အမေဆိုသည်မှာ……..!!!

အမေဆိုသည်

ရုပ်ရည်အဆင်း လှပခြင်းမရှိလည်း ……………… အမေဟာ အမေပါပဲ
ပညာဉာဏ်အား မမြင် ့မားလည်း ………………. အမေဟာ အမေပါပဲ
ရာထူးဂုဏ်သိမ် ညှိးမှိန်နေလည်း ………………. အမေဟာ အမေပါပဲ
ဥစ္စ္စာဓန မပြည် ့ဝလည်း …………………………. အမေဟာ အမေပါပဲ
ထက်မြက်ထင်ရှား မတောက်ကြွားလည်း………. အမေဟာ အမေပါပဲ
အဆုံးယုတ်စွ ဆုံးမပဲ ့ပြင် မသွန်သင်တောင်……..အမေဟာ အမေပါပဲ
ပိုင်ဆိုင်မှုက နတ္တိပြလည်း လူတကာနဲ ့ယှဉ် သာသည်အစဉ်က အမေ ့မေတ္တာပင်..။

တုနှိုင်းကင်းသော အမေ ့မေတ္တာရည်
နို ့ချိုတွေလည်း တို ့တွေသောက်စို ့ဖူးခဲ ့ပြီ……….။

တုနှိုင်းကင်းသော အမေ ့တေးသံ
စီညံညံမှာလည်း တို ့တွေပျော်ဝင်အိပ်စက်ဖူးခဲ ့ပြီ……။

တုနှိုင်းကင်းသော အမေ ့လက်အစုံ
အားကုန်ပြေးဆွ ဲ တို ့တွေမပြိုလဲအောင် ဖေးမခဲ ့ဖူးပြီ…….။

တုနှိုင်းကင်းသော အမေ ့ရင်ခွင်
ပြေးဝင်တိုးကပ် တို ့တွေဘဝအတွက် အားတက်ခဲ ့ဖူးပြီ…….။

ဆပ်မကုန်ပမာဏမို ့ တို ့တွေလက်မှိုင်ချရမလား။
သေမှ(ခေါင်း)ပုတ် တို ့တွေလုပ်မလား။
ရှိစဉ်ခဏ ဖေးမကြမလား။
နွေးထွေးမှုနဲ ့ ပေးဆပ်ကြမလား။
ဘဝကတိုတို အချိန်ပိုကမရှိ သတိနဲ ့ဉာဏ်ယှဉ်
ပျက်အစဉ် ပြင်ခဏ သိုု ့ပေမယ် ့……။

မို းလွန်မှထွန်ချ
သူခိုးပြေးမှ ထိုးကွင်းထရင်တော ့
ပြန်ရလိုက်မှာက အဆုံးမသတ်တဲ ့နောင်တ……….။။။။။။။။။။။။။

အမေ ဆိုလို့.. အဖေ တို့ကို ပစ်ပယ်ထားခြင်းမဟုတ်ပါဘူးနော်….
မိုက်လေး အဖေ ကိုလည်း အရမ်းသတိရပါတယ်…
အနှိုင်းမဲ့ အဖေပါပဲ….
မိခင်ရဲ့ချစ်ခြင်းလောက်—–
ဘယ်သူ့ရဲ့ချစ်ခြင်းကမှ——
ပိုပြီးမကြီးမားနိုင်သလို——–။

အခြားသူတွေရဲ့————
ဂရုစိုက်တတ်မှုတွေထက်..
ဖခင်ရဲ့ဂရုစိုက်တတ်မှု—-
တွေကပိုပါတယ်———-။
မိုက်လေး အဖေ ကိုလည်း အရမ်းချစ်ပါတယ်….
ဖေဖေ လည်း ကျန်းမာလို့ ပျော်ရွှင်ပါစေလို့…..
သမီး ဆုတောင်းပါတယ်နော်………

လွမ်းလျှက် ……မိုက်လေး

10 comments

  • ခပ်မိုက်မိုက် ကောင်မလေး

    June 30, 2012 at 11:34 am

    မိဘ ကျေးဇူး…
    သိတတ်တဲ့သူများ ဖြစ်ပါစေနော်..။

  • မောင်ပေ

    June 30, 2012 at 12:48 pm

    ဟုတ်ပါတယ်
    ချစ်ပါ
    နောက်လဲ ဘယ်လိုချစ်သင့်သလဲ လုပ်ပါဦး

  • ahnyartamar

    June 30, 2012 at 8:13 pm

    အမေဆိုတာ အဖေ့ရဲ့ ချစ်သူပါ။

  • မောင်ပေ

    June 30, 2012 at 8:19 pm

    ဟုတ်တယ်
    အားလုံးကွက်တိဘဲ
    ဟိုဘက်မှာ ရေးထားတာ သည်လို
    ““““
    အမေဆိုသည်

    ရုပ်ရည်အဆင်း လှပခြင်းမရှိလည်း ……………… အမေဟာ အမေပါပဲ
    ပညာဉာဏ်အား မမြင် ့မားလည်း ………………. အမေဟာ အမေပါပဲ
    ရာထူးဂုဏ်သိမ် ညှိးမှိန်နေလည်း ………………. အမေဟာ အမေပါပဲ
    ဥစ္စ္စာဓန မပြည် ့ဝလည်း ………………. အမေဟာ အမေပါပဲ
    ထက်မြက်ထင်ရှား မတောက်ကြွားလည်း……………အမေဟာ အမေပါပဲ
    အဆုံးယုတ်စွ………….
    ဆုံးမပဲ ့ပြင် မသွန်သင်တောင်………………………အမေဟာ အမေပါပဲ
    ပိုင်ဆိုင်မှုက နတ္တိပြလည်း
    လူတကာနဲ ့ယှဉ် သာသည်အစဉ်က အမေ ့မေတ္တာပင်………

