အေလီယန် တစ်ယောက် ရဲ့ ဖွင့်ဟ ဝန်ခံချက်

မြစပဲရိုးJune 30, 20121min32840

(တောင်းပန်ချက် –  ခေါင်းစဉ် ကို ဆရာမ ဂျူး ၏  “မိန်းမ တစ်ယောက် ရဲ့ ဖွင့်ဟ ဝန်ခံချက်” ဝတ္ထု ခေါင်းစဉ် ကို မှီငြမ်း၍ ယူပါသည်။)

ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဥရောပခရီး မှာ သူ့ ဂုဏ်သတင်း ကြောင့် ကမ္ဘာအနှံ့ မှာ နေထိုင်နေတဲ့ မြန်မာ တွေရော၊ ပြည်တွင်း က မြန်မာ များ ပါ “ဒါ ဟာ ငါတို့ မြန်မာ”့ လို့ မော်ကြွား နိုင်ခဲ့ပါတယ်။ ကျွန်မ လဲ အပါအဝင်ပေါ့။

ရုံးက အဖိုးကြီး တစ်ယောက် ဆိုရင် “နင်တို့ လေဒီ”၊ “နင်တို့ လေဒီ” ဆိုပြီးကို သူကြား သမျှ သတင်း တွေ ကို လာလာပြီး ပြောပါတယ်။

သူ့မှာ ဒေါ်အောင်ဆန်းစုကြည် အတွက် အရမ်း ဂုဏ်ယူ နေပုံပါဘဲ။

ကျွန်မမှာ သူ့ ကို ကြည့်ပြီး တော့ သူက “မြန်မာ”လား၊ ငါက “မြန်မာ” လား။

ဆိုပြီး ပြန်တောင် စမ်းစစ်ကြည့်မိပါရဲ့။ 😛

 

ဒီနေ့ မနက်တော့ မြန်မာ့ အင်တာနက် သတင်းတွေထဲ မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်တော်ပြန် သတင်း ဓာတ်ပုံ တွေ ဝေဝေဆာဆာ နဲ့ တွေ့ရပါတယ်။

ရိုးသားစွာ ဝန်ခံ ရရင်

ကမ္ဘာမှာ အများ က ငေးမောနေရလောက်အောင် တေးသီနိုင်တဲ့ ငှက်၊

တိမ်ယံထဲ မှာ အတောင်ဖြန့်ပြီး အားအင် အပြည့် ဝင့်ကြွား စွာ ပျံ နိုင်တဲ့ငှက် –

အဲဒီ ငှက် ကလေး က သူချစ်တဲ့ ပြည်သူတွေ အတွက် သူ့ရဲ့ ပြည်သူ တွေ နဲ့ တစ်သွေး တစ်သား ထဲ ရှိနေနိုင် ဖို့အတွက် အခက်အခဲ အန္တရာယ် ထဲ ကို ပျော်ရွှင်စွာ ပြန်ဝင် သွား တာ ကို ဝမ်းသာ/ဝမ်းနည်း ခံစား နေ ရပါတယ်။

သူ့ကိုချစ်တဲ့ သူတွေ က ဆီးကြိုနေခဲ့တယ်။

ကြိုဆို နေတဲ့ ဆိုင်းဘုတ် တွေထဲမှာ တစ်ခု က “အမေ့ကြောင့် ကမ္ဘာ က မြန်မာ ကို သိခဲ့ပြီ တဲ့”။

အဲဒါကို ကြည့်ပြီး ကျွန်မ ပြုံးမိခဲ့တယ်။

 

တကယ် တော့ ကမ္ဘာ မှာ မြန်မာ ကို သိနေခဲ့ပြီး သားပါ။

 

တစ်ခြားနိုင်ငံ တွေ မှာတော့ မသိဘူး။

ယူကေ မှာ တော့ ဘဏ်ရဲ့ ကွန်ပျုတာ စနစ် ထဲမှာ ကို မြန်မာ ဆိုတာ ရှိနေခဲ့တာပါ။

(မှတ်ချက် – အခုချိန် မှာ ရှိ-မရှိ မသိတော့ပါ)

လွန်ခဲ့တဲ့ ၁၃နှစ် လောက် က ဘဏ် မှာ စာရင်းဖွင့်ဖို့ ကျွန်မ တို့ လျှောက်ခဲ့တယ်။

တကယ်တော့ ဘဏ် စာရင်းဖွင့်ဖို့ ဆိုတာ ဘာမှ ရှုပ်ထွေး ကြန့်ကြာ စရာ မလိုပါဘူး။

အဲဒါ ကို ကျွန်မတို့ အလှည့်မှာတော့ အဆင့်တွေ အများကြီး၊ စာရွက်တွေ အများကြီး ပြပြီးမှ ရခဲ့တယ်။

တာဝန်ရှိသူက တော့ ဒီလို ကြာခဲ့တာကို တောင်းပန်ခဲ့ပါတယ်။

အကြောင်းကတော့ မြန်မာနိုင်ငံ ဟာ ငွေမဲတွေ ကို ငွေဖြူလုပ် တဲ့ (Money laundering) black list နိုင်ငံတွေ မှာ ပါနေလို့ပါ လို့ ရှင်းပြပါတယ်။

 

ဒါကမှ တော်သေးရဲ့။ ပိုဆိုးတဲ့ ဇာတ်လမ်း လဲ ရှိပါသေးတယ်။

ဒါကတော့ လွန်ခဲ့တဲ့ လေးနှစ် လောက်ကပါ။

တစ်ရက်မှာ ကျွန်မတို့ အိမ်ကို စာတိုက်ကနေ အကြွေးတောင်းတဲ့ အဖွဲ့အစည်း တစ်ခုကနေ စာတစ်စောင် ရောက်လာပါတယ်။

ကျွန်မ ခင်ပွန်း အမည် နဲ့ပါ။ ဒီမှာတော့ Surname ဆိုတဲ့ နာမည် ရဲ့ နောက်ဆုံး စာလုံး ကို သုံးပြီးပေါ့။

အဲဒီစာ ကို ပို့ရခြင်းအကြောင်းက ဘဏ် တစ်ခု ကနေ သူတို့ ဆီကို တိုင်ထားလို့ပါတဲ့။

ကျွန်မ ခင်ပွန်း က အဲဒီ ဘဏ်ကနေ အကြွေးကဒ် ယူ၊ ပေါင် ၄၀ဝ ကျော် အကြွေး သုံးပြီး ပြန်မဆပ် ဘဲ ရှောင်ပြေးလို့ အကြွေးပြန်ဆပ် ဖို့ တောင်းခံ စာပါ။

သူတို့ က ရိုးရိုးတောင်းတာ မဟုတ်ဘဲ တကယ်လို့ ဘယ်နေ့၊ဘယ်ရက် မှာမှ ပြန်မဆပ် ရင် အိမ်ကိုလာပြီး ရှိတဲ့ ပစ္စည်းတွေ သိမ်းမယ် လို့တောင်ခြိမ်းခြောက် ထားသေးတယ်။

သူတို့ ကို ဆက်သွယ်ဖို့ ဖုန်းနံပါတ် လဲ ပေးထားတယ်။

ကျွန်မ တို့ အတော်လေး ဒေါသထွက် ခဲ့တယ်။

သူတို့ ပြောတဲ့ ဘဏ် က ကျွန်မတို့ သုံးတဲ့ ဘဏ်လဲ မဟုတ်။

ဟုတ်ရင်တောင် ကျွန်မ တို့ က အကြွေးကဒ် ကို အမြဲလစဉ် ပြန်ဆပ် တာမို့ အကြွေး မရှိတာ အမှန်။ ပေါင် လေးရာကျော် ငွေ ဆိုတာ ကျွန်မ တို့ မှုလောက်စရာ မဟုတ်ပေမဲ့ မတရား စွပ်စွဲ လာတာကို ငုံ့ခံပြီး ပေး စရာ အကြောင်းတော့မရှိပါ။ ဒီတော့ အင်တာနက် ထဲ မှာ ဒီလို အကြောင်းအရာ တွေ ကို ရှာခဲ့တယ်။

ကျွန်မတို့ လို ဇာတ်လမ်း တွေမှ အများကြီး၊ အဲဒီ အတွက် အကြံပြုချက် တွေ လဲ တွေ့တော့ အဲဒီ အတိုင်း လုပ်ဖို့ ဆုံးဖြတ် လိုက်တယ်။

အကြံပြုချက်က သူတို့ ကို ဖုန်း နဲ့ လုံးဝ မဆက်သွယ်ပါနဲ့ တဲ့။

ဖုန်းနဲ့ ဆက်သွယ် မဲ့ အစား တိုင်စာကို အသေအချာ ရေးပြီး ပို့ ပါ တဲ့။

ပြီးရင် အဲဒီတိုင်စာ ကို နောက်ထပ် အဖွဲ့ (အကြွေး မတရား အတောင်းခံ ရရင် တိုင်လို့ ရတဲ့ အဖွဲ့) ဆီ ကိုလဲ ကော်ပီ ပို့ပါတဲ့။

ပြီး တော့ ကိုယ့် ရဲ့  အကြွေး မှတ်တမ်း ကို လဲ သေချာအောင် စစ်ထား ပါတဲ့။

ဒီမှာက လူတွေ ရဲ့ အကြွေးတွေ ကို ပိုက်ဆံပေးပြီး ကြည့် လို့ ရပါတယ်။

အဲဒီမှာ ကိုယ့် စာရင်း ကို ဘယ်သူတွေ ဝင်ကြည့် တယ် ဆိုတာလဲ သိရပါတယ်။

ကျွန်မတို့  ကိုယ့်စာရင်းကို အဲဒီမှာ ပြန်စစ်ပါတယ်။

ကျွန်မတို့ ဝင်ကြည့်ချိန် မှာ အဲဒီ ကြွေးတောင်း အဖွဲ့ ရဲ့ အမည် က ဝင်စစ်ပြီး ဖြစ်နေပါတယ်။

ဒီလိုနိုင်ငံတွေမှာ အဖွဲ့ တစ်ခု နဲ့ တစ်ခု၊ စနစ် တစ်ခု နဲ့ တစ်ခု ကို မမှားအောင် ပြန်ထိန်း ပေးထား တဲ့ အချိတ်အဆက် စနစ်လေးတွေ က တကယ်ကောင်းတယ်လို့ ဆိုရပါမယ်။

ကိုယ်ကသာ အမှား မလုပ် နဲ့။

တော်ရုံ ကိစ္စကတော့ လုံခြုံမှု ရှိအောင် ဥပဒေ တွေ က ကောင်းမွန်တယ် ခေါ်ရမလားပါဘဲ။

အဲဒီ နောက်ပိုင်း မှာ  အဲဒီအဖွဲ့ ဆီက တောင်းပန်စာ ရပါတယ်။ သူတို့ လူမှား ပို့ မိတာပါတဲ့။ သူတို့ ကို အကြွေးရှောင်သူက လန်ဒန် ကတဲ့။

