“အမေ့ရုပ်ရည် အမြဲလှနေတယ်”

မလွန်ဆန်နိုင် သင်္ခါရ အမေ့ရဲ့ ဘဝ
ဒီအချိန်မှာ ဇရာထောင်းခဲ့ပြီ
အရွယ်အို ဆံဖြုပြီး သွားကျိုးလို့
ပါးရေ နားရေတွေလည်း တွန့်လိပ်ပြီ…

အမေ့ ဒီအရွယ်ထဲ အလှပျက်နေပြီလား
ဒီ အတွေးတွေ တွေးမိတော့လေ
မီးဖိုချောင်းထဲ အိုးမဲပေနေတဲ့
အမေ့အကဲတွေ လှမ်းကြည့်နေတုန်း…

ဆံပင်တွေဖြု သွားကျိုးပါစေ
ပါးရေ နားရေတွေ တွန့်လိပ်ပစေ
အမေ့ ရုပ်ရည် အမြဲလှနေတယ်…။

ဇရာရေ မေမေ ကမိန်းမချောတစ်ဦးပါ…
မင်းသူ့ကို မထိခိုက်ပါနဲ့နော်…။

မေမေ သို့ ……….
အရမ်းလွမ်းမိလို့ပါနော်…
မိုက်လေး ရေးထားတာတော့ မဟုတ်ပါဘူး…
ခုတစ်လော မိုက်လေး ကဗျာတွေ မရေးနိုင်သေးပါ…
လွမ်းမိလို့ မှန်းဆကာမျှော်တွေး…
အဝေးကပဲ ဆုတောင်း မေမေ ကျန်းမာလို့ ပျော်ရွှင်ပါစေလို့…
သမီး ဆုတောင်းမိပါတယ်…။

ခင်မင်လျှက်….မိုက်လေး

About ခပ်မိုက်မိုက် ကောင်မလေး

ခပ်မိုက်မိုက် ကောင်မလေး has written 36 post in this Website..

   Send article as PDF