ခေါင်းဆောင်ကောင်း

same kyawJuly 1, 20121min1315

အခုအခါ မြန်မာ နိုင်ငံသူား တို့ဟာ ကမာ္ဘအနှံ့ရှိနေကြပါပြီ မလေးရှားလို နေရာ တော့ပြောမနေနဲ့ ဘယ်နေရာကြည့်ကြည့်မြန်မာတွေ ရှိတယ်။

ဒါကြောင့်အခုရေးတာ အရင်ကလည်းတခြားသူရေး ကောင်းရေးပါလိမ့်မယ်။ဒါပေမဲ့စာကြေတယ် သဘောထားပြီး  အားပေးပါ။

မလေးရှားနိုင်ငံရဲ့စတုထ္ထမြောက် ဝန်ကြီးချူပ် ဒေါက်တာ မဟာသီယာ ဘင် မိုဟာမက် ဟာ မြန်မာတို့အတုယူရမဲ့ဝန်ကြီးချူပ် တယောက်ဖြစ်တယ်ဆိုတာ မမေ့အပ်ဘူး။သူဟာ ၁၉၈၁-၂၀၀၃ခုနှစ်အထိ မလေးရှားကို ၂၂နှစ်အုပ်ချူပ်ခဲ့တဲ့  သက်တန်းအရှည် ဆုံးဝန်ကြီးဖြစ်တယ်။၂၀၀၃ခုနှစ်မှာ ပြည်သူတွေ ဆန္ဒ အရ ရာထူးမှ ဆင်းပေးခဲ့တဲ့သူပါ။  သူ့လက်ထက် မလေးရှား အာစီယံ ဥက္ကဌ ဖြစ်တုံးက  အနောက်အုပ်စုတွေ ကန့်ကွက်တဲ့ကြားထဲ နေ မြန်မာပြည်ကို အာစီယံနိုင်ငံအဖြစ် သွင်းပေးခဲ့သူပါ။အဲ့ဒါေြကာင့် အနောက်အုပ်စုတွေ စီးပွားရေးပိတ်ဆို့မှု့ကြောင့် စီးပွားရေး အခက်တွေ့ခဲ့ပါသေးတယ်။ဒါပေမဲ့ သူ့ရဲ့ဥဏ်အမျော်အမြင် ကြီးတဲ့အတွက် ဒါကိုကြိုးစားပြီး ရုန်းထွက်နိုင်ခဲ့တယ်။

၂၂နှစ်ကာလ အတွင်းမလေးရှားနိုင်ငံ ဟာ အပြောင်းလဲကြီးပြောင်း လဲပြီး အာစီယံနိုင်ငံတွေ အလယ်မှာ မော်ကြွားနိုင်ခဲ့တယ်။

ဆက်ပါဦးမည်။

 

5 comments

  • same kyaw

    July 1, 2012 at 10:42 am

    စာရေးပြီး ပြေးဘီဗျို့ ညနေမှ ပြန်လာတော့မယ်။

  • နွေဦး

    July 1, 2012 at 11:46 am

    ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အောက်ပါအချက်များ လိုအပ်ပါသည်။
    ပြီးပြည့်စုံသည်ဟုမဆိုလိုပါ။ အနိမ့်ဆုံး၊ အကြမ်းဖျဉ်း လိုအပ်ချက်များပင် ဖြစ်ပါသည်။
    ၁။ ကိုယ့်ကျင့်တရား ကောင်းမွန်ရမည်။
    ၂။ ရိုးသား ဖြောင့်မတ်ရမည်။
    ၃။ နိုးကြား တက်ကြွရမည်။
    ၄။ ဥပဒေကို လေးစားလိုက်နာရမည်။
    ၅။ စိတ်စေတနာကောင်း ထားရှိရမည်။
    ၆။ သတ္တိရှိရမည်။
    ၇။ ဇွဲကောင်းရမည်။
    ၈။ သစ္စာရှိရမည်။
    ၉။ အမြင်ကျယ်ရမည်။
    ၁၀။ သည်းခံနိုင်ရမည်။
    ၁၁။ အနစ်နာခံနိုင်ရမည်။
    ၁၂။ ခံနိုင်ရည်ရှိရမည်။
    ၁၃။ မိမိကိုယ်ကို ယုံကြည်ရမည်။
    ၁၄။ အများ၏ ချစ်ခင်လေးစားမှုကို ခံယူရရှိသူ ဖြစ်ရမည်။
    ၁၅။ ပရိယာယ်ကြွယ်ဝရမည်။
    ၁၆။ တီထွင်ကြံဆ လုပ်ဆောင်တတ်ရမည်။
    ၁၇။ မိမိကိုယ်ကို အမြဲတိုးတက်အောင် ကြိုးစားနေရမည်။
    ၁၈။ ရင့်ကျက်မှုရှိရမည်။
    ၁၉။ တာဝန်ယူရဲသူ၊ တာဝန်ခံရဲသူ ဖြစ်ရမည်။
    ၂၀။ ထိန်းသိမ်းနိုင်စွမ်း ရှိရမည်။
    ၂၁။ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသူဖြစ်ရမည်။
    ၂၂။ တာဝန်ကို ရိုသေ၍ အသိနှင့်ယှဉ်ပြီး ဆောင်ရွက်တတ်ရမည်။
    ၂၃။ လုပ်ငန်းနှင့် အချိန်တိကျပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။

    ဒါလေးတွေတော့ သိသင့်တယ်ထင်လို့ပါ…..။

    “သူဟာ ၁၉၈၁-၂၀၀၃ခုနှစ်အထိ မလေးရှားကို ၂၂နှစ်အုပ်ချူပ်ခဲ့တဲ့ သက်တန်းအရှည် ဆုံးဝန်ကြီးဖြစ်တယ်။”
    ဦးနေဝင်းက ၁၉၆၂ ကနေ၁၉၈၈ ထိ၂၆နှစ်တိုင် အုပ်ချုပ်ခဲ့ပေမဲ့ ခေါင်းဆောင်ကောင်းတယောက် မဟုတ်ခဲ့ဘူး..။ဦးသန်ရွှေကော…၁၉၉ဝကနေ ၂၀၁ဝထိ အုပ်ချုပ်ခဲ့တာဘဲ…

  • same kyaw

    July 2, 2012 at 9:18 am

    ဒါကြောင့်ခေါင်းဆောင်ကောင်း ဆိုတာဘာလဲဆို တာ

  • etone

    July 2, 2012 at 10:30 am

    ကိုယ့်နိုင်ငံတွင်းမှာတောင် အတုယူစရာ လူပုဂ္ဂိုလ်များပါလျှက် ဘယ်နှယ့် မလေးရှားကလူကို သွားအတုယူချင်နေရတာလဲ … ။ ဖတ်ပြီးရယ်မိပါဧ။် အမေကျော်ဒွေးတော်လွမ်းလွန်းလို့ပါရှင် … ။ 😛

Leave a Reply