နာမည် မှာ ရှေ့စာလုံး (First Name) နဲ့ နောက်ဆုံး စာလုံး (Surname/ Last Name) တူ တော့ မိပြီ ဆိုပြီး လိုက်လာကြတာနေမှာ။

 

ကျွန်မ တို့ပြည်ပမှာ နေထိုင်သူတွေ ထဲက တစ်ချို့ တစ်ဝက် ဟာဖြင့် ဥပဒေကြောင်း အရ သူတို့ နေထိုင်ရာနိုင်ငံ တွေမှာ အေလီယန် လို့ ခေါ်လို့ မရ တော့ တဲ့ နိုင်ငံသား အဆင့် ကို ရနေကြပါတယ်။ ဒါပေမဲ့ ဥပဒေကြောင်းအရ သာ အေလီယန် အဆင့်ပြုတ် သွား မယ်။

ရုပ်ခန္တာဗေဒ အရတော့ မသိ တဲ့ သူ တွေ အဖို့ သူတို့ ဟာ အေလီယန် ဖြစ်ဆဲ ပါဘဲ။ သူများနိုင်ငံမှာ တစ်ခြား လူမျိုးခြား တစ်စိမ်းတစ်ယောက် နဲ့ မိတ်ဆွေ ဖြစ်ရင် သူတို့ စမေး တဲ့ မေးခွန်း က “မင်းဘယ်ကလဲ” ပါ။

ဒီတော့ အေလီယန် ဟာ အေလီယန်ပါဘဲ။

သူတို့ နဲ့ မျိုးနွယ် တူဆဲ အေလီယန် တွေ ရဲ့ လွှမ်းမိုး မှု ကို အမြဲတမ်း ခံ ရ မှာပါဘဲ။

ဒီတော့ အေလီယန် တွေ ဟာ ကိုယ့်မူရင်း ဒေသနဲ့ မျိုးနွယ်တူတွေ အပေါ် ကို လှပအောင် မီးမောင်းထိုး ပြပေးနိုင် ပါတယ်။ ရုပ်ဆိုးအောင် လဲ မီးမောင်းထိုး ပြပေးနိုင်ပါတယ်။

 

ဒေါ်အောင်ဆန်းစုကြည် ဟာ ဥရောပ မှာ ရောက်တော့ အေလီယန် ပါဘဲ။ ဒါပေမဲ့ နိုင်ငံ ကို တင့်တယ်အောင် ကိုယ်စားပြုခဲ့တာပါ။ သူ့ ကြောင့် မြန်မာ နိုင်ငံ သား အားလုံး ဂုဏ်ယူ ဝင့်ကြွား နေရ ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ နိုင်ငံတွေ က ဒီအကြောင်း ကို အခြေယူပြီး တော့ မြန်မာနိုင်ငံသား တွေ အားလုံး ဟာ  ဒေါ်အောင်ဆန်းစုကြည် လို ပညာ တော်တယ်၊ စိတ်ဓာတ်ရင့်ကျက်တယ်၊ အတွေးအခေါ်ကောင်းတယ်၊ ငြိမ်းချမ်းရေးကို လိုလားသူတွေ ဖြစ်တယ် လို့ သတ်မှတ် နေတာ မဟုတ်ဘူး ဆိုတာ သဘောပေါက် ရပါမယ်။

ကိုယ့်ပါတ်ဝန်းကျင် က ကိုယ့်ကို လေးစားအောင် နဲ့ မြန်မာ ဆိုတာ ကို လေးစားအောင် ဒေါ်အောင်ဆန်းစုကြည် က လုပ်မပေးနိုင်ပါဘူး။ ကိုယ်ကိုယ်တိုင် ဘဲ လုပ်ရမှာပါ။

 

တကယ်တော့ မြန်မာ ဆိုတာကို  ကမ္ဘာ က သိနေပါတယ်၊

ဝမ်းနည်းစရာက နာမည်ဆိုး နဲ့ သိနေတာပါ။

မြန်မာ ဟာ ချအစားဆုံး နိုင်ငံ တွေထဲ မှာ ထိပ်ဆုံး အဆင့် လို့ ကမ္ဘာ က သိတာပါ။

မြန်မာ ဆိုရင် လိမ်မဲ့ သူတွေ လို့ ကမ္ဘာ က ကြည့်နေတာပါ။

အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ထဲ ရဲ့ နာမည် နဲ့ ဒီ နာမည်ဆိုး တွေ အားလုံး ကို ဖျက်မပစ်နိုင်ပါဘူး။

ကျွန်မတို့ ရလို တာက မြန်မာ ဆိုတာ ရိုးသား၊ ကြိုးစား၊ အမှန်တရား မြတ်နိုး သူတွေ၊ လူသားချင်းစာနာ ထောက်ထားသူတွေ လို့ ကမ္ဘာသိဖို့ပါ။

အဲဒီ ရလို မှု ပြည့်ဝဖို့ ပြည်တွင်း နေသူ တွေ ရော၊ ပြည်ပ နေသူ တွေ ပါ လူတိုင်း လူတိုင်းမှာ တာဝန်ရှိပါ တယ်။

ဒီလို ဖြစ်ဖို့ အတွက် ကိုယ်ကျိုးစွန့် အနစ်နာ ခံ ရမယ် မဟုတ်ပါဘူး။

တကိုယ်ကောင်း မဆန် ဖို့ ကိုဘဲ သတိထားရပါမယ်။

အများအတွက် ဆိုတာကို မကြည့် ဘဲ ငါ့ အတွက်ဆိုတာ နဲ့ ကြည့်နေသ၍ ကတော့ ကောင်းအောင် လုပ်နေသူ တွေ ရဲ့ လမ်းကိုပါ ထိခိုက်နေမြဲ ဖြစ်နေဦးမှာပါ။

တစ်ခါတစ်ခါ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး စင်ပေါ်မှာ မင်းသားကြီး အတင်း လုပ်ပြနေ တာ ဟာ အများအမြင်မှာ မလှတာ ကို လဲ သတိပြု သင့်ကြပါတယ်။

 

နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နာမည်ကောင်း နဲ့ တိုင်းပြည်ကြီး ဝုန်းက နဲ မျက်လှည့်ပြသလို ပြောင်းမသွားပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အတွက် တိုင်းပြည် ပြောင်းလဲ ရေး ခရီး ဟာ အခုမှ အစ ဘဲ ရှိပါသေး တယ်။

သူ့မှာ အခက်အခဲတွေ၊ အဖျက်အမှောင့်တွေ အများကြီး  တွေ့ခဲ့ရပါတယ်။ တွေ့နေဆဲပါ။ ဆက်ပြီး တွေ့နေဦး မှာပါ။

သူ့မှာ အမှားတွေ လဲ ရှိခဲ့ပါတယ်။ ရှိနေဆဲပါ။ ဆက်ပြီး ရှိနေဦးမှာပါ။

ဒါကို ပြည်သူ တွေ က သူ့နေရာကို နားလည် သဘောပေါက် သင့်ပါတယ်။

အားလုံး စည်းလုံး နေဖို့ လိုပါတယ်။

အားလုံး ရဲ့ ရည်မှန်းချက် က တိုင်းပြည် နဲ့ ဆင်းရဲသားပြည်သူ တွေ ကို တိုးတက်စေလို တဲ့ ဆန္ဒဖြစ်သင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ရဲ့ တိုင်းပြည်အပေါ်ထားတဲ့ အနှိုင်းမဲ့ စစ်မှန်တဲ့ စေတနာ ကို အကြွင်းမဲ့ ယုံကြည်ကြဖို့ပါဘဲ။

ပြီးတော့ သူမ တစ်ယောက် ထဲ အပေါ် တာဝန်အားလုံး ပုံပေးမထားဘဲ သူ့ရဲ့ ဦးဆောင်မှု နောက်မှာ ကိုယ်တတ်စွမ်းသ၍ တတ်နိုင်သ၍  နိုင်ငံသား ကောင်း စိတ်ဓာတ် အပြည့်နဲ့ ကိုယ့်တာဝန်ကို ကျေအောင် စေတနာ သဒ္ဒါ နဲ့ ထမ်းကြဖို့ပါ ဘဲ။

အဓိကကတော့ တကဲ့ ကို ဆင်းရဲတွင်းနက် နေတဲ့ တိုင်းပြည် နဲ့ လူမျိုး အပေါ် မေတ္တာထားပြီး သူတို့ အတွက် ကြိုးစားပေးဖို့ပါဘဲ။

40 comments

  • ကိုရင်မောင်

    June 30, 2012 at 9:51 pm

    အရီးလတ်ရေ တော်တော်ကောင်းတဲ့ ပို့စ်ပါ..
    လက်မထောင်အားပေးသွားပါတယ်…

  • MaMa

    June 30, 2012 at 9:53 pm

    (အဲဒီ ငှက် ကလေး က သူချစ်တဲ့ ပြည်သူတွေ အတွက် သူ့ရဲ့ ပြည်သူ တွေ နဲ့ တစ်သွေး တစ်သား ထဲ ရှိနေနိုင် ဖို့အတွက် အခက်အခဲ အန္တရာယ် ထဲ ကို ပျော်ရွှင်စွာ ပြန်ဝင် သွား တာ ကို ဝမ်းသာ/ဝမ်းနည်း ခံစား နေ ရပါတယ်။)
    မလတ်ရေ-
    ခံစားချက်တွေ တူနေပြီ။
    ကိုယ်ချင်းစာကြည့်ရင် ခရီးပန်းနေမှာပဲလို့ စဉ်းစားမိပေမယ့် ……..
    လမ်းတလျှောက်မှာ မမောမပန်း နှုတ်ဆက်သွားတာ၊
    အိမ်ဝင်းအဝမှာ လူထုကို ထွက်နှုတ်ဆက်နေတာတွေကိုကြည့်ပြီး
    ကိုယ့်ကိုယ်ကို ထက် သူတပါးကို အလေးထားတဲ့စိတ်ကို မြင်မိတယ်။ 🙂

  • သားဦး၊မြေးဦး

    June 30, 2012 at 9:57 pm

    အရီးရေ လေးလေးစားစားကိုဖတ်မှတ်သွားပါတယ်။
    ““တကယ်တော့ မြန်မာ ဆိုတာကို  ကမ္ဘာ က သိနေပါတယ်၊
    ဝမ်းနည်းစရာက နာမည်ဆိုး နဲ့ သိနေတာပါ။
    မြန်မာ ဟာ ချအစားဆုံး နိုင်ငံ တွေထဲ မှာ ထိပ်ဆုံး အဆင့် လို့ ကမ္ဘာ က သိတာပါ။
    မြန်မာ ဆိုရင် လိမ်မဲ့ သူတွေ လို့ ကမ္ဘာ က ကြည့်နေတာပါ။
    အဲဒီအတွက် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ထဲ ရဲ့ နာမည် နဲ့ ဒီ နာမည်ဆိုး
    တွေ အားလုံး ကို ဖျက်မပစ်နိုင်ပါဘူး။””

