“မိုး” ကဗျာလေးများ

ခုဟာက မိုးတွင်းဆိုတော့ …..

ကျနော် အရင်က ရေးသားခဲ့ဖူးတဲ့ မိုးနဲ့ ပတ်သက်တဲ့ကဗျာလေးတွေကို ဒီရွာကြီးက ကဗျာချစ်သူတွေနဲ့ မျှဝေ ခံစားချင်ပါတယ် …

သို့ဂလိုကြောင့် အောက်က ကဗျာလေးတွေကို မျှဝေခံစားဖို့အတွက် ရေးသား ဖော်ပြလိုက်ပါကြောင်း ………

 

ချစ်သူ = မိုး

 

မိုးက
အငြိုးနဲ့ရွာ
လေတွေလည်း ပါတယ် …

သစ်ပင်တွေ ယိမ်းထိုး
အငြိုးနဲ့မိုးရယ်
ငါ့တစ်ကိုယ်လုံးကို
ရွှဲရွှဲစိုစေတယ် …

မနက်က နေသာလို့
ထီးက မပါ
ဒီလိုအခါမှ
မင်းက တအားရွာချတယ် ….

မင်း ရက်စက်တယ်ကွယ် ……….. ။

 

____________

မိုးနဲ့အတူ …….

 

မိုးစက်လေးတွေ
တဖွဲဖွဲ ကျနေသည် ..
ဒီနေ့ သူ့ကို စတွေ့သည် …… ။

မိုးက တဖြည်းဖြည်း
ပိုသည်းလာသည် ..
သူ့ကို ချစ်ခွင့်ပန်ပါသည် …… ။

မိုးက လေနဲ့ရောပြီး
သည်းသည်းမဲမဲကို ရွာသည်
သူနဲ့အတူ ချစ်သူဘဝ
အပျော်ကြီး ပျော်ဖြစ်သည် ….. ။

ခုတော့ …
မိုးလည်း စဲသွားပြီ …
သူနဲ့လည်း ကွဲသွားခဲ့ပါသည် ………. ။

 

မောင်ရွာ ………………

 

ဒါပါပဲ …

ကျနော် ရေးသားခဲ့ဖူးတဲ့ မိုးတွင်းနဲ့ သက်ဆိုင်တဲ့ ကဗျာလေးတွေ …..

 

အားလုံးကို ခင်မင်လျှက် ..

မောင်ရွာ

13 comments

  • ဘဲဥ

    June 30, 2012 at 3:01 pm

    မိုးကို ချစ်တယ်….
    မိုးကို တွယ်တာတယ်…
    မိုးကို မြတ်နိုးတယ်….
    မိုးကို ထာဝရ……
    မိုးကို……
    မိုးကို………
    မိုးးကို………
    မိုးကို….
    မိုးကို……
    မိုး……..
    မိုး……..
    မိုး……

  • ညလေး

    June 30, 2012 at 3:12 pm

    မိုးလေးဖွဲတုန်း…..????????????
    စွဲမြဲချစ်ဖို.ငါရည်ရွယ်ထားလည်း……
    သူဟာမိုးလေးဆဲတော့…..တိတ်တဆိတ်ထွက်သွားတယ်……..
    မိုးလာခိုတာပါတဲ့……

  • မြတ်ကျော်သူ

    June 30, 2012 at 4:30 pm

    မိုးကဗျာလေးများဆိုတော့…
    ကျွန်တော်က ဟို ဆရာကြီးမင်းသုဝဏ်ရေးခဲ့တဲ့…
    မောင်ခွေးဖို့ကဗျာများတို့လို…ချစ်စရာ ကဗျာလေးတွေများဖြစ်နေမလားလို့…
    ခုဟာက ကလေးကဗျာလည်းမဟုတ်…လူကြီးကဗျာလည်း မဟုတ်…
    အလယ်တန်းကဗျာတွေ ဖြစ်နေသလိုပဲ…

