သတင်းထူးလား ……….သတင်းဆန်းလား

snow whiteJune 30, 20121min17112

ဒီစာကို မနေ့ကညကရေးချင်စိတ်ဖြစ်မိနေတာပါ   သူများရေးတာတိကျပါတယ်  စနိုး ပြောချင်တာလေး တော့   ရေးပြချင်ပါတယ်  (29.6.12)ရက်နေ့ ည(9)ကစဉ်းစားမိလို့ ရေးချင်းပါ

စည်ပင်သာယာ(ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ)မှ ရန်ကုန်မြို့တော် သန့်ရင်းရေးအနေဲ့ မြို့နယ် အလိုက် စည်ပင်သာယာရေးတံဆိပ်ပါ  အမှိုက် ပုံးများကို မြို့နယ်အလိုက်ထားရှိပေးထားပါတယ် တနေ့တနေ့ထွက်တဲ့ အမှိုက်များကို ထိုအမှိုက် ပုံးတွင်စနစ်တကျပစ်စေချင်တယ်    ဒါပေမယ့်ဖြစ်လာတာကတော့အမှိုက်ပုံးက တနေရာ အမှိုက်တွေကတော့ လမ်းပေါ်မှာ  ရှိမြဲက ရှိမြဲ ပါဘဲစည်ပင်သာယာမှ သန့်ရှင်းရေး အလုပ်သမားများကလည်း  အမှိုက်များကို စနစ်တကျ လိုက်လံသိမ်းဆည်းနေသလိုဘဲ အမှိုက်ဖွသူရှိနေသမျှ အမှိုက် များလည်းရှိနေ တော့တာပါဘဲ စည်းကမ်း တကျ အမှိုက်ပစ်ကျမယ်ဆိုရင်  သာယာလှပသန့်ရှင်း တဲ့မြို့တော်ဖြစ်မှာကျိန်းသေတယ် စနိုးဆိုအဲသီချင်းလေးကို “အမှိုက်ကောက်တာ ရှက်စရာမဟုတ်ပါ စည်းမယ့်ကမ်းမယ့်အမှိုက်ပစ်မှသာ သန့်ရပ်သာယာမှု ကင်းအမှိုက်ပစ်တာဟာတကယ့်ရှက်စရာ”    အဲ့သီချင်းကိုစနိုးတောင်အမှတ်ရတယ်    ခုပြောချင်တာ ကလေ အမှိုက်ပုံး ထားပေးထားတာတောင် မကြာသေးဘူး အမှိုက်ပုံးခိုးခံရတယ် တဲ့လေ   စဉ်းစားကြည့်စေလိုပါတယ်  တိုးတက်အောင်   စလုပ်ခါစဘဲရှိသေးတယ် မတိုးတက်ချင်ဘဲ ခိုးချင် ဝှက်ချင်စိတ်တွေဘဲအချောင်ရမယ့် အလုပ်ကိုဘဲ  မလုပ်ဘဲ  ကိုယ့်အားကိုယ်ကိုးနိုင်မယ့် အလုပ်ကိုရှာဖွေစားသောက်မယ်ဆိုတဲ့စိတ်ဓာတ်မျိုးမွေးနိုင်ကျပါစေလို့    ဆုတောင်းပေးလျှက်ပါ                                                                                                     sterရေးထားတာလည်းတွေ့လိုက်ရပါတယ်  ပြန်လာထားသွားတယ်ဆိုတော့ အကြံကုန်သွားလို့ဖြစ်မယ် ရောင်းစားလို့မရလို့ပြန်လာထားသွားတယ်ဖြစ်မယ်လို့စနိုးအတွေးလေးကို  တင်ပြလျှက်ပါ     ။

12 comments

  • the best

    June 30, 2012 at 2:22 pm

    သတင်း က ထူးသလိုလိုနဲ ့ ဆန်းနေတယ်။
    သတင်း က ဆန်းသလိုလိုနဲ ့ ထူးနေတယ်။

    သတင်း က မထူးသလိုလိုနဲ ့ မဆန်းဘူး။
    သတင်း က မဆန်းသလိုလိုနဲ ့ မထူးဘူး။

  • ဘဲဥ

    June 30, 2012 at 2:31 pm

    အတိအကျသိချင်ရင် ဆြာတောက်တဲ့ကိုမေးကြည့် 😎
    သွားလိုက်အုံးမယ်နော် ဘိုင့်…………

  • King of Secrets (Bo Min)

    June 30, 2012 at 6:28 pm

    သိဘူးလေ၊ ဒါပေမဲ့ မြန်မာနိုင်ငံက လူတွေကို အကျင့်ပြင်ဖို.က ခက်သား

  • cobra

    June 30, 2012 at 6:42 pm

    ဘယ်လောက်ပဲစည်းကမ်းရှိအောင်လုပ်လုပ်
    လူတွေကိုယ်တိုင်ကစည်းကမ်းမရှိတော့
    ဘာမှအဆင်ပြေမှာမဟုတ်ဘူး
    အကျင့်တွေကိုပြင်သင့်နေပါပီ

  • တေလေငှက်

    June 30, 2012 at 6:56 pm

    ထူးလဲထူးတဲ့၊
    ဆန်းလဲဆန်းတဲ့၊
    တို့မြန်မာတွေ။

  • ahnyartamar

    June 30, 2012 at 8:06 pm

    မထူးလည်းမထူး၊ မဆန်းလည်းမဆန်းတဲ့ နေရာတကာမှာဖတ်လို့ရတဲ့သတင်းပါ။

  • maung khinmin

    June 30, 2012 at 10:44 pm

    ပြင်ကြရဦးမှာပ….စနိုးမ ရေ

  • awra-cho

    July 2, 2012 at 3:55 pm

    ပြန်တွေ့တာ သတင်းစာမှာ တွေ့လိုက်တယ်။ အုပ်ချုပ်ရေးမှုးရုံး နောက်က တွေ့တာတဲ့။ ရေဆေးပြီးသားတဲ့၊
    မပြေးသော် ကန်ရာရှိ၊ ဘာလဲ ဘယ်လဲ

  • manawphyulay

    July 2, 2012 at 4:05 pm

    သူခိုးကြီးညကို ကြိုလုပ်တာလားမှမသိတာအေ… အမှိုက်တွေ စနစ်တကျ စွန့်ရင် အမှိုက်လှည်း ရပ်ကွက်တွေထဲ စီးပွားရှာနေတဲ့သူတွေ ထမင်းငတ်သွားမှာပေါ့ မဟုတ်ဘူးလား… 😛

  • mamanoyar

    July 2, 2012 at 4:14 pm

    အမှိုက်ကိစ္စကလည်း တစ်ဦးတစ်ယောက်ထဲ
    လိုက်နာနေလို့ မဖြစ်ပါဘူး
    အားလုံးက စနစ်တကျစွန့်ပစ်လိုက်နာမှ
    သန့်ရှင်းသာယာတဲ့ နိုင်ငံဖြစ်မှာပါ
    စနိုးပြောသလိုဆိုရင်တော့ အမှိုက်ပုံးတောင်းခိုးတဲ့သူကို
    မိရင်တော့ ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်ထင်ပါတယ်

Leave a Reply