  • ရဲစည်

    June 30, 2012 at 10:23 pm

    ဖတ်သွားပါတယ် အရီးရေ
    သိပ်တော့ အများကြီးမစဉ်းစား မတွေးတော့ပါဘူးတစ်ခုတော့ ပြောစရာလေးကျန်တယ် စိတ်ပူပန်မှုတွေပါ …… နောင်မျိုးဆက် ကိစ္စပေါ့ ခပ်ရိုင်းရိုင်းပြောရင် ဒေါ်စု ၇ဝ ကျော်ပါပီ သူ့သက်တမ်းကို ၁၀ဝပေးရင်တောင် အများဆုံးလုပ်နိူင်မှ နောက်၁၅နှစ်ပေါ့ အသည်းမာတဲ့ ဒေါ်သက်ချာကြီးတောင် ခုချိန် ထိုင်ပီး သေမယ့်အချိန်စောင့်နေရပီ ဆိုချင်တာက လွန်ခဲ့တဲ့ အနှစ်၃ဝ လောက်အတွင်းကနေ ခုထိ သူ့နောက်လိုက်နိူင်မဲ့သူ ကျနော်တို့ အားကိုးမျှော်လင့်နိူင်သူ သူကိုယ်တိုင် စိတ်ချယုံကြည်စွာ ထားခဲ့နိူင်သူ အေလီယန်တွေကို ခေါင်းမော့စေနိူင်သူ နောက်တစ်ယောက်ကိုဖြင့် ကြိုမျှော်ခြင်သေးတယ်ဗျာ…
    စကားမစပ် အေလီယန်တွေထဲမတော့ ကျနော်တို့ အဓိပတိအပါ ဟို၂ယောက်တော့ဖြင့် အလားအလာ ရှိလောက်ကြောင်း စိတ်တွင်မှန်းထင်လေရယ့် အာဟိ……..

    အတည်ရေးလဲ ထထဖောက်တတ်တဲ့ ကျပ်မပြည့် လစ်ဗရယ်လေး

  • padonmar

    June 30, 2012 at 10:28 pm

    ကျမတို့မြန်မာတွေမှာရှေးရှေး ဘိုးတော်ဘုရားလက်ထက်ကတည်းက မင်းလောင်းမျှော်တဲ့အလေ့အထရှိပါတယ်။ကိုယ့်အားကိုယ်မကိုးကြပဲ မင်းလောင်းကိုပုံအားကိုးကြတာပေါ့။
    ခုလည်းအဲဒီလိုပဲ ဒေါ်စုကို ပုံအပ်ပြီးအားကိုးချင်နေကြသလိုပါပဲ။
    ဘာဖြစ်ဖြစ် ဒေါ်စု ဝင်မရှင်းပေးဘူးလား။ဒေါ်စုကြည့်နေရက်သလားဆိုတာမျိုးတွေတွေ့နေရပါတယ်။

    ကျမလည်း ဒေါ်စုကို အလွန်တစ်ရာ အလွန်တစ်ထောင် အလွန်တစ်သန်းလောက်လေးစားပါတယ်။
    ဒါပေမယ့်ဒေါ်စုဟာလည်း လူတစ်ယောက်ဆိုတာမမေ့ကြဖို့လိုပါတယ်။
    သူ တော်တော်သိပေမယ့် သူမသိတာတွေလည်းရှိပါတယ်။
    သူအလွန်တော်ပေမယ့် အမှားရှိနိုင်ပါတယ်။
    အကယ်၍များ ဒေါ်စုရဲ့ အမှားတစ်စုံတစ်ခုများတွေ့ခဲ့ရင်လည်း ချစ်စိတ်နဲ့ မျက်စိမှိတ်မထောက်ခံကြဖို့ ၊
    မုန်းစိတ်နဲ့ တစ်ဆုံးတစ်စ မဝေဖန်ကြဖို့လိုပါတယ်။
    ဒေါ်စုရဲ့ အရည်အချင်းတွေထဲမှာ အလေးစားဆုံးကတော့ ရိုးသားပွင့်လင်းမှုပါပဲ။
    သူမသိတာကို သိချင်ယောင်မဆောင်ပါဘူး။
    ဒီတော့ ဒေါ်စုကိုချစ်ရင် လေးစားရင် သူ့စိတ်ဓာတ်သူ့အရည်အချင်းမျိုးရှိအောင် ကြိုးစားကြဖို့လိုပါတယ်။
    ……………
    နောက်တစ်ခုကြုံတုံးလေး
    ဒို့ဘကြီးစိန်လည်း မကြာခင် ပြည်ပချစ်ကြည်ရေးခရီးတွေသွားရပါလိမ့်မယ်။
    အဲဒီအခါ အမေစုနဲ့ နှိုင်းယှဉ် မကြည့်ကြစေချင်ပါဘူး။
    ဒေါ်စုရဲ့ ကိုယ်ပိုင်အရည်အချင်းဖြစ်တဲ့ လူထုဆွဲဆောင်နိုင်မှု သာမက ဘဝပေးအရည်အချင်းဖြစ်တဲ့ ဘာသာစကားကျွမ်းကျင်မှုမှာ
    တော်ရုံတန်ရုံလူမမှီနိုင်ပါဘူး။
    အရေးကြီးတာက တိုင်းပြည်ကိုတိုးတက်စေချင်တဲ့ စေတနာအရင်းခံရှိဖို့ပါဘဲ။

  • Khaing Khaing

    June 30, 2012 at 10:34 pm

    အရီးလတ်ရေ ………. ကိုယ်ကိုတိုင်ကနိုင်ငံခြားမှာ မနေဘူးမရောက်ဖူးတော့ အခုလို နိုင်ငံခြား မှာနေတဲ့ မြန်မာတွေဆီကလက်ဆင့်ကမ်းစကားလေးတွေကိုနားထောင်ပီး ဗဟုသုတယူရ တော့မှာပဲ… အရီးပြောတဲ့အကြွေးမှားတောင်းတဲ့ကိစ္စကို သမီးရင်းရင်းနှီးနှီးကြီးကြားဖူးတယ် အဲလိုအတောင်းခံရလို့ အခက်အခဲဖြစ်နေတာကို အကူအညီတောင်းတာမြင်ဖူးတယ် အဲဒါက အရီးဖြစ်နေတာကို ….
    သမီးအမြင်ကိုပြောရရင် မြန်မာပြည်သူလုထုတွေက ကိုယ်ကိုတိုင်အမေစုလို လုပ်နိုင်အောင်မကြိုးစားပဲ အမေစုက ငါတို့ကိုဘာလုပ်ပေးမလဲ ဘယ်လိုကောင်းအောင်လုပ်ပေးမလဲဆိုတာကိုပဲမျှော်လင့်နေကြတယ် တယောက်အားနဲ့မတတ်သာ အများအားနဲ့စုပေါင်းမှသာ တို်င်းပြည်ကြီးကတိုးတက်ကောင်းမွန်လာမှာပါ … မြန်မာပြည်သူလုထုအချို့က မိမိမျက်ချေးကိုမိမိမမြင်ပဲ သူတစ်ပါးမျက်ချေးကိုသာမြင်နေကြတဲ့လူက များပါတယ် ဘေးထိုင်ဘုပြောနေသူတွေကလဲ ဒုနဲ့ဒေး ………….. ဒါလေးပါပဲ သမီးသိသလောက်လေး ပြော ကြည့်တာပါ ……………

  • htoosan

    June 30, 2012 at 11:00 pm

    တွေးကြည့်ရင် မောတယ် အရီးလတ်ရေ…
    မောလို့ လက်မသာ ထောင်ခဲ့ပါသည်။ 🙄

  • Azzurri

    June 30, 2012 at 11:16 pm

    လက်မထောင်ခဲ့ပါတယ် အရီးရေ …
    ခွက်ဒစ်ကတ်ရဖို့ …အတော်လေး မျက်နှာ အောက်ချခဲ့ရတဲ့ အေလီယန် တယောက်အနေနဲ့ပါ…။

    ဘယ့်နှယ့် … ကိုယ်ဘာမှမလုပ်ခဲ့တာကို ကိုယ်ကပဲ ကလိန်ကကျစ်လုပ်မှာလိုလိုနဲ့
    အောက်တန်းနောက်တန်းကျခဲ့ဖူးတဲ့အဖြစ်…

    အိုဘယ့်
    ရွှေမကြင်နဲ့ ဖားမချစ်နဲ့ ခွေးမမွေးနဲ့တဲ့…

    ပြန်လာခဲ့ပါမယ်ဗျာ …
    ခင်တဲ့

  • surmi

    July 1, 2012 at 12:00 am

    ဗျို.အရီးရေ …
    ကျနော်.မှာဆိုင်ကယ်ဦးထုပ်မရှိလို. မပြောဖြစ်တာလေးတွေပြောသွားတာကောင်းသဗျာ ။
    ကျနော်တို.လည်းခံစားဖူးပါတယ် ။ မြန်မာနိုင်ငံသားဆိုရင် အထင်သေးတဲ.မျက်လုံးတွေနဲ.
    အကြည်.ခံရတာ ……နှိမ်.ချဆက်ဆံခံရတာတွေ ….ဒါတောင် ဒီနိုင်ငံအတွင်းမှာနော်
    အပြင်မှာဆိုဘယ်လောက် ဆိုးမလဲ ။အထက်မှာပြောသွားကြသလိုဘဲ ဘွားတော်ကိုချည်းအားကိုးပြီး
    မျှောလိုက်နေလို.မရဘူးဗျ ကိုယ်နဲ.တကွ ကိုယ်.ပတ်ဝန်းကျင်လေးလဲ ကောင်းအောင်အရင်
    လုပ်ဦးမှ ။ ဒါနဲ. ဒီနေ.မနက်တွ.ခဲ.ရပါတယ် …မနက်(၇)နာရီလောက်ကတဲက လူတွေတန်းစီနေတာ
    ကျနော်ဘာသွားသတိယလဲဆိုတော. ….ဟိုး …အရင်.အရင် အစိုးရတွေခေတ်မှာ လုပ်အားပေးသွား
    ခဲ.ရတာတွေ ၊ တစ်အိမ်တစ်ယောက် မလိုက်မနေရ အင်အားပြခဲ.ရတာတွေ …..
    အဲဒီတုန်းကတော. ကိုယ်.ဆန္ဒမပါဘူးပေါ.ဗျာ ….ခုကတော. မိမိဆန္ဒပေါ. ….
    ဒါပေမဲ. တစ်ခုစိုးရိမ်တာလေးရှိတယ် ……အထက်က မူဝါဒတွေဘယ်လောက်ကောင်းကောင်း အောက်
    ခြေက သောက်ရမ်းလုပ်တဲ.ကောင်တွေကရှိစမြဲဆိုတော. …..တစ်နေ.နိုင်ငံကိုဦးဆောင်မဲ.ပါတီကြီးတစ်ခု
    အနေနဲ. ပြောစရာတွေတော. မဖြစ်စေချင်ဘူးဗျာ ……။ကျနော်နိုင်ငံရေးလည်းသိပ်နားမလည်ပါဘူးဗျာ
    ဒါပေမဲ. ….ဒီနိုင်ငံရဲ.အကြောင်းတွေးမိရင် ငယ်ငယ်ကဖတ်ခဲ.ဖူးတဲ. အထောက်တော်လှအောင်ဘာသာ
    ပြန်တဲ. “အုတ်ကြားမြက် “ဆိုတဲ. ဝတ္ထုကိုသတိရတယ် ။
    ဘာဘဲဖြစ်ဖြစ် ဗျာ ခုလိုချိန်မှာ ဒီလိုပို.စ်ကောင်းကောင်းလေးဖတ်ပြီး မန်.လိုက်ရတာ ရင်ထဲကိုရှင်းသွား
    တာဘဲ …..ဖွတ်ကျားကွန်နက်ရှင်ထဲကိုဂျွန်းထိုးပြီးဝင်ခဲ.ရတာဗျို. …..တစ်ခုဆိုတစ်ခုမှ…….။

