စၾကာၤ၀ဠာၾကီးဟာ တနေ့ထက်တနေ့ ပြန့်ကားသွားနေတယ်လို့ နတ္ခက်ဗေဒသိပ္ပံပညာရှင်တွေ လေ့လာသိရှိထားကြပါတယ်။ ဆိုတော့ ကျနော်တို့ နေအဖွဲ့အစည်းမှာပါဝင်တဲ့ ဂြိုလ်တွေ လတွေဟာ ဟိုးအရင်နှစ်သန်းပေါင်း မြောက်များစွာက ယနေ့ လက်ရှိအကွာအဝေးထက် နီးကပ်ခဲ့ကြလိမ့်မယ် ဆိုတာ ရွာသူရွားသားတွေ ငြင်းချက် မထုတ်လောက်ပါဘူးနော်။

ချားလ်စ်ဒါဝင်ရဲ့ လူဆိုတာ မျောက်က ဆင်းသက်ကြောင်း အဆိုနဲ့ ကွဲလွဲပြီး အထက်က သိပံ္ပတွေ့ရှိချက်နဲ့လည်း ကိုက်တဲ့ ပုံပြင်လေး ခင်ဗျားတို့ကို ပြောပြချင်တယ်..

 

ကမ္ဘာနဲ့ လ

ဟိုးရှေးရှေးတုန်းကပေါ့ဗျာ..။ (အချိန်အတိအကျမှမသိတော့ လမ်းအိုကြီးအတိုင်းပဲ လျှောက်တာပေါ့။)

နေအဖွဲ့အစည်းအတွင်းက ကျနော်တို့နေနေတဲ့ ကမ္ဘာဖြစ်လာမယ့်ဂြိုလ်နဲ့ သူ့ဘေးက လ (ပညာရှင်တွေက လ ဆိုတာလည်း ကမ္ဘာက ပဲ့ထွက်သွားခဲ့တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်မယ်ဆိုပဲ.. ကမ္ဘာ့ရင်ဘတ်ထဲက ပျောက်သွားတဲ့ သူ့နံရိုးတစ်ချောင်းပဲဆိုပါတော့ဗျာ. အားပါး ဇာတ်လမ်းကတော့ လှသွားဘီဗျို့) တို့ဟာ အတော်ကြီးကို နီးနီးကပ်ကပ် ရှိခဲ့တာကလား။ ကျန်တဲ့ ဂြိုလ်တွေနဲ့ အချင်းချင်းနီးတယ်ဆိုသော်လည်း ဒီဇာတ်လမ်းမှာ မင်းသားဖြစ်တဲ့ ကမ္ဘာအတွက် လက်တကမ်းမှာက လ ဆိုသော သူ့ရဲ့ ပျောက်သွားတဲ့ နံရိုးကလေးပဲပေါ့။ တခါတရံ ဖြတ်သွားဖြတ်လာ ဥက္ကာပျံလို၊ နှစ်ပေါင်း အတော်ကြာမှ ပေါ်လာတတ်တဲ့ ဟေလီ၊ အင်ကီနဲ့ အာရင်းရိုလန်တို့လို ကြယ်တံခွန်တွေတော့ ရှိသပေါ့။ ဒါပေမယ့် သူတို့တွေနဲ့က လမ်းတွေ့ပြုံးပြ နှုတ်ဆက်ခွဲခွါ အဆင့်ထက်မပိုခဲ့ဘူးပေါ့ဗျာ။

ဒီလိုနဲ့ ကမ္ဘာနဲ့ လတို့ဟာ လောကသဘာဝအတိုင်း အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းညိ ဆိုသလို ဂြိုလ်ချင်းထား ဂြိုလ်ချင်း အီစီကလီဖြစ်ကြပါလေရော။ အပြောကျယ်တဲ့ စင်္ကြာဝဠာကြီးဟာ သူတို့ အတွက် ချစ်ဗျူဟာခင်းတဲ့ ချစ်တလင်းပြင်ကြီးပေါ့ဗျာ။ ဗျူဟာမြောက်တဲ့ သူတို့အချစ်ပွဲကနေ အောင်မြင်မှုအဖြစ် လ ပျိုမဒီမှာ ပတ္တမြားရွှေကျုတ် နှုတ်ငုံတယ်ဆိုလားဗျာ။ အရပ်စကား သန္ဓေတည်၊ ကိုယ်ဝန်ရ၊ ဗိုက်ကြီးပြီပေါ့။ အချစ်ဦး၊ သန္ဓေဦးဆိုတော့ အရူးအမူး ပျော်မဆုံးဖြစ်နေကြတဲ့ ကမ္ဘာနဲ့ လကို တခြား နေအဖွဲ့အစည်းဝင်တွေတောင် အားကျကုန်သတဲ့။

