနည်းလေးပါ
    ရှိတဲ့စည်းစိမ်ကို ကုန်အောင်သုံးယုံတင်မဟုတ်ဘူး အကြွေးလေးပါယူထားလိုက်သေးတယ်
    အထင်မသေးပါနဲ့
    ကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင် မတော်နေသေသွားလို့ကတော့
    အကြွေးဆိုတာလေးက စည်းစိမ်အပိုခံစားရခြင်းပေါ့ဗျာ
    ဒါ့ကြောင့်ခင်ဗျားတို့လည်း အရက်အကြွေးသောက်တဲ့လူတွေကို မကဲ့ရဲ့ကြပါနဲ့
    အဲ့ဒါ တော်တော်ကံထူးတာ
    ( ကံ ) တရားအရ သူ့စည်းစိမ်သူအကုန်ခံစားရယုံတင်မဟုတ်ဘူး အဆစ်ကလေးတောင်သုံးစွဲရတဲ့
    နဲဒဲ့ ကုသိုဂျီးမဟုတ်ဘူးလို့ အားကြ ဂျဘာ
    ကြည့်လေ လူတစ်ချို့ဖြစ်ပုံ ကိုယ့်ဥစ္စာကိုယ်အကုန်မသုံးစွဲရတဲ့အပြင် သူများကိုတောင်ပေးလိုက်ရသေး
    အဲ့ဒါမှ ဒဂယ့်ငရဲဘဲ

    • amatmin

      June 30, 2012 at 11:26 am

      ကြည့်လေ လူတစ်ချို့ဖြစ်ပုံ ကိုယ့်ဥစ္စာကိုယ်အကုန်မသုံးစွဲရတဲ့အပြင် သူများကိုတောင်ပေးလိုက်ရသေး
      အဲ့ဒါမှ ဒဂယ့်ငရဲဘဲ..

      အပေါ်က စကားကသဂျီးကို ပြောထားတာကိုးး 🙂

  • စိန်ဗိုက်ဗိုက်

    June 30, 2012 at 11:34 am

    ကိုအောင်ဘု
    အဲဂလိုတော့ မရက်ရှက်တင့်ပါဘူး..
    ရှားပြီးနားမလည် ဝါးပြီးထွေးထုတ် ဘော်လီဘောပုတ်မယ် မကြံပါနဲ ့..
    တာဝန်ယူတတ်တဲ့ရှိတ် စိပါရှေ
    ဒါဘဲပြောမယ်..
    ဒါဘဲ

  • မစ္စတာ တောက်တဲ့

    June 30, 2012 at 2:02 pm

    ဘာပြောဒါ ..
    ဘာပြဒါမှန်ကို သိဘူး ..
    ဒီလူဂျီးလည်း ဟုတ်မလိုလိုနဲ့
    ဟိုလူဂျီးနဲ့ နင်လားငါလားပဲ …
    ခင်ဗျားတို့နှစ်ယောက် အရင်ဖိုက် ..
    ပြီးမှ သူများကို စိန်ခေါ်ဂျ ..
    ကြားလား .. 😀

  • ma haw

    June 30, 2012 at 3:25 pm

    လမ်းဘေးမှာအိပ်နေတာကိုပြောတာလားသတ္တိရှိတယ်ဆိုတာ
    ဘာကိုဆိုလိုကြတာလဲဟင်
    မသိလို့နော်
    (အဲတခု……)
    ကျွန်တော်တို့ရပ်ကွက်ထဲ က အရုူးမကြီးလဲသတ္တိရှိတယ်ထင်တယ်သူလဲအဲလိုအိပ်တယ်
    နောက်တာနော
    မိုက်ကယ်စိတ်ဆိုးနဲ့

  • myanmarcitizen

    June 30, 2012 at 3:31 pm

    ပုပုရေ စိန်မခေါ်ရဲပါဘူးဗျာ။ တော်တော်များသွားတယ်ထင်တယ် ဟလား။အိပ်နေလိုက်တာများ ကွေးနေ တာပဲ။ 🙂

  • mayjuly

    June 30, 2012 at 4:23 pm

    စိန်ခေါ်မှု ဆိုတာ လူမိုက်တွေရဲ့အလုပ် …

    သတ္တိတော့ရှိတယ် .. လူမိုက်တော့မလုပ်ဘူး… ဟိဟိ

    ဝင်ပွားကြည့်တာ ….

  • shwe kyi

    June 30, 2012 at 7:14 pm

    တော်တော်များများ ကိုယ့်စည်းစိမ်အကုန်မဖြုန်းရဲကြဘူးနော်။
    ဖြုန်းရဲတာတော်တာပေါ့ ကိုယ်ရှာထားသမျှ ကိုယ့်ဘာသာဖြုန်းပစ်။
    ရှိပူရသေးကုန်မှအေးပေါ့။

  • MaMa

    June 30, 2012 at 7:53 pm

    သတ္တိမရှိကြောင်းပါ
    ပုပုကို အရှုံးပေးကြောင်းပါ ……….. 😛

  • ရွာစားကျော်

    June 30, 2012 at 8:48 pm

    ကျုပ်တို့ဂတော့ ပုလင်းသာလဲစေရမယ်
    လူမလဲစေရဘူးဗျာ…
    ကမ်းပေ့ ဘပု..ဦးဗိုက်.. အေ့စ်

  • ကြောင်ကြီး

    July 2, 2012 at 6:04 am

    အောင်ပု
    ဗျောင်ထု
    ချောင်လု
    ယောင်အု
    နောင်ကု
    တောင်မှု…။

  • နေဝန်းနီ

    July 3, 2012 at 12:08 pm

    အရက်မူးပြီးလမ်းဘေး အိပ်မှ သတ္တိရှိတာလား …။ ကိုယ့်မှာ ရှိသမျှှ အကုန်ဖြုန်း လိုက်မှ သတ္တိ ရှိတော့မှာလား …။ ဟုတ်တော့ မဟုတ်သေးဘူး…။ နဲနဲလေးတော့ လွဲနေပြီနော်…။ ဘုမ …….။ အေးလေ ငါလည်း တစ်ချိန်တုန်းက အရက်ကြောင့် လီဒိုလမ်းဘေးမှာ အုတ်နီခဲ ခေါင်းအုန်းပြီး အိပ်ခဲ့ဖူးသေးတာပဲ…။ ငါလည်း သတ္တိ ရှိတဲ့သူစာရင်းထဲဝင်သွားပြီလား မသိဘူး…။ စဉ်းစားရင်း မူးသွားတယ်……….။

  • ခပ်မိုက်မိုက် ကောင်မလေး

    July 3, 2012 at 12:33 pm

    အားလုံးကို ဖတ်ကြည့်သွားတယ်ဗျာ…
    အေးဆေးနေတာပဲကောင်းပါတယ်…
    နော့………..:PPPPPPPPP

Leave a Reply