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 1, 2012 at 12:05 am

    မကောင်းပါဘူး အရီးလတ်ရေ ကွိကွိ ( အရဂါးနောက်တာ )
    သဂျီးမင်းအလိုတော်ကျ ဘယ်သူနဲ့မှမ တူအောင်ပြောလိုက်ရတာပါ ( ကိန်ကိန် )
    ( အားလုံကကောင်းတယ်ပြောတော့ ခေတ်မှီအောင် မကောင်းဘူးပြောဒါ 😀 )
    ဟိုသီချင်းတောင် သတိရမိပါရဲ့ဗျာ ဘာဒဲ့ မခံစားဘူးတော့ ကိုယ်ခြင်းမစာပြီ ဆိုလား
    အေလီယန် ဆိုတာ ဘာကိုခေါ်သတုံးဗျာ ဂြိုလ်သားကိုခေါ်သလား 😆
    အန်တီတို့က စတန်းဒက်ရှိရှိနဲ့ အေလီယန် အမည်ခံရတာ ခံသာပါတယ်
    ထိုင်းနိုင်ငံမှာ တရားမဝင်နေထိုင်သူတွေကို ( သန်တောက် ) လို့ခေါ်ကြပါတယ်
    သန်တောက် ဆိုရင် အဆင့်မရှိတဲ့သတ္တဝါတွေပါဘဲ အဓိပ္ပါယ်ကတော့ အေလီယန်ဘဲလား မပြောတတ်
    အမေဂျီး ကြောင့် ကျုပ်တို့ မျက်နှသာနည်းနည်းတော့ရသဗျ
    ပြောရရင်တော့ အများကြီးဘဲဗျာ
    ကျနော်စာတွေရေးခြင်ပါတယ် ဘယ်လိုရေးရမလဲဖြစ်နေလို့ပါ
    အကြမ်းဖျင်းပြောရရင်တော့ အရပ်စကားနဲ့ပြောတာပါ
    အောင်ဆန်းစုကြည် ( ဒေါ်အောင်ဆန်းစုကြည် ) အာဏာရသွားပြီ မြန်မာတွေ ချမ်းသာပြီ
    ထိုင်းမှာရှိတဲ့ သန်တောက် ( အေလီယန် ) တွေ မြန်မာပြည်ပြန်တော့မယ်
    ကျနော့ ဘောစိတောင်ကျနော့ကိုမေးပါတယ်
    လေဒီ ( ဒေါ်အောင်ဆန်းစုကြည် ) လွတ်သွားပြီ မင်း မြန်မာပြည်ထဲမှာ ဘာလုပ်ကွက်မြင်ထားလဲ ???
    ဟိုသီချင်းလိုပါဘဲ
    ကျမ ဟစ်၍သာ ငိုလိုက်ခြင်ပါသည်
    လောလောဆယ် စည်းစိမ်တွေကိုသုံးစွဲနေရလို့ သေခြာမရေးနိုင်ပါ ( ဉဏ်မမှီတာပါ )
    ဒါလေးကိုတော့ ဆပ်ပို့စ်ပါတယ်
    ( တကိုယ်ကောင်း မဆန် ဖို့ ကိုဘဲ သတိထားရပါမယ်။ )
    ဒါကို အထူးပြုပါတယ်ဗျာ
    ( တစ်ခါတစ်ခါ ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး စင်ပေါ်မှာ မင်းသားကြီး အတင်း လုပ်ပြနေ တာ ဟာ အများအမြင်မှာ
    မလှတာ ကို လဲ သတိပြု သင့်ကြပါတယ်။ )
    မှတ်ချက် ။ ။ ပြောလို့သာပြောတာ အဲ့သည် ကိုယ်ကြိုက်တဲ့ အသုံးနှုံးလေး ကို ဆပ်ပို့စ် တယ်ဆိုတာ
    ဘာကိုခေါ်သတုံးဗျာ
    ( အမေလး စက်လိုက်ဒါ မျက်နှာကို လက်ဝါးနဲ့ အုပ်ပြီးပြေးဘီ )

  • pooch

    July 1, 2012 at 1:51 am

    ဒီနေ့ ညနေက ဆီမီနာတခုကို သွားတက်ခဲ့ပါတယ် အရီး။ ဆရာကလည်း အရီးပြောသလို ပဲ အားလုံးကို ကြိုးစားကြဖို့ ပြောသွားပါတယ်။
    ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ကို ပြင်ပြီး ကိုယ့်ကိုယ်ကိုယ်ကောင်းအောင် အရင်ကြိုးစားပြင်ပါ့မယ်။

    ကျောင်းဆရာ စာကို ကောင်းကောင်းသင်ပေးနေတာ ဆရာဝန်ဆေးကောင်းကောင်းကုပေးနေတာ ကုန်သယ် သူ့အလုပ်ကို ကောင်းအောင်လုပ်တာလည်း တဖက်တလမ်းကနေ တိုင်းပြည်ကို အကျိုးပြုနေတာပဲလို့ ကြားဖူးပါတယ်။

    ကိုယ်တိုင် လိုအပ်ချက်တွေ ချို့ယွင်းချက်တွေ အပြည့်နဲ့ မို့ ကိုယ့်ကိုယ်ကိုယ်ကောင်းအောင် ကြိုးစားရင်း
    ကြိုးစားပါ့မယ်လို့ ပြောပါရစေ။ သူတပါးကို အကျိုးမပြုနိုင်ရင်တောင် စိတ်အနှောင့်ယှက်မပေးမိအောင် မထိခိုက်အောင် ကြိုးစားနေထိုင်ပါ့မယ်။

  • kai

    July 1, 2012 at 4:15 am

    စနစ်ကြောင့်မဟုတ်…
    နှစ်တထောင်ကျိန်စာမိနေသော.. လူသားများကြောင့်… 🙂

    အဲဒီနှစ်တထောင်.. ပထမမြန်မာနိုင်ငံထောင်စဉ်ကစတဲ့.. အယူအဆ.. အတွေးအခေါ်တွေအကုန်.. ပြန်စိစစ်.. ခေတ်နဲ့ညှိ..။ လူတွေနဲ့ညှိ..။
    ပြောင်းပြန်လှန်သင့်တာလှန်.. တည့်သင့်တာတည့်..။ ယူသင့်တာယူ..။ သုံးသင့်တာသုံး..။

    ကျိန်စာလွတ်မည်ဖြစ်သတည်း…။ :mrgreen:

    ဥရောပဟာ.. အခုလိုနေရာ.. မိုးနတ်မင်းကပေးပြီးရနေခဲ့တာမဟုတ်..
    ကွန်ဆာဗေးတစ်..အစွန်းရောက်..ဘာသာရေးစွန်းစွဲသမားတွေရဲ့.. အတွေးအခေါ်..ဓလေ့အကျင့်တွေ.. တွန်းလှန်ပြီးမှရခဲ့တာပါ..။ ရှေးရိုမန်ကကစ်တလစ်တွေရဲ့.. အကြောင်းတွေပြန်ဖတ်ကြည့်ကြစေချင်မိတယ်.။

    ရှေးးးဥရောပကများ.. ဘာသာရေးအယူအဆမတူရင်..ဖမ်းထောင်ချ..မီးရှို့သတ်တာတွေ..လုပ်ခဲ့တာပေါ့..။
    (အခုမြန်မာပြည်လို) 🙂

    အဲဒီလိုနဲ့.. သိပ္ပံပညာဟာ.. လစ်ဘရယ်သမားတွေအတွက်ထွက်ပေါက်ဖြစ်ပြီး..နိုင်ငံရေး..စနစ်.. တော်လှန်ရေးကြီးတွေ အဆင့်ဆင့်နဲ့..အသက်တွေ..သွေးတွေ..သန်းချီစတေးပြီးမှ.. အခုဥရောပမြင်ကြရတာဖြစ်ပါတယ်..။

    စနစ်ကို လူကမောင်းတာပါ..
    စနစ်ကောင်းချင်ရင်..စနစ်ကောင်းမှာနေချင်ရင်..စနစ်ထဲက လူတွေတဦးချင်းက.. ကိုယ့်ခန္တာထဲက… (တွေးအခေါ်အယူအဆ)တွေ အရင်ပြင်ကြရလိမ့်မယ်..
    အဲဒီလိုလူတွေနဲ့..နိုင်ငံကို.. မောင်းနှင်တဲ့အခါ.. ဘာနိုင်ငံရေးစနစ်နဲ့.. လုပ်ကြရင်ပဲဖြစ်ဖြစ်.. အကောင်းဆုံးတွေနဲ့.. တိုင်းပြည်ကြီးကိုရကြလိမ့်မယ်..။

    • ရွာစားကျော်

      July 1, 2012 at 6:54 am

      အပိုဒ်ခွဲပြီးပြောထားလိုက်သေး

      ရှေးးးဥရောပကများ.. ဘာသာရေးအယူအဆမတူရင်..ဖမ်းထောင်ချ..မီးရှို့သတ်တာတွေ..လုပ်ခဲ့တာပေါ့..။
      (အခုမြန်မာပြည်လို)

      တဂျီးမင်း အဲဒါတော့ တဆိတ် လွန်မနေဘူးဘားဗျာ.. ရူးလ် တခုခုနဲ့ ညိနေသလားပဲ

      ရခိုင်အရေးကလည်း မီးခိုးမတိတ်သေးဘူးဆိုတော့ကာ
      စကားစကား ပြောပါများ စကားထဲက ဇာတိပြ.. စကားနောက် တရားပါတတ်တယ်နော်..
      ဟင်း ဟင်း

    • MaMa

      July 1, 2012 at 8:30 am

      သဂျီးပြောတဲ့ နှစ်၁၀၀ဝကျိန်စာဆိုတာကြီးကို ဖတ်မိတိုင်း ကျောချမ်းလွန်းလို့။။။။။။။။။ 😥
      ကျိန်စာလွတ်အောင် ကိုယ်အပါအဝင် လူတွေအားလုံးကို အဝတ်လျှော်စက်ထဲထည့်ပြီး
      အရိုးစွဲနေတဲ့ စိတ်ဓာတ်တွေကို ဖြူစင်သစ်လွင်သွားအောင် (လစ်ဘရယ်ပီသအောင်) ဖွတ်လျှော်မှ ရမယ်ထင်တယ်။