ချစ်မ၀၊ ပျော်မဆုံး ဖြစ်နေတုန်းမှာပဲ သူတို့နှစ်ဦးဟာ နီးလျက်နဲ့ဝေး ဖို့ဖန်လာခဲ့ပါတယ်။ တနေ့တနေ့ နယ်ချဲ့ကြီးထွားနေတဲ့ သူတို့ရဲ့ ချစ်တလင်းမဟာ စင်္ကြဝဠာကြီးကြောင့် ပုဝါတကမ်း လက်တကမ်း ဖြစ်ကြရပါတော့မယ်။ နောက်ဆုံးတော့ လကလေးဟာ ရေ၊လေ၊ သဘာဝ သယံဇာတပိုများတဲ့ မောင်ကြီး ကမ္ဘာသာ သူတို့ရဲ့ ရင်သွေးကို ပိုမိုကောင်းမွန်ရှင်သန်အောင် စောင့်ရှောက်နိုင်မှာမို့ သူ့ဝမ်းကြာတိုက်က သန္ဓေသားကို မျက်ရည်စက်လက် ထုတ်ပေးခဲ့ရာမှာ အမတေ သန္ဓေဥ နှစ်လုံး ရပါသတဲ့ (လူမှာ အထီး၊ အမ နှစ်မျိုးရှိတော့ သန္ဓေဥလည်း အနည်းဆုံး နှစ်လုံးဖြစ်မှ ဇာတ်လမ်းက အဆင်ပြေမယ်.. တကယ်တမ်း နှစ်လုံးထက် ပိုချင်လည်းပိုမှာပေါ့နော်..ဤကား စကားချပ် ဟဲ ဟဲ)

မောင်ကမ္ဘာခမျာလည်း ချစ်ရတဲ့ လရဲ့ ကိုယ်ပွားမို့ ဂရုတစိုက် ပြုစုစောင့်ရှောက်ပြီး လာလိုက်တာ သန္ဓေဥနှစ်လုံးက လူသား အထီး၊ အမလေးတွေ ပေါက်ဖွားလာခဲ့ပါသတဲ့ဗျာ..။ အဲဒီ မူရင်း လအမတေ သန္ဓေဥက ပေါက်ဖွားခဲ့တဲ့ လူးသားအထီအမလေးတွေကနေ ယနေ့ မျက်မှောက် သန်း ခုနှစ်ထောင်သော လူဦးရေအထိ အခက်အခဲ အနိမ့်အမြင့် အမျိုးမျိုးကို ဖြတ်သန်းရောက်ရှိလာခဲ့တယ် ဆိုပါတော့ဗျားးး..

….

ကဲ ပုံပြင်လေးကတော့ ဒါပါပဲခင်ဗျ။

ဒီ ပုံပြင်ရဲ့ အဆိုအရ လူဆိုတာ သမ္မာကျမ်းစာထဲက ပြောသလို ပန်းသီး (အသီးလို့ အတိအလင်းရေးထားပါတယ်၊ လွဲမှာစိုးလို့) စားမိလို့လဲ မဟုတ်၊ ဒါဝင် ပြောသလို မျောက်က ဆင်းသက်လာတာလည်း မဟုတ်ခဲ့ပါဘူးဗျာ။

လူဆိုတာ လရဲ့ အမတေသန္ဓေဥများက ဖြစ်လာတာပါ..။

အရပ်စကား ရှင်းရှင်းပြောရရင်.. လဥနှစ်လုံး မှ လူ ဖြစ်လာပါတယ်လို့ မှတ်ယူကြစေလိုပါကြောင်း.. :lol: :P

 

About ရွာစားကျော် မင်းနန္ဓာ

ရွာစားကျော် မင်းနန္ဓာ has written 71 post in this Website..

နတ္ထိတွေ အစာသွပ်ထားတဲ့ ရင်ဘတ်ထဲ ၀မ်းစာကလည်း ရှားပါးလို့ ပစ္စုပ္ပန်မှာ ငူငေါင်ငေါင်ရပ်ရင်း လှမ်းမျှော်ပြီးကြည့်တော့ အနာဂတ်ဟာ မှုန်ဝါးလို့နေရဲ့.. မထူးဇာတ်ခင်းကာ အတိတ်က အိပ်မက်တွေကို ပြန်တူးကြည့်တော့ ပုပ်သင်ဥတွေပဲ ထွက်လာတယ်.... CJ # 7202011