“အမေ့ရုပ်ရည် အမြဲလှနေတယ်”

“အမေ့ရုပ်ရည် အမြဲလှနေတယ်”

မလွန်ဆန်နိုင် သင်္ခါရ အမေ့ရဲ့ ဘဝ
ဒီအချိန်မှာ ဇရာထောင်းခဲ့ပြီ
အရွယ်အို ဆံဖြုုပြီး သွားကျိုးလို့
ပါးရေ နားရေတွေလည်း တွန့်လိပ်ပြီ…

အမေ့ ဒီအရွယ်ထဲ အလှပျက်နေပြီလား
ဒီ အတွေးတွေ တွေးမိတော့လေ
မီးဖိုချောင်းထဲ အိုးမဲပေနေတဲ့
အမေ့အကဲတွေ လှမ်းကြည့်နေတုန်း…

ဆံပင်တွေဖြုု သွားကျိုးပါစေ
ပါးရေ နားရေတွေ တွန့်လိပ်ပစေ
အမေ့ ရုပ်ရည် အမြဲလှနေတယ်…။

ဇရာရေ မေမေ ကမိန်းမချောတစ်ဦးပါ…
မင်းသူ့ကို မထိခိုက်ပါနဲ့နော်…။

မေမေ သို့ ……….
အရမ်းလွမ်းမိလို့ပါနော်…
မိုက်လေး ရေးထားတာတော့ မဟုတ်ပါဘူး…
ခုတစ်လော မိုက်လေး ကဗျာတွေ မရေးနိုင်သေးပါ…
လွမ်းမိလို့ မှန်းဆကာမျှော်တွေး…
အဝေးကပဲ ဆုတောင်း မေမေ ကျန်းမာလို့ ပျော်ရွှင်ပါစေလို့…
သမီး ဆုတောင်းမိပါတယ်…။

ခင်မင်လျှက်….မိုက်လေး

13 comments

  • သားဦး၊မြေးဦး

    June 30, 2012 at 11:26 am

    အမေစု ကိုကြိုဆိုသူပေါင်း တစ်သန်းလောက်ရှိမယ်
    ဆိုတာ ဟုတ်ရင်ကောင်းမယ် နော်။ခု ဘယ်လောက်ရှိပါလိမ့်။

  • မဂွတ် ထော်

    June 30, 2012 at 11:33 am

    ဆံဖြူလို့သွားကျိုးပစေ ပါးရေနားရေတွေ
    တွန့်လိပ်ပစေ အမေ့ရုပ်ရည် အမြဲလှနေမှာ………..

  • ခပ်မိုက်မိုက် ကောင်မလေး

    June 30, 2012 at 11:36 am

    ဆံဖြူသွားကျိုးလို့ ပါးရေတွေတွန့်လိပ်ပါစေ…
    အမေ ဟာမာတာမိခင် အနှိုင်းမဲ့အမေပါပဲ….။

  • စိန်ဗိုက်ဗိုက်

    June 30, 2012 at 12:25 pm

    လွမ်းတာလဲ လွမ်းပါ
    လွမ်းတိုင်း သီချင်းစာသားတွေကို ကူးတင်နေမယ်ဆို မနိပ်လှ….

    • မစ္စတာ တောက်တဲ့

      June 30, 2012 at 12:34 pm

      ဟုတ်၏ ..
      မှန်၏ ….
      ငဗိုက်ပြောတာ ဟုတ်လှပါ၏ …
      ဤသို့ ငဗိုက်ကို ထောက်သွား ပါ၏ …. 😀

  • မောင်ပေ

    June 30, 2012 at 12:47 pm

    မထူးပါဘူး
    ဘိုဖြူ ့သီချင်းကို ကူးလာပါတယ် လို ့ပြောလိုက်လဲ
    ဂေဇက်ကလူတွေ နားမဝေးလှပါဘူးလို ့
    ကျုပ်လဲ ဒီပို ့စ်ကို ဖတ်ရင်း ဟိုသီချင်းကို ဆိုသွားတယ်နော
    ““““ စိတ်ပျက်စရာ ””””

  • ဘဲဥ

    June 30, 2012 at 2:38 pm

    နာဒို့လည်း သီချင်းလေးတွေကူးပီးတော့ ….
    သဂျီးမင်း စည်းစိမ် ဖြုံးလိုက်အုံးမှ … :mrgreen:

    • မစ္စတာ တောက်တဲ့

      June 30, 2012 at 2:44 pm

      ဘယ်လို သီချင်းတွေဒုံးဟင်င်င်
      ဟစ်ပဟော့လား၊ ရော့လား၊ ရက်လား ?????
      သိချင်လို့ ….

      • mayjuly

        June 30, 2012 at 3:00 pm

        ဟုတ်ဘူး …copy/ paste တဲ့ .. 😀

  • snow white

    June 30, 2012 at 4:42 pm

    ဘိုဖြူပြန်ဆိုထားတာလည်းကောင်းလိုက်တာ နားထောင်လို့ ကောင်းတယ် မိုက်လေးဆိုလည်းနားထောင်ကြည့်ချင်တယ် ဘယ်တော့လောက်ဆိုပြမလဲဟင်။

  • snow white

    June 30, 2012 at 4:46 pm

    ဘိုဖြူပြန်ဆိုထားတာလည်းကောင်းလိုက်တာ နားထောင်လို့ ကောင်းတယ် မိုက်လေးဆိုလည်းနားထောင်ကြည့်ချင်တယ် ဘယ်တော့လောက်ဆိုပြမလဲဟင်။ဂေဇက်ရွာစုပေါင်းအလှူကျရင် ဆိုပြရမယ်နော်။

  • ဖိုးထောင်

    July 1, 2012 at 2:48 pm

    ခပ်မိုက်မိုက် ကောင်မလေး တော်တော်ကို ခပ်မိုက်မိုက်ပဲ

Leave a Reply