  • same kyaw

    July 1, 2012 at 8:50 am

    အရမ်းကောင်းတဲ့ပိုစ့်လေးပါ။အားပေးပါတယ်ခင်ဗျာ

  • မောင်ပေ

    July 1, 2012 at 9:20 am

    မကောင်းပါဘူး အရီးရေ…( credit to လိင်တူချစ်သုကြီး)
    မကောင်းပါဘူးဆိုတာ ဒီလိုပါ ခင်ဗျ
    မြန်မာနိုင်ငံက သူထေးကြီးတွေ (အရင်အစိုးရလက်ထက်မှာ ရသမျှ အခွင့်အရေးတွေနဲ့ နောင် ၂ဝသက် စားမကုန် သုံးမကုန်အောင် ချမ်းသာကြသူတွေ)…. ဟာ သူရို့တွေ လုပ်စားခဲ့တဲ့ လုပ်စားနေဆဲ ဒီနိုင်ငံသူားတွေအပေါ် အစစ အရာရာ မကူညီမပံ့ကိုးသေးသရွေ့။
    ကိုယ့်အလုပ်မှာဝင်လုပ်တဲ့သူ ကိုယ့်အကျိုးကိုဆောင်ရွက်ပေးနေသူလောက်ကိုပဲ မဖြစ်စလောက် ပြန်စွန့်ကြဲနေတာကလား။

  • garuda

    July 1, 2012 at 9:56 am

    ကောင်းပါတယ်ဗျာ။ အရီး Khin Latt တို့လို နိုင်ငံခြားမှာနေပြီး ဗမာ/မြန်မာနိုင်ငံတိုးတက်ဖို့ကို ကြည့်တဲ့လူတွေ အများကြီးလိုပါတယ်။ နိုင်ငံခြားရောက်နေတဲ့ မြန်မာနိုင်ငံသား တော်တော်များများဟာ မြန်မာဖြစ်ရတာရှက်ကြတယ်။ တခုခုဖြစ်ရင် မှားမှားမှန်မှန် ကိုယ့်နိုင်ငံသားကို အပြစ်တင်ဖို့လောက်ပဲသိတယ်။ သနားဖို့တော့ကောင်းကြပါတယ် နိုင်ငံခြားသာရောက်
    သွားကြတယ် အတွေးခေါ်တွေ သိပ်တိုးတက်မလာကြတာကြောင့်လို့ထင်ပါတယ်။ တစ်ချို့ကလဲ ပြန်လာစရာ အကြောင်းမရှိတော. ”ဘယ်သူသေသေ ငတေမာရင် ပြီးရော” ဆိုပြီး သူများယောင်တိုင်းလိုက်ယောင်နေတာပါ။ ကျွန်တော်တို့နိုင်ငံ ဟာ တိုး တက်ဖို့အတွက် အမေစုကဲ့သို့ ဗဟုသုတ အတွေးအခေါ် အမြင်ကျယ်တဲ့လူမျိုးတွေ ပြန်မျှဝေပေးနိုင်တဲ့လူမျိုးတွေ
    ထောင်သောင်းမကလိုအပ်နေပါတယ်။ များသောအားဖြင့် အနှိမ်ခံဘဝနဲ့ နေလာရတာ များပြီး နိုင်ငံတကာနဲ့ အဆက်အသွယ်ပြတ် နေတော့ တော်တော်လေး သင်ပြပေးဖို့လိုပါတယ်။ အခုဆိုရင် stateless လို့ပြောနေတဲ့လူတွေဟာ refugee အဖြစ်နဲ့ နိုင်ငံတကာမှာ လွန်ခဲ့တဲ့နှစ်ပေါင်းမြောက်များစွာ ကတဲကရောက်နေကြတာ အခုဆိုရင် သူတို့လူမျိုးမှာ ပညာတတ်တွေ ဒေါက်တာဘွဲ့ရတွေဟာ မြောက်များစွာပေါ်ထွန်း နေပါပြီ။ ကျွန်တော်တို့ တိုင်းရင်းသား ရခိုင်လူမျိုးများကတော့ အနှိမ်ခံဘဝနဲ့
    ဒုံရင်းက ဒုံရင်းပါပဲ။ အင်တာနက်ပေါ်မှာ ကိုယ့်လူမျိုးတွေ အသတ်ခံရ အိမ်မီးရှို့ခံရတဲ့ အဖြစ်မှန်ဖေါ်ပြဖို့ နေနေသာသာ ကိုယ်တွေက နိုင်ငံတကာမှာ လူဆိုးကြီးတောင်ဖြစ်လို့။ ဗမာပြည်သူပြည်သားများကို ကူညီနိုင်မဲ့ နိုင်ငံခြားရောက် ပုဂ္ဂိုလ်များ များများ
    ပေါ်ထွက်လာနိုင် ပါစေဗျာ။

  • နောက်နေ.......

    July 1, 2012 at 11:59 am

    ခုနှစ်ချောင်းမြောက်လက်မကိုထောင်သွားပါတယ်အရီးရေ…….
    ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်ဆိုတော့လဲ….
    တစ်ယောက်တည်းအားထက်ပြိုင်တူတွန်းကြတာပေါ့….
    နိုင်ငံသားတိုင်းမိမိတို့ရဲ့မတူညီတဲ့ကဏ္ဍတွေကနေ မတူညီတဲ့ကြိုးစားအားထုတ်မှုနဲ့
    တူညီတဲ့စိတ်ဓါတ်ကိုအရင်းခံပြီးခွန်အားတွေစုပေါင်းပါမှ မြန်မာကိုကမာ္ဘအလည်မှာ
    နာမည်ကောင်းနဲ့ကျန်စေမယ်ဖြစ်ပါတယ်…..အရီးရဲ့အဆိုပြုချက်ကိုထောက်ခံပါကြောင်းလေး….
    မောင်ရှမ်း……..

  • မစ္စတာ တောက်တဲ့

    July 1, 2012 at 12:19 pm

    အရီးရေ …
    ကျနော်လည်း လက်မထောင် အားပေးသွားပါတယ်လို့ပဲ
    ပြောပါရစေ …

    ဒေါ်အောင်ဆန်းစုကြည်ဟာ ဖအေတူသမီးလို့ ပြောနိုင်မလားပဲ …
    ဗိုလ်ချုပ် တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ခဲ့သလို
    ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မြန်မာကို ကမ္ဘာ့အလယ်မှာ တင့်တယ်စေဖို့
    ကိုယ်ကျိုးကိုစွန့်ပြီး ဆောင်ရွက်နေပါတယ် …

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ပေါက်ဝမှာ ဗိုလ်ချုပ်ပုံကြီးနဲ့ စာတန်းရေးထားတာတောင် ကျနော် ဖြတ်သွားတုန်းက မြင်ခဲ့မိပါသေးတယ် ..
    “တိုင်းပြည်နဲ့ ပြည်သူရဲ့ မျက်နှာကို ထောက်ထားပြီး ပြတ်ပြတ်သားသား ဆောင်ရွက်ကြ”
    လို့ ရေးထားသလားပဲ …

    အရီးပြောထားသလို ပြည်သူတွေကလည်း နိုင်ငံသားကောင်း ပီသအောင်၊ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ဆောင်ရွက်ကြဖို့ဆိုရင် ကိုယ်ပစ်တဲ့အမှိုက်ကို ကိုယ်တာဝန်ယူခြင်းက အစပြုရမယ်လို့ ထင်မိကြောင်းပါ …

    ဤသို့ ဟိုရောက်ဒီရောက်
    ပြောချင်တာပြောသွားပါ၏ ……. 😀

  • (နောက်တစ်ချက်က ဒေါ်အောင်ဆန်းစုကြည် ရဲ့ နာမည်ကောင်း နဲ့ တိုင်းပြည်ကြီး ဝုန်းက နဲ မျက်လှည့်ပြသလို ပြောင်းမသွားပါဘူး။ ဒေါ်အောင်ဆန်းစုကြည် အတွက် တိုင်းပြည် ပြောင်းလဲ ရေး ခရီး ဟာ အခုမှ အစ ဘဲ ရှိပါသေး တယ်။

    သူ့မှာ အခက်အခဲတွေ၊ အဖျက်အမှောင့်တွေ အများကြီး တွေ့ခဲ့ရပါတယ်။ တွေ့နေဆဲပါ။ ဆက်ပြီး တွေ့နေဦး မှာပါ။

    သူ့မှာ အမှားတွေ လဲ ရှိခဲ့ပါတယ်။ ရှိနေဆဲပါ။ ဆက်ပြီး ရှိနေဦးမှာပါ။

    ဒါကို ပြည်သူ တွေ က သူ့နေရာကို နားလည် သဘောပေါက် သင့်ပါတယ်။

    အားလုံး စည်းလုံး နေဖို့ လိုပါတယ်။)

    ကိုလတ်
    ကျနော်ကတော့ဒီစာပိုဒ်လေးကိုအရမ်းကြိုက်ပါတယ်။
    ကျနော်တို့အားလုံး လုပ်ရမှာတွေအများကြီး ကျန်ပါသေး၏။

  • ဖိုးထောင်

    July 1, 2012 at 3:40 pm

    အရီးရေ ဂုန်ယူဝမ်းမြောက်စွာနဲ့ ဖတ်သွားပါတယ် အရီးရဲ့အရေးအသားကလည်း တော်တော်ကောင်း
    ဒါပေမယ့် သဂျီးမန့်တာတော့ သိပ်မကြိုက်
    ရှေးးးဥရောပကများ.. ဘာသာရေးအယူအဆမတူရင်..ဖမ်းထောင်ချ..မီးရှို့သတ်တာတွေ..လုပ်ခဲ့တာပေါ့..။
    (အခုမြန်မာပြည်လို) 🙂 ဆိုတာကြီးပါ အကယ်၍များ မြန်မာပြည်အဲဒီလိုလုပ်နေရင် ကုလားဆိုတာရှိမှာကို မဟုတ်ပါ

  • စိန်ဗိုက်ဗိုက်

    July 1, 2012 at 5:40 pm

    မြန်မာ့ဂုဏ်အတွက် ဒေါ်စုကတော့ တာဝန်ကျေခဲ့ပြီ
    ပြည်ပရောက် သဂျီးတို ့အရီးတို ့အေလီယန်တွေနဲ ့ ကျော်တို ့လို အုန်းမုတ်ခွက်အောက်က အေလီယန်တွေ တာဝန်ကျေဖို ့ပဲလိုတော့ဒယ်..
    အူးလေးတို ့ မျှော်လင့်သလိုဖြစ်အောင် ကျော့်လို ငမူးအေလီန်တစ်ကောင်အနေနဲ ့လည်း ကြိုးစားကြည့်ပါဦးမယ်..
    ဂိန်..ဂိန်..

