Shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ သတိထားကြပါ။

cobraJune 28, 20101min19111

ကျွန်တော့် သူငယ်ချင်း က သူ ့အစ်မ ရင်ဆိုင် ကြုံတွေ ့ခဲ့တာတွေကို ကျွန်တော့
ကိုပြောပြတယ် ဘလောက်မှာတင်ပြီး အသိပေးပေးဖို ့ကိုလည်း ကျွန်တော့်ကို
တောင်းဆိုတယ်လေ။ ဖြစ်ပုံက ဒီလို……..တဲ့

ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့
ဒီလိုပြောပါတယ်
သူ့သူငယ်ချင်း ပလာဇာမှာ အကျင်္ ီသွားဝယ်တုန်းက အဝတ်လဲခန်းမ အဝတ်လဲတဲ့ ပုံတွေ
အင်တာနက်မှာရော ဖုန်းတွေမှာပါ ရှိတယ်တဲ့။ အဲလို ပလာဇာမှာ မိန်းကလေးတွေ
အဝတ်လဲခန်းမှာ camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက် ပြီးတော့ forum
တွေမှာတင် ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆို တခြားလူတွေပါ
မျှတတ်တဲ့အကျင့်
ဖုန်းထဲမှာပုံတွေထည့် ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး
ပုံတွေကို share လုပ်ကြ ပုံတွေကြည့်ပြီး ပုံထဲက တစ်ယောက်ကို အပြင်မှာ
မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ စဉ်းစားကြည့်ဗျာ အခုတစ်ယောက်က
ဆေးကျောင်းက ဆရာဝန်ဖြစ်မယ့်သူ
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထား ဓာတ်ပုံထဲမှာတော့ background
အဖြူကြီးနဲ့ပေါ့ မသိရင် မကောင်းတာ လုပ်စားနေတဲ့ မိန်းကလေး ဈေးခေါ်တာ
ကျနေတာပဲ တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ
မြန်မာအချင်းချင်းဗျာ အဲလို လူမဆန်တာတော့ မကောင်းဘူး
ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ ခင်ဗျားတို့ညီမ
အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး ခင်ဗျားတို့ ကောင်မလေး ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင်
ဘယ်လိုလုပ်မလဲ ခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ် အဲလို လူမဆန်ပဲ
ကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး နောက်ပြီး ဆိုင်ရှင်တွေ ခင်ဗျားတို့ကော
ဘာကြောင့် လူမဆန်တာလဲ ခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား
ဝယ်သူကိုလေးစားပေါ့ဗျာ။ ခင်ဗျားတို့ ပိုက်ဆံရတယ် အဲလိုမျိုး camera
လာတတ်ထားတဲ့ ကောင်တွေက ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်
ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး
ကျွန်တော် ထပ်ပြောမယ် ခင်ဗျားတို့ ကောင်မလေး ခင်ဗျားတို့ မိန်းမ
ခင်ဗျားတို့ သမီး
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ…?
နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင် သားသမီးတွေ…? အရင်ကဆို အဲလိုမျိုး
ပုံတွေနဲ့ မိကောင်းဖခင်သားသမီးတွေကို ငွေညှစ်၊ဖျက်စီးခဲ့တဲ့
အဖြစ်တွေရှိတယ်။
ကျွန်တော်သိတယ် မပြောချင်ဘူး ပြောလို့လည်းမကောင်းဘူး။ နောက်ပြီး
ကျွန်တော့်မှာ သက်သေလည်းမရှိဘူး။
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရား မျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက်
ထည့်ကြပါ အစ်မတွေ ညီမတွေ က လည်း
အကျင်္ ီ ဝယ်တဲ့အခါ သတိထားပါ အပေါ်ကနေပဲ ထပ်ဝတ်ကြပါ အဲလိုပဲ တခြား စကပ်တို့
ဘောင်းဘီတို့ဝယ်လည်း သတိထားပေါ့
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး လုပ်စားနေတဲ့ကောင်တွေ ရှိတယ်
အစ်မကမေးတယ် ဘယ်လိုလုပ်သင့်လဲဆိုတော့
ကျွန်တော်က ပြောလိုက်တယ် တရားစွဲပေါ့ တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်
တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ တစ်ရှက်ကနေ နှစ်ရှက်ထက်
တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ် အဲလိုပဲ ပြောလိုက်တယ် အစ်မလည်း
ပြန်ရောက်ကတည်းက ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ ဆဲလို့ဘာလုပ်လို့ရမှာလဲ
ဒါကြောင့် ငါလည်း ဒီစာလေးကို နိူင်ငံခြားမှာ BLOG တစ်ခုကို ရင်ထဲက
ကိုယ်ပိုင် ခံစားချက်တွေ အားလုံးကို လွတ်လွတ်လပ်လပ် အနှောက်အယှက်ကင်းကင်း
ရေးသားနိူင်ခွင့်ရတဲ့ သူငယ်ချင်းမင်းဆီကိုပဲရေးပို ့လိုက်တယ်ကွာ မင်း BLOG
မှာလည်း ဒီအကြောင်းရာတွေ ဖော်ပြပေး စေချင်တယ် သူငယ်ချင်းရေ။
ဒီ POST ကို COPY လုပ်၍ FWRD MAIL ဖြစ်စေ၊ မိမိတို ့ရဲ့ BLOG များတွင်
ကူးယူ တင်ပြ၍ ဖြစ်စေ၊
သင့်၏ ပတ်ဝန်းကျင်မှ နီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများကို အသိပေး
နှိုူးဆော်ပေးခြင်းဖြင့် ယဉ်ကျေးသိမ်မွေ ့မှူ ့ဆိုတဲ့ကျွန်တော်တို ့
မြန်မာမိန်းကလေးများရဲ့ ချစ်မြတ်နိူးစရာ စရိုက်လေးတွေနဲ ့ကမာ္ဘပေါ်မှာ
ပြိုင်စံရှား အရမ်းကို
အရှက်အကြောက် ကြီးမားတတ်ကြတဲ့ မြန်မာ့အမျိုးကောင်း သမီး ရတနာလေးများရဲ့
အရှက်နဲ ့သိက္ခာတို ့ကို လူမဆန်စွာ ယုတ်မာရိုင်းစိုင်းနေကြပြီး
ကိုယ်ချင်းစာတရား နဲ မျိုးချစ်စိတ်ဓာတ်တွေကင်းမဲ့နေကြတဲ့ သူတွေရဲ့
လုပ်ရပ်တွေမှ မိမိတို
့တတ်အားသ၍ ဝိုင်းဝန်းကာကွယ် ပေးစေလိုပါကြောင်း ကျွန်တော် က
မိတ်ဆွေများအားလုံးကို တောင်းဆိုလိုက်ပါရစေဗျာ။

