ဘယ်လို အသားအရေ အမျိုးအစားလဲ ခွဲရအောင်

May BeauteJune 30, 20121min470

တချို့တွေက ကိုယ့်အသားအရေ အမျိုးအစားကို ဘယ်လိုခွဲရမလဲ ဆိုတာအခက်အခဲရှိပါတယ်။ shopping mall တို့ beauty salon တို့သွားစရာမလိုဘဲ ကိုယ်ဘယ်အသားအရေ အမျိုးအစားကို ပိုင်ဆိုင်လဲဆိုတာ အောက်မှာ ဖောပြထားတဲ့ အချက်တွေနဲ့ ကိုက်မကိုက် ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ကဲ ကြည့်လိုက်ရအောင်နော်…
Dry Skin


(၁) မျက်နှာ အသားအရေက အပြင်ကနေ ပြန်ရောက်တဲ့အခါ တင်းတင်းကြီးဖြစ်နေတယ်လို့ ခံစားရတယ်။
(၂) cream တခုခု လိမ်းလိုက်ရင် အသားတင်းတင်းကြီး ဖြစ်နေတာကနေ သက်သာသွားတယ်လို့ ခံစားရတယ်။
(၃) ဘာလိမ်းထားထား ကိုင်လိုက်ရင် နူးညံ့တောက်ပြောင် နေတယ်လို့မခံစားရဘူး။
(၄) ရေကူးကန်က ပြန်လာရင် cream လိမ်းနေကျ ထက်၂ဆလိမ်းမှ အသားထဲ ဝင်သွားတယ်လို့ ခံစားရတယ်။
(၅) ဆီးခနခနသွားနေတယ်။
(၆) မျက်နှာသစ် ဆပ်ပြာ ဒါမှမဟုတ် toner လိမ်းပြီးတဲ့အခါ တင်းတင်းကြီးဖြစ်နေတယ်လို့ ခံစားရတယ်၊ ဒီအချက်တွေနဲ့ ကိုက်ညီနေရင်တော့ စာဖတ်သူရဲ့ အသားဟာခြောက်သွေ့ အမျိုးအစားထဲမှာပါပါတယ်။
Oily Skin


(၁) မျက်နှာ အမြဲစီးကပ်ကပ် ဖြစ်နေတယ်လို့ခံစားရတယ်။
(၂) powder လိမ်းထားပီး မကြာခင် ပေါင်ဒါစက်လေးတွေ ဟိုနေရာ ဒီနေရာမှာပုံနေတယ်လို့ ခံစားရတယ်။
(၃) မျက်နှာမှာရှိတဲ့ ချွေးပေါက်လေးတွေက သူများနဲ့ ယှဉ်ရင် ကျယ်နေတယ်လို့ ခံစားရတယ်။
(၄) နှာခေါင်းထိပ်နဲ့ T zone တွေရဲ့ ချွေးပေါက်တွေမှာ အမဲစက်တွေဝင်နေရင် ဒါမှမဟုတ် ဝက်ခြံ ခဏခဏ ထွက်ရင် အဲဒါဆို ရင် အဆီပြန်တဲ့ အသားအရေပါဘဲ။

 

MeBeaute …