  • blackchaw

    July 1, 2012 at 5:52 pm

    အစ်မရေ။
    သေချာ ဖတ်ပြီး ကွန်းမန့်လေးကို သေချာ ရေးချင်တာကြောင့်
    လက်မလေးပဲ ထောင်ခဲ့ပြီး ပြန်သွားပါတယ်။
    သေသေချာချာကြီးကို ပြန်လာခဲ့ပါမယ်…။
    လေးစားခင်မင်တဲ့
    ဘလက်…။

  • Crystalline

    July 2, 2012 at 3:02 am

    အရမ်းကောင်းတဲ့ပို့စ်လေးပါ..ဘောလုံးပွဲအားလပ်ချိန်မှာသေသေချာချာကိုဖတ်ဖြစ်လိုက်တယ်..ပွဲပြီးမှ ကွန်မင့်လေးတွေပြန်လာဖတ်အုန်းမယ်..ကိုယ်ဝင်ပြောရင်ပေါ့သွားမှာစိုးလို့…စကားမစပ် အရီးရဲ့အီတလီနဲ့ သမီးစပိန်ပြန်တွေ့ပြန်ပြီးနော်..အီတလီဖိုင်နယ်တက်တုန်းက ရေးထားကြလိုက်တာစိတ်တိုလိုက်တာ…အခုတော့လည်း … ယူရိုပွဲအစကတည်းကသူများပြောထားတဲ့အတိုင်းဖြစ်နေလို့..ဗေဒင်ဆရာမလုပ်ရရင်ကောင်း မလားလို့… 🙂

    • Crystalline

      July 2, 2012 at 3:04 am

      ခလေးတွေရယ်ထပ်သွင်းလိုက်ပြန်ပြီး..အဇူရီတွေသနားပါတယ်.. ဟိ ဟိ

      • အရီး Khin Latt

        July 2, 2012 at 3:08 am

        ဟယ် ဒီမိန်းကလေး လဲ မအိပ်သေးပါလား။
        နိုင်ပြီဟေ့.။
        ချန်ပီယံ စပိန်။
        အီတလီ ရေ အမျှ၊ အမျှ၊ အမျှ။ 😛

    • အရီး Khin Latt

      July 2, 2012 at 3:09 am

      ဒီပွဲမှာ အရီး ထက်ပိုပြီး ငိုနေသူ ၂ယောက် ရှိနေလေရဲ့။ 😀

      • Crystalline

        July 2, 2012 at 3:15 am

        အရီးရဲ့ပို့စ်လေးမှာလာရှုပ်သလိုဖြစ်လို့တောင်းပန်ပါတယ်…ဝမ်းသာလွန်းလို့ ဘယ်သူ့ပြောရမှန်းမသိလို့..ပို့စ်ကိုရော ကွန်မင့်တွေရောသေသေချာချာဖတ်သွားတယ်နော် အရီး..အပြောကြီးတဲ့သူတွေကိုလည်းရီချင်လိုက်တာ.. ဂျာမနီဆိုရင်ဒီလောက်အခြေအနေဆိုးမှာမဟုတ်တာသေချာတယ်.. အီတလီဖိုင်နယ်တက်ကတည်း ရေးထားလိုက်ကြတာစိတ်တိုလို့ပါ.. အခုတော့လည်း… အလုပ်နဲ့သက်သေပြလိုက်တယ်.. 🙂

        • Azzurri

          July 2, 2012 at 6:45 am

          ရန်စသလားကွယ်…
          မနိုင်လို့ ရှုံးတာ ရှုံးတယ်ပေါ့ …
          ဇဂါးမစပ် …အဲ့သည့် ရှုံးပါတယ် ဆိုတဲ့အသင်းကိုတောင်
          မနိုင်လို့ …အိမ်ပြန်စောခဲ့ပီးမှ …သူသာတက်ခဲ့ရင် သည်လောက် ဂိုးပြတ်မှာ
          မဟုတ်ဘူး …တော့ မပြောပါနဲ့အေ…၁ဝတန်း ကျတာနဲ့ …
          သူငယ်တန်း ဂုဏ်ထူးနဲ့အောင်တာ …ဘယ်လိုမှ ထပ်တူပြုလို့ မရစကောင်းဘူးရယ်…

      • ရဲစည်

        July 2, 2012 at 3:31 am

        အရီး ..
        ပို့စ်နဲ့ ပတ်သတ်တာတော့ အပေါ်မှာ စိတ်ထဲရှိတဲ့ အတိုင်း မန့်ပီးပီ

        ခုကတော့ အဇူရီတွေရေ အမျှ…. အမျှ…. အမျှ
        အရီးပြောသလိုဘဲ ငိုနေသူ ၂ယောက်ထဲက ၁ယောက်နဲ့ ခုတင် စဂါးပေါနေ၏…………..၁၆နှစ်လောက် အားပေးလာသူဆိုဒေါ့ ကိုယ်ချင်းစာပါတယ်….. ၄-ဝ ဆိုတာကြီးတော့ နည်းနည်းလွန်တယ် ထင်တာဘဲ
        စပိန်ကနောင်ဆို ကလပ်အသင်းရော နိူင်ငံအသင်းမှာပါ ထိပ်တန်းအဆင့် ပူးတွဲရောက်လာသူလို့ ဆိုရမှာဘဲ
        တချိန်က နာမည်ကြီးခဲ့တဲ့ အသင်းတွေက ကလပ်အသင်း(သို့) နိူင်ငံအသင်း တစ်ခုမှာဘဲ အောင်မြင်ကြတာလေ…
        သိပ်မသိတော့ အများကြီး မပွားတော့ဘူး အလုပ်ကမပီးသေးတော့ လစ်တော့မယ်…. 😀

      • ကြောင်ဝတုတ်

        July 2, 2012 at 3:47 am

        ဟုတ်တယ် အဟင့် တကယ်ငိုနေတာ
        (၁၈)နှစ်လုံးလုံးအားပေးလာတာ
        အသက်တစ်ဝက်ကျော်ကျော် အဇူရီပရိတ်သတ်

        အဇူရီကြောင်ဝတုတ်

        • Azzurri

          July 2, 2012 at 7:02 am

          ကျုပ်တို့ လိုခဲ့တာ ကံတရား လို့ ပဲမြင်မိတယ်ဗျာ …
          ဘယ့်နှယ့် … ပြိုင်ပွဲတလျောက် … တလုံးမှ ဖလာ မရဘူး …
          ဖလာ လိုချင်လို့ ပြောတာမဟုတ်ပါဘူး …
          အသေအကျေ ရုန်းရတာ ကိုပြောပါတယ်…
          ကန်လိုက်ရတာ ပွဲတိုင်း ကို …အသည်းအသန် …

          ခုလည်းကြည့် … အပိုင်ဆိုတဲ့ အလုံးတွေ ဂိုးမဖြစ်လာဘဲ ..
          ကိုယ့်ဘက်က တော့ ပေါက်လိုက်တာနဲ့ ပေးလိုက်ရတာချည်း …
          သည်တခေါက်တော့ ကံကို လွှဲချခွင့်ပြုဗျာ…
          ဘယ့်နှယ့် အလွန်အင်မတန် စိတ်မကောင်းဖြစ်ရပါကြောင်း..

          ဘာဖြစ်လဲဗျာ ..ရှုံး ..ရှုံးတယ်ပေါ့ ..၂နှစ်ပဲစောင့်…
          ခြေကျိုးနေတဲ့ ရော့စီ ပြန်လာမယ် … မာချီဒါ ..ပိုသန်စွမ်းလာမယ်..
          အမေ့ခံ ချာတိတ်လေး .. ပီထရူချီ က တော့တီလက်သစ်ဖြစ်လာဦးမယ်..
          တခြားနည်းပြတွေ မနာလိုချင်စရာကောင်းလောက်အောင် …
          တိုက်စစ်မှူးရွေးရခက်တဲ့ ခေတ် ပြန်ရောက်လာဦးမယ်. …
          ၂နှစ်ပဲစောင့်…

    • မြစပဲရိုး

      June 27, 2016 at 11:50 pm

      မကြည်စင်လေးရေ။
      လွန်ခဲ့တဲ့ ၄နှစ် ကပေါ့။
      ၁ ယောက် နဲ့ ၄ ယောက် မှာ အများစု အသဲခွဲခံ ရတာ။
      ဆက်ကြည့်ကြစို့။
      ဒီတစ်ခါရော ဘဲ့နှဲ့ရှိလဲလို့။
      လောလောဆယ်တော့ အရီး တူမ လေး ကို သနားနေပါတယ်။ :-))))

      • မြစပဲရိုး

        June 28, 2016 at 12:20 am

        Ohhhh .. My .. :-)))

        The Blues won my dear!

  • အရီး Khin Latt

    July 2, 2012 at 4:48 am

    မိတ်ဆွေကြီး ကိုရင်မောင်
    ဦးဦးဖျားဖျား အားပေးသွား လို့ တကယ်ကြီးကို ကျေးဇူးပါရှင်။

    မမ ရေ
    ညီအစ်မ တွေမို့ ခံစားချက် ချင်းတူတာလေ။
    ဒီလို ခရီး ကို ဒီလောက် အသက်အရွယ် နဲ့ သွားခဲ့နိုင်တာ သူ့စိတ်ဓာတ် ဘယ်လောက်ကြံ့ခိုင် သလဲ ဆိုတာ ကို မြင်လို့ ရပါတယ်။
    ခရီး မှ ပုံမှန် ခရီး မဟုတ်ဘူး။
    နေရာတိုင်းမှာ သူ့မိန့်ခွန်းကို တန်ဖိုးထား နားထောင် မဲ့ သူတွေ အတွက် ပြောရမှာ မို့ စိတ်လဲ အတော်ပင်ပန်းမှာ။
    ဒါပေမဲ့ သူ့ပုံတိုင်း ဟာ နွမ်းနေတယ် မရှိ။
    တကဲ့ကို ရွှင်လန်း နေတာပါဘဲ။
    သူ ဒီခရီး မှာ အရမ်းပျော်ရွှင်ခဲ့မယ်လို့ ယုံကြည်ပါတယ်။
    အားပေးတာကျေးဇူးပါ။

    သားဦး မြေးဦး ရေ
    အားပေးတာ ကျေးကျေး နော်။

    မောင်ရဲစည် ရေ
    မင်းလိုဘဲ အရီး လဲ စိတ်ပူတာပါဘဲ။
    သူ့နေရာ မှာ ဖြည့်နိုင်မဲ့သူ ရှိရင်တောင် မှ သူ့လောက် အရှိန်အဝါ မကြီး နိုင်တာ သေချာတယ်။
    ဒီလို လူမျိုး ရဲ့ အား ဟာ ပြည်တွင်းမှာ ရှိနေပါရက်နဲ့ တိုင်းပြည်တိုးတက်ရေးမှာ လုပ်ဖို့ အနှစ် ၂ဝ ကျော် အလဟသဖြစ်နေတယ်။
    ရှင်းရှင်း တွေး ရရင် အခု တောင် ဒီအားကို သုံးဖို့ ဆန္ဒရှိကြ ရဲ့လား မပြောတတ်သေးဘူး။
    မောင်ရဲစည်ရေ မင်းပြောနေကျ အိုင်းရွန်းလေဒီ မှာ သူ နဲ့ ပြိုင်ပြီး အလုပ်လုပ် နေတဲ့ သူတွေက စိတ် နဲ့ အလုပ်လုပ်သူတွေ။
    တို့တွေ ရဲ့ Lady of no fear မှာတော့ အဆင်း ဘိန်းတွန်း မဲ့ သူတွေ အများစု နဲ့ အလုပ်လုပ် ကြရမှာ။
    ပြောရရင် တို့ တိုင်းသူပြည်သား တွေ ရဲ့ ကံကြမ္မာ ပါဘဲ။