အစ်မတွေ ညီမတွေ အားလုံးကလည်း ကိုယ့်အနာ္တရာယ်ကိုကိုယ် ဂရုတစိုက်နဲ
့သတိထားရင်း ဈေးဝယ်ထွက်ကြပါလို
့ကျွန်တော် ထပ်ပြီး သတိပေးလိုက်ပါတယ်

သူငယ်ချင်းဆီမှ mail ကို မျှဝေလိုက်ပါတယ်။

11 comments

  • yannaingech

    June 28, 2010 at 8:26 am

    တစ်ရက်မှာ အသိတစ်ရောက်က ဖိုင်တစ်ဖိုင်လာပေးပါတယ်။ ဖိုင်ဆိုဇ်က 743 MB ရှိပြီး ဗွီဒီယိုဖိုင်ပေါင်း 177 ဖိုင်ပါပါတယ်။ ရင်နာစရာကောင်းလိုက်တာဗျာ။ အဲဒီဖိုင်တွေအားလုံးဟာ မြန်မာပြည်ဖြစ် ခိုးရိုက်၊ ခိုးဖြန့်။ အများစုက မိကောင်းဖခင်သားသမီးတွေ။ ဒီပြဿနာဘယ်လောက်ကြီးတယ်ဆိုတာ မိကောင်းဖခင်သားသမီးများ သတိမမူမိကြသေးတာ စိုးရိမ်စရာပါ…

  • seinrlu

    June 28, 2010 at 10:58 am

    If you have that file, please share me o naw.:-)

  • ghost

    June 28, 2010 at 2:09 pm

    ဒါ လုံး ဝ မဖြစ်သင့်ဘူး ကိုယ်လူမျိုးကို ကိုယ်မှ ့မကာကွယ်ရင် ဘယ်သူကာကွယ်မလဲ?

  • kopauk mandalay

    June 28, 2010 at 4:51 pm

    မြန်မာလူမျိုးကိုမှ မဟုတ်ပါ ဘယ်အမျုးိကောင်းသားသမီးရဲ့ပုံကိုမှ အခုလိုခိုးမရိုက်သင့်ပါ။
    အမျုးိကောင်းသားသမီးလေးများကလည်း ဒါတွေရှိနေတယ်ဆိုရင်ဆင်ခြင်ကြစေလိုပါတယ်။
    သူ့မကောင်းဘူးဆိုတာ သိနေရင်ကောင်းသူက ရှောင်ပေးကြပါဗျာ။

  • Speedy

    June 28, 2010 at 6:04 pm

    နောက်တခါ ကိုယ်ဝယ်တဲ့ဆိုင်မှာ ကင်မရာတပ်ထားတာတွေ့လို့ကတော့ ဖြုတ်ပြီးတော့တာရောင်းစားပြစ်ဗျာ…