  • maung khinmin

    June 30, 2012 at 6:05 pm

    မိုးရာသီဆိုတာ…..ချစ်သူတွေအတွက်များ…သက်သကြ်ဖစ်နေလားမသိ…

    • တေလေငှက်

      June 30, 2012 at 7:00 pm

      ဝုတ်ပ ဝုတ်ပ။
      ထီးပိစိလေးအောက်မှာမိုးခိုလို့ရသပေါ့ဗျာ။

  • မောင်ပေ

    June 30, 2012 at 7:33 pm

    ကျုပ်မှတ်မိနေတဲ့ အဖြစ်တစ်ခုက D လို
    မိုးရွာသောနေ ့တစ်နေ ့ဖြစ်သည်။
    ဆိုင်ကယ်ကို ဖြေးဖြေးလေး မောင်းလာသော ကျုပ်သည် မိုးရေစက်များ ၊ ကျုပ် eye ထဲသို ့ဝင်နေသောကြောင့် ၊ လမ်းဖြတ်ကူးသော သူမ ကို ကောင်းကောင်းမမြင်ရ ။ နောက်ဆက်တွဲအနေဖြင့်ကား ၊ သူမ တင်ပါးပိုင်း ကို ကျုပ် ဆိုင်ကယ်ဖြင့် ဖြေးဖြေးလေး ဝင်တိုက်မိတော့လေသတည်း ။ သူမသည် ကျုပ်စီးလာသော ဆိုင်ကယ် အရှေ ့ဘက် လမ်းပေါ်သို ့ကုန်းကုန်းကြီး လဲကျသွားကာ ၊ ကျုပ်လဲ ဆိုင်ကယ်ကို ရပ်တန် ့လိုက်ပြီးနောက်.. သူမဘာဖြစ်သွားလဲ ၊ အခြေအနေကို ဆင်းမေးရတော့လေသည် ။
    ိစိတ်ဝင်စားပါက ၊ ကွန်မင့်ဖြင့် ဆက်လက်ရေးသားဖော်ပြပေးမည်။

    • မစ္စတာ တောက်တဲ့

      July 1, 2012 at 11:38 am

      အဟဲ …
      စိတ်ဝင်စား သွားပီ …
      ဆက်ပြောပြ ..
      အခြေအနေ ဆင်းမေးရင်းနဲ့
      ငြိသွားရောလားဟင် … 😀

  • mamanoyar

    June 30, 2012 at 8:00 pm

    မိုး ကိုယ့်ရင်ကိုလာသည်းပေးပါကွယ်
    ဒီလိုမိုးသည်းထဲငါလေရူးတော့မယ်………….

  • သားဦး၊မြေးဦး

    June 30, 2012 at 10:12 pm

    အလွမ်းမိုးးးးးးး
    အလွမ်းနဲ ့အဆုံးသတ်ရမယ့် ပြဇာတ်တစ်ပုဒ်မှန်း ကိုသိထားတယ်

  • မစ္စတာ တောက်တဲ့

    July 1, 2012 at 11:15 am

    ယခုကဲ့သို့ ..
    ကျွန်ုပ်၏ မိုးကဗျာလေးများအား
    လာရောက် အားပေးသွားတော်မူကြပါကုန်သော
    အရပ်ကတို့အား ကျွန်ုပ် မောင်ရွာမှ ကျေးဇူး အထူးတင်ရှိပါကြောင်း ……..

    ခင်မင်စွာဖြင့်
    မောင်ရွာ

  • super man

    July 2, 2012 at 5:04 pm

    မိုး ကဗျာမှမဟုတ်ပါဘူး၊ ကဗျာတွေအားလုံးကိုနှစ်သက်ပါတယ်။

  • မွန်မွန်

    July 2, 2012 at 6:03 pm

    ကဗျာလေးတွေက တော်တော်ကောင်းတယ်နော်…
    မိုးကိုချစ်တဲ့ မွန်မွန် ကဗျာလေးတွေကို ခံစားသွားပါတယ်ရှင်…

Leave a Reply