    အစ်မ ပဒုမ္မာ ရှင့်
    ဦးသိန်းစိန် အတွက် စကားလေး ကြောင့် အဲဒီ မှတ်ချက်မှာ အစိမ်းရောင် ချယ် လိုက်ပါရစေ။
    ဒါဟာ အခု အချိန် မှာ အလွန် သတိထားရမဲ့ အချက်ဖြစ်ပါတယ်။
    သူတို့ ရဲ့ နောက်ကွယ်မှာ ဘာရှိလဲ တော့ ကျွန်မလဲ မသိနိုင်ပါဘူး။
    ဒါပေမဲ့ ဘာဘဲရှိရှိ ဦးသိန်းစိန် ရဲ့ အပံ့အပိုး မပါဘဲ ဒေါ်အောင်ဆန်းစုကြည် ဒီလို အခွင့်အရေး ရနိုင်မယ် မထင်ပါဘူး။
    ဦးသိန်းစိန် မဟုတ်ဘဲ တစ်ခြားသူ ဆိုတစ်မျိုး ဖြစ်ဦးမယ်။
    သူ့ဘဝ မှာ သမိုင်းကောင်း ရေးထားတဲ့ သူဟာ သူသမိုင်းကို ဆက်တန်ဖိုး ထားမှာပါ။
    ကျွန်မ လဲ သူ့ ကို တကယ်ဘဲ လှိုက်လှိုက်လှဲလှဲ လေးစားလှပါတယ်။
    တိုင်းပြည်အတွက် နဲ့ ဆင်းရဲတွင်းက လူထု မျက်နှာ ထောက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကို သူ တတ်စွမ်းသ၍ ဆက်ပံ့ပိုး သွားမှာ လို့လဲ ကျွန်မ အပြည့်အဝ ယုံကြည်ပါတယ်။
    ဦးသိန်းစိန်ရော၊ ဒေါ်အောင်ဆန်းစုကြည် ရော ၂ယောက် စလုံးဟာ စိတ်ရင်းမှန်ပြီး ရိုးသား သူ တွေ၊ တိုင်းပြည် နဲ့ လူမျိုးကို တကဲ့ နှလုံးသား နဲ့ ချစ်သူ တွေမို့ သူတို့ အချင်းချင်း လက်တွဲမိတာ လို့ လဲ ယုံကြည်ပါတယ်။
    အစ်မ မှတ်ချက် လေးအတွက် ကျေးဇူးပါနော်။

    ခိုင်ခိုင် ရေ
    သမီး ပြော တဲ့ “အများအားနဲ့စုပေါင်းမှသာ တို်င်းပြည်ကြီးကတိုးတက်ကောင်းမွန်လာမှာပါ” ဆိုတာ တကဲ့အမှန်တရားပါဘဲ။
    တစ်ယောက်ကောင်း ဆိုတာ က ဘယ်လိုမှ ရေရှည်တိုးတက်ဖို့ အကြောင်းမရှိပါဘူး။
    ဒါက ဘယ်တိုင်းပြည်၊ ဘယ်အဖွဲ့အစည်း မှာ မဆိုပါဘဲ။
    အဖွဲ့အစည်း နဲ့ စည်းစည်းလုံးလုံး လုပ်မှ အောင်မြင်မှာပါ။
    စည်းစည်းလုံးလုံး ဆိုတာမှာ အားလုံး က ကိုယ့်သဘောကျ ဖြစ်ချင်မှဖြစ်မယ်။
    မဖြစ်တဲ့ အခါ ဂွ တိုက် မနေဘဲ အများဆန္ဒ နဲ့ ပေါင်းစည်း လုပ်ကိုင်နိုင်တာပါ။
    ကိုယ့်စိတ်နဲ့ ကိုက်ရင် လုပ်မယ်၊ မဟုတ်ရင်တော့ ရန်သူ သဘော ထားလိုက်မယ်ဆို ရင် ရှေ့လဲ တက်မှာ မဟုတ်၊ ဘာအလုပ်မှ လုပ်လို့ ဖြစ်မြောက်မှာ မဟုတ်ပါဘူး။
    မှတ်ချက်လေး ကို ကျေးဇူးနော်။

    ကထူးဆန်းရေ
    မောမော နဲ့ ထောင်သွားခဲ့တဲ့ လက်မ အတွက် သင်းခရု ကြီးပါတော်။

    အိုဘယ်ဘဲ့ တူတော်လေး
    အခုချိန်မှာ ခွက်ဒစ်ကတ် ကြီး ကိုင်ပြီး ဖလားမကိုင် လိုက်ရတဲ့ အဇူရီ တွေ အတွက် ရင်ဘတ်စည်တီး ငိုချင်းချ နေပြီလား။
    ၂၀၁၄ မှာ အကြွေးပြန်ဆပ် နိုင်ကောင်း ပါရဲ့။
    ဒါထက်
    ဖားအော်မှ မိုးရွာမှာမို့ ဖား ကိုတော့ ချစ်ပါစေအေ။ 😉

    ဗျို့ ကိုဆာမိ ရေ
    သေချာတာပေါ့။
    ကျွန်မ လဲ ကိုယ့်ပြည်တွင်းမှာတောင် ပြည်ပ ကလာတဲ့ သူတွေက ကိုယ့်ပြည် ကို အထင်သေးစကား ပြောတာ မခံချင်လွန်း ဖြစ်ခဲ့ဘူးတယ်။
    ဒါပေမဲ့ တစ်ခါတစ်ခါ ကိုယ့်လူ တွေကလဲ အလုပ်မဟုတ်။
    တစ်ခါတစ်ခါကျ ဟိုလူတွေ က သက်သက် လူပါးဝတာလဲ ရှိပါတယ်။
    ကိုယ်မှားရင် တောင်းပန်ဖို့ လဲ ဝန်မလေးပါဘူး။
    ဒီလိုဘဲ သူတို့ မှားရင်လဲ ဘာကို အားနာ ပြီး ကြောက်နေ ရမှာလဲ။
    ဒါပေမဲ့ နိုင်ငံခြားသား ဆို ထိုင်ကန်တော့ နေချင်တဲ့ တစ်ချို့ လူကြီး တွေ ကြောင့် သူတို့ ပိုပြီး အရောင့်တက်ရဲ တာလဲ ပါပါတယ်။
    ကိုဆာမိ ထောက်ပြတဲ့ အချက် ဟာလဲ တကယ်မှန် ပါတယ်။
    ထိပ်ကပြေးနေတာကို နောက်က အပေးအယူ ညီညီ နဲ့လိုက်နိုင်ကြပါ့မလား လို့ ကျွန်မ လဲ စိုးရိမ်နေမိတယ်။
    တစ်ခါတစ်ခါ တကဲ့အမှန်တရား ကို ဘက်လိုက်ခြင်း မပါဘဲ ရှင်းရှင်းပြတ်ပြတ် မြင်နိုင်ဖို့ လိုတယ်။
    အခက်အခဲ တွေ က အများကြီး ရင်ဆိုင်ရ ဖို့ လာမှာ။
    စိတ်ဓာတ်ရေးရာမှာ သက်လုံကောင်းကြဖို့ လဲ လိုတယ်။

    ဘပု
    မှတ်ချက် နဲ့ ဝင်ရောက်ချီးမြှင့် ပေးလို့ ဝန်းသာပီတိ ဂွမ်းဆီထိ ဖြစ် ရပါတယ်။ (တိန် တိန် )
    အမှန်က ကျွန်မတို့ ကို အေလီယန် လို့ မခေါ်ပါဘူး။
    ကိုယ့်ဟာကိုယ် တင်စားလိုက်တာ။ အဟိ။
    သူတို့ ခေါ်တာ က အားလုံးသိမ်းကျုံးပြီး “အေရှန်” တယ်။
    ပါကစ္စတန်၊ အိန္ဒိယ၊ မြန်မာ၊ ယိုးဒယား၊ တရုတ်၊ ကိုရီးယား၊ လာအို၊ ဗီယက်နမ် အားလုံးပါတယ်။
    ဒီတော့ အားလုံး ကို မျိုးနွယ်တူလို့ သိမ်းကျုံး သတ်မှတ်ထားတာ။
    ကြိုက်ကြိုက်၊ မကြိုက်ကြိုက် …. ဒါဘဲ။
    ရှင့် ဘော့စိ က ရှင့် ကို မြန်မာပြည်မှာ လုပ်ငန်းစပ်တူ လုပ်ဖို့တောင် ဆွယ်လာနိုင်တယ်။
    သူတို့ က မြန်မာတွေ ပြန်မှာ တောင် ကြောက် နေပုံ လို့ ဆိုဘဲ။
    ကောင်းတော့ကောင်းသား။
    လစာတွေ ဘာတွေ ပိုပေးပြီး ချော့ထားတော့မှာ။
    ဘပု ရေးတဲ့စာတွေ မှာ ယူသင့်မဲ့ အနှစ် တွေ အများကြီးပါတာ ရွာသူ/သား အားလုံး သိကြတယ်။
    (ဟို လမ်းဘေးမှာ သွားကွေး နေမဲ့) အချိန်လေးကို နဲနဲ ပေးပြီး စာတွေ ရေးဖို့ တောင်းဆိုပါတယ်။

    Pooch လေး
    သမီးပြောတာ တွေ ဟာ တကယ်ဘဲ မှန်ပါတယ်။
    လူဆိုတာ ကိုယ့်တာဝန်ကိုယ် အရင်ကျေပြီး မှသာ သူတစ်ပါး အတွက် ကို ပါ ဝင်ပြီး တာဝန်ယူနိုင်မှာပါ။
    ကိုယ့်တာ ကိုယ် မလုံ ဘဲ သူများ ကို လက်ညိုးထိုး ပြတာ တကယ်တော့ အလုပ် မဖြစ်ပါဘူး။
    ဒီလို သူများ ကို အပြစ်ပုံတတ် သူ တွေ ဆိုတာ က သူတို့ အားနည်း ချက် ရှိတာ ကို သူများ မသိအောင် တနည်းတလမ်း နဲ့ လုပ်နေကြရတာပါ။
    ဒီလို အရေးကြီး တဲ့ အချိန်မှာ အဲလို လူတွေ များနေရင်တော့ လဲ တော်တော် နဲ့ ခရီးတွင်နိုင်ပါ့မလား စိုးရိမ်မိတယ်။
    မှတ်ချက်လေးအတွက် ကျေးဇူးပါကွယ်။