    တုနှိုင်းကင်းသော အမေ ့မေတ္တာရည်
    နို ့ချိုတွေလည်း တို ့တွေသောက်စို ့ဖူးခဲ ့ပြီ……….
    တုနှိုင်းကင်းသော အမေ ့တေးသံ
    စီညံညံမှာလည်း တို ့တွေပျော်ဝင်အိပ်စက်ဖူးခဲ ့ပြီ……
    တုနှိုင်းကင်းသော အမေ ့လက်အစုံ
    အားကုန်ပြေးဆွ ဲ တို ့တွေမပြိုလဲအောင် ဖေးမခဲ ့ဖူးပြီ…….
    တုနှိုင်းကင်းသော အမေ ့ရင်ခွင်
    ပြေးဝင်တိုးကပ် တို ့တွေဘဝအတွက် အားတက်ခဲ ့ဖူးပြီ……..
    ဆပ်မကုန်ပမာဏမို ့ တို ့တွေလက်မှိုင်ချရမလား
    သေမှ(ခေါင်း)ပုတ် တို ့တွေလုပ်မလား
    ရှိစဉ်ခဏ ဖေးမကြမလား
    နွေးထွေးမှုနဲ ့ ပေးဆပ်ကြမလား
    ဘဝကတိုတို အချိန်ပိုကမရှိ
    သတိနဲ ့ဉာဏ်ယှဉ်
    ပျက်အစဉ် ပြင်ခဏ
    သိုု ့ပေမယ် ့……
    မို းလွန်မှထွန်ချ
    သူခိုးပြေးမှ ထိုးကွင်းထရင်တော ့
    ပြန်ရလိုက်မှာက အဆုံးမသတ်တဲ ့နောင်တ……………………
    (ထားသစ္စာ)
    ”””””
    ခရက်ဒစ် (ထားသစ္စာ) ပါနော် ၊ ကွန်မင့်ထဲမှာ ကူးတဲ့အတွက်
    တဲ့
    ဆိုတော့က
    ဘယ်သူက ဘယ်သူပါလဲ
    ခပ်မိုက်မိုက်ကောင်မလေး က (ထားသစ္စာ) ဆိုတာ မဟုတ်ရင်
    နောက်တစ်ခါ တခြားဝက်ဆိုက်တွေက ကူးလာမယ်ဆိုရင်
    ခရက်ဒစ် ပေးပါနော် ။
    ခင်မင်စွာဖြင့်
    မောင်ပေ ( ဘာကောင်မှမဟုတ်ဘဲ ၊ အမုန်းခံပြီး ဝင်ပြောသည် )

    • myanmarcitizen

      July 2, 2012 at 1:57 pm

      “ခပ်မိုက်မိုက်ကောင်မလေး က (ထားသစ္စာ) ဆိုတာ မဟုတ်ရင်
      နောက်တစ်ခါ တခြားဝက်ဆိုက်တွေက ကူးလာမယ်ဆိုရင်
      ခရက်ဒစ် ပေးပါနော် ။
      ခင်မင်စွာဖြင့်
      မောင်ပေ ( ဘာကောင်မှမဟုတ်ဘဲ ၊ အမုန်းခံပြီး ဝင်ပြောသည် )”

      ကျေးဇူးပါ ကိုကျိီးပေ 🙂
      ကျွန်တော်ကျန်ခဲ့တာလေး ပြောပေးထားလို့။

      • မောင်ပေ

        July 2, 2012 at 2:10 pm

        အမှန်က
        ကို / ဦး / အမ / အဒေါ် myanmarcitizen ကို ကျေးဇူးတင်ရမှာ ခင်ဗျ
        ကျုပ်လို မန်းဂေဇက်ကလွဲရင် ၊ တခြားဆိုက်တွေ သိပ်မသွားတဲ့လူတွေမျိုးတွေကြ
        အမှန်အမှား မသိရဘူးလေ။
        နောက်လဲ သတိပေးလေးတွေ လုပ်ပါဦးနော
        ကျေးဇူးတင်စွာဖြင့်

  • ဖိုးထောင်

    July 1, 2012 at 2:46 pm

    အော် အန်ကယ်ဦးပေ အတော်အမုန်းခံတာပဲ ဖရဲမနဲ့ဘဲဥမကကျ သိပ်အနောက်သန်တာ ဟေဟေ့

    • မောင်ပေ

      July 2, 2012 at 2:11 pm

      ကျုပ်အရပ်က၆ပေ
      ဆိုတော့က
      ရှည်တယ်လို ့ပြောလို ့ရမှာပါနော
      ဟီဟိ

Leave a Reply