တောင်ကြီးမြို့အလှ၏ ရှု့ခင်းတနေရာ…

me dainJuly 1, 20121min1385

               သဘာဝပတ်ဝန်းကျင်နှင့်ရပ်ကွက်ပြည်သူများ ကို ခြိမ်းခြောက်

နေသော ကမာ္ဘဖလား ဖယောင်းစက်၏ ကာဗွန်ငွေ့…

5 comments

  • ရဲစည်

    July 2, 2012 at 6:06 am

    အမလေး အဲလိုသာဆို
    ဒို့ မီးသဂြိုလ် စက်က တနေ့ တနေ့ ထွက်နေတဲ့ မီးခိုး သဘာဝပတ်ဝင်းကျင်ကို ထိခိုက်နေတာ ဘယ်လိုလုပ်ရပ….. 😀

    • Ko out of...

      July 2, 2012 at 11:33 am

      ကိုရဲစည် အခုလိုပြောတော့ ကျွန်တော်ပြန်လည်ဆွေးနွေးခွင့်ရတဲ့ အတွက် ကျေးဇူးဗျာ..ကျွန်တော့်ကို သူငယ်ချင်း တစ်ယောက်က သူဓါတ်ပုံ မတင်တတ်လို့ဆိုပြီး ကျွန်တော်တင်ပေးလိုက်တာ..သူကတော့ အဲဒီရပ်ကွက်မှာနေတယ်…

      သူငယ်ချင်းပြောပုံ အရဆိုရင်တော့.. အဲဒီဖယာင်းစက်က လူနေရပ်ကွက်ထဲမှာလို့ပြောတယ်…
      အရင်ရပ်ကွက် မတိုးချဲ့ခင်တုံးက ဘာမှ မဖြစ်ပေမဲ့ အခုက လူနေရပ်ကွက် အဖြစ်သတ်မှတ်
      လိုက်ပြီဆိုတော့ ရပ်ကွက်ကလူတွေက ဘယ်သူ့ကိုတိုင်ရမှန်းမသိဘူး ဖြစ်နေတယ်..

      တိုင်ကြားထားတာတော့ရှိတယ်..ဒါပေမဲ့ ရပ်ကွက်လူကြီးနဲ့ ဘယ်လိုပေါင်းထားလည်းတော့
      မသိဘူး စက်ရုံပြန်လည်ပတ်နေပြီလို့ပြောတယ်.. အဲဒီဖယောင်းစက်ရုံက ထွက်တဲ့
      အနှံ့ဆိုးနဲ့ စက်ရုံရဲ့ ကုန်ကြမ်းဖြစ်တဲ့ ဖယောင်းကြမ်းတွေကိုလည်း သိုလှောင်ထားတော့ မီးဘေး
      လည်းစိုးရိမ်ရတယ်..ရပ်ကွက်နေပြည်သူတွေရဲ့ ကျန်းမာရေးလည်း စိုးရိမ်ရတယ်လို့ပြောတယ်..
      အဲဒီဘေးအိမ်က အဖွားကြီး တစ်ယောက်ဆို ရင်ကြပ်ရောဂါနဲ့ သေသွားတယ် လို့ပြောတယ်

      …နောက် သူငယ်ချင်းပြောတာကတော့ အေးသာယာ စက်မှုဇုံမှာလည်း
      စက်ရုံရှိတယ် မပြောင်းရွှေ့ဘဲ ဆက်လှည်ပတ်နေတယ်..

      သူကတော့ ဒီစက်ရုံ ပြောင့်ရွှေပေးဖို့ ဆက်လှုပ်ရှားမယ် လို့ပြောတယ်..တခါက ဘယ်သူလဲတော့ မသိဘူးတဲ့..
      talk 2 DVB ကိုတင်ပေးတော့ တခါ လားလွင့်ပေးလိုက်တယ်တဲ့..ခဏလေးတော့ စက်ရုံနားတယ် ဆိုလား?နောက် မီးခိုးသိပ် မထွက်တဲ့ ခေါက်ဆွဲ လုပ်ငန်းကို ပြောင်း လုပ်မလားဆိုဘဲ…လို့ပြောပြီး အခုတော့ စက်ရုံကထွက်တဲ့ မီးခိုးက အရင်လို ပြန်ဖြစ်နေပြီ
      လို့ပြောတယ်…

      အခုလို ဒီပိုစ့်မှာ ဖေါ်ပြရတာလည်း သူများစီးပွါးရေးကို ပျက်းစီးစေလိုတဲ့ စိတ်မရှိပါဘူး..သူတို့နားလည်ရင်တော့ အကောင်းဆုံးပေါ့ ..

      ကိုယ်က လည်းသာမန် ပြည်သူတစ်ယောက် ၊သူကလည်းသာမန် ပြည်သူတစ်ယောက် ဆိုတော့ ဘာမှ လုပ်ရှားလို့မရလို့ ဒီအင်တာနက်
      ကွန်ယှက်ကနေတဆင့် အထက်လူကြီးတွေ သိအောင် ကူညီပေးရတာပါ…

      ဒို့ရွှာသားများလည်း ဒီလိုမတရား သဖြင်. ဘယ်သူဘာ ဖြစ်ဖြစ် ငါမဖြစ်ရင်ပြီးတာဘဲ ဆိုတဲ့
      လူတန်းစားတွေ လွမ်းမိုးမှု ကနေ လွတ်မြောက်ဖို့ ဆက်လက် ကူညီပေးလိုက်ကြပါဗျာ…

  • mamanoyar

    July 2, 2012 at 9:43 am

    ဘာပြောရမှန်းတောင်မသိတော့ဘူး

  • snow white

    July 5, 2012 at 5:05 pm

    ဘာလည်းဟင်မသိဘူး ပုံကသေချာမမြင်လိုက်ရဘူး ။။။။ ကြိုးစား နော ်တို့လည်းလူသစ်တစ်ယောက်ဘဲအားမငယ်နဲ့နောက်တော့ပုံတင်တက်သွားမယ်။။။။

  • Yin Nyine Nway

    July 5, 2012 at 6:41 pm

    ကမာ္ဘဖလား ဖယောင်းစက်
    ရေအေးကွင်းရပ်ကွက်မှာတွားတိုင်လေ
    အဲဒီမှာပါတာကို
    ဒါနဲ့ ဒူတို့က စက်မှုစုံ ပြောင်းဘူးလား
    အမှန်ဆို ပြောင်းရမှာကို
    ပတ်ဝန်းကျင် ညစ်ပတ်အောင်လုပ်နေဘီ

Leave a Reply