  • etone

    June 29, 2010 at 1:58 am

    အဲ့ဒါပြောတာပေါ့ စိတ်ဓါတ်တွေက နိမ့်ကျလာပြီ ။ အဝတ်လဲခန်းမှာကင်မရာတတ်တာကလည်း သူတို့ ဘာသေချာမြင်ရမှာလဲ ။ အဝတ်လဲတဲ့အချိန်ကရော ခဏတာပဲဟာကို ။ ဒါကိုကြံဖန်ပြီးယုတ်မာချင်သေးတယ် ။ ကင်မရာအတတ်ခံတဲ့ဆိုင်ရှင်တွေကလည်း နောက်ဘဝလူစဉ်မှီမှာတောင်မဟုတ်ဘူး ။ နောက်တစ်ခုရှိသေးတယ် ြ့ည့်မှန်ရဲ့နောက်မှာလည်း ကင်မရာတတ်ထားနိုင်ပါသေးတယ် ။ တစ်ချို့မှန်တွေကလည်း မှန်နောက်မှာ ကင်မရာတတ်လို့ရတယ် ။ တစ်ဖက်မြင်မှန်နဲ့ နှစ်ဖက်မြင်မှန်ဆိုပြီးရှိတယ် ။ တစ်ဖက်မြင်မှန်ကတော့ရိုးရိုးမှန်အမျိုးစားပါ ။ နှစ်ဖက်မြင်မှန်ကတော့နောက်ကွယ်ကနေ ကင်မရာ တတ်လို့ရတဲ့အမျိုးစားပါ ။ ခွဲခြားချင်ရတော့မှန်ကိုလက်နဲ့ သွားထောက်လိုက် မျက်နှာပြင်နဲ့ လက်ချောင်းလေးထိတဲ့နေရာမှာ Gap ဖြစ်နေရင် ရိုးရိုးမှန်မှာ အဲ့ဒီလိုမှမဟုတ်ရင်တော့နောက်ကွယ်ကနေ ကင်မရာတတ်တဲ့မှန် သို့မဟုတ် ၊ အပေါက်ကိုကွယ်ထားတဲ့ မှန်မျိုးဖြစ်ပါတယ် ။ အပြင်ကလူက သေချာမကြည့်ရင် ရိုးရိုးမှန်လို့ပဲထင်တတ်ပါတယ် ။

  • chitlay

    June 29, 2010 at 2:26 am

    ဆိုးရွားလိုက်တာ စိတ်ဓါတ်တွေက စုတ်ပြတ်သတ်နေပြီ အဲ့လိုလူမျိုးတွေရှိနေသမျှ တို့နိုင်ငံလဲဘယ်တော့မှတိုးတက်မှာမဟုတ်ဘူး ။

  • crazy ng

    June 29, 2010 at 3:18 am

    အင်းဗျ
    အဲလိုလူတွေကို မှတ်လောက်သားလောက်အောင်ဆုံးမပစ်ဖို့ကောင်းတယ်

  • thihayarzar

    June 29, 2010 at 4:13 pm

    စီးပွားရေးသမားတွေနေမှာပေါ့ …. ငွေရမယ်ဆိုရင် ကို်ယ့်ညီမ ကိုတောင် …… ခံခိုင်းမယ့်ကောင်တွေနေမှာပေါ့ …. ကျွန်တော်လည်းတွေ့ဖူးပါတယ် … မကောင်းတာကိုမှ အပျော်လို့ထင်နေလား မသိဘူး …… တရားသာစွဲလိုက်ဗျာ …. ခင်ဗျားတို့ဝယ်တဲ့ဆိုင်ကိုပြောတာ …. သူတို့မှာတာဝန်ရှိတယ် ….. တရားစွဲလိုက်ပါ …..

  • khinmintatthu

    June 29, 2010 at 5:09 pm

    ကိုယ့်အမျိုးဂုဏ်ကို ကိုယ်ကိုယ်တိုင်ကပဲ မမြှင့်တင်ဘဲနဲ့ နှိမ့်ချဖို့ပဲ ကြိုးစားနေကြတာတော့ ရင်နာစရာ အကောင်းဆုံးပဲ… မလုပ်သင့်တဲ့ လုပ်ရပ်ပါ…. မြန်မာနိုင်ငံမှ အမျိုးသမီးများလည်း သတိထား ဆင်ခြင်ကြပေ့ါဗျာ…..

  • elle smile

    July 13, 2012 at 4:03 pm

    အဲ့လိုလူမျိုတွေကိုဆိုအရမ်းမုန်းတာပဲ၊ဒိသတင်းတွေကြားပြီကတည်းကဆို တို့လဲshopping ထွက်ရင်အဝတ်လဲတဲ့အခါအရမ်းသတိထားနေရတယ် မိန်းကလေတွေလည်းသေသေချာချာလေးသတိထားကြပါလို့။

Leave a Reply