ဓါတ်ငွေ့ကခုန်=ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ

kaiJune 28, 20101min1562

ဗွိုက်စ်ဂျာနယ် (Monday, June 28 – July 4, 2010)စာမျက်နှာ ၁၃ က “၂၀၁၃ ခုနှစ်တွင် မြန်မာ့သဘာဝဓာတ်ငွေ့ အကြီးဆုံးဝယ်သူဖြစ်ရန် တရုတ်မှန်း” ဆိုတဲ့ သတင်းနဲ့ပါတ်သက်ပြီး မရှင်းလို့ပါ။
အဲဒီမှာ အောက်ကအတိုင်းရေးထားပါတယ်။

၂၀၀၈-၂၀၀၉ ခုနှစ် မတ်လနှင့် ဧပြီလ နှစ်လအတွင်း ထိုင်းနိုင်ငံသို့ မြန်မာ့ သဘာဝဓာတ်ငွေ့တင်ပို့သည့်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံ ဖြစ်ပြီး ၂၀၀၉-၂၀၁ဝ ခုနှစ် မတ်လမှ ဧပြီလအတွင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံသာ တင်ပို့ခဲ့ ကြောင်း တရားဝင်ထုတ်ပြန်ချက်များ အရ သိရသည်။

ရုတ်တရက်ဖတ်ကြည့်ရင်..အဲဒါ မတ်နဲ့ဧပြီ၂လထဲနဲ့ ၂.၅၃ ဘီလီယံဖိုးတင်ပို ့တယ်ဆိုတဲ့သဘောသက်ရောက်နေတာမို့ ဟုတ်မဟုတ်သိသူတွေ ဖြေစေချင်တာပါပဲ။
ကြည့်ရတာ တနှစ်ဖြစ်မယ်ထင်ပါတယ်။

၂လဆိုရင်တော့ ဒို့မြန်မာပြည်တော်တော်ချမ်းသာနေတာပဲ ထင်စရာပေါ့။တနှစ်လည်း ချမ်းသာတာပါပဲ။ သတင်းအရ တရုတ်က ယိုးဒယားထက်ပိုဝယ်တော့မဲ့သဘောရှိတာမို ့..ဓာတ်ငွေ့ရောင်းရငွေနဲ့တင် တနှစ်ဝင်ငွေ ၆ဘီလီယံအထက်အသာလေးပဲ။ ဒေါ်လာ၆ ဘီယံဆိုတာ ဒေါ်လာ သန်းပေါင်း ၆၀၀ဝ ဖြစ်ပြီး ဗမာငွေနဲ့တွက်ရင် သုံညတွေတိုင်ပါတ်သွားမဲ့သဘောရှိပါတယ်။ နှစ်စဉ်တနှစ်ထက်တနှစ်တိုးလာမဲ့ ပုံမှန်ဝင်ငွေဖြစ်မှာမို ့…မြန်မာလူဦးရေ သန်း၅ဝ ဘာမှမလုပ်ပဲ“မြင်နိုင်ပါတယ်ဗျာ…ယက်တောင်ကလေးခတ်လို့” ဖြစ်သွားနိုင်ပါသဗျ။
အစိုးရက အဲဒီငွေကို အရင်းအနှီးလုပ်ပြီး သုံးတတ်စွဲတတ်၊ ကိုင်တတ်တွယ်တတ်ရင်တော့ ၅ဆ အသာလေးပွားနိုင်တာမို ့…

တကယ်မဖြစ်ပေမဲ့လည်း…“ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံ” ခေတ်ရောက်ပြီဟေ့လို့..စာထဲ၊ဘလော့ဂထအော်ရတာပေါ့နော။
စကားမစပ်..အဲဒီငွေတွေဘယ်ရောက်ကုန်ပါလိမ့်..။