    ကိုစိမ်းကျော်
    ဒီလို ဝင်ပြီး အားပေးသွား တဲ့ မူလလက်ရင်း ကျော် ကို အရီး မှ ကျေးဇူး တင်ရှိပါကြောင်း။

    ကိုပေ
    မကောင်းတာကို မကောင်းကြောင်း မကောင်းအောင် ပြော လို့ အများကြီး အားရှိသွားပါတယ်။
    ဘောလုံးပွဲ လောင်းကြေး ဘယ်လိုလဲ။
    မြန်မာပြည်မှာ ကြွယ်ဝ တဲ့ လူ အများစု က ကိုယ့်အစွမ်းအစ ထက် လက်ဝါးကြီး အုပ်ခွင့် ရထားလို့ ပါ။
    ဒီလို လက်ဝါးကြီး အုပ်ရတာကို ဘဲ သဘောတွေ့နေမှတော့ အများအကျိုး ဆိုတာ ကို သိရကောင်းမှန်း တောင် သိကြမှာ မဟုတ်ပါ။
    အများအကျိုး ဆောင်မိရင် သူတို့ မှာ အစွမ်းအစ ကလဲ မရှိတော့ နေရာပျောက်မှာ ကို လဲ ကြောက်ကြမှာပေါ့။
    ဒီတော့ ဘယ်လုပ်ပါတော့မလဲ။ ရှင်းရှင်းလေးနော့။

    ကို garuda ရှင့်
    ဒေါ်အောင်ဆန်းစုကြည် က ကျွန်မတို့ အားလုံးအတွက် မီးရှူးတန်ဆောင် ပါဘဲ။
    သူ့ ကို နမူနာထားပြီး အတုယူ အားကျ ကြရင်တော့ သူ့လို မဟုတ်တောင် ပြည်သူ ကို ချစ်စိတ်၊ တိုင်းပြည်ကို ချစ်စိတ် ပေါ်လာပြီး တိုင်းကျိုး၊ ပြည်ပြု လုပ်ငန်းတွေ မှာ ပါဝင် လက်တွဲ လာကြမယ် လို့ ကျွန်မတော့ ယုံကြည်ပါတယ်။
    ကျွန်မ လဲ သိလွန်းတတ်လွန်းလို့ ဝင်ဆွေးနွေး နေတာထက် ဆင်းရဲတွင်းထဲ မှာရှိနေတဲ့ ကလေး တွေကို မမြင်ရက်လို့ လုပ်နိုင်စွမ်းအား ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ကို တတ်နိုင်သ၍ ထောက်ခံ အားပေးနေတာပါ shinရှင်
    တစ်နေ့ တော့ ကျွန်မတို့ မြန်မာပြည်မှာ လဲ မြေပြန့် တောင်ပေါ် တောင်တန်း အားလုံး တစ်ပြေးညီ တိုးတက် သွားမယ်လို့ မျှော်လင့်ပါတယ်။
    အခုလောလောဆယ် လက်တွဲညီနေဖို့တော့ လိုပါမယ်။
    အားပေးတာ ကျေးဇူး တင်ပါတယ်နော်။

    မောင်ရှမ်း ရေ
    လက်မ အတွက်ရော၊ ထောက်ခံ အားပေးတာ အတွက်ရော သင်းခရုနော်။
    အရီးအတွက် အားဆေး ပါဘဲ။

    မောင်တောက်တဲ့
    တကယ်တော့ နိုင်ငံ ခေါင်းဆောင် လုက်သူ တွေဟာ “တိုင်းပြည်နဲ့ ပြည်သူရဲ့ မျက်နှာ” အတွက်ဘဲ ဖြစ်ရမှာပါ။
    ကိုယ့် အတွက်ဘဲ ဖြစ်နေကြလို့ ပြည်သူတွေ ငတ်နေရတာပေါ့။
    မင်းရဲ့ မှတ်ချက် လေး နဲ့ အားဖြည့်ထားတာ အရီး ပိုပြီး ပြည့်စုံသွားပါတယ်။
    ကျေးကျေးကြီးပါ။

    ကိုဖိုးထောင်
    ဒီလို အားပေးမှု က ကျွန်မ တွေးချင်တာ ဆက်တွေး၊ ရေးချင်ရာ ဆက်ရေးဖို့ အားဆေးပါရှင်။

    ကိုပေါက်ကြီး ရေ
    သေချာတာပေါ့။
    ကျွန်မ တို့ လုပ်စရာတွေ အများကြီး၊ အခက်အခဲ တွေ ရှင်းရမှာ အများကြီးပါ။
    အားတင်းပြီး လက်တွဲညီစေဖို့ဘဲ လိုမှာပါ။
    မှတ်ချက်လေးအတွက် ကျေးဇူးပါ။

    ကဘချော ရေ
    မအားတဲ့ ကြား က ဝင်လာ အားပေးသွားတာ ကို ဝမ်းသာလှပါတယ်။
    ကျေးဇူးပါရှင်။

    ကျော်တဖြစ်လဲ ဗိုက်ဗိုက်
    ပေါက်ဖော်ဖြစ်စေ၊ စိန်ဗိုက် ဖြစ်စေ၊ ကျော် ဖြစ်စေ ပုလင်းလေး တရမ်းရမ်း နဲ့ အားပေး နေသမျှ ဘယ်လို နာမည်ဖြစ်ဖြစ်
    ချစ်စရာ မို့ ချစ်ပါသည်။
    ဝင်အားပေးတာ ကျေးဇူးပါ။
    တာဝန်ကျေပါတယ် တပ်မူး။

    မကြည်စင် လေး
    မိုးလင်းကာနီး မအိပ်သေးဘဲ ဝင်အားပြီပေးသွားတာ သင်းခရု နော်၊
    စပိန် နိုင်လို့ ပျော်ပျော်ကြီး အိပ်လိုက်ပေတော့။
    Sweet Dream!!!

    သူကြီး နဲ့ ရွာစားကျော် ရှင့်
    အတွေးများ ဆက်ပွါးသွားပါသည်။
    တစ်ချိန်မှာ သူကြီးရဲ့ အဲဒီ စကား ကို ပြန်ဆွေးနွေး ဖို့ အချက်စု နေပါသည်။
    ကျွန်မ အသိ မှာ အမှန် တစ်ဝက်၊ အမှားတစ်ဖက် လို့ မြင်နေမိလို့။
    ဝင်ပြီး ပွါး ပေးသွားကြတာ ကို ကျေးဇူးဥပကာရ အကြီးကြီး ပါ။

    ဝင်ရောက်ဖတ်ရှု သူ အ ပေါင်း ကို လဲကျေးဇူးပါ။
    အားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ ရှိကြပါစေ။ 🙂

  • ကြောင်ကြီး

    July 2, 2012 at 6:14 am

    ဒေါ်စုမရှိတော့လည်း သဂျီးရှိနေပါသေးသဗျား.. ပူဂျဗာနဲ့။ သူဂ ဘွားတော်ထက်ပိုတော် ပိုတတ်နေလို့ လူကို အပြစ်တင်သဗျ၊ အဘွားဂျီးက သူ့လောက်မစွမ်းတော့ လူထက်မူ ဦးစားပေးပြင်ဖို့ပဲ တိုက်တွန်းနေရတယ်ထင်ပါ့။ 🙄

  • Azzurri

    July 2, 2012 at 7:26 am

    ဇဂါးမစပ် အိုလံပစ် စဘီ..
    ဖစ်ဂါ စကိတ် အတွက်တော့ …
    Mao Asada
    Kanako Murakami
    Akiko Suzuki
    သည် ၃ယောက်ပဲ အားပေးမည်…
    ၃ယောက်စလုံး အအိချိ ခန် က ဖြစ်သည်….
    ညှင်းညှင်းညှင်းညှင်း…
    သွပ်သွပ်သွပ်သွပ် ….

  • ဦးဦးပါလေရာ

    July 2, 2012 at 7:50 am

    နာမည်ကောင်းတခု ဆိုတာ
    တည်ဆောက်ဘို့ တော်တော်ခက်တယ်..
    ဒါ့ထက်..
    နာမည်ဆိုးတခု ဆိုတာကတော့
    ပယ်ဖျက်နိုင်ဘို့ ပိုတောင်ခက်ပါသေးတယ်။

    ဒေါ်စုကို မငြင်းနိုင်တဲ့ ခေါင်းဆောင်အဖြစ်
    သက်သေပြခဲ့တဲ့ခရီးလို့ ကျုပ်တော့ မှတ်ချက်ပြုမိပါတယ်။
    အဲဒါက အခု မကြာခင်မှာပဲ အသုံးကျတော့မှာ……..

  • blackchaw

    July 2, 2012 at 9:37 am

    အစ်မရေ။
    ဒေါ်စုက ဖန်ဆင်းရှင်တစ်ယောက်မဟုတ်ဘူးဆိုတာ ကျွန်တော်တို့ နားလည်သင့်ပါတယ်…။
    ဒေါ်စု က လှေကားတစ်ခုဆိုရင်တောင် ကျွန်တော်တို့ အပေါ်ရောက်အောင်တက်ရဦးမှာပါ…။
    ဒေါ်စု က တံတားတစ်စင်းဆိုရင်တောင် ဟိုဘက်ကမ်းကို ရောက်အောင်ကူးရမှာက ကျွန်တော်တို့ တာဝန်ပါ…။
    သေချာတာကတော့ ဒီအချိန်မှာ ကျွန်တော်တို့ရဲ့ အနာဂတ်ကို ပုံဖေါ်ဖို့ အသင့်တော်ဆုံးလူတစ်ယောက်ဟာ
    ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်ဆိုတာကို ဒီခရီးစဉ်ကြီးက သက်သေပြနိုင်ခဲ့ပြီထင်ပါရဲ့ ဗျာ…။
    မမြင်နိုင်သူတွေကတော့ မ နဲ့ ဗ ခြားနားချက်ကြားမှာ အိပ်ပျော်နေကြလေရဲ့…။
    အော်…သတင်းစာဘက်လှည့်ကြည့်ပြန်တော့လည်း
    ကိုးရီးယားမင်းသားမင်းသမီးအကြောင်းတော့ ဖေါ်ပြထားပါရဲ့…။
    မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ ဂုဏ်ယူစရာ ခရီးစဉ်ကိုကျတော့……………….။
    လေးစားခင်မင်စွာနဲ့
    မောင်ဘချော…။

  • Thint Aye Yeik

    June 28, 2016 at 11:43 am

    ဟိုနေ့က ထိုင်းနိုင်ငံထဲမှာ… ပြောသွားတဲ့အထဲ….
    .အောက်က ဗီဒီယိုဖိုင်ထဲကနေ သူပြောတာတွေ ကြားလိုက်ရချိန်မှာ …
    သူ…ဒီတိုင်းပြည်နဲ့ လူမျိုးအရေးကို ဘယ်လောက် စေတနာထားနေသလဲ…ဘယ်လောက်ထိ ဂရုစိုက်ပေးနေလဲဆိုတာ…တွေ့လိုက်ရတယ်။

    https://www.youtube.com/watch?v=vInGRfzBbNo

Leave a Reply