အောက်မှာသတင်းအပြည့်အစုံပါ။

၂၀၁၃ ခုနှစ်တွင် မြန်မာ့သဘာဝဓာတ်ငွေ့ အကြီးဆုံးဝယ်သူဖြစ်ရန် တရုတ်မှန်း

လက်ရှိအချိန်တွင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တူးဖော်ထုတ်လုပ် ခြင်းလုပ်ငန်းတွင် အကြီးဆုံးဝယ်ယူ သည့်နိုင်ငံအဖြစ် ရပ်တည်နေသည်မှာ ထိုင်းနိုင်ငံဖြစ်ပြီး ဩစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ တရုတ်၊ အင်ဒိုနီးရှား၊ အိနိ္ဒယ၊ မလေးရှား၊ ရုရှား၊ တောင်ကိုရီးယား၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုမ္ပဏီများလည်း လာရောက်ရင်းနှီး မြှုပ်နှံလျက်ရှိကြောင်း အဆိုပါသတင်း တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံကို အနောက်နိုင်ငံ အချို့က စီးပွားရေးပိတ်ဆို့လျက်ရှိနေ သည့်တိုင် ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းကဏ္ဍသည် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများစွာ စီးဝင်သည့် ကဏ္ဍတစ် ရပ်ဖြစ်နေကြောင်း ယင်းသတင်းတွင် ဆက်လက်ဖော်ပြထားသည်။ ဇနွ လ် အတငွ ်းတငွ လ် ည်း ငလငှို တ် ငွ ်း ဒေသရှိ ကုန်းတွင်း ရေနံတူးဖော်ထုတ် လုပ်ရေး (ဏှင်္ဃ) လုပ်ကွက်ကို နိုင်ငံ ပိုင်မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (ြဥွန) နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဩမအ့ ဏနအ့-ဃ့နာ ဃသမစသမအေငသည (ဏြဃဃ) တို့ ပူးပေါင်း၍ တူးဖော်ထုတ်လုပ်မည်ဖြစ်ကြောင်း ဇွန်လ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြချက်အရ သိရသည်။ ပြည်တွင်းရေနံနှင့် သဘာဝဓာတ် ငွေ့တင်ပို့ခြင်းနှင့် ထုတ်လုပ်ခြင်း အတွက် နှစ်ဦးနှစ်ဖက်တရားဝင် သဘောတူညီချက်တစ်ရပ်ကို နေပြည် တော်တွင် ဇွန်လ ၁၆ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ယင်းစာချုပ် အရ မြန်မာ-တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခုကို ဖြတ်သန်း တင်ပို့ရန်ရည်ရွယ်ကြောင်း ယင်း သတင်းတွင် ဖော်ပြပါရှိသည်။ ၂၀၀၈-၂၀၀၉ ခုနှစ် မတ်လနှင့် ဧပြီလ နှစ်လအတွင်း ထိုင်းနိုင်ငံသို့ မြန်မာ့ သဘာဝဓာတ်ငွေ့တင်ပို့သည့်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၃ ဘီလီယံ ဖြစ်ပြီး ၂၀၀၉-၂၀၁ဝ ခုနှစ် မတ်လမှ ဧပြီလအတွင်းတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၈ ဘီလီယံသာ တင်ပို့ခဲ့ ကြောင်း တရားဝင်ထုတ်ပြန်ချက်များ အရ သိရသည်။ မြန်မာနိုင်ငံတွင် ကမ်းလွန်ရေနံ လုပ်ကွက် သုံးခုနှင့် ကုန်းတွင်းရေနံလုပ် ကွက် ၁၉ ခုတွင် ရေနံစိမ်းစည်ပေါင်း ၃၂ ဘီလီယံနှင့် သဘာဝဓာတ်ငွေ့ ပမာဏ ၉ဝ ထရီလီယံကုဗပေထွက်ရှိ လျက်ရှိကြောင်း အစိုးရလုပ်ငန်းများက တရားဝင်ထုတ်ဖော်ပြောကြားသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် လတ်တလောတွင် နိုင်ငံ၏အကြီးဆုံး ကမ်းလွန်လုပ်ကွက်နှစ်ခုမှ ဓာတ်ငွေ့များ ကို ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ရေနံနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ၏ အနောက်တောင်ပိုင်း ၆ ဒသမ ရ ကီလိုမီတာမှ စတင်ကာ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်တို့ကို ဖြတ်သန်း၍ တရုတ်နိုင်ငံ ယူနန်ပြည် နယ် ကူမင်းမြို့အထိသွယ်တန်းမည်ဖြစ် ကြောင်း၊ ပိုက်လိုင်းကို အပိုင်းလေးပိုင်း ခွဲကာ အရှည် ၇၉၂ ဒသမ ၅ ကီလို မီတာအရှည်ရှိပိုက်လိုင်းများဆက်ကာ တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ပိုက်လိုင်းသွယ်တန်းဖြတ်သန်းရာတစ်လျှောက် တွင် ရထားလမ်းဖြတ်ကျော်ခြင်း ၁ဝ နေရာ၊ အဝေးပြေးလမ်းမကြီးပေါ်မှ ဖြတ်ကျော်ခြင်း တစ်နေရာ၊ အဆင့်ကျော် လမ်းမကြီးဖြတ်ကျော်ခြင်း ၂၅ နေရာ၊ အခြားလမ်းဖြတ်ကျော်ခြင်း ၁၁၈ နေရာ နှင့် ဥမင်လိုဏ်ခေါင်းဖောက်လုပ်ရန် လုပ်ငန်းများပါဝင်မည်ဖြစ်ကြောင်း၊ ယင်းပိုက်လိုင်းမှ တစ်နှစ်လျှင် သဘာဝ ဓာတ်ငွေ့တန်ချိန် ကုဗမီတာ ၁၂ ဘီလီယံ၊ ရေနံစည်လေးသိန်း တင်ပို့မည်ဖြစ်ကြောင်း မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ၏တရားဝင်သတင်းထုတ် ပြန်ချက်များ အရ သိရသည်။

2 comments

  • htethtet

    June 28, 2010 at 7:48 pm

    အုတ်ရောရော ကျောက်ရောရော နေမှာပေါ့ကွယ်

  • yannaingech

    June 29, 2010 at 4:41 am

    မြန်မာနိုင်ငံတွင် နှစ်စဉ် ရသုံးမှန်းချေငွေစာရင်း နှစ်စဉ်ထုတ်ပြန်သည့် စနစ် ပျောက်ကွယ်သွားပါသည်။ အကြောင်းပြချက်မရှိ ရုတ်တရက် ပျောက်ကွယ်သွားပါသည်။ ရွေးကောက်ပွဲအပြီး အစိုးရသစ်တွင်မူ နှစ်စဉ် ရသုံးမှန်းချေငွေစာရင်း ထုတ်ပြန်ရမည်ဖြစ်ကြောင်း အခြေခံဥပဒေတွင် ပြဌာန်းထားပါသည်။

Leave a Reply